Cosmos

Cosmos

Shkarko Titrat Burmese

Sezoni 1

Informacioni i lëshimit

Cosmos A Space Time Odyssey S01E07 HDTV x264 AAC E-Subs [GWC]
Një Komentar nga Lotus Black
Cosmos A Space Time Odyssey S01E07 HDTV x264 AAC E-Subs [GWC]

Etiketat

HDTV
hdtv
x264
HD
Publikuar më: 2018-03-10
Shkarkime: 55
Dëgjim i Dëmtuar: No

Pamje paraprake e titrave në Burmese

200 rreshtat e parë.

တခါတုန်းက ကမ္ဘာမြေရဲ့

သက်တမ်းအမှန်ကို လိုက်ရှာခဲ့တဲ့ လူတစ်ယောက် ရှိခဲ့တယ်

သူ့ရဲ့ရှာဖွေမှု ခရီးလမ်းမှာ

အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်

ကယ်လဖိုးနီးယားပြည်နယ် ပန်ဆာဒီနမြို့က လှပတဲ့နွေဦးရက်ပါ

၁၉၆၆ ခုနှစ်

စီးပွားရေး တိုးတက်ပြီး ဘဝတွေက ကောင်းမွန်ပါတယ်

ပတ်လို့ သိရတဲ့ ဘူမိဓာတုပညာရှင်

ကလေယာ ပတ်တာဆင်ဆိုတဲ့

လူတစ်ယောက်အတွက်က လွဲရင်ပေါ့

သူသိတဲ့လူတိုင်းဟာ မမြင်ရတဲ့ဘေးအန္တရာယ်တစ်ခုနဲ့

ကြုံနေရမှန်း သူ သိထားပါတယ်

အဲဒါကို ရပ်တန့်ပစ်ဖို့ရာ သူ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်

ဘာတွေပဲ ပေးဆပ်ရပါစေပေါ့

Subtitle by ®Lotus Black

ကမ္ဘာမြေမတိုင်ခင်က အချိန်ကို နောက်ပြန်မသွားဘဲ

ပတ်တာဆင်ရဲ့ဇာတ်လမ်းကို

တကယ်တမ်းကျတော့ မပြောပြနိုင်ပါဘူး

ကြယ်တွေ ပါဝင်ပစ္စည်းကို ထုတ်ပေးပြီး

ကျွန်တော်တို့ဂြိုဟ် ဖွဲ့တည်ခဲ့ချိန်ကပေါ့

သံသတ္တု

ဂြိုဟ်ရဲ့ သတ္တုပင်မအူတိုင်အတွက်ပေါ့

အောက်ဆီဂျင်

ကျောက်ခဲ ရေနဲ့ လေအတွက်

ကာဗွန်

စိန်အတွက် နောက်ပြီး အသက်ဇီဝအတွက်ပေါ့

ကြယ်တစ်စင်း မွေးဖွားတယ်

ကျွန်တော်တို့ကြယ်ပေါ့

ပထမဆုံး နှစ်သိန်းပေါင်း အနည်းငယ်အတွင်းမှာ ဖုန်မှုန်တွေကနေ နှင်းဘောလုံးအဖြစ် ဖွဲ့တည်ပြီး

ပိုမိုကြီးမားတဲ့ အရာဝတ္ထုတွေအဖြစ် ချောမွေ့စွာ ဖွဲ့တည်တယ်

ဒါပေမယ့် အဲဒီအရာဝတ္ထုတွေဟာ လုံလောက်တဲ့ဒြပ်ဆွဲအား ရရှိဖို့

ကြီးထွားလာတဲ့အခါမှာ

ပတ်လမ်းထဲမှာ အချင်းချင်း ဆွဲငင်ကြပါတော့တယ်

ဒါကတော့ ကျွန်တော်တို့ကမ္ဘာ

အသစ်စက်စက်တုန်းက ပုံစံပေါ့

အဲဒီတုန်းက ကမ္ဘာမြေမျက်နှာပြင်ဟာ

ယခုအချိန်ထိ ပုံစံမပျက် မတည်ရှိနိုင်တော့ပါဘူး

ဒါဖြင့် အစောပိုင်းမွေးဖွားမှုဆိုင်ရာ မှတ်တမ်းရေးရာတွေ ဖျက်ဆီးခံရမှတော့

ကျွန်တော်တို့ကမ္ဘာရဲ့ သက်တမ်းအမှန်ကို

သေချာသိရဖို့ ဘယ်လိုမျော်လင့်နိုင်ပါ့မလဲ

ဒီအကြောင်း လူတွေက ရှေးခေတ်ကတည်းက သိချင်မိကြတယ်

၁၆၅၀ ခုနှစ်မှာ အိုင်ယာလန်ရဲ့ သင်းကျောင်းအုပ်ဆရာ

ဂျိမ်းအာရှာက မေးခွန်းနဲ့ကိုက်ညီသော တွက်ချက်မှုကို ပြုလုပ်ခဲ့တယ်

သူ့ခေတ်သူ့အခါက လူတိုင်းနီးပါးလိုပဲ

သမ္မာကျမ်းစာနဲ့ဆိုင်တဲ့ ဖန်တီးမှုကို အာဏာစက်အဖြစ် သူ လက်ခံခဲ့တယ်

ဒါပေမယ့် ဓမ္မကျမ်းက နှစ်အတိအကျ မဆိုထားပါဘူး

ဒါကြောင့် အာရှာက သမိုင်းကြောင်းပြန်လှန်လို့ရတဲ့

ဖြစ်ရပ်တစ်ခုကို Old Testament ထဲ ရှာဖွေခဲ့တယ်

သူဟာ အဲဒါကို ဘီစီ ၅၆၂ နှစ်က

ဘေဘီလုံဘုရင် နီဘူချက်နီဇာရဲ့ ဘုရင်များ သေဆုံးမှုစာအုပ်ထဲ

တွေ့ရှိခဲ့ပါတယ်

အာရှာဟာ အာဒမ်နဲ့ နီဘူချက်နီဇာ

ဘုရင်တို့ရဲ့ခေတ်ကာလကြား

တမန်တော်မျိုးဆက်တွေကို

Old Testament ထဲမှာ ထည့်ပေါင်းခဲ့တယ်

နောက်ပြီး ဘီစီ ၄၀၀၄ ခုနှစ်မှာ ကမ္ဘာဟာ

အောက်တိုဘာ ၂၂ မှာ စတင်တယ်လို့

ရှာဖွေတွေ့ရှိခဲ့ပါတယ်

ညနေ ၆ နာရီ

စနေနေ့

သင်းအုပ်ဆရာတော် အာရှာရဲ့ သမိုင်းဝင်မှတ်တမ်းဟာ အနောက်ကမ္ဘာမှာတော့

ဘုရားသခင်နှုတ်တော်အဖြစ် မှတ်ယူပါတယ်

ကမ္ဘာမြေသက်တမ်းကို ရှာဖွေဖို့ ကျွန်တော်တို့ အခြားစာအုပ်ဆီ မလှည့်ခင်ထိတော့

ကျောက်ခဲတွေကြားမှာပဲ ရေးမှတ်ထားပါတယ်

Grand Canyon နံရံထဲက ကျောက်လွှာအများစုဟာ

အမှုန်လေးတွေ အနည်ထိုင်ရာကနေ ဖွဲ့စည်းထားပါတယ်

တချိန်တုန်းကတော့ ဒီနေရာဟာ ပင်လယ်တစ်စင်း ဖြစ်ခဲ့ဖူးတာပေါ့

နှစ်ပေါင်းကြာလာတော့ အနည်တွေဟာ အလွှာအောက်မှာ ကျောက်သားတွေအဖြစ်

ဖိသိပ်ပြောင်းလဲသွားပါတယ်

အဟောင်းဆုံးအလွှာကတော့ အောက်ခြေမှာပေါ့

အလွှာတစ်ခုကို ရွေးလိုက်ပါ ဘယ်အလွှာဖြစ်ဖြစ်ပေါ့

ဒီတစ်ခုဆိုရင်ကော

ဟိုးရှေးရှေးတုန်းကတော့ ဒီနေရာမှာ ရေတိမ်ရှိခဲ့တာဖြစ်ရမယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ဘီလီယံအကြာက

ပရီကန်ဘရီယံ ခေတ်ကာလတုန်းကဆိုရင်

သက်ရှိဇီဝအမျိုးအစား ၁ ခုတည်းပဲ ရှိခဲ့ပါတယ်

အဲဒီအပြာစိမ်းရောင် ဘက်တရီးယားတွေဟာ နေရောင်ခြည်ကို အသုံးပြုကာ အလုပ်များနေပါတယ်

နောက်ပြီး အောက်ဆီဂျင်ကို ထုတ်လုပ်ပေးတာပေါ့

သူတို့အတွက်က အဲဒါဟာ စွန့်ပစ်ပစ္စည်းတစ်ခုပါပဲ

ဒါပေမယ့် ကျွန်တော်တို့အပါဝင် နောက်ပိုင်းမှ ရောက်လာတဲ့ သတ္တဝါတွေအတွက်တော့

ဒါဟာ အသက်ရှူပေါက်ပါပဲ

အိုကေ အခြားအလွှာတစ်ခုကို ကြည့်မယ်

အဲဒီတစ်ခုဆိုရင်ကော

ဒီအလွှာကိုတော့ တောက်ပတဲ့ နတ်သမီးအခွံလို့ သိထားပါတယ်

အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၃၀ မီလီယံအကြာက ဖွဲ့တည်ခဲ့တယ်

အဲဒီအက်ကြောင်းရာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ မီလီယံအကြာက ချန်ခဲ့တာဖြစ်တယ်

ဒါဖြင့် ကမ္ဘာမြေရဲ့သက်တမ်းကို သိချင်လား

အလွှာတစ်ခုစီ အနည်ကျဖို့ ဘယ်လောက်ကြာသလဲ အဖြေရှာကြည့်ရုံပဲ

ရေတွက်နေမယ့်အစား အလွှာတွေအားလုံးကိုသာ

ထည့်ပေါင်းလိုက်ပါ

လွယ်တယ်ဟုတ် ပြသနာတစ်ခုလေးပါပဲ

ဒီအဖြစ်အပျက်ကို လေ့လာမှုကနေ ကျွန်တော်တို့ သိရပါတယ်

ဘာကြောင့်လဲဆိုတော့ အဲဒါက ကမ္ဘာအနှံ့ ပင်လယ်နဲ့

ရေကန်တွေထဲမှာ ဖြစ်ပျက်နေဆဲ ဖြစ်နေလို့ပါပဲ

အဲဒီအနှစ်တွေဟာ မတူညီတဲ့စံနှုန်းနဲ့ ကျယ်ပြန့်စွာ တည်ရှိနိုင်တယ်

ဒါက ပုံမှန်အားဖြင့် အင်မတန် နှေးကွေးစွာ ဖြစ်လာတာပါ

ပြောရရင် နှစ်ပေါင်း ၁ ထောင်ကြာတိုင်း အနည်အနှစ် ခြေတဖဝါးစာလောက်ပေါ့

ဒါပေမယ့် ဖြစ်တောင်ဖြစ်ခဲတဲ့ ရေလွှမ်းမိုးမှု ဖြစ်ချိန်မှာ

လျင်မြန်စွာ ဖြစ်ပျက်ပါတယ်

ရက်ပိုင်းအတွင်း ခြေတစ်လှမ်းစာလောက်ပေါ့

ကမ္ဘာမြေရဲ့သက်တမ်းကို တွက်ချက်ဖို့

များစွာသော ဘူမိဗေဒပညာရှင်တွေ ဒီနည်းလမ်းနဲ့ ကြိုးပမ်းခဲ့ပါတယ်

သူတို့ဟာ Grand Canyon နဲ့ ဂြိုဟ်အနှံ့က

အနည်ထိုင်မှု အကျိုးဆက်တွေကို အသုံးချခဲ့တယ်

ဒါပေမယ့် အဖြေကတော့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ရာ ကွာဟလွန်းပါတယ်

နှစ်ပေါင်း ၃ သိန်းကနေ ၁၅ ဘီလီယံကြား ရှိနေပါတယ်

ဒီနည်းလမ်းနဲ့ပတ်သက်ပြီး အခြားပြသနာတွေလည်း ရှိနေပါတယ်

အနက်ရှိုင်းဆုံး ကျောက်လွှာတောင်မှ

ကမ္ဘာမြေရဲ့ သက်တမ်းအရင့်ဆုံးအရာတွေ မဟုတ်သေးပါဘူး

ဘာကြောင့်လဲဆိုတော့ ကျောက်ခဲတောင်မှ ကမ္ဘာမြေ နုပျိုစဉ်တုန်းက

ပြင်းထန်လှတဲ့ဒဏ်ကို ခံနိုင်ရည်စွမ်း မရှိနိုင်ခဲ့ပါဘူး

အာကသထဲမှာတော့ အခြားပုံပြင်ပေါ့

ကမ္ဘာမြေ ပေါက်ဖွဲ့ခဲ့စဉ်က သက်တမ်းအမှန်ကို

ပြောပြနိုင်မယ့် အမှတ်တရ ပစ္စည်းလေးတွေများ ရှိနေမလား

ကျွန်တော်တို့ နေစကြာဝဠာ ဖွဲ့တည်ခဲ့စဉ်က

မသုံးရသေးတဲ့ အုတ်ခဲလေးတွေ ရှာတွေ့နိုင်မယ့် နေရာတစ်ခုကို ကျွန်တော် သိထားပါတယ်

အဲဒါက ဂျူပီတာနဲ့ အင်္ဂါဂြိုဟ်ပတ်လမ်းကြားမှာ တည်ရှိပါတယ်

ဒီဟာက ပေါက်ဖွားခါစ ကမ္ဘာမြေရဲ့ အစအနပါပဲ

အဲဒီကတည်းက အအေးခန်းထဲမှာ

မပြောင်းလဲဘဲ လွှင့်မျော့နေခဲ့တာပါ

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်း ဒါမှမဟုတ် နှစ်ပေါင်းများစွာအကြာက

ဥက္ကာခဲကြီးတစ်ခုဟာ ပိုသေးတဲ့တစ်ခုနဲ့ တိုက်မိပြီး လမ်းကြောင်းသစ်တစ်ခုဆီ

ပို့ဆောင်ပေးကာ လွန်ခဲ့သော

နှစ်ပေါင်း ၅ သောင်းအကြာက တစ်ညမှာ ထိတိုက်မှုတစ်ခုကို

ဖြစ်ပွားစေခဲ့ပါတယ်

အဲဒါက ထိုးထိုးထောင်ထောင်ရှိနေတဲ့ Grand Canyon ကို

အဆင်းပျက်စေခဲ့ပြီး

တစ်နေ့မှာ အာရီဇိုးနားလို့သိရတဲ့

ဒီမီးတောင်ပေါက်ဝကို ဖြစ်စေခဲ့တယ်

ဒီမီးတောင်ပေါက်ဝကိုဖြစ်စေတဲ့ ဥက္ကာခဲရဲ့ သံသတ္တု အပိုင်းအစတွေဟာ

မပျက်မစီးပဲ ကျန်ရစ်ခဲ့ပါတယ်

အဲဒီသံသတ္တုဟာ ဘယ်လောက်အကြာက ရှိခဲ့သလဲဆိုတာ သိရရင်

နေအဖွဲ့အစည်းရဲ့သက်တမ်းကို သိရမှာပဲ ဖြစ်ပါတယ်

ကမ္ဘာမြေ အပါအဝင်ပေါ့

ဒါပေမယ့် ဘယ်လိုသိနိုင်ပါ့မလဲ

ကျောက်ခဲတစ်လုံးကို ကောက်လိုက်ပါ

ဘယ်ကျောက်ခဲမဆိုပေါ့

ဒီတစ်ခုဆိုရင်ကော

ဒီကျောက်ခဲထဲက အက်တမ်အချို့ဟာ ရေဒီယိုသတ္တိကြွမှု ဖြစ်ပွားနိုင်ပါတယ်

အဲဒါက ဆက်တိုက်ဆိုသလို အစိတ်စိတ်အမွှာမွှာ ပြိုကွဲတာဖြစ်ပြီး

အခြားသောဒြပ်စင်တွေ ဖြစ်သွားပါတယ်

ယူရေနီယမ်အက်တမ်ဟာ ပထမဆုံးအကြိမ် သော်ရီယမ်အက်တမ်တစ်ခု ဖြစ်လာပါတယ်

ပျမ်းမျှအားဖြင့် နှစ်ပေါင်း ဘီလီယံ အနည်းငယ် ကြာပါတယ်

သော်ရီယမ်ဟာ မတည်မငြိမ် ပိုဖြစ်ပါတယ်

တစ်လထက်မပိုဘဲ အဲဒါက ပရိုတက်သိနီယမ်အဖြစ် ပြောင်းသွားပါတယ်

တစ်မိနစ်ကြာရင် ပရိုတက်တီနီယမ်ဟာ အခြားတစ်ခုခု ဖြစ်လာပါတယ်

အက်တမ်ဟာ နယူကလိယား ကူးပြောင်းမှု ၁၀ ခုထက်ပိုပြီး ဖြစ်ပွားတယ်

ပြိုကွဲမှု ကွင်းဆက်ပေါ်က နောက်ဆုံးအဆင့်သို့ ရောက်သွားသည်အထိပေါ့

ခဲသတ္တုရဲ့ တည်ငြိမ်တဲ့ အက်တမ်

အဲဒါက တည်ရှိနေပါလိမ့်မယ်...

ထာဝရအဖြစ်ပေါ့

၂၀ ရာစုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခံခဲ့တဲ့

ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခုချင်းစီကနေ အခြားဒြပ်စင်အဖြစ် ပြောင်းလဲချိန်ကို

တိုင်းတာတဲ့ စွမ်းဆောင်မှုကြီးတစ်ခု ရှိခဲ့ပါတယ်

မတည်ငြိမ်တဲ့ဒြပ်စင်တစ်ခုစီရဲ့ အက်တမ်တွေဟာ ပုံသေနှုန်းထားနဲ့ ယိုယွင်းပြိုကွဲတယ်ဆိုတာ

ရူပဗေဒပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်

အက်တမ်တစ်ခုရဲ့ ဗဟိုဝတ်ဆံဆိုတာ ဘေးခိုလှုံရာ ဝတ်ပြုကျောင်းလိုမျိုးပါပဲ

ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂကို ခံနိုင်ရည်ရှိပါတယ်

တူနဲ့ ထုလိုက်မယ်

ဆီထဲမှာ အရည်ဆူစေလိုက်မယ်

အငွေ့ပျံစေလိုက်မယ်

နယူကလိယား နာရီဟာ လည်နေတုန်းပါ

နေနဲ့ ကြယ်တွေလို မဟုတ်ဘဲ

လုံးဝဥသုံ စံတော်ချိန်ကို ထိန်းပေးတယ်

ယူရေနီယမ်အက်တမ်ထက်စာရင် ကမ္ဘာ့သက်တမ်းမှန်ကို ရှာဖွေဖို့

ဘယ်နည်းလမ်းက ပိုကောင်းမလဲ

ကျောက်ခဲထဲက ယူရေနီယမ်ရဲ့ အစိတ်အပိုင်းဟာ ခဲသတ္တုအဖြစ် ဘယ်လို ပြောင်းသွားသလဲ

သင် သိခဲ့တယ်ဆိုရင်

ကျောက်တုံး ဖွဲ့တည်ချိန်ကတည်းက အချိန်ဘယ်လောက်

ကျော်ဖြတ်သွားသလဲဆိုတာ တွက်ချက်နိုင်ပါတယ်

ဒါပေမယ့် ပြသနာတစ်ခု ရှိပါတယ်

ကမ္ဘာပေါ်မှာ ဖွဲ့တည်ခဲ့တဲ့ ယနေ့ကျောက်ခဲတွေဟာ

အရင်အတိုင်း မဟုတ်တော့ပါဘူး

သူတို့အားလုံး ထိတိုက် ပျော်ကုန်ပြီး အသစ်တဖန် ဖြစ်သွားပါပြီ

ကမ္ဘာ့ဦးအစကနေ ယနေ့ခေတ်အထိ ခဲပမာဏကို တွက်ချက်ဖို့

နည်းလမ်းတစ်ခုတော့ ရှိပါတယ်

ဒါဟာ ကောင်းကင်ဘုံက လက်ဆောင်တစ်ခုပေါ့

ဥက္ကာခဲတွေ

ဒီလိုကြီးမားတဲ့ မီးတောင်ပေါက်ဝကို ဖြစ်စေခဲ့တဲ့

ဟောဒီ အပိုင်းအစတစ်ခုဟာဆိုရင် စံနမူနာပေါ့

ဒီဥက္ကာခဲထဲက ခဲပမာဏဟာ

ကမ္ဘာ ဖွဲ့တည်ခဲ့တုန်းကဟာနဲ့ အတူတူပါပဲ

ယူရေနီယမ်ပြိုကွဲမှုဟာ ပုံသေဆိုတာ သင် သိထားတာမို့

ဥက္ကာခဲရဲ့သက်တမ်းကို သိရပါမယ်

ဒါဟာ ကမ္ဘာမြေသက်တမ်းနဲ့ အတူတူပါပဲ

ခင်ဗျား လုပ်ရမှာက ဥက္ကာခဲထဲက

ခဲပမာဏကို တိုင်းတာဖို့ပါပဲ

လွယ်တယ်နော်

ချီကာကဂို တက္ကသိုလ်က ဟယ်ရီဆင် ဘရောင်းဆိုတဲ့

သိပ္ပံပညာရှင်က ဒီဟာကို ၁၉၄၇ ခုနှစ်မှာ

ပထမဆုံး နားလည်သဘောပေါက်ခဲ့တယ်

အလုပ်လုပ်ဖို့ သူဟာ ငယ်ရွယ်တဲ့ ဘွဲ့ရ ကလေယာ ပတ်တာဆင်ကို ရွေးချယ်လိုက်တယ်

ဒီအလုပ်ဟာ သူ့ဘဝအတွက် အလှည့်အပြောင်း

ဖြစ်ခဲ့မယ်ဆိုတာ ပတ်တာဆင် မသိနိုင်ခဲ့ပါဘူး

ကျွန်တော်တို့ရဲ့ ဘဝတွေရောပေါ့

စစ်မှန်တဲ့ သိပ္ပံသုတေသနဟာ

အများကြီး ပိုအရေးပါလာခဲ့သလိုပါပဲ

အိုင်အိုဝါမှ ကလေယာ ပတ်တာဆင်ဆိုတာ

သဘာဝအားဖြင့် ပုန်ကန်သူကြီးဖြစ်ပြီး ကျောင်းမှာ စာတော်ခဲ့သူ မဟုတ်ပါဘူး

ဒါပေမယ့် သူဟာ မွေးရာပါ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်

More Burmese subtitles for Cosmos

Komentet

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left