Maelezo ya toleo

Mohenjo Daro (2016) BluRay 720p 1 40GB x264 Ganool is
Mohenjo Daro (2016) BluRay 1080p 5 1CH x264 Ganool is
Maoni na aungmyintoo

Lebo

BluRay
x264
1080
ganool
720p
720
Yamechapishwa tarehe: 2017-03-03
Upakuaji: 37
Wenye Ulemavu wa Kusikia: No

Hakikisho la manukuu ya Burmese

Mistari 200 ya kwanza.

ဒီရဲရင့်တဲ့ လူငယ်လေးတွေဟာ ဒီရွာကို မိချောင်းလက်ကနေ ကယ်တင်ခဲ့ပါတယ်

ကျေးဇူး အများကြီး အများကြီး တင်ပါတယ်

ဆာမန်

မင်းရဲ့ ခွန်အားတွေ အဆတစ်ရာမက တိုးပွားပါစေ

ဘာလို့ မင်းပဲ လုပ်နေရတာလဲ

ဒီရွာမှာ တစ်ခြားလူတွေ မရှိတော့လို့လား

တစ်ခုခုဖြစ်တိုင်း မင်းပဲ

မှန်တာပြောတာ

မြစ်ကြောင်းက ပြောင်းသွားပြီ

ဆာမန်က လယ်ထဲကို ရေသွယ်ပေးရဦးမယ်

လယ်ထွန်ပြီး မျိုးစေ့ကြဲရဦးမယ်

မိုးက ဘယ်အချိန်ရွာမှာလဲ ဆာမန် ခွင့်ပြုချက်မရှိရင်

နေတွေ လတွေတောင် ထွက်မလာရဲတော့ဘူးလား

မင်းကလဲကွာ ဂုဏ်ယူရမယ့် ကိစ္စကို ငေါက်မနေပါနဲ့ကွာ

အန်တီ ဘီမာ ကျွန်တော်လုပ်နိုင်တာကို ဒီတိုင်းကြည့်နေမှာလား

ဒီနေဆို ဟိုကောင်ကြီးနဲ့ ရင်ဆိုင်တော့

ငါ ဘယ်လောက်စိုးရိမ်ရတယ်မှတ်လဲ

အဲ့လောက် စိုးရိမ်မနေပါနဲ့ကွာ

အန်တီ ဘီမာ ဒီသီချင်း ညည်းနေပြန်ပြီ

သီချင်းက ဒီရွာကသီချင်းတော့ မဟုတ်ဘူးထင်တယ်

အန်တီ ဘီမာ ချိုတစ်ချောင်းပဲရှိတဲ့ တိရစ္ဆာန်ကို မြင်ဖူးလား

သမင်လိုပဲလေ နဖူးမှာ ချိုအရှည်ကြီးနဲ့

ဘာလို့တုံး အိပ်မက်ထဲမှာ တွေ့လို့

အိပ်မက်က အိပ်မက်ပဲလေ

မင်းဦးလေး လယ်ထဲမှာ စောင့်နေလောက်ပြီ

မဲနယ်ကွင်းတွေလဲ ဒီနှစ်အထွက်မကောင်းဘူး

ပြီးတော့ မြစ်ကလဲ လမ်းကြောင်းပြောင်းသွားတော့

ငါတို့ရဲ့ နာရာမြစ်လဲ ရွာနဲ့ ဝေးသွားပြီ

အပင်တွေ ဘယ်လိုလုပ်ပြီး ကြီးထွားပါ့မလဲ

ဦးလေး ကျွန်တော်တစ်ခု မေးလို့ရမလား

မိုဟန်ဂျို ဒရို

မနက်ဖြန်ဆို လူတိုင်းသွားကြတော့မယ်

ဒီတစ်ခါတော့ ကျွန်တော် လိုက်သွားပါရစေဗျာ

ဒီမေးခွန်းပဲ သုံးနှစ်လုံး မေးနေတာပဲ

ငါ နားထောင်ရတာ ပျင်းလာပြီ မင်းရော မပျင်းဘူးလား

သွားလို့ မပြောမချင်း ဆက်ပြောနေမှာပဲ

ဦးလေး ကျွန်တော်လဲ အပြင်လောကကြီးကို သွားဖူးချင်တယ်

နေက ဘယ်လိုထွက်လာလဲ

ဘယ်နေရာမှာ ၀င်သွားလဲ

ဟိန္ဒူမြစ်ကြီးရဲ့ အဆုံးသတ်က ဘယ်မှာလဲ

အဲ့ဒါတွေ အားလုံး ကြည့်ချင်တယ် ဦးလေးရာ

ငှက်တွေက အတောင်မလက်မစုံမချင်း

အသိုက်က ပျံရရိုးထုံးစံမရှိဘူး ဆာမန်

ဆာမန် မစားတော့ဘူး

ဘာဖြစ်တာလဲ

မိုဟန်ဂျို ဒရို သွားဖို့ ခွင့်တောင်းနေပြန်ပြီ

မသွားရဘူးဆိုလို့ စိတ်ဆိုးသွားတာ

သူ့ဒေါသက နှင်းပေါက်လိုပါ ခဏနေ ပျောက်သွားမှာပါ

ဒါပေမယ့်

ဘယ်လောက်ကြာကြာ တားထားနိုင်ဦးမလဲ

တတ်နိုင်သလောက်ပေါ့

ခုနကလဲ ချိုတစ်ချောင်းမြင်း အကြောင်းမေးနေတယ်

ငါ နားမလည်နိုင်ဘူး

မိုဟန်ဂျို ဒရို သွားချင်တာ ဘာဖြစ်လို့လဲ

မင်း အဲဒီရောက်သွားရင် ပြန်မလာမှာစိုးလို့ နေမှာပေါ့

ဟိုဂျို မင်းရော မြင်ဖူးလား

ဘာကိုလဲ

ရွာရဲ့ အပြင်ဘက်လောကကို

လူတွေက ဘယ်လိုမျိုးလဲဆိုတာ

ကောင်မလေး တွေလဲ ဘယ်လိုမျိုးများလဲ

ဒီရွာမှာ မင်းကြိုက်တဲ့ ကောင်မလေး တစ်ယောက်မှ မတွေ့ဘဲနဲ့

မိုဟန်ဂျို ဒရို ကကောင်မလေးတွေကျမှ ဘာထူးမှာလဲ

ဘယ်သိမလဲကွာ

ဒါပေမယ့် ငါ့နှလုံးသားက ပြောပြနေတယ်

ငါ့ချစ်သူက ဒီတိုင်းပြည်တစ်ခုလုံးမှာ သူမတူတဲ့ မိန်းမလှလေးဖြစ်မယ်တဲ့

အဲဒီကတည်းက မင်းဟာက မဖြစ်နိုင်တော့တာ

နှစ်တိုင်း ဒီဓာတ်ပြားဟောင်းကြီးပဲ

ဦးလေးက မင်းကိုမှ မသွားစေချင်တာကွာ

ထားလိုက်ပါတော့

ဒါပေမယ့် ငါမြင်ဖူးချင်တာကိုးကွ

အဲဒီတော့ ဘယ်လိုလုပ်မလဲ ငှက်ပျံကို ပျံသွားမှာလား

ဘာဖြစ်တာလဲ မိချောင်းလား

နေထွက်တော့မယ်

သွားရအောင် သွားမယ် ဘယ်ကိုလဲ

မိုဟန်ဂျို ဒရို

မိုဟန်ဂျို ခိုးသွားမလို့လား

မင်းဦးလေးနဲ့ ငါ့မိဘတွေ သိသွားရင် ဘယ်လိုလုပ်မလဲ

ဘာမှမဖြစ်ပါဘူးကွာ လာစမ်းပါ

မိုဟန်ဂျို ဒရို မှာ ဈေးသွားရောင်းဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး

ငါပြောတာကို သေချာ အာရုံစိုက်နားထောင်

ပြောပါ ဦးလေး

ဘာကိစ္စပဲရှိရှိ ပစ္စည်းတွေကို ဈေးလျှာ့မရောင်းရဘူး

မိုဟန်ဂျို ဒရို က ရွာနဲ့ လုံးဝမတူဘူး

လောဘသားတွေနဲ့ ပြည့်နေတာ

ဘယ်တော့မှ

သူစိမ်းကို သူငယ်ချင်း အဖြစ် မသတ်မှတ်မိစေနဲ့

စိတ်မပူပါနဲ့ ဦးလေးရာ

ကျွန်တော် ဆာမန်ကို စောင့်ကြည့်ပေးပါ့မယ်

အခုချိန်ထိ ငါနဲ့အတူ ကုန်ရောင်းကုန်ဝယ်လိုက်ခဲ့တယ်နော်

ဒီတစ်ခါမှာတော့ ဆာမန်ကို တားလို့မရတော့ ထည့်လွှတ်ရတော့မယ်

သူ့ကို စောင့်ရှောက်ပေးပါကွာ

မုန့်တွေ ယူသွားဦး

ဂရုစိုက်နော်

သွားကြစို့ ဟေ့

ဒါလေးကို မင်းယူထားပါ သေရေးရှင်ရေးနဲ့ မကြုံမချင်း ဖွင့်မကြည့်ပါနဲ့ ငါ့ကို ကတိပေးပါ

ဟိုဂျို

မိုဟန်ဂျို ဒရို

ဒါက ငါတို့ရဲ့ ဟိန္ဒူမြစ်ကြီးလေ

တောင်ဘက်တံခါးက တိုင်းတပါး ကုန်သည်တွေ အတွက်ပါ

တောင်တံနံရံတလျှောက်မှာ တည်းခိုစရာနေရာတွေ တွေ့နိုင်ပါတယ်

အရှေ့တံခါးနဲ့ မြောက်တံခါးက မိုဟန်ဂျို ဒရို ပြည်သူတွေအတွက်ပါ

ဘယ်လိုမျိုး ဆောင်ထားပါလိမ့်

အဲ့ဒါ ဘာအမှတ်အသားလဲ

သတ္တ၀ါ ၆ ကောင်အမှတ်အသား

ဟိန္ဒူပြည်ကြီးရဲ့ အင်အားကြီး ဒေသ ၆ ခုကို ကိုယ်စားပြုတယ်

တစ်ကောင်စီက မြို့ကြီးတစ်မြို့စီကို ရည်ညွှန်းတယ်

ချိုတစ်ချောင်းနဲ့ သတ္တ၀ါက ဘာလဲ

အဲ့ဒါက ချိုတစ်ချောင်းမြင်း ဟိန္ဒူ အစဉ်အလာ အရ သန့်စင်မွန်မြတ်တဲ့ သတ္တ၀ါပေါ့

မိုဟန်ဂျို ဒရို ရဲ့ အမှတ်အသားလဲဖြစ်တယ်

အထဲဝင်ကြပါ ကုန်သွယ်ခွင့်လက်မှတ်တွေ လာယူကြ

အာရမီက မဲနယ် ၂ ထုပ် အခွန်ဆက်တယ်

ကျွန်တော်တို့ အခွန်တွေက ဘယ်ရောက်သွားမှာလဲ

ဒါယူ

ကျေးဇူးပါ

မင်း ဘာလို့ ပြန်လာတာလဲ

နားထောင်ပါ ပြန်ပါတော့

ငါပြောတာ နားထောင်

ဒီမြို့က လောဘသားတွေချည်းပဲ

ဒါ သူခိုးတွေရဲ့ နယ်မြေ

မင်းကိုမင်း စောင့်ရှောက်ရမှာ မဟုတ်ရင် ဒုက္ခတွေ့လိမ့်မယ်

သွားပါကွာ ဂျက်ခီရို

ဖယ်စမ်းပါကွာ ကုန်သည်တွေ သွားပါစေ

သူတို့ကို ခြောက်မနေနဲ့

ပြန်ပါကွာ ပြန်ပါ

သွားစမ်းကွာ သွားစမ်း

သူက ဘယ်သူလဲ

သူ့နာမည်က ဂျက်ခီရို

သူ့ကိုနှင်ထုတ်ရတာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် သူက အရူး

ဒါပေမယ့် သူ့ရဲ့ဘိုးဘေးတွေက

ဒီမြို့ကို စတင်တည်ထောင်ခဲ့သူတွေ

အရင်တုန်းကတော့ သူလဲ အဆင့်အတန်းမြင့်လူတန်းစားပေါ့

ဆာမန် အိမ်ပေါ်မှာ အိမ်တွေနဲ့ကွ

ငါ မြင်ဖူးနေသလိုပဲ ဘယ်မှာ မှန်းတော့မသိဘူး

ဒါပေမယ့် ငါသေချာတယ်

မြင်ဖူးတာနဲ့တထပ်တည်းပဲ ငါလဲ အဲလိုပဲ ခံစားမိတယ် ဆာမန်

ဒီမှာ မွေးဖွားခဲ့သူလိုပဲ ဟိုမှာ ကြည့်စမ်းပါကွာ

ငါတို့ ဒီကို ကုန်ရောင်းဖို့  လာတာနော် မေ့မနေနဲ့

ငါလဲ အဲဒါပဲ လုပ်နေတာပဲလေ

ငါ့နှလုံးသားကို ဈေးတင်ရောင်းတော့မယ်

သောက်ရူး

ဒေမွန်းကလာတဲ့ အရောင်စုံ အလှလေးတွေနော်

ဇီဘူနွားရိုးရဲ့ ခေါင်းခွံပါ

ဈေးရောင်းဖို့ နေရာရှာကြလေ လမ်းပေါ် ရပ်ရောင်းနေရမယ်

မြန်မြန်

နေဦး

မြန်မြန်

တိုင်းတပါး ကုန်သည်တွေကြောင့် ဈေးလဲ ရောင်းမကောင်းပါဘူးကွာ

တိုင်းတပါး ကုန်သည်တွေ ဘယ်မှာလဲ

ဦးထုတ်အရှည်ကြီးနဲ့ လူတွေက ဒေမွန်းက လာတာ

သူတို့လိုချင်တာတွေနဲ့ ကုန်ဖလှယ်ကြတယ်

သူတို့ကတော့ မက်ကန်တွေ သူတို့ သဘောင်္တွေက ကြီးလွန်းလို့

ခရီးသည် ၁၀၀ လောက်ကို အသာလေး ခေါ်သွားလို့ရတယ်

ရက် ၂၀ လောက်ဆိုရင် မက်ကန်ကို ရောက်ပြီ

ရက် ၂၀ သူတို့ ပင်လယ်ကြီး တစ်ဖက်စွန်းကို ပြုတ်မကျကုန်ဘူးလား

သွားဖူးတဲ့သူတွေပဲ သိမှာပေါ့ကွာ

သူတို့က ဘူခရာတွေ မြောက်ဘက်အအေးပိုင်းဒေသက

သူတို့ ဆွဲလာတာ ဘာကောင်လဲ

အဲဒါက နို့ထွက်လား

နို့ မထွက်ဘူး ပြေးတာ အရမ်းမြန်တယ် ခရီးသွားဖို့ သုံးတယ်

ဘယ်လိုခေါ်လဲ မြင်း

မြင်း

တစ်နာရီ ထိုးပြီ

ဒါတွေနဲ့ အရောင်ဆိုးလို့ရတယ် နံရံတွေမှာ ဆေးချယ်လို့ရတယ် ၀ယ်ပါဦး

မဲနယ် ၃ အိတ်ကို ဂျုံ ၈အိတ်ပေးမယ်

မရဘူး ၁၀ အိတ်မှ ရောင်းနိုင်မယ်

မရဘူး ဈေးများလွန်းတယ် ၈ အိတ်ပဲရမယ်

ကွာလတီလဲ ကြည့်ပါဦးဗျာ

အကောင်းဆုံး မျိုးစေ့တွေကို အချိန်မှန်စိုက် အချိန်မှန်ရိတ်သိမ်း

နာရမြစ်ရေသန့် နဲ့ဖြုန်းပြီး ရွာ့ မေတ္တာတွေနဲ့ စိုက်ပျိုးထားတာပါ

အဲလို ကွာလတီမျိုးနဲ့မို့ပါ

၁၀ အိတ်မရရင် မရောင်းနိုင်ပါဘူး

နားထောင်

သူတို့ ပေးသလောက်ယူလိုက်ပါ ဈေးတွေ ရောင်းမကောင်းကြဘူး

တခြားဆိုင်မှာ သွားဝယ်ကြလိမ့်မယ်

ဆာမန် မင်းဦးလေးမှာတာ မမေ့နဲ့ဦး သူပြောတာ နားမထောင်နဲ့

ဒီတစ်ခေါက် ကုန်သည်တွေများပါတယ် ဘာလို့ ဈေးရောင်းမကောင်းရမှာလဲ

ကုန်သည်တွေ လယ်သမားတွေဆီက ခေါင်းပုံဖြတ်ချင်ကြတယ်လေ

ဟိန္ဒမြစ်ရဲ့ ဆည်ကလဲ တစ်နိုင်ငံလုံးကို ပေးနေတာကိုး

ဆည်

နေဦး နေဦး

ဟိုဂျို ၈ အိတ်နဲ့ပဲ ရောင်းလိုက်တော့မယ်

ကောင်းပြီ

ဆင်စွယ်တွေ ၀ယ်သွားပါဦး

ကျေးဇူးပဲ ငါ့နာမည် လိုသာ မြို့ရဲ့အစောင့်

အရူးကြီးကို ခြုံစောင်ပေး လိုက်တာ မြင်လိုက်တယ်

ဒီကလူတွေ တစ်ယောက်မှ အဲလိုမလုပ်ကြဘူး

မလုပ်ပါနဲ့ ကျွန်တော်တို့က ဒီဂျီက ရက်ကန်းသမားတွေပါ

ဟိန္ဒူမြစ်က မြစ်ကြောင်းပြောင်းသွားပြီ ဆာမန်

အဲဒါကြောင့် ရွာတစ်ခုလုံး ရေထဲပါသွားတယ် အိမ်တွေ လယ်တွေ အကုန်လုံးပဲ

အခု စားစရာတောင် မရှိတော့ပါလား ရက်ကန်း ထည်တွေလဲ ရေထဲပါသွားပြီ

အဲဒါ မွန်ဂျာ အမတ်ချုပ်ကြီး မဟန်ရဲ့ သား

အ၀တ်နည်းနည်းနဲ့ ချည်မျှင်တွေပဲ ကျန်ခဲ့တာပါ

ဒီအ၀တ်တွေအတွက် ငွေ ၄ စလောက်ပဲရရင်ကို

ရွာသူ ရွာသားတွေ ရပ်တည်နိုင်ပါပြီ

ပုံမှန်ဈေးက ၂ စပဲ

၎ စလိုချင်တယ်ဆိုရင်

ညတိုင်း ညတိုင်း ရွာသူ တစ်ယောက်စီ ငါ့ဆီ လွှတ်ပေးရမယ်

ဒီစ္စည်းတွေရဲ့ တန်ဖိုးက ၄ စတော့ တန်ပါတယ်

မင်းစကားကို ပြန်ပြင်လိုက်စမ်း မဟုတ်ရင်

မင်း လက်မခံနိုင်ရင်လဲ မ၀ယ်နဲ့ပေါ့

Maoni

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left