200 rreshtat e parë.
စင်္ကြာဝဠာက လှပတဲ့အရာဝတ္ထုတွေနဲ့ ဖြည်းဆည်းထားပါတယ်
တောက်ပတဲ့ကြယ်တွေကနေ အံ့သြစရာကောင်းတဲ့ ဂလက်ဆီအစုအဝေးတွေ
ဓါတ်ငွေ့တိမ်တိုက်တွေကနေ ဖုန်မှုန်တွေအထိပေါ့
နောက်ပြီးတော့ အဲဒါတွေအားလုံးကို အားတစ်ခုက ထိန်းချုပ်ထားပါတယ်
ဒြပ်ဆွဲငင်အား
ဒီလတော့ ကျမတို့ဟာ စင်္ကြာဝဠာမှာ ဖန်တီးထားခဲ့တဲ့
ကျမတို့မြင်ရတဲ့ အံ့သြစရာ အရာဝတ္ထုတွေ ဘယ်လိုဖြစ်လာသလဲဆိုတာ စောင့်ကြည့်မှာပဲ ဖြစ်ပါတယ်
ညဘက်ကောင်းကင်မှ ကြိုဆိုပါတယ်
နောက်ဆုံးတော့ နွေဦးရာသီက ဒီကိုရောက်လာပါပြီ ညဘက်က ပိုပြီးနွေးလာပါတယ် အနည်းဆုံးတော့ သီအိုရီထဲမှာ
ကျွန်တော်တို့ဟာ အလင်းတွေထိန်နေတဲ့မြို့ကနေ ထွက်ခွာလာခဲ့ပြီး ဝါရင့်အတွေ့ကြုံရှိတဲ့
နက္ခတ္တဗေဒပညာရှင်တွေနဲ့ တွေ့ရဖို့ ရောက်လာခဲ့ပါတယ်
ဘီရီကွန် ဘီကွန် နက္ခတ္တကမ့်မှာပေါ့
စိတ်ဓါတ်ပြင်းထန်တဲ့ နက္ခတ္တဗေဒပညာရှင်တွေဟာ ဒီကို မိုင်ပေါင်းများစွာကလာခဲ့ကြတာဖြစ်ပြီး
သူတို့ဟာ ကမ့်ထဲမှာ တပ်ဆင်နေကြပါတယ်
ညဘက်ကောင်းကင်ရဲ့ အတွင်းနက်နက်တွေကိုတွေ့ရဖို့
ရောက်လာတော့မယ့် အမှောင်ကိုစောင့်စားရင်းနဲ့ပေါ့
တကယ်တော့ ဗြိတိသျှတစ်ယောက်အနေနဲ့ ရာသီဥတုက ကိုယ့်ဘက်မပါပါဘူး
တိမ်ကထူထပ်နေပါတယ် ဒါပေမယ့် ကျွန်တော်တို့ မျော်လင့်နေပါတယ်
မကြာခင် တိမ်တွေကင်းစင်သွားမယ်ဆိုတာကိုပေါ့
ရာသီဥတုက ဘာပဲဖြစ်ဖြစ်နေပါစေ
ကျွန်တော်တို့ဟာ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး
ညဘက်ကောင်းကင်တွေထဲမှာ ဒြပ်ဆွဲအားက အရာဝတ္ထုတွေကို ဘယ်လိုပုံဖော်သလဲဆိုတာ စောင့်ကြည့်ကြမှာပါ
မကြာခင်မှာ ကျမအနေနဲ့
ဒြပ်ဆွဲအားက ကြယ်တွေနဲ့ဂြိုလ်တွေကို ဘယ်လိုပုံဖော်သလဲဆိုတာ အဖြေရှာတော့မှာပါ
ဒီအားတွေက ဘယ်လိုပဲ စွမ်းအားရှိပေမယ့်
သူတို့ဟာ တခါတလေမှာ လုံးဝန်းနေတာမျိုးတော့ မဟုတ်ပါဘူး
ခုပြောမယ့်သူကတော့ ခရစ့်နော့ နဲ့ ဂျွန်ကူးရှော့ ဖြစ်ပါတယ်
သူတို့က ဂလက်ဆီတွေကို ဒြပ်ဆွဲအားက ဘယ်လိုပုံဖော်သလဲဆိုတာ
ပြောပေးတော့မှာ ဖြစ်ပါတယ်
နောက်ပြီးတော့ ဒြပ်ဆွဲအားက စနေဂြိုလ်ရဲ့ ကွင်းကို
ဘယ်လို ထူးထူးခြားခြား ဖန်တီးပေးသလဲဆိုတာ တွေ့ရမှာပါ
ဒါကတော့ ကျမတို့ ဒီလို
ပထမဆုံးမြင်ရတဲ့ ပုံစံပါပဲ
ပီတီ လော့ရင့်နဲ့ အချို့ကင်မရာသမားတွေက
ကြယ်အမြီးတွေကို ဘယ်လိုဖမ်းရမလဲဆိုတာ ပြပေးတော့မှာဖြစ်ပါတယ်
အို ဒါက အံ့သြစရာကောင်းတယ်
အမှောင် ရောက်လာတာနဲ့
တိမ်တွေ ကင်းစင်နေချိန်ကို ကျွန်တော်တို့ စောင့်မျော်နေပါတယ်
ဒါပေမယ့် အင်္ဂါဂြိုလ်လို အချို့ဂြိုလ်တွေနဲ့ ကြယ်တွေဟာ တောက်ပနေပါတယ်
ဒီတော့ ကျွန်တော်တို့ စောင့်နေချိန်မှာ ခုပြောပြမယ့်သူက ပေါလ် အယ်ဘယ်ပဲဖြစ်ပါတယ်
ဘာတွေကိုတွေ့နိုင်မယ်ဆိုတာ လမ်းပြပေးမယ့်သူပါ
တကယ်လို့ ကျွန်တော်တို့ အမှောင်ကိုကြုံရချိန်နဲ့ ကောင်းကင်က သာယာနေရင်ပေါ့
ချစ်စရာကောင်းတဲ့အမှောင်ဘက်ခြမ်းက ဝေးလ်မှာ ကျွန်တော်တို့ ရောက်ရှိနေပါတယ်
ညဘက်ကောင်းကင်ကို ဒီနေရာက ရှုမျော်ရတာဟာ
မြို့လယ်ခေါင်ကနေ ကြည့်ရတာထက် တကယ်ကို ကွဲပြားလှပါတယ်
ဒီနေရာကို ရောက်လာရတဲ့ အဓိကအကြောင်းပြချက်ကတော့ ဒီမှာ ညစ်ညမ်းမှုတွေ အင်မတန်နည်းလို့ပါပဲ
နောက်ထပ် သိသာတဲ့အကြောင်းပြချက်ကတော့ ခင်ဗျားမျက်လုံးဟာ
အမှောင်နဲ့ ကျင့်သားရသွားမှာ ဖြစ်ပါတယ်
အမှောင်ဘက်ခြမ်းမှာ ကျွန်တော်တို့ ကျင့်သားရလာတဲ့ အကြောင်းပြချက်ဆိုတာ
ဘာကြောင့်ဆို ကျွန်တော်တို့ မျက်လုံးက ရွိင်ဒိုဆင်လို့ခေါ်တဲ့ ဓါတ်ကို ထုတ်ပေးပါတယ်
အဲဒါက ညဖက်မှာ မြင်နိုင်စေတယ်လေ
ကံမကာင်းစွာဘဲ အဲဒီဓါတ်က
အလင်းနဲ့ထိရင် လုံးဝပျက်စီးသွားပါတယ်
ဒါတွေအားလုံး ခင်ဗျားကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်
ကောင်းကင်ကို ပထမဆုံးမောကြည့်လိုက်ရင် အရင်ဆုံး သတိပြုမိမယ့်အရာကတော့
လ ဒါမှမဟုတ် ဂြိုလ်တွေလို တောက်ပတဲ့အရာတွေပဲ ဖြစ်ပါတယ်
အင်္ဂါဂြိုလ် နဲ့ ဂျူပီတာဂြိုလ် အဲဒီနားဝန်းကျင်မှာ ကျွန်တော်တို့ တွေ့ရပါမယ်
ကြာလာတာနဲ့ တောက်ပတဲ့ကြယ်တွေကို ခင်ဗျား သတိပြုမိလာမှာပါ
အဲဒီအပေါ်နားလေးမှာ တောက်ပနေတဲ့ အာကျူးရပ် လိုပေါ့
၁ဝ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်ကြာသွားရင်
ခင်ဗျားအနေနဲ့ မှိန်နေတဲ့ကြယ်တွေကို သတိပြုမိပါလိမ့်မယ် အဲဒါတွေက အဓိက ကြယ်စုတွေဖြစ်ပါတယ်
ပလောက် ဘေးနားက ကြယ်မှုန်တွေလိုပေါ့
၂ဝ မိနစ် ကနေ ၃ဝ မိနစ်ကြာသွားရင်
ခင်ဗျားအနေနဲ့ အမှောင်ဘက်မှာ လုံးဝကျင့်သွားရသွားပါလိမ့်မယ်
နောက်ပြီး ဒီလိုမှောင်နေတဲ့ကောင်းကင်ဟာ
ကြယ်တွေနဲ့ တောက်ပနေမှာပါ
ဒါပေမယ့်
အဓိက စိတ်ဝင်စာဖို့ကောင်းတဲ့အရာကတော့ ကြယ်စုတန်းတွေအောက်ကိုဖြာထွက်နေတဲ့
နဂါးငွေ့တန်းဂလက်ဆီပဲ ဖြစ်ပါတယ်
ခင်ဗျားအနေနဲ့ ခုနကအတိုင်း တယ်လီစကုတ်ကို အသုံးပြုနိုင်ပါတယ်
ဘာကြောင့်ဆို ခင်ဗျားကြည့်လေလေ ပိုပြီး မြင်ရလေပဲ ဖြစ်ပါတယ်
စနေဂြိုလ်ကို ကျွန်တော်တို့ ဥပမာပေးမယ်ဆိုရင်
စစချင်းမြင်ကွင်းဟာ လေးစားဖို့ သိပ်မကောင်းပါဘူး
အဲဒီဂြိုလ်ဟာ ကွင်းစနစ်တွေနဲ့ ဝန်းရံနေတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်
ဒါပေမယ့် ၅ မိနစ်ကြာပြီးသွားရင်
စနေဂြိုလ်ဟာ သိသိသာသာ ပေါ်ထွက်လာပါတယ်
ကျွန်တော်တို့ နှစ်မြို့ဖွယ်ကောင်းတဲ့တိမ်တိုက်တွေ အရောင်စုံအလင်းတွေ ပိုတောက်ပတဲ့ဇုန်တွေနဲ့
ကွင်းကိုယ်တိုင်က 3-D ပုံဖော်ချက်လို ထင်ပေါ်လာတာ သတိထားမိလာပါတယ်
ဒီတော့ လိုရင်းကတော့ တကယ်လီစကုတ်ကို ခင်ဗျား အချိန်ပေးပြီးကြည့်တာကြာလာတာနဲ့အမျှ
အကောင်းဆုံးမြင်ကွင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်
ကံမကောင်းစွာပဲ ကျမတို့ဟာ တိမ်တိုက်ကိုဖောက်ပြီး
မမြင်ရသေးပါဘူး
ဒီတော့ ဒြပ်ဆွဲငင်အားရဲ့ လှပတဲ့စွမ်းအားကို တစ်ချက် ကြည့်ကြရအောင်
အခု ခင်ဗျားအနေနဲ့ ညဘက်ကောင်းကင်ရဲ့ဘာကိုပဲကြည့်ကြည့် ဒါက ကြယ်တစ်စင်း ဒါမှမဟုတ် ဂြိုလ်တစ်စင်းလည်း ဖြစ်မယ်
ခင်ဗျားကြည့်နေတာက အခြေခံအားဖြင့် လုံးဝန်းနေတဲ့အရာတစ်ခုကို ကြည့်နေတာဖြစ်ပါတယ်
အလုံးဆိုတာ စင်္ကြာဝဠာမှာ အများဆုံးတည်ရှိတဲ့ အရာတွေပါပဲ
ဒါပေမယ့် မဟာစင်္ကြာဝဠာထဲမှာတော့ အလုံးဆိုတာ အမြဲတမ်း ဒီလိုပုံစံ မဟုတ်ပါဘူး
လုံးဝပြီးပြည့်စုံတဲ့အလုံးတွေဟာ အာကာသမှာ ထူးဆန်းစွာ ရှားပါးလှပါတယ်
ဒြပ်ဆွဲငင်အားက အလုံးတွေကို ဘယ်လိုပုံဖော်သလဲဆိုတာ နားလည်ဖို့
နောက်ပြီး ဘာကြောင့် သူတို့ဟာ လုံးဝအလုံးမဖြစ်ရသလဲဆိုတာ သိရဖို့ ရှင့်အနေနဲ့
ကြယ်မှုန်အပြင်ဘက်က ဂြိုလ်တွေ ကြယ်တွေကို စတင်လေ့လာရပါမယ်
ဂြိုလ်တွေကို အရင်ဆုံးဖြစ်ပေါ်စေတာဟာ ဒြပ်ဆွဲအားပဲ ဖြစ်ပါတယ်
ဒါပေမယ့် ဒြပ်ဆွဲအားဟာ အရာဝတ္ထုပုံစံတွေရဲ့ သော့ချက်လည်းဖြစ်ပါတယ်
ဒီသကြားခဲလေးတွေဟာ စင်္ကြာဝဠာအစောပိုင်းက
ကျောက်တုံးခဲတွေလို့ စိတ်ကူးကြည့်ကြမယ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၆ ဘီလီယံအကြာက နေကိုလှည့်ပတ်နေခဲ့ကြတာပေါ့
ဒြပ်ဆွဲအားက သူတို့ကို အချင်းချင်း ဆွဲငင်စေလိုက်တယ်
ဒါပေမယ့် ဒြပ်ဆွဲအားက သတ်မှတ်ထားတဲ့ လမ်းကြောင်းမရှိပါဘူး
ဒီတော့ သူတို့ဟာ ဒီနေရာ ဒီနေရာ ဒီနေရာကနေ လာပါတယ်
လမ်းကြောင်းအားလုံးကနေပေါ့
ပုံစံအဆုံးတစ်ဘက်ဟာ
တူညီတဲ့လမ်းကြောင်းက ပုံစံတစ်ခုနဲ့ အတူတူပဲ ဖြစ်ပါတယ်
အလုံးတစ်ခုပါ
ဒြပ်ဆွဲအားက အမိမြေလို့ ကျမတို့ခေါ်တဲ့ အပြာရောင်ဂြိုလ်ကို ဖန်တီးပေးခဲ့ပါတယ်
ဒါပေမယ့် အဲဒါက အမှားအယွင်းမရှိဘူးထင်ရပေမယ့် ကျမတို့ရဲ့ဂြိုလ်က ပြီးပြည်စုံတာ မဟုတ်ပါဘူး
ကျမက အီကွေတာကနေ စတင်လမ်းလျှောက်ပြီး
ကမ္ဘာကိုပတ်မယ်လို့ စိတ်ကူးကြည့်ပါ
ကျမစတင်လျှောက်ခဲ့တဲ့နေရာကို ပြန်ရောက်ချိန်မှာ
ကျမအနေနဲ့ ကီလိုမီတာ ၄ဝ,ဝဝဝ ခရီးနှင်ရပါမယ်
ဒါပေမယ့် ခုနကလိုပဲ ပြန်လုပ်ကြည့်မယ်ဆိုပါစို့ ဒီတစ်ခါတော့ ဝင်ရိုးစွန်းကနေ နောက်ဝင်ရိုးစွန်းတစ်ခုဆီကိုပေါ့
ကျမစတင်လျှောက်ခဲ့တဲ့နေရာကို ပြန်ရောက်ချိန်မှာ
ကျမအနေနဲ့ ကီလိုမီတာ ၁၃ဝ ပိုနည်းပြီး လမ်းလျှောက်ခဲ့တာတွေ့ရပါမယ်
ဒါက ဘာကြောင့်ဆို ကမ္ဘာမြေက ပြည့်စုံတဲ့ အလုံးမဟုတ်လို့ပါပဲ
တကယ်တော့ အလယ်မှာ နည်းနည်းလေး ပိုဝနေပါတယ်
နောက်ပြီး ကမ္ဘာမှ မဟုတ်ပါဘူး
ကျမတို့ရဲ့နေစင်္ကြာဝဠာထဲက ဂြိုလ်အများစုက
အီကွေတာတလျှောက်မှာ ဘေးကိုကားထွက်နေပါတယ်
ဂြိုလ်တွေရဲ့အလယ်မှာ နည်းနည်းလေး ဝနေရတဲ့ အကြောင်းပြချက်ကတော့
သူတို့ရဲ့ဝင်ရိုးမှာ လည်ပတ်တာနဲ့ဆိုင်ပါတယ်
ဒီလိုပုံစံကို ကမ္ဘာမှာ တွေ့နိုင်ပါတယ်
အရာဝတ္ထုတစ်ခုခုလည်ပတ်နေတာက အလယ်ဗဟိုကနေ
အပြင်ဘက်ကို တွန်းပေးလိုက်ပါတယ်
ဒီချိန်းတွေဟာ ထိုင်ခုံကနေ ကျမကို အဝေးဆီ
လွင့်ထွက်မသွားအောင် ထိန်းပေးတဲ့ တစ်ခုတည်းသောအရာတွေပဲ ဖြစ်ပါတယ်
ဂြိုလ်ဟာ လည်နေတဲ့အခါ တူညီတဲ့အရာက ဖြစ်ပေါ်စေပါတယ်
ဒြပ်ဆွဲအားက ချိန်းတစ်ခုလိုပြုမူပါတယ် အရာအားလုံးကို အတွင်းဘက်ကို ဆွဲခေါ်ပါတယ်
ဒါပေမယ့် လည်ပတ်တဲ့အမြန်နှုန်းက အရာအားလုံးကို အပြင်ဘက်ဆီ တွန်းပါတယ်
ထိုင်ခုံပေါ်မှာ စီးနေသလိုပါပဲ
ဂြိုလ်တစ်ခုဟာ သူ့ဝင်ရိုးမှာလည်နေတာနဲ့ အလယ်မှာ နယ်းနည်းလေးကျယ်လာပါတယ်
တကယ်တော့ ကျမတို့ မြန်မြန်သွားရင် အကျိုးသက်ရောက်မှုက ပိုကြီးမှာပါ
ကျမတို့ရဲ့ နေစင်္ကြာဝဠာမှာဆိုရင် ဂျူပီတာဂြိုလ်ဟာ အမြန်ဆုံးလည်ပတ်ပါတယ်
တစ်ပတ်လည်ပတ်ဖို့ ၁ဝ နာရီပဲကြာပါတယ်
ဒါကြောင့် အဲဒီမှာ ကြီးမားတဲ့ ဘေးဘက်ကားထွက်မှု တည်ရှိနေတာပါ
သူ့ရဲ့ စက်ဝန်းမျဉ်းဟာ အီကွေတာကနေတိုင်းတာမယ်ဆို ဝင်ရိုးစွန်းထက်
၂၉,ဝဝဝ ကီလိုမီတာ ပိုကြီးပါတယ်
ဗီးနပ်ဂြိုလ်ကတော့ လည်ပတ်တာ အနှေးဆုံးပါ ဗီးနပ်ဂြိုလ်ပေါ်က ၁ ရက်ဟာ ကမ္ဘာမြေမှာဆို ၂၄၃ ရက်ကြာပါတယ်
ရလဒ်ကတော့ ဗီးနပ်ဂြိုလ်ဟာ ဘေးဘက်ကားထွက်မှု လုံးဝမရှိပါဘူး
နောက်ပြီး အဲဒါက လုံးဝ လုံးဝန်းနေသလောက် ရှိပါတယ်
ယေဘုယျအားဖြင့် မြန်မြန်လည်ပတ်တာနဲ့ ဘေးဘက်ကားထွက်မှုများလေပဲ ဖြစ်ပါတယ်
ဒါပေမယ့် ကျမတို့သေချာနားမလည်နိုင်သေးတဲ့
ခြွင်းချက်တစ်ခုတော့ ရှိနေပါတယ်
ကျမတို့ရဲ့နေဟာ အရမ်းကြီးမားပြီး တစ်နာရီကို ၇ဝဝဝ ကီလိုမီတာနှုန်းနဲ့ လည်ပတ်နေပါတယ်
ဒါဟာ မယုံနိုင်လောက်အောင် မြန်ပါတယ်
ဒီတော့ ရှင်က ဘေးဘက်ကားထွက်မှုရှိမယ်လို့ မျော်လင့်မှာပေါ့ ဒါပေမယ့် မရှိပါဘူး
အဲဒါက စက်ဝိုင်းနီးနီး လုံးဝန်းနေတာပါ
ဒီအံ့သြစရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုဟာ ၂ဝ၁၂ ခုနှစ်တုန်းက ပိုမိုသိကျတဲ့တိုင်းတာမှုတွေကနေမှတဆင့်
သိလာရတဲ့ ရလဒ်ပဲဖြစ်ပါတယ်
ဒေါက်တာ ခရစ့်စကော့ဟာ အာကာသသိပ္ပံပညာရှင်ဖြစ်ပြီး နေနဲ့ပတ်သက်ရင် အထူးကျွမ်းကျင်သူပါ
သူဟာ ဒီလိုထူးဆန်းတဲ့အကြောင်းအရာကို
နားလည်အောင် ကြိုးပမ်းနေသူတစ်ယောက်ပါပဲ
ဒီတော့ ဒီတိုင်းတာမှုဟာ ဘာလို့ အကြောကြီး ဖြစ်ရတာပါလဲ
တိုင်းတာမှုလုပ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ် ခင်ဗျား အာကာသာထဲကိုရောက်သွားရင်
နေနဲ့ သူရဲ့လေထုကို ခင်ဗျားတွေ့နိုင်ပါတယ်
နောက်ပြီး အဲဒါက မချောမွေ့ပါဘူး
နေရဲ့မျက်နှာပြင်မှာ ပေါက်ကွဲနေတဲ့အရာတွေရှိနေပါတယ်
တချိန်လုံးပေါ့
အဲဒါကိုတိုင်းတာနိုင်တဲ့ အကာသယာဉ်ကတော့
Solar Dynamics Observatory လို့အမည်ရပါတယ်
အဲဒါကတော့ ကမ္ဘာကိုပတ်နေတဲ့ နေကြည့် တယ်လီစကုပ်ပါပဲ
အဲဒါက တစ်နေ့ကို ပုံရိပ် ၁၅ဝဝဝ လောက်ပြန်ပို့ပေးပါတယ်
အဲဒီပုံရိပ်တွေက ပုံမှန်ထက် ၁ဝ ဆပုံရိပ်အရည်အသွေး ပိုကောင်းပါတယ်
နေဟာ ပုံမှန်ရှိရမှာထက် ပိုပြီး လုံးဝန်းနေတယ်ဆိုတာ
ကျွန်တော်တို့ လေ့လာနိုင်ပါတယ်
ဒီတော့ ရလဒ်က ဘယ်လိုဖြစ်လာမယ်လို့ ထင်ပါသလဲ
ကောင်းပါပြီ ပြောရရင် ဘေးကားထွက်မှုကို ရပ်တန့်စေတဲ့
နောက်ထပ်အားတစ်ခုက ရှိနေပါတယ်
ဒီတော့ သီအိုရီတွေပြောတာကတော့
ဝင်ရိုးစွန်းတွေက နည်းနည်းပိုပူမယ် ဒါက နည်းနည်းလေးပြန့်ကားစေမယ်ပေါ့
ဒါက ကွဲပြားစေမှာပဲ ဖြစ်ပါတယ်
ဒါက အလုံးဖြစ်လာဖို့ မှန်ကန်တဲ့အပူချိန်လို့ မထင်ရပါဘူး
တကယ်တော့ အပူချိန်ကွာခြားချက်အတွက် သက်သေလည်း မရှိပါဘူး
ဒါက သံလိုက်စက်ကွင်းတစ်ခု ဖြစ်နိုင်ပါတယ်
နေမှာ အင်အားပြင်းတဲ့ သံလိုက်စက်ကွင်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်
အဲဒါက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းက ထွက်လာတယ်လေ
ကားကို ဆွဲထားတဲ့လျှပ်စစ်သံလိုက်လို
အရာဝတ္ထုတွေကို ရပ်တန့်စေတဲ့
သံလိုက်စက်ကွင်းလိုများလား
အရာဝတ္ထုတွေကို ဘေးကားထွက်မသွားအောင် ထိန်းထားပေးတဲ့ အားတစ်ခုခုများ ရှိနေတာများလား
နောက်ပြီးတော့ အင်အားပြင်းတဲ့အားတစ်ခုခုရှိတယ်ဆိုတဲ့
သက်သေလည်း ရှိပုံမပေါ်ပြန်ပါဘူး
ဒီတော့ နေရဲ့အတွင်းပိုင်းမှာ တစ်ခုခုရှိနေတာ ပိုဖြစ်နိုင်ပါတယ်
ကျွန်တော်တို့ထင်ထားခဲ့သလို နေရဲ့အတွင်းဘက်က
လည်မနေတဲ့ အချို့အပိုင်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့
ဒါမှမဟုတ် နေရဲ့ထုထည်ကိုပြောင်းလဲပေးတဲ့
စွမ်းအား တစ်ခုခု ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်
ကျွန်တော်တို့ စဉ်းစားထားတာနဲ့ မတူဘဲပေါ့
အရင် ပရိုဂရမ်တွေတုန်းကတော့
ကျမတို့ နေဆီ အသံကိုသယ်ဆောင်တဲ့နည်းကိုအသုံးပြုပြီး လေ့လာတယ်ပေါ့လေ
ဒီထူးဆန်းမှုကိုဖြေရှင်းဖို့ ကျမတို့ ခုနကလိုနည်းနဲ့ အသုံးပြုဖို့လိုအပ်ပါသလား ဟုတ်ကဲ့
ဟီလီယိုဆီမီလော်ဂျီလို့ခေါ်တဲ့ အရမ်းပညာသားပါတဲ့ နည်းပညာတစ်ခုပါ
ရှော့လှိုင်းကိုအသုံးပြုပြီး နေရဲ့အတွင်းပိုင်းကို လေ့လာတာဖြစ်ပါတယ်
နေရဲ့ ပေါက်ကွဲနေတဲ့လေထုကနေပေါ့
ဒါကတော့ ကမ္ဘာမြေအတွင်းပိုင်းက ငလျင်ကို လေ့လာသလိုမျိုးပါပဲ
ခင်ဗျားအနေနဲ့ နေရဲ့အတွင်းဘက်ကိုလေ့လာမယ်ဆိုရင်
အဲဒီ ရှော့လှိုင်းတွေကို အသုံးချပြီး
ခုနကနည်းအတိုင်း လေ့လာနိုင်ပါတယ်
သေချာတာကတော့ ကျွန်တော်တို့ အခုလက်ရှိ အဲဒီနည်းကိုသုံးနေပါတယ်
အဖြေကတော့ အဲဒီနားတစ်နေရာရာမှာ ရှိပါတယ် ဒါပေမယ့် အရင်က မသိခဲ့ပါဘူး
အခုတော့ ကျွန်တော်တို့ သိသွားပါပြီ ကျေးဇူးအများကြီးတင်ပါတယ် ခရစ်
ဒီတော့ ဒီထူးဆန်းတဲ့အကြောင်းအရာကို ဖြေရှင်းဖို့ ကျမတို့ စောင့်ရပါအုံးမယ်
No comments yet. Be the first to leave one.