Mean Girls

Mean Girls

Pakua Manukuu ya Burmese

Maelezo ya toleo

Mean Girls(Zawgyi Unicode)
Maoni na jmsilv

Lebo

other
Yamechapishwa tarehe: 2017-08-05
Upakuaji: 74
Wenye Ulemavu wa Kusikia: No

Hakikisho la manukuu ya Burmese

Mistari 200 ya kwanza.

ဒါ သမီးအတွက် နေ့လယ်စာ

နို့ဝယ်သောက်လို့ရအောင် ဒီထဲမှာ ပိုက်ဆံထည့်ပေးထားတယ်

အတန်းကြီးတွေကိုမေးပြီး သွားဝယ်ပေါ့

ဖုန်းနံပါတ်မှတ်မိတယ်နော် လိုရမည်ရ ရေးပေးထားတယ်

အိတ်ထဲထည့်ထားနော် မပျောက်စေနဲ့

ဟုတ်ပြီနော်..အဆင်သင့်ပဲလား

ထင်တာပဲ

ကိတ်ဒီရဲ့ ထူးခြားတဲ့နေ့လေးပဲ

ကလေးတွေ ပထမဆုံးကျောင်းတက်ရက်မှာ မိဘတွေ ငိုနေကျထင်ပါရဲ့

ဒါပေမဲ့ ဒါက ၅ နှစ်အရွယ်ကလေးတွေမှ ဖြစ်လေ့ဖြစ်ထရှိတာလေ

ကျွန်မက ၁၆ နှစ်..ပြီးတော့ ဒီနေ့မတိုင်ခင်အထိ အိမ်မှာပဲစာသင်ခဲ့ရတာ

အိမ်မှာပဲကျောင်းနေတဲ့ကလေးတွေက ကြောင်တောင်တောင်တွေလို့ ထင်တယ်မဟုတ်လား

အိက်စ်-ဝိုင်-အယ်လ်-အို-စီ-အေ-အာ-ပီ ဇိုင်လိုကာ့ပ်

ဒါမှမဟုတ် ဘာသာရေးအစွန်းရောက်တယ်တို့ ဘာညာပေါ့

သုံးရက်မြောက်နေ့မှာ ဘုရားသခင်က ရမ်မင်တန်ရိုင်ဖယ်ကို တီထွင်လိုက်လို့

လူတွေက ဒိုင်နိုဆောတွေကို တိုက်နိုင်ခဲ့တာ

ပြီးတော့ မိန်းမလျာတွေကိုရောပဲ

- အာမင် - အာမင်

ကျွန်မတို့မိသားစုကတော့ သာမန်ပါပဲ

ကျွန်မမိဘတွေက သတ္တဗေဒဆိုင်ရာ သုတေသနပညာရှင်တွေဆိုတော့

အာဖရိကမှာ ၁၂ နှစ်ကြာအောင်နေခဲ့ရတယ်

ကျွန်မအတွက်တော့ ပျော်စရာကောင်းခဲ့ပါတယ်

ဒါပေမဲ့ အမေက နော့သ်ဝက်စ်တန်တက္ကသိုလ်မှာ လုပ်ဖို့ကမ်းလှမ်းခံခဲ့ရတယ်

ဒါကြောင့် အာဖရိကကြီးကိုစွန့်ခွာပြီး

အထက်တန်းကျောင်းကို ရောက်လာခဲ့ရတော့တာပေါ့

ဘာမှမဖြစ်ဘူး..တောင်းပန်ပါတယ်

သမီး သတိထားပါ့မယ်

ဟိုင်း

ငါ့အကြောင်း သိမလားတော့မသိဘူး

ငါကအခုမှ ကျောင်းစပြောင်းလာတာ ငါ့နာမည် ကိတ်ဒီဟာရွန်ပါ

ထပ်ပြောရင် ဆောင့်ကန်ခံရမယ်မှတ်

ထိုင်လို့မရဘူး..အဲဒါခရစ္စတင်းဟတ်ဒ်လီရဲ့ ရည်းစားနေရာ

ဟေး..အချစ်

သူက အီးအရမ်းပေါက်တာနော်

ဟေး..အားလုံးပဲ

တောင်းပန်ပါတယ်

မင်းနဲ့မဆိုင်ပါဘူး..ငါကိုကကံဆိုးနေတာပါ

မစ္စနော်ဘယ်ရီ

အောက်ကတီရှပ် ကပ်ပါလာတယ်မဟုတ်လား

- ဟုတ်ကဲ့ - ကောင်းရော

အားလုံးအဆင်ပြေရဲ့လား

- ပြေပါတယ် - ဒါနဲ့..

- ပိတ်ရက်မှာပျော်ရဲ့လား - ကွာရှင်းပြတ်စဲလိုက်ပြီ

ငါကတော့ ရောဂါဟောင်းပြန်ပေါ်လာတယ်

- ကျွန်မကတော်သေးတာပေါ့ - ဒါပေါ့

ကျောင်းသူအသစ်တစ်ယောက် ဝင်လာတယ်ဆိုတာ

အားလုံးကိုအသိပေးချင်လို့ပါ

သူက အာဖရိကကနေပြောင်းလာတာ

ကြိုဆိုပါတယ်

- သမီးက မီချီဂန်က - ကောင်းတယ်

သူ့နာမည်က ကတ်ဒီတဲ့ ကတ်ဒီဟာရွန်

- ဘယ်မှာလဲ ကတ်ဒီ - ဒီမှာပါ

- ကိတ်ဒီလို့ အသံထွက်တာပါ - တောင်းပန်ပါတယ်

ဆရာ့မှာ အာဖာနီးလို့ခေါ်တဲ့ တူတစ်ယောက်ရှိတယ်

သူ့ကို အန်သော်နီလို့မှားခေါ်တော့ တော်တော်ကိုစိတ်ဆိုးတာ

ဆရာ့ညီမက သူ့ကို အာဖာနီးလို့ နာမည်ပေးတာကို

တွေးမိတိုင်း ဆရာဒေါသထွက်သလိုပဲ

ကိတ်ဒီကို ကြိုဆိုပါတယ်

- မစ္စတာဒူဗောကိုလည်း ကျေးဇူးတင်ပါတယ် - ကျေးဇူးတင်ပါတယ်

ပြီးတော့

လိုချင်တာရှိရင်ပဲဖြစ်ဖြစ် စကားပြောချင်ရင်ဖြစ်ဖြစ်..

ကျေးဇူးတင်ပါတယ်

ကျွန်မ အင်္ကျီထူထူလေး ဝတ်ထားမိတဲ့အခါကျရင် လာခဲ့ပါမယ်

ကောင်းပါပြီ

ကောင်းပြီ..ကောင်းသောနေ့လေးဖြစ်ပါစေ

စစချင်းကျောင်းတက်ရက်မှာတော့ စမ်းတဝါးဝါးပါပဲ

ဘာလုပ်ရမှန်းမသိ ဝိုးတိုးဝါးတားနဲ့

ဘာမဟုတ်တာလေးတောင် အဆင်မပြေဘူး

- ဘယ်သွားမလို့လဲ - သန့်စင်ခန်းသွားမလို့ပါ

ခွင့်တောင်းရမယ်လေ

ဟုတ်ကဲ့..သန့်စင်ခန်းသွားခွင့်ပြုပါ

တော်တယ်..ပြန်ထိုင်နေပါ

ကျွန်မတစ်သက်လုံး လူကြီးတွေရဲ့ ယုံကြည်မှုကိုခံခဲ့ရသလို

ဘယ်သူ့ဆီကမှ အော်တာမခံခဲ့ရပါဘူး

- ရှေ့ကကြိုမဖတ်နဲ့ - ဘောပင်အစိမ်းရောင်မသုံးနဲ့

အတန်းထဲမှာ အစာမစားရဘူး

ကိုယ့်နေရာမှာကိုယ်ထိုင်

ငါအားလုံးကို မြင်လိုက်တယ်

- အားလုံးပဲ - ထိပ်လေးတွေကို မြင်လိုက်လား

- အဲဒါပါမြင်မှ ထည့်တွက်တာ - ဟုတ်တယ်

အာဖရိကမှာ သူငယ်ချင်းတွေ အများကြီးရှိခဲ့ပါတယ်

ဘာ

ဒါပေမဲ့ အီဗန်စတန်မှာတော့ ခုထိတစ်ယောက်မှမရှိသေးပါဘူး

ဟေး..ကျောင်းတက်ရတာအဆင်ပြေလား

ဒါ နင့်ရဲ့ ပင်ကိုဆံပင်အရောင်လား

- ဟုတ်တယ် - လှလိုက်တာ

ကျေးဇူးတင်ပါတယ်

ဒါ ငါဆိုးချင်တဲ့အရောင်လေ

သူက ဒေမီယင်​တဲ့​ မိန်းမလျာစိတ်ပေါက်နေတာလေ

- တွေ့ရတာဝမ်းသာပါတယ် - ဆံပင်တုက မိုက်တယ်နော်..ဂျန်းနစ်

- ဘာနဲ့လုပ်ထားတာလဲ - နင့်အမေရင်ဘတ်မွေးနဲ့ လုပ်ထားတာ

- ငါက ဂျန်းနစ် - ဟိုင်း..ငါက ကိတ်ဒီပါ

ဂျီ ၁၄ အခန်းကဘယ်နားမှာရှိလဲသိလား

ကျန်းမာရေးအတန်း အင်္ဂါ ကြာသပတေး အခန်း ဂျီ ၁၄ တဲ့

အနောက်အဆောင်မှာနဲ့တူတယ်

- ဟုတ်တယ်..အနောက်အဆောင်မှာ - ငါတို့လိုက်ပို့ပေးမယ်လေ

ကျေးဇူးပဲ

ဖယ်ပေးကြပါ..ကျောင်းသူအသစ်လေးလာတယ်

ကျန်းမာရေးအတန်း စပိန်ဘာသာစကားအတန်း

၁၂ တန်း ကဲကုလသင်္ချာအတန်းတက်တာလား

- ဟုတ်တယ် သင်္ချာကိုကြိုက်တယ်လေ - ဘာလို့လဲ

နိုင်ငံတိုင်းမှာ အတူတူပဲမို့လို့လေ

ကောင်းလိုက်တဲ့စကား..သူကတော်သားပဲ

အနောက်အဆောင်က ဘယ်မှာလဲ

၁၉၈၇ ခုနှစ်ကတည်းက မီးလောင်သွားပြီ

ငါတို့အတန်းပြေးတာ ပြဿနာတော့ မရှိလောက်ပါဘူးနော်

နင့်ကိုပြဿနာဖြစ်အောင် ဘာလို့လုပ်ရမှာလဲ

ငါတို့က သူငယ်ချင်းတွေပဲဟာ

အတန်းချိန်လစ်တာ မကောင်းမှန်းသိပေမဲ့ ဂျန်းနစ်က သူငယ်ချင်းတွေလို့ပြောတော့

သူငယ်ချင်းတွေပြောတာကို ကျွန်မ မငြင်းနိုင်ဘူးလေ

ကျန်းမာရေးအတန်းမှာ သင်တာတွေတော့ လွတ်သွားတာပေါ့

လိင်မဆက်ဆံနဲ့..ကိုယ်ဝန်ရပြီး သေသွားလိမ့်မယ်

လုပ်နေကျပုံစံလည်း မလုပ်နဲ့

မတ်တပ်ရပ်ပြီးမဆက်ဆံနဲ့

မလုပ်ပါဘူးလို့ ကတိပေးလား

ကောင်းပြီ..ကွန်ဒုံးတွေ လာယူကြ

ဘာလို့အိမ်မှာပဲ စာဆက်မသင်တာလဲ

ငါ့ကို ပတ်ဝန်းကျင်နဲ့ထိတွေ့စေချင်လို့

နင့်ရုပ်ရည်လေးနဲ့ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ အများကြီးထိတွေ့ရမှာပါ

- နင်ဘာတွေပြောနေတာလဲ - နင်က အရမ်းချောတယ်လေ

- ဘာရယ် - လက်ခံလိုက်ပါ

နင့်နာမည်ပြန်ပေါင်းပြပါဦး..ကတ်ဒီ

ကိတ်ဒီ..စီ-အေ-ဒီ-ဝိုင်

ငါကတော့ ကတ်ဒီလို့ပဲခေါ်မယ်

အံ့ဩစရာပဲ..ကယ်ရင်စမစ်ရဲ့ အားကစားဝတ်စုံကို ကြည့်ပါဦး

ကော်ပတ်ရုပ်တွေအားလုံး အားကစားအတန်း တစ်ခုတည်းမှာပဲလေ

- ကော်ပတ်ရုပ်တွေဆိုတာ ဘယ်သူတွေလဲ - အလှစာရင်းဝင်တွေလေ

ဒီကျောင်းသာ မဂ္ဂဇင်းတစ်စောင်ဆိုရင် သူတို့ချည်းပဲ မျက်နှာဖုံးမှာပါနေမှာ

အဲဒီတစ်ယောက်က ကယ်ရင်စမစ်တဲ့

တွေ့ဖူးသမျှထဲမှာ အတုံးဆုံးဖြစ်လိမ့်မယ်

မနှစ်က အင်္ဂ​လိပ်​စာ​အတန်းမှာ ဒေမီယင်​က သူ့ဘေးမှာထိုင်တာလေ

လိမ္မော်သီးတောင် သူမပေါင်းတတ်ဘူး

အဲဒီတစ်ယောက်က ဂရက်ချင်ဝီးနားစ်တဲ့

သူက တော်တော်လေးချမ်းသာတယ် သူ့အဖေက တော့စတာစထရူဒယ်ကိုထွင်ခဲ့တာ

ဂရက်ချင်ဝီးနားစ်က ဘယ်သူကဘာဆိုတာ အားလုံးသိတယ်

သူမသိတာဘာမှမရှိဘူး

အဲဒါကြောင့် သူ့ဆံပင်ကဒီလောက်ပွနေတာ လျှို့ဝှက်ချက်တွေပြည့်နေလို့လေ

ရီဂျီနာဂျော့ခ်ျက လူဟန်ဆောင်ထားတဲ့ မကောင်းဆိုးဝါးမ

ရုပ်ကိုက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး သူများနောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့

မျက်နှာကလည်းများမယ့်ရုပ်မျိုး ဒါပေမဲ့ လက်တွေ့မှာ ဒီထက်ဆိုးတယ်

သူက ပျားဘုရင်မလေ

အလန်းဆုံးပဲ..ဟိုနှစ်ယောက်က သူ့နောက်လိုက်တွေ

ရီဂျီနာဂျော့ခ်ျ

သူ့အကြောင်းကို ဘယ်ကစပြောရမှန်းမသိဘူး

ရီဂျီနာဂျော့ခ်ျက အပြစ်ပြောစရာမရှိဘူး

သူ့မှာ ဖန်ဒီအိတ်၂လုံးနဲ့ ငွေရောင် ဇိမ်ခံကားတစ်စီးရှိတယ်

သူ့ဆံပင်ကို ဒေါ်လာတစ်သောင်းနဲ့ အာမခံထားထားတာတဲ့

ကားကြော်ငြာတောင် ရိုက်သေးတယ်ကြားတယ် ဂျပန်မှာတဲ့

သူ့အကြိုက်ဆုံးရုပ်ရှင်က ဗာစတီဘလူးစ်တဲ့

သူက ဂျွန်စတာမို့စ်နဲ့ လေယာဉ်ပေါ်မှာဆုံဖူးတယ်

ဟိုက သူ့ကို အရမ်းလှတယ်လို့ ပြောသွားတယ်တဲ့

တစ်ခါကဆို ငါ့မျက်နှာကိုတောင် လက်သီးနဲ့ထိုးသွားသေးတယ်

တော်တော်မိုက်တယ်

သူကဆွဲဆောင်မှုရှိတယ်လေ

ဒါကြောင့် စပရင်းဖလင်းကွင်းရွေးပွဲမှာ အမြဲတမ်း အနိုင်ရတယ်

- အဲဒါဘာဖြစ်လဲ - ဖြစ်တာပေါ့

အတန်းကြီးတွေက အငယ်တွေအတွက် နှစ်တိုင်း ကပွဲလုပ်ပေးတာ

စပရင်းဖလင်းလို့ခေါ်တယ်

စပရင်းဖလင်းမှာရွေးခံရတဲ့ ကင်းနဲ့ကွင်းက

ကျောင်းသားရေးရာကော်မတီမှာ အလိုလိုခေါင်းဆောင်ဖြစ်လာမှာ

ငါက ကျောင်းသားရေးရာကော်မတီမှာ အဖွဲ့ဝင်ဆိုတော့

ဒါကို ဂရုစိုက်ရမယ်လေ

ဒေမီယင်..နင်တောင်ယောက်ျားဆန်လာပါလား

ရော့..ဒီမြေပုံက ဒီနော့သ်ရှိုးကျောင်းကို လမ်းညွှန်ပေးထားတာ

ကန်တင်းမှာ နင်ဘယ်မှာထိုင်မလဲဆိုတာ အရေးကြီးတယ်

အဲဒီမှာက လူစုံတယ်

ကျောင်းသားအသစ်တွေ စစ်ဝတ်စုံတွေနဲ့ ကျောင်းသားတွေ

လူချမ်းသာသားသမီးတွေ အငယ်တန်းက အားကစားသမားတွေ

အာရှသားငတုံးတွေ

အာရှသူ အလန်းစားတွေ

အကြီးတန်း အားကစားသမားတွေ

အသားညိုတဲ့ကောင်မလေးတွေ

အစားပုပ်တဲ့မိန်းကလေးတွေ

ဘာမှမစားတဲ့ကောင်မလေးတွေ

သူများလုပ်တာလိုက်လုပ်တဲ့သူတွေ

ဆေးသမားတွေ

လူရှေ့မရှောင်နမ်းနေတဲ့လူတွေ

အကောင်းဆုံးလူတွေရှိသလို

အဆိုးဆုံးတွေလည်းရှိတယ် ကော်ပတ်ရုပ်တွေကို သတိထားပါ

ဟေး..ငါတို့က ကျောင်းသားအသစ်တွေရဲ့ နေ့လယ်စာစာရင်းပြုစုနေတာ

နည်းနည်းလောက်ဖြေပေးလို့ရမလား

- မေးလေ - ပေါင်မုန့်မှာ ထောပတ်သုတ်ထားလား

ဘာ

နင့်ပေါင်မုန့်ကို ငါတို့ ထောပတ်သုတ်ခိုင်းလိုက်ရမလား

- ဘာဖြစ်တယ် - အနှောင့်အယှက်ဖြစ်နေလား

ဂျေဆင်..ဘာလို့လိုက်နှောင့်ယှက်နေတာလဲ

ရင်းနှီးသွားအောင်ပါ

မနေ့ညက ငါ့ဆီဖုန်းဆက်မယ်ဆို

ဂျေဆင်..နင် ငါ့အိမ်ကပါတီကိုလည်း ဂရက်ချင်နဲ့အတူ မလာဘူး

သုံးရက်လောက်နေတော့ ကျောင်းသူအသစ်လေးကို ငါတို့ရှေ့မှာ လာကြောင်တယ်

သူကစိတ်မဝင်စားဘူး

နင် သူနဲ့အတူနေချင်လား

- ဟင့်အင်း - တော်တယ်..ဇာတ်လမ်းပြတ်ပြီ

ဒီတော့ နင်လစ်လိုက်တော့

ဘိုင်..ဂျေဆင်

သေစမ်း

နေဦး..ထိုင်ပါဦး

တကယ်ပြောနေတာ..ထိုင်ဦး

နင့်ကို ငါမသိပါလား

ကျောင်းသူအသစ်မို့ပါ..အာဖရိက က ပြောင်းလာတာလေ

Maoni

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left