De eerste 200 regels.
မင်းကိုချစ်တယ်
လက်ခံပေးပါနော်
- မက်တ် ငါဒီမှာမနေသင့်တော့ဘူး - လုပ်ပါ အန်နာရယ်
- မလုပ်ပါနဲ့ - ပျော်ဖို့ကောင်းမှာပါ
ဒီမှာ တကယ်မနေသင့်တော့ဘူး
အန်နာ
ကျွန်မ ပါတီပွဲကို ရောက်နေတာပါ
ဒါပေမဲ့ အိမ်ကို ပြန်ချင်နေပါပြီ
ဘယ်သွားမလို့လဲ အန်နာ
အိမ်ကို မသွားနဲ့
အဲဒီနောက်မှာတော့ အမေ့ရဲ့ ခေါင်းလောင်းသံကို ကြားလိုက်ရတယ်
အမေ့ဆီ သွားတွေ့တယ်
သူနေမကောင်းဖြစ်တော့ သူ့ကို လှေအိမ်ကလေးမှာ ရွှေ့ထားလိုက်တယ်
သူနေချင်တဲ့ နေရာလေးပါ
အမေက တစ်ယောက်တည်းနေရပါတယ်
သူကတော့ တစ်ယောက်တည်း နေချင်မှာ မဟုတ်ပါဘူး
အန်နာ
အဖေ့ကို သွားရှာဖို့ အိမ်ကို အပြေးအလွှားသွားခဲ့တယ်
တစ်ခုခုတော့မှားနေပြီ
လုံခြုံမှုရှိတယ်လို့ စိတ်ထဲမှာ မခံစားရပါဘူး
ဒီအိမ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေ ရှိနေပါတယ်
သစ်တောထဲကနေထွက်ပြီး အိမ်ကိုပြန်ဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကို မက်တယ်ဆိုတော့
အိပ်မက်က တစ်ခုခုတော့ ထူးဆန်းနေတယ်
ဟုတ်တယ်
အိမ်ကို ရောက်သွားတော့ အမေက ကျွန်မကို တစ်ခုခုပြောဖို့ ကြိုးစားနေသလိုပဲ
ဒါပေမဲ့ သူပြောနေတာတွေကို ကျွန်မ နားမလည်ဘူး
တို့တွေ ဆံပင်အနီနဲ့ကောင်မလေးအကြောင်းကို ပြောပြီးပေမယ့်
အခုချိန်မှာ ရေခရားနဲ့ပတ်သတ်ပြီး အချက်အလက် အသစ်တစ်ခုရှိနေတယ်
ဘာလို့ ရေခရားကို ကိုင်ထားခဲ့တယ်လို့ ထင်လဲ
မသိပါဘူး
တကယ်ကိုမမှတ်မိတာ
အဲဒီမီးကို ငြိမ်းသတ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်
အမေ နေမကောင်းစဖြစ်တုန်းက သူ အဲဒီနေရာမှာ
အမြဲ နေချင်တယ်လို့ ပြောတယ်
အဖော်ကွဲနေတဲ့ ကြောင်လို ဒါမှမဟုတ် ငြီးငွေ့စရာကောင်းသလို ဖြစ်နေပေမယ့်
ဒါက သူအမြဲတမ်းနေချင်တဲ့ ပုံစံပါ သူက ကျွန်မတို့ကို ကာကွယ်ပေးခဲ့တယ်
ဒါပေမဲ့
ဒါပေမဲ့ မီးလောင်တဲ့ညမှာ ကျွန်မ သူ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး
တော်လိုက်တဲ့ ကလေးမ
တော်တယ်ဆိုရင် ဘာဖြစ်လို့ အဲဒီညက အဖြစ်အပျက်တွေကို မမှတ်မိရတာလဲ
ကောင်းပြီလေ ငါ့အထင်ကို ပြောပြမယ်
တို့တွေဟာ အမှတ်တရတွေနဲ့ ရှင်သန်ကြပေမယ့်
တစ်ခါတစ်လေကျရင် မေ့ပျောက်ခြင်းနဲ့လည်း ရှင်သန်ရတယ်
စိတ်မကောင်းစရာ မီးလောင်မှုတစ်ခုမှာ မင်းအမေကို ဆုံးရှုံးခဲ့ရတယ်
အဖုံးကွဲနေတဲ့ ဓာတ်ဆီပုံးကနေ မင်းဘဝကို ပြောင်းလဲစေခဲ့တာလား
မေ့ပစ်လို့မရနိုင်တဲ့ အဖြစ်ဆိုးတော့ မဟုတ်နိုင်ပါဘူး
- ဒါပေမဲ့ အိပ်မက် မက်နေတာကျတော့ကော - အိပ်မက်က အိပ်မက်ပါ
မင်းနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အိပ်မက်ဆိုတာ ဒီလိုပါပဲ
သဘာ၀ဖြစ်စဉ်တစ်ခုပါ အန်နာ
ဘယ်လောက်ကြာပြီလဲ ၁၀ လလား အားလုံးကို အဆုံးသတ်နိုင်မှာပါ
ဒါပေမဲ့ ဒီလိုနေရာမျိုးမှာတော့ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး
- ကျွန်မပြန်လို့ရပြီလား - ငါ့ဆီက နောက်ထပ်ဘာလိုချင်သေးလို့လဲ
အိမ်ပြန် ကောင်လေးကို နမ်းပြီး ခက်ခဲတဲ့ဘဝထဲပြန်ဝင်တော့
မင်းစတင်ခဲ့တာကို ပြန်အဆုံးသတ်ရမယ်
ဟိုင်း
ခဏပဲစောင့်နော်
ချစ်စရာအန်နာလေး နွေးထွေးတဲ့အိမ်ကို ပြန်တော့
ငါကတော့ တစ်ယောက်တည်း နေခဲ့ရတော့မှာပေါ့
ငါတကယ်ပြန်ရတော့မယ်
သွေးတွေအများကြီးထွက်ခဲ့တယ်မလား အန်နာ
နင့်ကို သူတို့က ကုသခဲ့တယ်လို့ ထင်နေတာလား
လာပါ သမီး ကလေးမ အထုပ်တွေပြင်ပါစေ
တစ်ချိန်လုံး ဒီအထဲမှာ လျှောက်မသွားပါနဲ့လို့ ပြောထားတယ်မလား
သူတို့က ငါ့ကိုတောင် ကုပေးနိုင်တာ မဟုတ်ဘူး
ငါ့ဇာတ်လမ်းတွေကို ဘယ်သူက နားထောင်တော့မှာလဲ
သမီးအံ့ဩသွားစေမယ့်အရာ အဖေ့မှာရှိတယ်
- လက်ဆွဲအံထဲမှာ ကြည့်လိုက် - ချိစ်ဘာဂါ မဟုတ်လား
လုံးဝမဟုတ်ပါ
- အဖေလက်စသတ်လိုက်ပြီပဲ - ဟုတ်တယ် အထဲကိုကြည့်လိုက်
- ကျေးဇူးပါ အဖေ - ရပါတယ် သမီးရဲ့
ဖတ်လို့ကောင်းလားဟင်
အဖေသေချာတော့မသိဘူး သမီးဖတ်ပြီးပြောပြမှာတော့သေချာတယ်
တစ်ခုခုတော့ ကောင်းတယ်ဆိုတာသိတယ်
စားလို့ကောင်းမယ့်ပုံပဲ ကျေးဇူးပါအဖေ
ဟုတ်တယ် ရေချယ်လုပ်ထားလေ
ဒီနေ့ သူကော လိုက်လာမလို့ပဲ ဒါပေမဲ့
သမီးကို အဖေကိုယ်တိုင်ပဲ လာကြိုချင်တယ်ဆိုပြီး ပြောလိုက်လို့
သူက အရမ်းတော်တဲ့သူပါ အန်နာ
သူမရှိဘဲနဲ့ ရပ်တည်နိုင်လိမ့်မယ်ဆိုတာ
- သမီးကအဖေ့သဘောအတိုင်းပဲလေ - အဖေ မသိခဲ့ဘူး
အဲလက်စ်
အန်နာ ပြန်ရောက်လာပြီပဲ
ပြန်ရောက်တာ စောသားပဲ မင်းကို ဖက်ချင်ပါတယ် ဒါပေမဲ့ အိမ်ကနေ ကြိုဆိုပါတယ်ကွယ်
လှလိုက်တာ အရမ်းပိန်သွားတယ်နော်
အန်တီလည်း တစ်ခါတစ်လေကျရင် အဲဒီမှာ သွားပြီးနေကြည့်ဦးမယ်
သူ့ကို နည်းနည်းဝလာအောင် လုပ်ဖို့က ကျွန်မရဲ့ တာဝန်ပဲ
မင်း အဖေကိုတောင် ဝလာအောင် လုပ်ပေးပြီးပြီ
ဟုတ်တယ် သူက တစ်နေကုန် ချက်ပြုတ်နေရတာ
- မင်း ဘာတွေချက်နေတာလဲ - ရှင့်အကြိုက်ဆုံး အမဲသားအချိုရည်နှပ်လေ
အခုဆို မိန်းကလေးတွေအပြည့်ရှိတဲ့ အိမ် ဖြစ်နေပြီမလား စာရေးဆရာကြီး
အန်တီစဉ်းစားထားတဲ့ကိစ္စ မင်းကို မင်းရဲ့အဖေ ပြောပြလား
မပြောရသေးဘူး
ပါတီလုပ်ဖို့လေ
"အန်နာ့ကို အိမ်မှကြိုဆိုပါတယ်" ဆိုတဲ့ ပါတီပွဲလေး လုပ်ပေးမလို့
ဪ ဟုတ် ရပါတယ်
သမီးကို အားလုံးက မေးနေကြတယ်
နွေတစ်ရာသီလုံး မေးနေကြတာ
- ချက်ချင်းကြီးတော့မဟုတ်ပါဘူး - မဟုတ်ပါဘူး
ကောင်းပါပြီ သမီးရေထဲ ဆင်းမလို့
ပါတီကိစ္စမေ့လိုက်ပြီ
အန်နာ
ဘာမှမဖြစ်ခဲ့သလိုပဲမလား
အဲလက်စ် ငါနင့်ကိုအရမ်းသတိရနေတာ
နင်ဘယ်လိုထင်လဲ
သူက နားရက်မှာတောင် အလုပ်တွေလုပ်ခဲ့တယ်
နင်ပြန်ရောက်တဲ့အချိန်မှာပဲ စာအုပ်လည်း ပြီးသွားလောက်ပြီ
လူနာဆောင်အသစ်မှကြိုဆိုပါတယ်
ပိုကောင်းတဲ့ အစားအစာတွေ
ပိုရူးသွပ်နေတဲ့ လူတွေ
သူ ဘယ်တုန်းက ပုံစံပြောင်းသွားတာလဲ
မှန်းကြည့်ပေါ့
ပထမကတော့ မတော်တဆမှုဖြစ်ထားတဲ့ လူနာကို ကူညီတယ်
ပြီးတော့ နာရေးကိစ္စကို ကူညီပေးခဲ့တယ်
အခုတော့ စီမံခန့်ခွဲသူအဖြစ် ကူညီပေးနေတယ်
တစ်ညကို ၃ ကြိမ်
ဘာပဲဖြစ်ဖြစ်ပါ
ကျေးဇူးအများကြီး တင်ပါတယ်
ဘာအတွက်လဲ
- ငါ့ကိုပစ်ထားခဲ့လို့ - အဲလက်စ်
နင့်ရဲ့စိတ်ရောဂါကို သွားပြီး ကုသနေတဲ့အချိန် ဒီအိမ်မှာ ငါက
သူတို့ ၂ ယောက်ရဲ့ကြားမှာ နေခဲ့ရတာကို နင်သိပါတယ်
ဆေးရုံမှာ ဘယ်လိုနေခဲ့ရလဲဆိုတာကို နင်မသိပါဘူး
သူကလည်း ငါ့ရဲ့အမေပါပဲ
ငါ့ကို အနည်းဆုံးတော့ စာတောင် ပြန်မပို့ခဲ့ဘူး
နင်ဘာတွေပြောနေတာလဲ
နင့်အတွက် သီချင်းတွေ စာတွေ ပို့ပေးခဲ့တယ်
ငါ့ဆီ ဘာမှရောက်မလာဘူး အဲလက်စ် ငါကျိန်ပြောရဲပါတယ်
ဒေါက်တာဆဲလ်ဘာလင်းက အဲဒါတွေကို မတွေ့စေချင်လို့ ဖြစ်မှာပေါ့
အဲဒါက ဒေါက်တာဆဲလ်ဘာလင်း မဟုတ်လောက်ဘူး
အကျင့်မကောင်းတဲ့လူကြီး
သမီးရဲ့စာတွေကို ဘာလို့ မပို့လိုက်တာလဲ အဖေ
အဲဒါ သမီးရဲ့စာတွေပါ
ဘာလဲ မိန်းမငယ်အသစ်လေးအကြောင်း သူ့ကို ပြောမှာစိုးလို့လား
ဟုတ်တယ်မလား
လူကြားမကောင်းတဲ့ လျှို့ဝှက်ချက်လေးတွေကို ပြောမှာစိုးလို့လား
ဒါဆိုရင် သူ့ကိုအိမ်ပြန်ခေါ်လာတာ အဖေမှားသွားပြီ
ပြီးတော့ ဒီအကြောင်းတွေကို အတင်းတုပ်ရင်း ပျော်နေကြတဲ့ ဒီမြို့လည်းပါတယ်
အဖေက အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်
- အဲလက်စ် ဘယ်သွားမလို့လဲ - အလေးထားမယ့် တစ်ယောက်ယောက်ဆီ
လန့်သွားတာပဲ
လာပါဦးကွယ် အခုတော့ဖက်လို့ရသွားပြီ အန်တီ သန့်သွားပြီ
နားထောင်ပါဦး အန်နာ
မင်းအဖေရဲ့ ချစ်သူအသစ်ကို မုန်းနေမယ်ဆိုတာ
အန်တီသိပါတယ် ဒါပေမဲ့
မိသားစုအရင်းတွေထက် ပိုပြီးတော့ ပျော်ရွှင်စရာကောင်းအောင် ဖန်တီးနိုင်မယ်လို့
မျှော်လင့်ပါတယ် ဖြစ်အောင်လည်း လုပ်ကြမယ်လေ
- သေချာတာပေါ့ - ဟုတ်တယ်
- တစ်ခုခုပြောင်းလဲနေတယ် - ဟုတ်တယ် ဆေးပြန်သုတ်ထားတာ
အိမ်ထဲမှာ နံရံကပ်စက္ကူတွေနဲ့ အလှဆင်ထားတာကိုကြိုက်ပါတယ်
ဒါပေမဲ့ မီးဖိုခန်းကတော့ အလင်းရောင်ရဖို့ လိုအပ်တယ်လေ
အရင်က ဒီနားမှာ တစ်ခုခုရှိတယ်
အဲဒီနားမှာ ရှိတာလား
ဟုတ်တယ်လေ ကျောက်သင်ပုန်းရှိခဲ့တာနဲ့ တူတယ်
ဟုတ်သားပဲ ကျောက်သင်ပုန်းရှိခဲ့တာ
တခြားပစ္စည်းဟောင်းတွေနဲ့အတူ ထပ်ခိုးပေါ်မှာ ရှိနေတာဖြစ်မယ်
အဲဒါကို အသုံးမလိုတော့ဘူး ထင်လို့ပါ
ဘယ်လို သဘောရလဲ
စားစရာတွေ ပြင်ဖို့ကို ကူညီပေးချင်လား
မပြင်ပေးတော့ပါဘူး ဗိုက်လည်းမဆာသေးလို့ပါ
အဲလက်စ်လား
နင်ဘာလုပ်နေတာလဲ
ဒါနဲ့.. ဆေးတွေကြောင့် နာ့စ်မတွေကို သောင်းကျန်းခဲ့တာလား
- မသိဘူးလေ - ဟုတ်ပါပြီ
နင်မူးလာတာလား
ဟုတ်တယ် ပါတီပွဲမှာ သောက်လာတာ
- အဲဒါကို ဘယ်ကတွေ့တာလဲ - ထပ်ခိုးပေါ်က
အဲဒါကို ဘာလုပ်နေတာလဲ
မသိဘူးလေ ထပ်ခိုးပေါ်မှာ တွေ့မိလို့
ဒါက ထပ်ခိုးပေါ်မှာပဲ ရှိနေသင့်တာ
- ဒီခေါင်းလောင်းကိုမုန်းတယ် - ဘာလို့လဲ
ဒီခေါင်းလောင်းက အမေ့ကို ပြန်သတိရစေတယ်
အမေ့ကို သတိရဖို့ လိုအပ်တယ် အဲလက်စ်
သူနေမကောင်းဖြစ်ပြီးတော့ အကူအညီလိုရင် ဒီခေါင်းလောင်းလေးနဲ့ လှမ်းခေါ်တာ
အ ချင်ယောင်ဆောင်မနေနဲ့ အန်နာ ဒီခေါင်းလောင်းကို ရေချယ်ဝယ်ခဲ့တာ
ဘာကိုဆိုလိုတာလဲ
တိရစ္ဆာန်အရောင်းဆိုင်ထဲ ဝင်ပြီး ခေါင်းလောင်းကိုဝယ်တယ်
အိမ်ကို ပြန်လာတော့ အမေ့ရဲ့ လက်ကောက်ဝတ်မှာ ချည်ပေးခဲ့တယ်
ဘာကြောင့်လဲဆိုတာ နင်သိလား
အဖေနဲ့ ပလူးနေတဲ့အချိန်မှာ အမေလာရင် သိရအောင်လို့ပဲ
- ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ - ဘာလို့ ပေါက်ကရပြောရမှာလဲ
ရေချယ့်ဆီ အဖေ ပါမသွားအောင်လို့လေ
ငါ့ကို ယုံစမ်းပါ အန်နာ အဖေ့ကိုပြန်ရဖို့ ကြိုးစားခဲ့တာတွေက ပြီးသွားပြီ
နင်သိထားဖို့က ငါမူးရင်မူးနေလိမ့်မယ်
ဒါပေမဲ့ အနည်းဆုံးတော့ အမှန်တရားကိုတော့ သိပါသေးတယ်
ဗိုက်ဆာလာပြီ ဘရစ်တို စားလိုက်ဦးမယ်
နောက်တစ်ခါဆိုရင် ပေါင်တူကြီးကို သုံးကြည့်ပါလား
- စိတ်မရှိပါနဲ့ - ငါကြည့်လို့လှနေလား
ကောင်းတယ် အမှန်တော့ ငါတို့မီးဖိုခန်းလေးမှာ အဲဒါလိုနေတာ
ဒါမဟုတ်ဘူးလား
- ငါသွားပြီ - ကောင်းတာပေါ့
အန်နာ
မင်းအမေကို ပြုစုဖို့ ဒီအိမ်ကို ပထမဆုံးရောက်လာခဲ့တဲ့အချိန်ကို မှတ်မိတယ်
အိမ်တစ်ခုလုံးကို ကူညီပေးတယ်
အဲလက်စ်က ဆယ်ကျော်သက်အချိုးမျိုးနဲ့ အရွဲ့တိုက်ခဲ့ပေမယ့်
မင်းအဖေကို စိတ်မပျက်ခဲ့ဘူး
ဒါပေမဲ့ မင်းကတော့ အဲဒီလို အရွဲ့မတိုက်ဘူး
စကားနည်းတယ် ယဉ်ကျေးတယ် တကယ့်ကို ရည်မွန်တဲ့ ကလေးမလေးပါ
"နက်ရှိုင်းတဲ့နေရာကိုပဲ ရေတွေစီးဆင်းနေတယ်"
"သူက သန်မာတဲ့သူပါ" ဆိုတဲ့
အတွေးစာစုကို မှတ်မိသေးတယ်
No comments yet. Be the first to leave one.