Doctor Strange

Doctor Strange

ดาวน์โหลดคำบรรยายBurmese

ข้อมูลรุ่น

Doctor Strange 2016 Burmese
ความคิดเห็นโดย LennoxJunior
Nominated 1 OSCARS for Best Visual Effects.

แท็ก

other
เผยแพร่เมื่อ: 2023-06-04
ดาวน์โหลด: 72
ผู้พิการทางการได้ยิน: No

ตัวอย่างคำบรรยาย Burmese

200 บรรทัดแรก

မာစတာ ကယ်စီးလိယပ်

အဲ့အစီအရင်တွေက မင်းကို ကြေကွဲစရာတွေပဲ ယူဆောင်လာလိမ့်မယ်နော်

ကြောင်သူတော်ကြီး

စိန်ခေါ်ပွဲစမယ် ဘီလီ

ဟာ ဘီလီ မင်းက ငါ့ကိုမဖြေနိုင်ဘူး ထင်နေတာပဲ

မဟုတ်ပါဘူး ဒေါက်တာ

ချပ်ခ်မယ်ဂျီယိုးနီ ရဲ့ 'စိတ်ထဲနေလို့သိပ်ကောင်း' သီချင်းလေ ၁၉၇၇ ကထွက်တာ

ဘီလီ မင်းပြောတော့ ဒီတစ်ခေါက် ခက်ခက်လေးမေးမယ်ဆို

- ဟား ၁၉၇၈ သီချင်းကွ - မဟုတ်ဘူး ဘီလီ

'စိတ်ထဲနေလို့သိပ်ကောင်း' သီချင်း စပေါက်တာက ၁၉၇၈ ပေမယ့်

အယ်ဘမ်ထွက်ခဲ့တာက ဒီဇင်ဘာ ၁၉၇၇

- မဟုတ်ပါဘူး ဝီကီပီးဒီးယားမှာတောင်မှ ရေးထားတာ ၁၉၇... - ပြန်ကြည့်လိုက်

မင်းဒီလို အသုံးမဝင်တဲ့ အချက်အလက်တွေကအစ ဘယ်နေရာမှာများ သိမ်းထားတာလဲဟ

အသုံးမဝင်ဘူး ဟုတ်လား

ဒီလူက ဖလူဂယ်ဟွန်း နှဲတစ်ခုတည်းနဲ့ Top 10 ဝင်ခဲ့တာလေ

ကြည့်ထားတာ ပြန်ပြောဦးလေ ဘီလီ

၁၉၇၇

- ဟင် တကယ်ကြီးလား - မုန်းလိုက်တာ

စိတ်ထဲနေလို့သိပ်ကောင်းတယ်ကွာ

သြော် ရပါတယ် စတီဖင်

ရှင်လုပ်ရမယ့်ဟာတွေ ပြီးပြီပဲ သွားလေ ကျွန်မတို့ အဆုံးသတ်လိုက်မယ်

ဘာကြီးလဲ

ဦးခေါင်းသေနတ်ဒဏ်ရာ

မင်းသူ့ကို အသက်ရှင်အောင် ထိန်းထားနိုင်တာ အံ့သြစရာပဲ

ယာယီအသက်ရှူရပ်တန့် ဦးနှောက်လုပ်ဆောင်မှုရပ်တန့်

ဦးနှောက်သွေးလည်ပတ်မှုရပ်တန့်

ငါပြဿနာကို ရှာတွေ့ပြီထင်တယ် ဒေါက်တာ ပါမာ

သူ့ခေါင်းထဲမှာကျည်ဆန် မင်းမဖယ်ထုတ်ထားဘူးပဲ

အမှန်ပဲ ကျည်ဆံက ဦးနှောက်ရဲ့ အတွင်းအထိကို သွားစိုက်နေတာ

ကျွန်မ အထူးကုတစ်ယောက်လိုလို့ နစ် က ဦးနှောက်သေဆုံးသွားပြီဆိုပြီး လုပ်နေတယ်

ကျွန်မစိတ်ထဲ တော်တော်ကြီး နေလို့မကောင်း ဖြစ်နေတာ

ပြေးမှဖြစ်မယ်

ဒေါက်တာ ဝက်စ်

ရှင်ဒါဘာလုပ်နေတာလဲ ဟေး

ကိုယ်အင်္ဂါတွေ သိမ်းဆည်းဖို့လေ သူက လှူထားပြီးပြီ

နေပါဦး ကျွန်မ သဘောမတူရသေးဘူးလေ

မင်းသဘောတူဖို့မလိုပါဘူး ဦးနှောက်နဲ့သေဆုံးကြောင်း ငါတို့အတည်ပြုလိုက်ပြီးပြီ

သေဆုံးခါနီးအဆင့်ပါ သူ့ကို ဦးနှောက်နောက်ဘက်ခြမ်း

ခွဲစိတ်ဖို့ အခုချက်ချင်းလုပ်မှဖြစ်မယ်

လူသေတစ်ယောက်ကို ခွဲစိတ်ဖို့ မင်းကို ငါခွင့်မပြုနိုင်ဘူး

ဘာမြင်လဲ

- ကျည်ဆံလား - ကျည်ဆံတစ်တောင့်လုံး

အဲ့ဒါကို ခဲနဲ့ ခနှောက်စိမ်းနဲ့ မာအောင် လုပ်ထားတာ

အဆိပ်ရှိတဲ့ သတ္ထုတစ်ခု ပြီးတော့အဲ့ဒီအဆိပ်က ဦးနှောက်ကျောရိုးမ အရည်ထဲကို စိမ့်ဝင်သွားတာ

ရုတ်တရက် ဗဟိုအာရုံကြောစနစ် ရပ်ဆိုင်းသွားတာပေါ့

သွားမှဖြစ်မယ်

လူနာက မသေသေးဘူး ဒါပေမယ့် သေခါနီးဆဲဆဲ

သူ့ကိုယ်အင်္ဂါတွေ သိမ်းချင်နေတုန်းပဲလား

- ငါကူပေးမယ်လေ - မလိုဘူး

ဒေါက်တာ ပါမာ ကူပေးလိမ့်မယ်

ကျေးဇူးတင်ပါတယ်

ပုံရိပ်ဖော်ဖို့စမယ်

ငါတို့အဲ့ဒါအတွက် အချိန်မရှိတော့ဘူး

လက်တန်းလုပ်လို့ မဖြစ်ဘူးလေ

ငါရတယ် ငါလုပ်မယ်

ကြွားလုံးထုတ်ရမယ့် အချိန်မဟုတ်ဘူးနော် စထရိန်း

လွန်ခဲ့တဲ့ ၁၀ မိနစ်ကဆို ဘယ်လိုလုပ်မလဲ

မင်းသူ့ကို သေသွားပြီလို့တောင် ပြောလိုက်တာလေ

အာရုံကြောမကြီးတွေ ကောင်းတယ်

ဒေါက်တာ ဝက်စ် မင်းနာရီကို ကာထားပေးပါ

ရှင့်သူ့ကို လူတကာရှေ့မှာတော့ အရှက်မခွဲသင့်ဘူး မဟုတ်လား

သူ့လူနာကိုလည်း ငါကယ်ပေးစရာ မလိုအပ်ဘူးမလား

ဒါပေမယ့် တချို့ဟာတွေ ငါကိုယ်တိုင်က မလုပ်ဘဲနဲ့ကို မနေနိုင်တာ

နစ် ကလည်း တော်တဲ့ဆရာဝန်တစ်ယောက်ပါ

မင်းငါ့ဆီ ရောက်လာတယ်လေ

အင်း ကျွန်မ ဒုတိယသုံးသပ်ချက် လိုလို့လေ

မင်း ဒုတိယအကြိမ်လည်း သုံးသပ်ပြီးသွားပြီပဲ ပြည့်စုံတဲ့ တစ်ခုဖြစ်ဖို့ပဲ လိုသွားတာ

ဟုတ်ပါပြီ အဲ့ဒါကြောင့်လည်း ရှင့်ကိုကျွန်မအချိန်မရွေး ခေါ်လို့ရမယ့် အာရုံကြောခွဲစိတ်အထူးကုအဖြစ် နေပေးပါဆို

အခုလိုမျိုး မတူတာတွေ ခွဲစိတ်လို့ရတာပဲလေ

မင်းရဲ့သားသတ်ရုံမှာတော့ ငါအလုပ်မလုပ်နိုင်ပါဘူး

ငါက ကျောရိုးဆစ်ဖြတ်ပုံတွေကနေ ဗဟိုအာရုံကြောစနစ်နဲ့

အာရုံကြောဆဲလ်တွေ ပြန်မွေးဖွားနိုင်အောင် ကြိုးစားနေတာ

ငါလုပ်နေတဲ့အလုပ်က လာမယ့်နှစ်တွေမှာ လူထောင်ပေါင်းများစွာကို ကယ်နိုင်တော့မှာ

အရေးပေါ်အခန်းထဲမှာဆိုရင် ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်တဲ့ ငမူးသာတစ်ကောင်ကိုပဲ ငါကယ်နိုင်မှာ

အင်းပါ ရှင်မှန်ပါတယ်

အရေးပေါ်အခန်းမှာက ကျွန်မတို့တွေ အသက်တွေကိုပဲ ကယ်နိုင်တာလေ

ကျော်ကြားမှုတွေ ဘာတွေ CNN အင်တာဗျူးတွေတော့ မရှိဘူးပေါ့

အင်း ကျွန်မ နစ် နဲ့ပဲ ဆက်တွဲလုပ်တာ ပိုကောင်းမယ် ထင်ပါတယ်

နေစမ်းပါဦး မင်း... မင်းတို့နှစ်ယောက်...

ဘာလဲ

အတူတူအိပ်တာနေလား စိတ်တော့မရှိနဲ့ ငါမနှစ်မြို့တဲ့ခံစားချက် တစ်စိတ်တစ်ပိုင်းဖြစ်နေလို့

အမှန်က ရှင်အပြည့်ဖြစ်နေတာပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိန်းမတွေ့ဘူးဆိုတဲ့ တင်းကြပ်တဲ့စည်းမျဉ်း ကျွန်မမှာရှိပြီးသား

သြော် ဟုတ်လား

ဒါကို စထရိန်း (ထူးခြားတဲ့)မူဝါဒလို့ ကျွန်မကတော့ နာမည်ပေးထားတယ်

သြော် ကောင်းတာပေါ့ ငါ့နာမည်အပေးခံရတဲ့ အရာတစ်ခုရှိလာတာ ဝမ်းသာပါတယ်

ခါးရိုးဆစ်ခွဲနည်းတစ်ခုကို ငါတီထွင်ခဲ့တာတောင်

ဘယ်သူကမှ စထရိန်း နည်းစနစ်လို့ မခေါ်ချင်ကြဘူး

ကျွန်မတို့အတူ တီထွင်ခဲ့ကြတဲ့ နည်းစနစ်ပါ

ငါမင်းရဲ့ပေါ်လစီကြောင့် အရမ်းဝမ်းမြောက်မိပါတယ်

ဒီနေ့ည အာရုံကြောဆရာဝန်များ တွေ့ဆုံပွဲ ညစာစားပွဲမှာ ငါစကားပြောရမယ်

ငါနဲ့အတူလိုက်ခဲ့ပါလား

နောက်ထပ်စကားပုံစံနဲ့ ကမ်းလှမ်းလာတာလား

အရမ်းတွေ စိတ်ကူးယဉ်အချစ်ဆန်နေပါလား

မင်းအဲ့လိုပွဲတွေကို ငါနဲ့သွားရတာ ကြိုက်ခဲ့တာပဲလေ

ငါတို့အတူတူပျော်ခဲ့ကြတာပဲလေ

မဟုတ်တာ ရှင်ပဲပျော်နေခဲ့တာပါ

အဲ့ဒါတွေက ကျွန်မတို့အတွက် မဟုတ်ပါဘူး ရှင့်အတွက်ပါပဲ

ငါတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး

စတီဖင် ရယ် အားလုံးကို ရှင့်အတွက်ပဲ လုပ်နေတာပါ

ငါတို့နှစ်ယောက်ပေါင်းပြီး နာမည်ပေးမယ်လေ

စထရိန်း - ပါမာ နည်းစနစ်လို့

ပါမာ - စထရိန်း လို့ပေး

ဘီလီ

ငါ့အတွက် ဘာထူးတာရှိနေလို့လဲ

ငါ့ဆီချပ်ဝတ်တစ်မျိုး စမ်းသပ်ရင်း ကျောရိုးဆစ်အောက်ပိုင်း ကြေသွားတဲ့

၃၅ နှစ်အရွယ် လေတပ်ဗိုလ်မှူးကြီးတစ်ယောက် ရောက်နေတယ်

အလယ်ဆစ်တွေလည်း ကျိုးပဲ့ထားတယ်

အင်း ငါကူညီလို့ရပါတယ်

ဒါပေမယ့် အခြားကူညီလို့ရတဲ့ ၅၀ လောက်ကရော

ငါ့ကိုယ်ပိုင်အချိန်ကို ပေးရမှာဆိုတော့ တန်မယ့်ရောဂါမျိုး ရှာပေးပါ

၆၈ နှစ်အရွယ် ဦးနှောက်အတွင်းကျိတ်ဖြစ်နေတဲ့ အဖွားအိုတစ်ယောက်လည်း ရှိတယ်

အင်း မင်းက ငါ့ပြီးပြည့်စုံတဲ့စံချိန်ကို ဖျက်ဆီးနေတာတော့ အသေချာပဲ

ဒီလူနာတွေတော့ ငါမကိုင်တော့ဘူး

မိုးကြိုးပစ်ခံရပြီး ဦးနှောက် ကစဉ့်ကလျားဖြစ်နေတာကို ထိန်းချုပ်ဖို့

လျှပ်စစ်ကိရိယာ ဦးနှောက်ထဲ ထည့်ထားရတဲ့ ၂၂ နှစ်အရွယ် မိန်းကလေးကရော

ဒီတစ်ယောက်ကတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ

အဲ့ဒါ ငါ့ဆီပို့ပေးလို့ရ...

ရပြီ

ဟေး

ကောင်းသွားမှာပါ အဆင်ပြေသွားလိမ့်မယ်

သူတို့ ဘယ်လိုလုပ်လိုက်တာလဲ

သိသိချင်း ရဟတ်ယာဉ်နဲ့ အမြန်သယ်လာပေးခဲ့တာလေ

ဒါပေမယ့် ရှင့်ကိုရှာဖို့ကတော့ အချိန်နည်းနည်း ပေးလိုက်ရတယ်

အာရုံကြောပျက်စီးသွားတာကို ကုလို့မီမယ့်အချိန်ကတော့ ရှင်ကားထဲ ပိတ်မိနေတုန်း ဆုံးရှုံးလိုက်ရတယ်

သူတို့ ဘယ်လိုလုပ်လိုက်တာလဲ

အရိုးထဲမှာ စတီးရိုး ၁၁ ချောင်း ထည့်ထားတယ်

အရွတ်တွေ အကုန်စုတ်ပြဲသွားတယ်

လက်နှစ်ဖက်လုံးမှာ အာရုံကြော အပြင်းအထန် ထိခိုက်ထားတယ်

ခွဲစိတ်ကုတင်ပေါ်မှာ ၁၁ နာရီတောင်ကြာခဲ့တယ်

ထိန်းထားတဲ့ဟာတွေ ကြည့်ပါဦး

ဒီထက်တော့ ဘယ်သူမှပိုကောင်းအောင် မခွဲစိတ်ပေးနိုင်တော့ပါဘူး

ငါသာဆို ဒီထက်ပိုကောင်းအောင် ခွဲစိတ်ပေးနိုင်တယ်လေ

ဟင့်အင်း

ခန္ဓာကိုယ် အရင်အတိုင်းပြန်ဖြစ်ဖို့ကို အချိန်ပေးလိုက်ပါဦး

မင်းငါ့ကို ဖျက်ဆီးပစ်လိုက်တာပဲ

ဘယ်လောက်ကြာမှ ပြန်လှုပ်ရှား...

ဒေါက်တာ စထရိန်း

ဒီတစ်ရှူးတွေက ပြန်ကုစားနေရတုန်းပါ

ဒါဆို မြန်မြန်လုပ်ပေးလေ

ပုခုံးသွေးကြောတွေကနေ လက်တွေဆီ သွေးရောက်အောင် ပြွန်တစ်ခု ထည့်လိုက်လေ

အဲ့လိုလုပ်လို့ရနိုင်တာပဲ

ကုန်ကျစရိတ်များပြီး စမ်းသပ်ဆဲဖြစ်ပေမယ့် လုပ်လို့တော့ ရနိုင်ပါတယ်

ကျွန်တော်လိုနေတာကလည်း ရနိုင်တယ်ဆိုတာကိုပဲ

မြောက်

မြောက်

အားထည့်ကြည့်လိုက်

အသုံးမဝင်ဘူးပဲ

အသုံးမဝင်တာ မဟုတ်ပါဘူး ခင်ဗျားလုပ်နိုင်ပါတယ်

ဟုတ်လား ငါ့ကိုဖြေစမ်းပါဦး ဘွဲ့ရခါစ ဆရာဝန်သစ်လေး

အာရုံကြော ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီး

အကောင်းပကတိ ပြန်သက်သာလာတာ

ဘယ်နှစ်ယောက်များ မင်းတွေ့ဖူးလို့လဲ

တစ်ယောက်တော့ သိတယ်

စက်ရုံမတော်တဆမှုမှာ ကျောရိုးကျိုးသွားပြီး

ကိုယ်တစ်ခြမ်းသေသွားပြီးတော့ ခြေထောက်တွေ လှုပ်လို့မရတော့ဘူး

ဘီးတပ်ထားတဲ့ ကုလားထိုင်စီးရင်တောင် သူ့ပုခုံးက အောင့်အောင့်နေတာ

တစ်ပတ်ကို သုံးကြိမ်လောက် ဒီကိုလာတယ်

တစ်နေ့တော့ သူထပ်ပြီးမလာတော့ဘူး

သူသေသွားပြီလို့ ထင်လိုက်တာပေါ့

နှစ်နည်းနည်းကြာတော့ လမ်းမှာ ကျွန်တော့်ဘေးကနေ ဖြတ်လျှောက်သွားတယ်ဗျာ

- လမ်းလျှောက်သွားတာလား - ဟုတ်တယ် လမ်းလျှောက်သွားတာ

စောက်ချီးပဲ သူ့ဖိုင်ငါ့ကိုပြစမ်း

အဲ့ဖိုင်တွေကို ဖိုင်တွဲတွေထဲက ပြန်ရှာဖို့ အချိန်တော့် အတော်ကြာလိမ့်မယ်

ဒါပေမယ့် အရမ်းမောက်မာနေတဲ့ ခင်ဗျားလိုလူကို မှားကြောင်းသက်သေပြနိုင်ရင်ပဲ

တန်ပါတယ်

ခင်ဗျားရဲ့သုတေသနတွေ အကုန်ဖတ် ကြည့်ပြီးပြီ

ခင်ဗျားပို့လိုက်တဲ့ စာတမ်းတွေလဲ ဖတ်ပြီးပါပြီ

ဒါပေမယ့် အဲ့ဒါတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး

ခင်ဗျားဒဏ်ရာ ဘယ်လောက်ဆိုးနေလဲဆိုတာ

- ခင်ဗျားတကယ်မသိသေးဘူးနဲ့ တူပါတယ် - တစ်ခုရှိသေးတယ်

အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး

သဘောပေါက်ပါတယ် တစ်ခုတော့ရှိသေးတယ်

ခင်ဗျားတောင်းဆိုတာတွေက မဖြစ်နိုင်တာတွေပဲ စတီဖင်

လုပ်စမ်းပါ

ကျုပ်ရဲ့ဂုဏ်သတင်းတွေကိုလဲ ထည့်စဉ်းစားပါဦး

- အက်တီ နေပါဦး မပိတ်နဲ့ - ခင်ဗျားကို ကျုပ်ကူညီလို့မရဘူး

နေ နေဦး မပိတ်နဲ့ဦး

ဟေး

သူလုပ်ပေးမှာမဟုတ်ဘူး

ဒီကောင် ဘာမှမတတ်တဲ့ကောင်

တိုကျိုမှာ ကုထုံးအသစ်တစ်ခု ပေါ်နေတယ်

ပင်မဆဲလ်တွေကို သိုလှောင်ပြီးတော့

3Dနဲ့ ပုံစံချပြီး ပြန်မွေးတာတဲ့

ငါတို့အတူ ငွေချေးနိုင်ရင်တော့...

စတီဖင်

နည်းနည်းပါပဲ ဒေါ်လာ ၂ သိန်းလောက်ပဲ

ရှင်က ပိုက်ဆံဆို ရှာနိုင်သလောက် အမြန်ဆုံးနည်းနဲ့ကုန်အောင် သုံးပစ်ခဲ့တာလေ

အခုက ရှင့်ဆီမှာ ရှိတောင်မရှိတော့တဲ့ ပိုက်ဆံကိုပါ သုံးနေပြန်ပြီ

ရပ်ဖို့ စဉ်းစားသင့်တဲ့ အချိန်ရောက်နေပြီလေ

မဟုတ်ဘူး အခုချိန်က လုံးဝရပ်လို့မဖြစ်တဲ့ အချိန်ပဲ

ဘာကြောင့်လဲ မင်းသိပါတယ် ငါနည်းနည်းမှ ဒီထက်သက်သာမလာတော့ဘူး

ဒါပေမယ့် ဒါက ဆေးကြောင့် မဟုတ်တော့ဘူးလေ

ရှင်က စိတ်ကစဉ့်ကလျားပါ ဖြစ်နေတာ

အချို့အရာတွေက ပြန်ပြင်လို့မရဘူးလေ

- ငါ့အလုပ်မရှိတော့တဲ့ ငါ့ဘဝက... - ဒါလည်း ဘဝပါပဲ

ဒါအဆုံးသတ် မဟုတ်သေးပါဘူး

ဘဝကို အဓိပ္ပါယ်ရှိစေတဲ့ အခြားအရာတွေ ရှင့်မှာ အများကြီးရှိနေပါသေးတယ်

ဘယ်လိုဟာမျိုးလဲ မင်းရှိနေတာမျိုးလား

အဲ့ဒါ ရှင်ကျွန်မကို တောင်းပန်တဲ့ အပိုင်းဆိုပါတော့

More Burmese subtitles for Doctor Strange

ความคิดเห็น

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left