Mistari 200 ya kwanza.
မင်းပြေးလို့လွတ်မယ်ထင်နေလား ဂျွန်နီ
ငါတို့လက်က ဘယ်သူမှမလွတ်ဘူးကွ
သေစမ်း ဘန်နီ ငါ့ကို ရေခဲနည်းနည်းပေးစမ်း
ငါ့လက်ကျိုးသွားပြီထင်တယ်
ဟုတ်ကဲ့ ဆရာ
ငါ့ကို သတ်မယ်ဆိုလည်း မြန်မြန်သတ်လိုက်
သတ်မှာ စိတ်ချ ဂျွန်နီ
မစ္စတာကာနယ်လီက အိမ်ပြန်လက်ဆောင်လေး ယူခဲ့ပါဆိုလို့
ပါးစပ်ဖွင့်စမ်း ဖွင့်စမ်း
မျက်မြင်သက်သေအကာအကွယ်ရေးအဖွဲ့က မင်းဘော်ဒါတွေဆီကို ငါတို့ပို့ပေးမယ်
မင်းသွားတွေက သီချင်းထဆိုပြမလား ကြည့်ရတာပေါ့
ဒါမှ တရားခွင်အထိယူသွားပြီး သက်သေထွက်ဆိုလို့ရမှာ
ပါးစပ်ဖွင့်စမ်း ဂျွန်နီ ပါးစပ်ဖွင့်
ဘန်နီ
ဟယ်လို
မင်း ဘယ်ကကောင်လဲ
- မျက်လုံးမှိတ်ထား - ခင်ဗျားက ဘယ်သူလဲ
ပါးစပ်ပိတ်ထား
- မင်းရောပဲ - ဘာမှမဖြစ်ဘူး
သူပြောတဲ့အတိုင်းသာ လုပ်
မလှုပ်နဲ့ မင်းတို့က သေသွားပြီ
မင်းအ၀တ်အစားတွေ ငါလိုချင်တယ်
ပြီးတော့ လက်စွပ်ရယ် နာရီရယ်
မင်းရဲ့သက်သေခံကတ်ပြားတွေအားလုံး အခုပေး
ငါပြောတဲ့အတိုင်းသာ လုပ်
မင်းက ငါနဲ့လိုက်ခဲ့
ကျန်တဲ့တစ်ယောက်ကို ဆွဲထုတ်လိုက်
သွားမယ်
မင်းအ၀တ်တွေကို သူတို့ပေါ်မှာလွှမ်းလိုက်
ဟုတ်ကဲ့ အမှတ် ၂၃၂ အေဒင်လမ်းမကြီးပေါ်မှာ လူသတ်မှုဖြစ်လို့ပါ
- ရဲတပ်ဖွဲ့ကို လွှတ်ပေးပါ - ခင်ဗျားဘာလုပ်နေတာလဲ
သူတို့က မင်းကိုသတ်လိုက်ပြီ ပြီးတော့ အချင်းချင်းပြန်ပစ်သတ်ကြတယ်
ဟုတ်တာပေါ့
လူယုတ်မာကောင်တွေ
- သေစမ်း - မစိုးရိမ်နဲ့
ပွဲကြည့်ပရိသတ်မရှိဘဲနဲ့ အလုပ်မဖြစ်ဘူး
အပြင်ထွက် သွားကြမယ်
ကားပေါ်တက်
ကျေးဇူးပဲ ကျေးဇူးတင်ပါတယ်ဗျာ
ခင်ဗျားဘာအကူအညီပဲလိုလို ကျွန်တော့်ကိုပြောပါ
ခင်ဗျားက ခင်ဗျားရဲ့အသက်ကိုကော ခင်ဗျားကို ကာကွယ်ပေးနေတဲ့
အမေရိကန်ထိပ်တန်းအရာရှိတွေရဲ့ အသက်ကိုပါ အန္တရာယ်တွင်းထဲဆွဲခေါ်ခဲ့တာပဲ
- ခင်ဗျားဘာတွေပြောနေတာလဲ - ခင်ဗျားသွားနေကျ စားသောက်ဆိုင်ကိုသွားခဲ့တယ်မလား
ဂျန်နာရိုကို ပြန်သွားတာလား ရှင်က တော်တော်ဦးနှောက်မဲ့တာပဲ
အိုရိုဆိုဘူဂို စားချင်လွန်းလို့ပါကွာ
ငါ အစားအသောက်ကောင်းကောင်းမစားရတာ ၆ လတောင်ရှိပြီကွ သေတော့မယ်သိလား
နောက်တစ်ကြိမ်ဆိုရင်တော့ မင်းသေပါပြီ ဒီတစ်ကြိမ်ပဲ ရမှာ
ဆင်းတော့
ခင်ဗျားဘာလုပ်လိုက်တာလဲ အဲဒါကျွန်တော်တို့ ကားလေ
သွားမယ် လာ
ခင်ဗျားတို့နဲ့ ကျုပ် ထပ်ပြီးတော့ တွေ့ဖြစ်မှာ မဟုတ်တော့ဘူး
ဒါပေမဲ့ ခင်ဗျား ဘာတွေပဲလုပ်လုပ် ကျုပ်က အကုန်သိနေမှာ
ဦးနှောက်ကိုသုံး ထင်ထင်ပေါ်ပေါ်မနေနဲ့ ဘာမှမဖြစ်စေရဘူးဆိုတာ အာမခံတယ်
သက်သေထွက်ဆိုမပေးဘဲ ရှောင်ထွက်သွားမယ်ဆိုရင်တော့
ခင်ဗျားတို့ကို ကာနယ်လီမိသားစုဆီ ကျုပ်ကိုယ်တိုင်ပို့ပေးမယ်
- မယုံမရှိနဲ့ - ဒီမှာ ကိုယ့်လူ
ခင်ဗျားကို ကျွန်တော့်ဘက်က အကြွေးဆပ်စရာ ရှိသွားပြီ
ကျွန်တော် သက်သေထွက်ဆိုပေးမှာပါ ဟုတ်ပြီလား
ခင်ဗျား ဘာအကူအညီပဲလိုလို ကျွန်တော့်ကိုပြော ဟေ့ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ
တော်ပါတော့ သူ့ကြည့်ရတာ ရှင်နဲ့မိတ်ဆွေဖြစ်ချင်ပုံမပေါ်ပါဘူး
ခင်ဗျားကို စာရင်းထဲကပယ်ဖျက်လိုက်ပြီ
ဆက်သွားပါ
ဟေ့ ဂျွန် တစ်ခုလောက်လာကြည့်ပေးလို့ ရမလား
ဒီထဲက တစ်ခုကတော့ ငါတို့ဆီကပဲ
ကျန်တာတွေကတော့ တကယ့်အစစ်တွေ မင်းဘယ်လို သဘောရလဲ
ဒါက အတု
- အဲဒီလူက ဘယ်သူလဲ - ငါ မင်းကိုပြောပြလို့မဖြစ်ဘူး
စကားမများနဲ့တော့ ဒါကို ပြန်ကြိုးစားလုပ်ကြည့်
မျက်လှည့်လေးတစ်ကွက်လောက်ပြပြီး
ပိုင်ရှင်မဲ့အလောင်းနဲ့ အသက်ရှင်နေတဲ့ လူရှုပ်လူပွေကို နေရာပြောင်းပစ်လိုက်တာပေါ့လေ
- ရောဘတ် လာထိုင်လေ - ဂျွန်
မင်းသိလား...
ဘုရားသခင်သာ ၀စ်ဆက်လိုမျိုး အပြစ်တွေကိုခွင့်လွှတ်တတ်မယ်ဆိုရင်
- ငရဲမှာ အပြစ်သားတစ်ယောက်မှ ရှိမှာမဟုတ်ဘူး - တရားစီရင်ရေးစနစ်မှာ ဘုရားသခင်မပါဝင်ဘူး
မနေ့ညက မင်းအလုပ်များခဲ့တာ ငါသိပါတယ်
မျက်မြင်သက်သေစုံတွဲက နမော်နမဲ့နိုင်လွန်းတယ်
- သိတယ် - အခြေအနေကို ကျွန်တော်ဝင်ထိန်းခဲ့ရတယ်
အဲဒီထဲမှာ ကောင်တီရင်ခွဲရုံကို ဖောက်ထွင်းဝင်တဲ့ကိစ္စကော ပါလား
ရရာနဲ့ဖြစ်သလိုဖန်တီးနိုင်မှုဟာ ကွင်းဆင်းလုပ်ကိုင်မှုရဲ့ အသက်ပဲဆိုပြီး
လူတစ်ယောက်က ကျွန်တော့်ကိုသင်ပေးဖူးတယ်
-အဲဒီလူက ခင်ဗျားလို့ ထင်တာပဲ -အရင်တုန်းကပေါ့ အခုတော့ အခြေအနေတွေပြောင်းသွားပြီ
အခုဆို လွှတ်တော်ကကောင်တွေအကုန်လုံးကိုလည်း မင်းပိုင်ပြီ
အကုန်လုံးက ငါတို့ကိုထောက်ခံပေးမယ့်လူတွေချည်းပဲ
ငါက မင်းကိုခြေသံလုံအောင် လျှောက်ဖို့ ပြောနေတာ
ဘယ်လာ ကျွန်တော့်ကို ဖုန်းဆက်တာ ဘာကြောင့်လဲ ရင်ခွဲရုံကိစ္စကြောင့်လား
မဟုတ်ပါဘူးကွာ
အဲဒီအဖိုးကြီးက ဒီကိစ္စအကြောင်း ဘာမှမသိပါဘူး
ငါ့အမြင်ကတော့ သူသိနေဖို့လည်း မလိုဘူးလို့ ထင်တယ်
လျှို့ဝှက်စစ်ဆင်ရေးတွေဆိုတာ လူသိမခံတာပဲကောင်းတယ်
မှန်ပါတယ်
သြော် ... ဂျွန်
- မင်း အရမ်းတော်တယ် - ဆရာသမားကောင်း ရှိလို့ပါ
ဘာလဲကွ အတော်ဆုံးဆရာလို့ပြောစမ်းပါ
မျက်မြင်သက်သေအကာအကွယ်ပေးရေးအဖွဲ့အောက်က စုစုပေါင်းလူဦးရေ
တစ်သောင်းလေးထောင် ခြောက်ရာ့လေးဆယ်မှာ
- ဒီလို ပရိုဖိုင်နဲ့တစ်ယောက်မှမရှိဘူး - မကောင်းဘူးလား
ကောင်းပါတယ် မစ္စကာလန်ဆိုတဲ့ ဒီအမျိုးသမီးက
တကယ့်ကို ရိုးဖြောင့်ပြီး
သမာသမတ်ကျတဲ့အမျိုးသမီးပဲ
ဒါဆို သူက ကျွန်တော်တို့ကို ဘာအတွက် လိုအပ်တာလဲ
သူက ဆိုက်ရက်ဇ်ကော်ပိုရေးရှင်းရဲ့ စီနီယာအလုပ်အမှူဆောင်ဆိုတာ သိတယ်မလား
သိတယ် အဓိကလက်နက်ကန်ထရိုက်တာမလား
အဓိကကတော့ ထိပ်တန်းလျို့ဝှက်လက်နက်တွေကို သုသေသနလုပ်ကြတာ
ကြည့်ရတာ ဆိုက်ရက်ဇ် ရဲ့အတွင်းလူတစ်ယောက်က အမေရိကန်နဲ့ အရောင်းအ၀ယ်လုပ်နေပုံပဲ
စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း သူတို့အမှုကို အတည်ပြုပေးဖို့သူ့ကိုအလိုရှိနေတယ်
တကယ်လို့သာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အီရန် - ကွန်ထရာ ပြီးရင်
နာမည်အကြီးဆုံးမကောင်းသတင်းမှာ သူက အဓိကမျက်မြင်သက်သေဖြစ်လာလိမ့်မယ်
- ဘယ်တော့ဖြစ်မှာလဲ - မနက်ဖြန်
လျှို့ဝှက်စစ်ဆင်ရေးက အားလုံးအဆင်သင့်ဖြစ်နေပြီ
ထွက်ဆိုချက်ပြီးတာနဲ့ သူ့ကို မင်းစောင့်ရှောက်ရတော့မှာ
နေရာအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ချိတ်ပိတ်ဖိုင်တွေ မင်းကိုပဲသီးသန့်ပြတာ
ထုံးစံအတိုင်း မျက်မြင်သက်သေရှိတဲ့နေရာကို မင်းနဲ့ငါပဲ အတွင်းကျကျသိမယ်
ဒါပေမဲ့ ဂျွန်
ငါတို့ဝါရှင်တန်မှာ ဒီကိစ္စကို ပြာဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့
ကြောက်စရာကောင်းတဲ့ ဇာတ်ဆောင်တွေ ရှိတယ်
သူလည်း အတူတူပဲပေါ့
ဆိုက်ရက်ဇ်ကော်ပိုရေးရှင်း မှ ကြိုဆိုပါတယ်ရှင်
ပြင်ပဧည့်သည်များအားလုံး ညာဘက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ကြွရောက်ပေးကြပါ
သက်သေခံကတ်ပြားလေးတွေ ထုတ်ပေးထားကြပါ
- မင်္ဂလာနံနက်ခင်းပါ ဒေ့ဗ် - မင်္ဂလာနံနက်ခင်းပါ
သူ ၀င်လာပြီ
- ဘာထူးပြီလဲ - မထူးသေးဘူး
ဟုတ်ပြီ လီ ကျွန်တော်တို့ ခင်ဗျားနဲ့အတူရှိနေတယ်
ရပြီ
- ကြားရလား - ကြားပါတယ် လီ
- ကျွန်မပုံစံ အဆင်ပြေရဲ့လား - ကြည့်ကောင်းတယ်လို့ ပြောလိုက်
အဆင်ပြေပါတယ် မစ္စကာလန်
အလုပ်သင်တစ်ယောက်အတွက်ကတော့ အဆင်ပြေတာပေါ့
ကျွန်တော်တို့ ခင်ဗျားနဲ့ရှိနေပါတယ် လီ
- ဟုတ်ပြီ - စရအောင်
- မင်္ဂလာနံနက်ခင်းပါ မစ္စကာလန် - မင်္ဂလာနံနက်ခင်းပါ
စတေရှင်စီ ကိုသွားမှာလား
- ဟုတ်ပါတယ် - ဒီနေ့ ဘယ်လောက်ကြာမှာလဲ
အလွန်ဆုံး ဆယ်မိနစ်လောက်ပါပဲ
ကောင်းပါပြီ
အဆင်ပြေတယ် လီ
ငါတို့ဝယ်ထားတဲ့ နံပါတ်သော့က မှန်ပါစေလို့ ဆုတောင်းရမှာပဲ ကိုယ့်လူတို့
ဟုတ်ပြီကွ
- သေစမ်း - ရတယ် ကိစ္စမရှိဘူး
အလုံပိတ်ခန်းထဲရောက်သွားလို့ လိုင်းပြတ်သွားတာ
- ဒါဆို ဘယ်လိုလုပ်ကြမလဲ - စောင့်ကြည့်ရုံပေါ့
သူ အမြန်လှုပ်ရှားမှရမယ် ဂျူတီချိန်းမယ့်လူက နောက် ၅ မိနစ်ဆိုရောက်လာတော့မှာ
ဘာလို့ဒီလောက်ကြာနေတာလဲ
အမြန်လုပ်ပါ မိန်းကလေးရယ် ၂ မိနစ်ပဲကျန်တော့တယ်
- ငါတို့ သူ့ကိုမခိုင်းခဲ့သင့်ဘူး - အချိန်တွေကျော်နေပြီ
- ဟေး - ဟုတ်ပြီ
ပြန်ရောက်လာတာ ကြိုဆိုပါတယ် လီ ငါတို့မင်းနဲ့ရှိနေတယ်နော်
မစ္စကာလန် မစ္စတာဒိုနာဟူရဲ့ရုံးခန်းက ခေါ်နေတယ် ခင်ဗျားနဲ့တွေ့ချင်လို့တဲ့
- ခဏနေလာခဲ့မယ်လို့ သူ့ကိုပြောပေးပါ -အခုချက်ချင်းလာခဲ့ပါတဲ့
- ဘာဖြစ်တာလဲ - ငါတို့ကို ရိပ်မိသွားပြီထင်တယ်
လမ်းညွှန်စာအုပ်ထဲမှာ ရှာစမ်း ဒိုနာဟူရုံးခန်းက ဘယ်နားမှာလဲလို့
- ၂၅ လွှာ - ဘယ်မှာလဲဆိုတာ ကျွန်တော်သိပါတယ်
၂၅ လွှာတဲ့
အကူတပ်ဖွဲ့တွေကိုအသင့်ပြင်ခိုင်းထား ဒီကိစ္စက ဆုံးရှုံးသွားနိုင်တယ်
ဘာကိစ္စရှိလို့လဲ ၀ီလျံ
ဒါ ငါ ၅ နှစ်လုံးလုံးယုံကြည်လာခဲ့တဲ့လူပဲ
တခြားသူတွေကိုလည်း သူ့ကို ယုံကြည်နိုင်ပါတယ်ဆိုပြီး ငါအာမခံပေးခဲ့တဲ့သူ
- ကျွန်မ ဒေတာတွေသွားစစ်တာပါ - မပြောနဲ့
ငါတို့က အဲဒီလိုပေါက်ပန်းလေးဆယ် ပြောရမယ့်အနေအထား မဟုတ်တော့ဘူး
မင်း ဘယ်သူ့အတွက်အလုပ်လုပ်ပေးနေတာလဲ
ငါတို့တော့ သေပြီ
အဲဒီမေးခွန်း ကျွန်မက ရှင့်ကိုမေးရမှာ
ရှင်က အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးနေတာလို့ ကျွန်မ ထင်ခဲ့မိတာ
တော်စမ်းပါ လီ
ငါတို့က ဘာလုပ်နေတယ်လို့ မင်းထင်လို့လဲ
ဒါ ကြက်ခြေနီရုံးမဟုတ်ဘူး
လူသတ်လက်နက်ထုတ်တဲ့အဖွဲ့အစည်း
အစိုးရက ပိုက်ဆံမပေးချင်ဘူးဆိုရင်
တစ်ခြားပေးချင်တဲ့လူတစ်ယောက်ကို ရှာရမှာက ငါ့တာဝန်ပဲ
အဖွဲ့အစည်းရဲ့နည်းဗျူဟာထဲမှာ သစ္စာဖောက်နည်း ပါတာကို သတိမထားမိခဲ့ဘူး
မင်း ဘယ်သူ့အတွက်အလုပ်လုပ်ပေးနေတာလဲလို့ ငါမေးခဲ့တယ်
မင်း မဖြေသေးဘူး
- ဘုရားရေ - သေစမ်း
သေစမ်း
သူ့ကို သွားကယ်ထုတ်တော့ အခုချက်ချင်းသွား
ဒါဘာလဲ
ကင်မရာလား
ကျွန်မက အက်ဖ်ဘီအိုင်အတွက် အလုပ်လုပ်ပေးနေတာ ၀ီလျံ
ရှင်စောစောကပြောခဲ့တဲ့စကားတွေအားလုံး သူတို့ကြားတယ်
ကျွန်မတို့ကို စောင့်ကြည့်နေတာ
ဒါဆို မင်းလုံခြုံသွားပြီလို့ ထင်တယ်ပေါ့
မင်း မသိပါဘူး
မင်းဘာလို့ ငါ့အပေါ်ကိုဒီလိုလုပ်ရတာလဲ
မင်းနားလည်မယ်လို့ ထင်ပါတယ် လီ
ငါ့မှာ ရွေးစရာလမ်းမရှိတော့ဘူး
ဆိုက်ရက်ဇ်ကော်ပိုရေးရှင်း မှ ကြိုဆိုပါတယ်
ပြင်ပဧည့်သည်များအားလုံး ညာဘက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကိုကြွရောက်ပေးပါ
လုံခြုံရေးကောင်တာကပါ
ခဏလေး သူ့ကိုတားထား
ရပ်လိုက် ဟေး
လီ
သွားမယ် ...
သံသယရှိသူ ထွက်ပြေးလွတ်မြောက်သွားပါတယ်
ကျွန်တော်တို့ရဲ့ အမာခံသက်သေပဲ
ခင်ဗျားလက်ကို အပ်လိုက်ပြီ
အလားတူအခြေအနေမျိုးတွေကို အရင်ကလည်းငါတို့ ကိုင်တွယ်ခဲ့ဖူးပါတယ်
ရှင် ကျွန်မမေးခွန်းကို မဖြေရသေးဘူး
အန္တရာယ်တွေတော့ရှိတယ်ဆိုပြီး ငါတို့ ပြောခဲ့တယ်လေ
ကျွန်မကို အချိန်ပြည့် လုံးဝကာကွယ်ပေးပါ့မယ် ဆိုပြီး ရှင်တို့ပြောခဲ့တယ်
စစ်ဆင်ရေးက ငါတို့မျှော်မှန်းထားသလို အဆင်ပြေပြေမဖြစ်သွားခဲ့တာပါ
No comments yet. Be the first to leave one.