The first 200 lines.
War For The Planet Of The Apes Translated By ကျော်ကျော် (CU-Mdy)
ကပ္ပတိန်
အဲ့တာ ကတုတ်ကျင်းလား
ကြည့်ရတာ အထဲမှာရှိသေးတယ်နဲ့တူတယ်
အဖွဲ့ 2-6 မှ အမိန့်တောင်းခံနေပါတယ်
ဗိုလ်ချုပ်, မြောက်ပိုင်းသစ်တောထဲမှာ မျောက်ဝံသုံးကောင် တွေ့ပါတယ်
တစ်ကောင်က လက်နက်နဲ့ပါ
ပြီးတော့ ကျွန်တော်တို့ ဒွန်ကီ က နောက်ထပ်ကတုတ်ကျင်း တစ်ခုတွေ့ထားပါတယ်
ကြည့်ရတာ ခံတပ်ကအနီးနားမှာနေမှာ
ဟုတ်ကဲ့ဆရာ
ဟုတ်ကဲ့ဆရာ ရပါတယ်
ဟေး, ဒွန်ကီ.
ပရီချာ
သေနတ်နဲ့ တစ်ကောင်
အဲ့ကောင်ကျသွားနဲ့ မင်းတို့က ကတုတ်ကျင်းကိုရှင်း
ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာ
ပစ်
ဘာ
ကျည်ဖြည့်နေတယ်
ပြန်ဆုတ် ပြန်ဆုတ်
ဗိုလ်ချုပ်, ကြားရလား ဗိုလ်ချုပ်!
ဘယ်သူလဲ
ပရီချာ ပါဆရာ ပရီချာပါ
မင်းဘယ်မှာလဲ စစ်သား မင်းတည်နေရာ ငါသိချင်တယ်
မသိဘူးဆရာ မင်းဘာမြင်ရလဲ
ဘာမှမမြင်ရဘူးဆရာ
ကျွန်တော်တို့ တပ်သားတွေ အများကြီးကျသွားတယ်ဆရာ ကပ္ပတိန်ကောပါသွားတယ် ဆရာ
အိုကေ စိတ်လျော့ မင်းကိုအခု အာဏာလွှဲတယ်
အမိန့်ပါ ဆရာ
အခုကျွန်တော် တစ်ယောက်ပဲရှိတော့တယ်ဆရာ
ထိန်းချုပ်လိုက်
ဗိုလ်ချုပ်, ကျွန်တော်လုပ်နိုင်တော့မယ် မထင်ဘူးဆရာ
တောင်းပန်ပါတယ်
ကျွန်တော်တောင်းပန်ပါတယ် ဆရာ
ငါပြောတာနားထောင် မင်းသတ်နိုင်သလောက် သတ်ခဲ့
မလုပ်နဲ့ မလုပ်နဲ့
၆၃ ကောင်သေတယ်
မင်းက သူပဲ
မင်းက ဆီဇာ ပဲ
ငါတို့မင်းကို အချိန်အကြာကြီး လိုက်ရှာခဲ့တာ
မင်းခံတပ်ထဲမှာပုန်းနေတယ်လို့ပဲ သိတာ
ဒါပေမဲ့ ငါတို့ ဘယ်တော့မှရှာမတွေ့ခဲ့ဘူး
ငါတို့ထဲကတစ်ချို့က မင်းသေပြီထင်နေတာ
ဒါပေမဲ့ ဗိုလ်ချုပ် ကူလက်ဆက် က မင်းတစ်နေရာရာမှာ ရှိသေးတယ်လို့ပြောတယ်
ငါတို့သတ်သာသတ်လိုက်ပါတော့ မင်းပါးစပ်ပိတ်ထား
ဘာလဲ သူတို့ကတိရစ္ဆာန်တွေလေ
သူငါတို့ကို သတ်မှာပဲ
ငါဒီစစ်ပွဲကိုစခဲ့တာ မဟုတ်ဘူး
စခဲ့တဲ့မျောက်ဝံကသေသွားပြီ
သူ့နာမည်က ကိုလ်ဘ.
ငါသူ့ကိုသတ်လိုက်တာ
အခု ငါတိုက်ခိုက်တာ
မျောက်ဝံတွေကို ကာကွယ်ဖို့အတွက်ပဲ
ဟုတ်လား
သူ့အတွက်ကျကော
သူ့လို င့ါတို့မှာဆယ်ကောင်လောက်ရှိသေးတယ်
ငါဒီလို မျောက်ဝံတွေကိုသိတယ်
သူတို့က ကိုလ်ဘ နောက်လိုက်တွေ
သူတို့ငါ့ကို သတ်ဖို့ကြိုးစားသေးတယ်
ငါသူတို့ကို လုပ်မှာကြောက်ပြီး ပြေးကုန်ကြတာ
ဒါကြောင့် မင်းတို့ဆီဝင်နေတာ
အသက်ရှင်ချင်လို့ပဲ
ငါမင်းကို မကြောက်ဘူး
ဒါပေမဲ့ မင်းကြောက်သင့်တယ်
ဒီသစ်တောတွေက မင်းကို ဘယ်လောက် အချိန်ကြာကြာ ကာကွယ်ပေးနိုင်မယ်ထင်တုန်း
လူသားတွေ မင်းကိုဖျက်စီးပစ်လိမ့်မယ်
သူတို့ဗိုလ်ချုပ်မှာ အစွမ်းရှိတယ်
သူတို့အတွက်တော့ ဗိုလ်ချုပ်ကလူတင်မဟုတ်ဘူး
သူကအရာအားလုံးပဲ
သူပြောတာ ပထမဆုံး ဆီဇာသေမယ်
ပြီးရင် မင်းတို့အားလုံးသေးမယ်
ဝန်တာ ဒီသစ္စာဖောက်ကိုအပြင်ထုတ်သွားစမ်း
ငါတို့ဒီလူတွေကို ဘာလုပ်လိုက်ရမလဲ
မင်းငါတို့ကို လွှတ်ပေးမလို့လား
မင်းတို့ဗိုလ်ချုပ်ကိုပြောလိုက် အခုငါ့ကို တွေ့ပြီးပြီဆိုတော့
ငါ့မှာသူ့အတွက် အမှာစကားရှိတယ်
သစ်တောတွေကိုဒီတိုင်း ထားလိုက်ပါ ဒါဆို အသတ်ခံရတာတွေ ရပ်သွားမယ်
မင်းသူတို့ပြန်ပြောမယ်လို့ ထင်လား
သူတို့ကအမှာစကားပဲ မော်ရီး
သူငါတို့အရိုင်းအစိုင်းတွေ မဟုတ်မှန်းသိသင့်ပြီ
သစ္စာဖောက်က ငါ့ကိုတိုက်ခိုက်ပြီး ထွက်ပြေးသွားပြီ
ကိုလ်ဘ...
ငါတို့ကို ခြောက်လှန့်နေတုန်းပဲ
ငါဘာလို့ သူလူသားတွေသူ့ကို
လုပ်ခဲ့တာတွေအတွက် ငါမမြင်နိုင်ရတာလဲ
ဘယ်သူမှ သူ့ထဲမှာရှင်သန်နေတဲ့
စိတ်ရိုင်းတွေ ဘယ်လောက်နက်ရှိုင်းလဲမသိဘူး
အဖေ
အိမ်ကကြိုဆိုပါတယ် ရော့ကတ်
မင်းကြည့်ရတာ ပင်ပန်းလာသလိုပဲ
ဒါခရီးအဝေးကြီးလေ
အဖေ ကျွန်တော်တို့တခုတွေ့လာတယ်
လာ
အမေ
ကော်နီးလီးယပ်စ်
မင်းအကိုကို နှုတ်ဆက်လိုက်ပါဦး
ဘယ်သူရောက်နေလဲ ကြည့်လိုက်ဦး
လိတ်
ဒီနေရာပဲ အဖေ
ကျွန်တော်တို့ အိမ်အသစ်ပြန်ဆောက်လို့ရမယ်
တောင်တန်းတွေ အလွန်မှာဘာရှိလဲသား
သူတို့ကို ပြလိုက် ရော့ကတ်
သဲကန္ဆာရ
ခရီးကအရမ်းဝေးတယ်
ဒါပေမဲ့လူသားတွေ လိုက်မရှာဘူး
ကျွန်တော်တို့ ဒီညသွားမှဖြစ်မယ်
ဒီညလား မဖြစ်နိုင်ဘူး
ကျွန်တော်တို့ဘယ်လောက် ကြာအောင်စောင့်ရမှာလဲ လိတ်
စစ်သားတွေကနီးလာပြီ
ဝန်တာ
မင်းသားက အဝေးကိုရောက်နေတာ
သူဒီမှာဘယ်လောက် ခက်ခဲနေတယ်ဆိုတာ နားမလည်ဘူး
ငါမင်းကြောက်နေတာသိပါတယ်
ငါတို့အားလုံး ကြောက်နေတာပဲ
ဒါပေမဲ့ ငါတို့စီစဉ်နေတုန်းရှိသေးတာလေ
အေး
ငါတို့ဒီသစ်တောတွေကနေ လုံလုံခြုံခြုံနဲ့ ထွက်လို့ရမဲ့နေရာတွေ့မှာပါ
မင်းတို့နှစ်ယောက်ထဲတုန်းက အဆင်ပြေပေမဲ့
ငါတို့က အများကြီးပဲ
ငါတို့ဒီက လွတ်လမ်းရှာမှာပါ
မျောက်ဝံတွေ အတူရှိနေရင်
သန်မာတယ်
ဒီမှာနေခဲ့သား
မင်းအမေနဲ့ညီကို ကာကွယ်လိုက်
ဆီဇာ! ဘာဖြစ်တာလဲ
အကူဘယ်နှစ်ယောက်ရှိသေးလဲ
ငါးယောက် ခြောက်ယောက်လောက်ပဲ
သူတို့ကိုခေါ်ခဲ့
လူကာ ရော့ကတ်ကောခေါ်သွား
အဖွဲ့လေးမှ အမိန့်တောင်းခံနေပါတယ် ဗိုလ်ချုပ်
ရော့ကတ်
ဘာဖြစ်တာလဲ
ငါသူစကားပြောနေတာ ကြားလိုက်တယ် ဗိုလ်ချုပ်ဒီရောက်နေပြီ
ပစ်မှတ် ရှာနေတယ်
ပစ်မှတ် ရှာနေတယ် မျောက်ဝံသေပြီ
သွားမယ် ငါဒီကထွက်လို့ရတယ်
ဆီဇာ...
ငါတို့ဝန်တာကိုရှာမတွေ့တော့ဘူး
သူကြောက်နေတာ ငါတို့ကိုသစ္စာဖောက်သွားပြီနေမှာ
မင်းကော်နီလီးယပ်စ်ကိုတွေ့လား
ကျွန်တော်တို့ရှာနေတုန်းပဲ
ဆီဇာ သားအငယ်ကိုလိုက်ရှာမယ်
ကော်နီးလီးယပ်စ်
မင်းအခုလုံခြုံသွားပါပြီ
လိတ်
မင်းငါ့သားကိုချစ်တယ်မလား
ငါပြန်မလာမချင်း စောင့်ရှောက်ထားလိုက်
ငါတို့အိမ်အသစ်ကို မင်းမလိုက်တော့ဘူးလား
မလိုက်တော့ဘူး
လိတ်နဲ့သွားတော့
ဆီဇာ!
မင်းသူတို့နောက်ကိုလိုက်မလို့လား
သူတို့နောက်ကိုမဟုတ်ဘူး သူ့နောက်ကို
ဆီဇာ မင်းကငါတို့ခေါင်းဆောင်ပါ
ငါတို့မင်းမပါဘဲမသွားနိုင်ဘူး
မင်းသွားရမယ်
စစ်သားတွေ မကြာခင်ထပ်ရောက်လာလိမ့်မယ်
အဖေ
ကျွန်တော်သူ့ကိုရှာတွေ့ရင်
စစ်သားတွေ ကျွန်တော့်နောက်ကိုလိုက်လာကြလိမ့်မယ်
ဒါဆိုမင်းကို သစ်တောထဲက
လွတ်အောင်ပြေးဖို့ အချိန်ရမှာပဲ
သူဘယ်သွားမလို့လဲ
ဆီဇာ! ဆီဇာ!
စစ်သားတပ်ဖွဲ့တွေက သွားနေပြီလို့ပြောတယ်
ငါ့အစောင့်တွေက သူဘယ်မှာလဲသိတယ်တဲ့
ငါမင်းကိုခေါ်သွားပါရစေ
မင်းငါ့ကို အကူအဖြစ်လိုမှာပဲ
မလိုဘူး
ကျေးဇူးပြုပြီး
သားတစ်ယောက်ကို ဆုံးရှုံးရတာ
ဘယ်လိုလဲဆိုတာ ငါနားလည်ပါတယ်
ငါပြန်လာနိုင်ဖို့ မသေချာဘူး
ဒါကြောင့် ငါလိုက်ခဲ့မှာ
မင်းပြန်လာနိုင်တာ သေချာအောင်လို့
အစောင့်တွေက ဒီမှာစစ်သားတွေရှိတယ်လို့ပြောတယ်
အမြဲတမ်း မီးခိုးထွက်နေတာတဲ့
ဘယ်သူမှမရှိဘူး
နေရာအနှံ့လိုက်ရှာ
ငါဒါကိုချလိုက်ဦးမယ်
သူဒီမှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ
သူကတပ်ပြေးမလို့နေမှာ
ပတ်ကြည့်လိုက်ဦး
ယူလို့ရတာ ယူခဲ့
သူဘာဖြစ်နေတာလဲ
သူစကားမပြောနိုင်ဘူးထင်တယ်
ဘာ
သူဒီမှာတစ်ယောက်တည်း သေသွားလိမ့်မယ်
ငါတို့သူ့ကိုခေါ်ခဲ့လို့ မရဘူး မော်ရီး
ငါနားလည်ပါတယ်
ဒါပေမဲ့ ငါသူ့ကိုမထားခဲ့နိုင်ဘူး
မင်းဗိုလ်ချုပ်ကိုရှာတွေ့လား
မတွေ့ဘူး
ဝန်တာ
ဗိုလ်ချုပ်ဘယ်မှာလဲ
သူသွားပြီ
သွားပြီဟုတ်လား
သူဒီမနက်က သူ့လူတွေခေါ်ပြီ
ထွက်သွားပြီ
နောက်ထပ်စစ်သားတွေ မြောက်ဘက်လာနေပြီ
No comments yet. Be the first to leave one.