Armageddon

Armageddon

Download Burmese Subtitle

Release info

Armageddon
A Commentary by Cleon

Tags

other
Published on: 2017-11-14
Downloads: 43
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

တစ်ချိန်တုန်းကတော့ ဒီကမ္ဘာကြီးဟာ ဒိုင်နိုဆောတွေ ခြေဦးတည့်ရာလျှောက်သွားနေတဲ့

စိမ်းလန်းစိုပြည်ပြီး မြေဩဇာကောင်းတဲ့ ဂြိုဟ်ကြီးတစ်လုံးပေါ့

အချင်းခြောက်မိုင်လောက်ရှိတဲ့ ကျောက်တုံးကြီးတစ်တုံးကြောင့်

ဒါတွေအားလုံး ပြောင်းလဲခဲ့ရတယ်

အဲဒီကျောက်တုံးကြီးဟာ နျူကလီးယားလက်နက် ၁၀၀၀၀ လောက်ရှိတဲ့ အားနဲ့

ကမ္ဘာမြေကြီးကို ဝင်ဆောင်ခဲ့ပါတယ်

မြေစာမှုန့်နဲ့ ကျောက်တုံးပေါင်းများစွာတို့ဟာ လေထုထဲကို ပျံ့လွင့်သွားပြီး

မွန်းကျပ်စေလောက်တဲ့ ဖုန်ထုကြီးကို ဖြစ်ပေါ်စေခဲ့တာကြောင့်

နှစ်ပေါင်းတစ်ထောင်လောက် နေမင်းကြီးရဲ့ အလင်းကလည်း

ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပါဘူး

အရင်တုန်းကလည်း ဒီလိုဖြစ်ခဲ့ဖူးတယ်

နောက်ထပ်လည်း ဒီလိုဖြစ်ဦးမှာပဲ

ဘယ်အချိန်ဖြစ်လာမလဲဆိုတာပဲ မသိနိုင်တာ

စက်မှုဒါရိုက်တာ စက်မှု..

- ပြန်ပြောပါဦး ရူဒီ - ဟုတ်ပါတယ် ဟူစတန်ပါ

ကျွန်တော် ထပ်ကြိုးစားကြည့်မယ်

ဒီတစ်ခါ နံပါတ်ကိုးအပေါက်မှာ လုပ်ကြည့်ပါလား အခုလုပ်လက်စကို ဖျက်လိုက်တော့

ရခါနီးနေပါပြီ

- ဒန်းနစ်..ငါ ရခါနီးနေပြီ - ဟူစတန်..ပီးတ်ကြည့်ရတာ တော်တော်မာပါတယ်

ဟုတ်ပြီ ပီးတ်..အခု အဲဒီဆက်တဲ့ပစ္စည်းကို ယာဉ်ပေါ်ကနေ မြင်နေရပြီ

ချိန်လို့ညီသွားရင် ဆက်လုပ်ဖို့ ဒီကနေ လှမ်းအမိန့်ပေးလိုက်မယ်

အဆင်ပြေသားပဲ ကျွန်တော့်ကို ၁၀ စက္ကန့်အချိန်ပေးပါ

သူ့အသက်ရှူနှုန်း မြန်နေတယ်

- ပီးတ်ရေ ငါ ထရူးမန်းပါ - ဟေ့

- အပေါ်မှာ ဘယ်လိုလဲ ကိုယ့်လူ - အဆင်ပြေပါတယ်

ပီးတ်..နားထောင်ဦး ငါတို့မင်းကို သေချာစောင့်ကြည့်နေတယ်

မင်း စိတ်နည်းနည်းလောက် လျှော့လိုက်ရင် မင်းလိုချင်တာပေးပါ့မယ်ကွာ

- မင်း လုပ်ပေးနိုင်မလား - လုပ်ပေးရမှာပေါ့

ဟုတ်ပြီ ငါတို့မှာ အချိန်အများကြီးရှိတယ် အဲဒီတော့ ဘာမှစိတ်မပူနဲ့

- အတ္တလန်တစ်.. - အင်းပါ အဆင်ပြေမယ့်ပုံပါပဲ

- သူလုပ်နိုင်ပါတယ် - အဆင်ပြေမှာပါ ဆက်လုပ်..အတ္တလန်တစ်

ဟုတ်ကဲ့ ဟူစတန် ပီးတ်ကို အထဲပြန်ခေါ်လိုက်တော့မယ်

- စနစ်ချို့ယွင်းသွားပြီ - မဖြစ်ရဘူး

- အဲဒါ ဘာဖြစ်တာလဲ - ဘုရားသခင်

ငါတို့ ထိန်းမရတော့ဘူး

ဟူစတန်

- ဆက်သွယ်ရေးတွေအကုန် ပျက်ကုန်ပြီ - ဘာဖြစ်တာလဲ

စတူးဝပ် ခုနကဗီဒီယို ပြန်ဖွင့်စမ်း

ဟူစတန်

အမည်မသိယာဉ်တွေတွေ့တယ် အမည်မသိယာဉ်တွေတွေ့တယ်

အပိုင်းငါးမှာ တွေ့တယ် ကိုးမှာရောပဲ သုံး အခု ငါးမှာတွေ့တယ်

အမည်မသိလမ်းကြောင်းတွေ တွေ့တယ်

ငါ့ကွန်ပျူတာမှာ အပြည့်ပဲ

အတ္တလန်တစ်ယာဉ်ဆီကို ဦးတည်လာနေတဲ့ လမ်းကြောင်းတွေ အများကြီးပဲ

ဒုံးကျည်နဲ့ အငိုက်ဖမ်းပြီးတိုက်တာ ဖြစ်နိုင်တယ်

သမ္မတကြီး..လွန်းပြန်ယာဉ် အတ္တလန်တစ် အခုပဲ အာကာသထဲမှာ ပေါက်ကွဲသွားပါတယ်

ငါ အဖွဲ့သုံးဖွဲ့လိုချင်တယ်

နံပါတ်တစ်အဖွဲ့က အတွင်းစက်ချို့ယွင်းမှုကို တာဝန်ယူ

မှတ်တမ်းဗီဒီယိုကိုယူထား အလုပ်ပြန်လုပ်ကြမယ် စက်ချို့ယွင်းတာဖြစ်နိုင်တယ်

နံပါတ်နှစ် နော်ရက်ဒ်အာကာသ ဌာနချုပ်နဲ့ တာတိုဒုံးလွှတ်အဖွဲ့ကို

ကမ္ဘာပတ်လမ်းကြောင်းတွေမှာရှိတဲ့ အပျက်အစီးတွေကို ယှဉ်ကြည့်ခိုင်း

တစ်ခါပြီးတစ်ခါ ပြန်စစ်ပါ ပြီးတော့ ထပ်ခါထပ်ခါလုပ်ပါ

နံပါတ်သုံးအဖွဲ့က လိုသုံးအဖွဲ့ပဲ အကုန်လုံးနဲ့အားလုံး လုပ်ရမယ်

ဟုတ်ပြီလား အခု ရော့စ်ကြီး မင်းဖုန်းခေါ်လိုက်

- လူ ၁၁၀၀၀ လောက်ကို နှိုးလိုက် - ဟုတ်ကဲ့

- ဝေါ့လ်တ်..သူတို့ကို သွားခိုင်းလိုက် - လာ သွားမယ်

ကားလ်

ကားလ် ကားလ်

ကားလ်

ရှင့်ရဲ့ပိုင်မုန့် စားပွဲပေါ်ရောက်နေတာ ၁၀ နာရီလောက်ရှိနေပြီနော်

- ကျွန်မကို ကွာရှင်းပေး - ဒေါ့တီ ဒီမှာငါအရေးကြီးတာ လုပ်နေတယ်

ဘာမှန်းမသိပေမယ့် ကြည့်ရတာ ဟိုအပေါ်မှာ တစ်ခုခုလောင်နေသလိုပဲ

ငါ့ဖုန်းစာအုပ် သွားယူပေးပါလား ယူပေးမယ် မဟုတ်လား

နာဆာက ဟိုလူတွေရဲ့ဖုန်းနံပါတ် သွားယူခဲ့

ဘာပြောတယ် ကျွန်မက ရှင်ရဲ့အစေခံပါဆိုတဲ့ နာမည်ကတ်ပြားဆွဲထားလို့လား

ငါ့ဖုန်းစာအုပ် သွားယူလိုက်စမ်း ဖုန်းစာအုပ်ကို သွားယူ

ဖုန်းစာအုပ်သွားယူ ဖုန်းစာအုပ်သွားယူ

အာကာသဌာနချုပ်က သတင်းတွေ မကောင်းဘူး အာကာသထဲ ဘာမှလွှတ်တင်မှုမရှိဘူး

တစ်စစီဖြစ်နေတဲ့ လွန်းပြန်ယာဉ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ချင်ဖြစ်လိမ့်မယ်

အင်း ဆန်တာကလော့စ်လည်း ဖြစ်ရင် ဖြစ်မှာပေါ့

ဗိုလ်ချုပ်ကြီး..တိကျသေချာပြီး ယုံကြည်ရတဲ့အတည်ပြုချက် မရမချင်း

တပ်ကို အသင့်ပြင်ထားရမှာပဲ

ပိစိကွေး ရစ်ချတ်လေး

မင်းနဲ့ငါနဲ့ ကောင်းစားတော့မယ်ကွ ပျော်စရာကြီး

ဟေ့ကောင် ငါတစ်သက်လုံး ဒီစက်ဘီးကို ထပ်မစီးတော့ဘူးကွ

ငါပြောတာနားလည်လား မော်တော်ဆိုင်ကယ် ဝယ်တော့မယ်ကလေးရေ

စတိုင်နဲ့စီးရတော့မယ်

ကြည့်သွားကြလေကွာ မင်းတို့တွေ ညီအစ်ကိုတွေအတွက်လည်း ရပ်ပေးကြမှာမဟုတ်ဘူး

ဖြည်းဖြည်းသွား ရစ်ချတ်လေး

မင်းတစ်မနက်လုံး စက်ဘီးစီးလာတာ အလေးသွားချင်လို့လား

အရေးပေါ်ထုတ်ပြန်ချက်အတွက် ကြားဖြတ်တင်ဆက်လိုက်ရပါတယ်

လွန်းပြန်ယာဉ် အတ္တလန်တစ်ဟာ

ဒီမနက် ၃ နာရီ ၄၇ မိနစ်မှာ အာကာသထဲမှာ ပေါက်ကွဲသွားပါတယ်

ဒီမနက်မှာ နာဆာရဲ့တာဝန်ရှိသူတွေကတော့ ငြင်းဆိုနေပါတယ်

ဟေ့ ဟေ့ လွှတ် လွှတ်

- ဒါက ငါ့ဂေါ်ဇီလာကွ လွှတ်စမ်းပါ - အရူးကောင်

ငါ့ရစ်ချတ်လေးကို မကန်နဲ့ မင်းဘာဖြစ်ချင်နေတာလဲ

ငါ့ဂေါ်ဇီလာကို အဲဒီခွေးက လာကိုက်နေတယ်လေ

မင်းလို ဂျပိန်လေးက ဘာလုပ်ပေးမှာလဲ

သူ့ကို ကိုက်စမ်း ရစ်ချတ် ဆွဲဖြဲလိုက်

ငါသာ ခရစ်ယာန်မဟုတ်လို့ကတော့

မင်းရဲ့ဝတုတ်ပြဲနေတဲ့ ခန္ဓာကိုယ်ကို ပြတင်းပေါက်က လွှင့်ပစ်လိုက်မှာ

ဘာလို့ ကားကမရွေ့တာလဲ

ခင်ဗျား မသိဘူးလား ဒါက နယူးယောက်မြို့လေဗျာ

ဘာမဆို ဖြစ်သွားနိုင်တယ် ကြည့်ပါလား

တွေ့လား အကြမ်းဖက်ဗုံးခွဲတာလည်း ဖြစ်နိုင်တယ်

သေနတ်မှန်ပြီး ဓားထိုးခံရတဲ့အလောင်းလား ပြီးတော့ ဒီနေ့ သောကြာနေ့လေ လစာထုတ်ရက်

တစ်ယောက်ယောက် ခုန်ချလိုက်တာလား လစမရလို့လား..ဟုတ်ကဲ့ပြော

ကျွန်မ ဈေးဝယ်ထွက်ချင်တယ်

ကျွန်တော်လည်း သွားချင်တယ် ဒါပေမဲ့ ကားပိတ်နေလို့ ဘယ်မှသွားလို့မရဘူး

- ရစ်ချတ်လေး - မြန်မြန်

- ဟိုနားမှာ - သွား

ရစ်ချတ်လေး

ခဏနော် ရစ်ချတ်လေး ငါလာနေပြီ

ဘာမှ စိတ်မပူနဲ့ ငါမင်းကို အပြင်ကိုထုတ်ပေးမယ်

အဆင်ပြေလား ကောင်လေး ဘာမှ စိတ်မပူနဲ့ အဲဒီမှာပဲ နေ

၉၁၁ ကို ဖုန်းဆက်ပေးကြပါ

ငါ့ကွန်ပျူတာမှာ အပြည့်ပဲ သူတို့က နေရာတိုင်းမှာ

အမည်မသိယာဉ်တွေ ဖင်လန်နိုင်ငံရဲ့ လေထုကနေ မြောက်အမေရိက ပင်လယ်ကမ်းခြေပိုင်းကို ဝင်နေတယ်

ကြည့်ကြဦး

ငါတို့ စစ်ဖြစ်နေပြီ

ဆာဒမ်ဟူစိန် ငါတို့ကိုဗုံးကျဲနေပြီ

လာ သွားရအောင် သွားစို့

ဒီကနေ ထွက်သွားကြ

ဘုရားရေ

အာရုံစိုက်ထားပြီး သူတို့လမ်းကြောင်းကို ခြေရာခံကြည့်ရအောင်

- တစ်ပတ်လောက် ကြာသွားမယ် - ရအောင်လုပ်ကြည့်

ဒါ အဆိုးဆုံးလား ဒီထက်ဆိုးတာ လာဦးမှာလား ငါသိချင်တယ်

ဗိုလ်ချုပ်ကြီးကင်မ်ဆေး ဖုန်းခေါ်နေပါတယ်

ဖင်လန်ကနေ ကာရိုလိုင်းနားတောင်ပိုင်းအထိ ဒဏ်ခံထားရတယ်

ဒုံးကျည်တွေ မဟုတ်မှန်း သိတယ် အဲဒါတွေ ဘာတွေလဲ

ဥက္ကာပျံတွေလွင့်လာတာ လွန်းပြန်ယာဉ်လည်း အဲဒါကြောင့်ပျက်စီးသွားတာ

- သူမင်းကို စောင့်နေတယ် - သေဆုံးသူအရေအတွက် ဘယ်လောက်လဲ

လေတပ် တပ်ဖွဲ့ ၁ ကနေ ငါ့ကို သမ္မတကြီးက အဖြေတွေတောင်းနေပြီ

ဒါဖြစ်နေတာ ပြီးသွားပြီလား

နာဆာမှာရှိတဲ့ လူပေါင်း ၁၁၀၀၀ ဒီကိစ္စကို အခုအဖြေရှာနေပါတယ် ဗိုလ်ချုပ်ကြီး

ကျွန်တော်တို့သိတာနဲ့ ပြန်ပြောပါ့မယ်

ကားလ်..အချိန်ယူပြီးလုပ်ပါ ဟုတ်တာပေါ့ ဆရာက ပထမဆုံးပါပဲ

ပထမဆုံး မြေပုံညွှန်းဂဏန်းက တစ် နှစ် သုံး ကိုး ဟုတ်တယ်နော်

- အက်ဖ်ဘီအိုင်က သူ့တည်နေရာကို ပိတ်ထားတယ် - အာကာသထဲမှာ ပေါက်ကွဲတာတွေ့လိုက်တယ်

ဟုတ်ပြီ

- နောက်ဆုံးတစ်ခု.. - ကားလ်..ဒါကထိပ်တန်းလျှို့ဝှက်ချက်နော်

ကျုပ်က ရေတပ်ကနေ အငြိမ်းစားယူထားတာပါ ဒီလုံခြုံရေးကိစ္စတွေ နားလည်ပါတယ်

ဒါပေမဲ့တစ်ခုရှိတာက

အဲဒီဥက္ကာခဲကို ရှာတွေ့တဲ့သူက နာမည်ပေးရမယ် မဟုတ်လား

ဟုတ်ပါတယ် မှန်ပါတယ်

ကျွန်တော်အဲဒါကို ကျွန်တော့်မိန်းမနာမည် ဒေါ့တီလို့ ပေးချင်တယ်

ကျုပ်မိန်းမက သူ့လက်ကပြေးမလွတ်အောင် ရက်စက်ကြမ်းကြုတ် ယုတ်မာတဲ့မိန်းမ

သိပ်ချစ်စရာကောင်းပါတယ် ကားလ်

အက်စ်ဒီအိုင် လေကြောင်းဒါရိုက်တာပါ အာကာသမှန်ပြောင်းကို အခုချက်ချင်းရွှေ့ပါ

ဟုတ်ကဲ့..အာကာသမှန်ပြောင်း နေရာရွှေ့မယ်

အကြီးကြီးပဲ

ကိုသြဒိနိတ်မျဉ်း ၁၆၄၃ မှာ မူမမှန်တာတစ်ခု တွေ့ထားတယ်

ဒါက ကိုသြဒိနိတ်မျဉ်း ၁၆၅၈ ကပုံ

ဒါက ကိုသြဒိနိတ်မျဉ်း ၁၇ဝဝ မှာရှိတဲ့ မူမမှန်တာတစ်ခုပါ

ဒီမူမှန်တဲ့ကိစ္စပြောနေတာတွေ ရပ်တော့

- အဲဒါ ဘာကြီးလဲ - ဂြိုဟ်သိမ်ဂြိုဟ်မွှားပါ ဆရာ

ဘယ်လောက်ထိ ကြီးလဲ

ဆရာ..ခန့်မှန်းချက်ကတော့ ၉၇ ဒဿမ ၆ ဘီလီယံ..

- တက္ကဆက်ပြည်နယ်ရဲ့အရွယ်လောက် ရှိပါတယ် - ဟုတ်ပါတယ် ဆရာ

ဒန်..ဒါကြီးလာနေတာ ငါတို့မမြင်လိုက်ဘူးလား

ဥက္ကာပျံတိုက်မိတဲ့ကိစ္စမှာ ကျွန်တော်တို့ သုံးငွေက ဒေါ်လာတစ်သန်းပါ

အဲဒီငွေလောက်နဲ့ အာကာသရဲ့ သုံးရာခိုင်နှုန်းလောက်ကိုပဲ ခြေရာခံလို့ရတယ်

ကန်တော့ပါရဲ့ဆရာရယ် အာကသက နည်းတာကြီးမှမဟုတ်တာ

ဒီမနက်က ဟာတွေကရော

ဘာမှ မဟုတ်ပါဘူး ဘက်စကတ်ဘောလုံးလောက်

ဘောက်စ်ဝပ်ဂွန်ကားလောက် အရွယ်အစားတွေပါ

ဒါကြီးက ကျုပ်တို့ကမ္ဘာကို လာဆောင့်မှာလား

ကျွန်တော်တို့တတ်နိုင်သမျှ ကြိုးစားနေပါတယ်

ဘယ်လောက်ထိ ပျက်စီးနိုင်လဲ

အပျက်အစီးလား

အကုန်လုံးပါပဲ ဆရာ

ကမ္ဘာဖျက်တဲ့အရာဆိုတာ ဒါပါပဲ

လူသားမျိုးနွယ် ပျောက်သွားနိုင်ပါတယ်

ဘယ်နေရာကို ထိထိပါ

ဘာမှ အသက်မရှင်နိုင်ပါဘူး ဘက်တီးရီးယားတောင် မရှင်နိုင်ပါဘူး

ဘုရားရေ ဘယ်လိုလုပ်ကြမလဲ

အဲဒီဥက္ကာခဲ ကမ္ဘာကြီးကိုထိဖို့ ၁၈ ရက်ပဲ လိုတော့တယ်

တောင်တရုတ်ပင်လယ်

- ညှာညှာတာတာလေး လုပ်ပါ - ထထကြွကြွ နေကြစမ်းပါကွ

ရေနံတူးတာရပ် ရေနံတူးတာရပ် ရေနံတူးတာရပ်

- ဦးပိုင်းကို - ရေနံတူးတာ ရပ်

ရေနံတူးတာရပ် ရေနံတူးတာရပ်

- ဟေ့ - ထိခါနီးပဲနော်

ငါမင်းတို့ကို တစ်နှစ် ဒေါ်လာ ၅ သောင်းလောက် လှူပေးနေတာပဲ

ဘာလို့ သူတို့ ဒီလောက်စိတ်ဆိုးနေတာလဲ ချစ်ခ်

ရေနံတူးတာက မကောင်းတဲ့အလုပ်လို့ သူတို့ထင်နေလို့ ဖြစ်မှာပေါ့

အဲဒီစုတ်ပြတ်နေတဲ့သင်္ဘောနဲ့ တစ်နာရီကို ဒီဇယ်ဘယ်လောက် စုပ်ထုတ်မယ်ထင်လဲ

ဒီမှာ စိတ်ဝင်စားစရာတစ်ခု တွေ့ပြီ

- မနေ့ညက နံပါတ်နှစ်က ပေ ၁၈၀ လောက်စားသွားတယ် - ဘယ်သူ့ကြောင့်လဲ

ခင်ဗျားကို ထင်ကြေးနှစ်ခုတော့ပေးလို့ရတယ် ဒါပေမဲ့ တစ်ခုဆိုရပါတယ်

သေစမ်း အေဂျေ

အေဂျေ

အေဂျေ အေဂျေ မင်းအထဲမှာလား

ကောင်းလိုက်တာ အိပ်တုန်းပေါ့ ထစမ်း

- ကျွန်တော့်ကို တွေ့ချင်လို့လား - အေး ငါမင်းကိုရှာနေတာ

ခင်ဗျား စိတ်ဆိုးနေတာ ကျွန်တော်သိပါတယ်

မဟုတ်ပါဘူး အေဂျေရာ ငါစိတ်မဆိုးပါဘူး

ငါစိတ်ဆိုးတာ မင်းမြင်ဖူးပါတယ် ဒါက စိတ်ဆိုးတာထက်ကို ပိုသွားပြီ

မနေ့ညက ငါ နံပါတ်နှစ်ကို ပိတ်လိုက်တာ မင်းသိတယ်နော်

ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော် သိနေတယ်

ဟေ့ကောင် မင်းကိုငါပြောမယ်

တစ်နေ့ နှစ်တွေအများကြီးကြာပြီး မင်း အရွယ်ရောက်လာတဲ့အခါ

မင်းကိုယ်ပိုင် ရေနံကုမ္ပဏီရှိလာမယ်

စာချုပ်ထဲမှာလည်း မင်းရဲ့ကိုယ်ပိုင်ငွေ ဒေါ်လာ ၈ သန်းလောက် ရှိမယ်

အဲဒီအခါကျရင် မင်းရဲ့ပိန်းတိန်းတိန်း ဦးနှောက်ထဲရှိသမျှ လုပ်ချင်တာလုပ်လို့ရတယ်

ဒါပေမဲ့ ဟယ်ရီစတန်ပါ ရေနံတွင်းမှာ လုပ်နေသမျှ မင်းငါ့စည်းကမ်းတွေကို မချိုးဖောက်ရဘူး

- မင်းနားလည်လား - ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်

အခုချက်ချင်း ငါမင်းဆီက စကားလုံးငါးလုံးကြားချင်တယ်

- နောက်မလုပ်တော့ဘူး - နောက်မလုပ်တော့ဘူး

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left