The Citadel

The Citadel

Muat Turun Sari Kata Burmese

Maklumat siaran

The Citadel 1938 Burmese
Ulasan oleh LennoxJunior
Nominated 4 OSCARS for Best Picture, Best Director, Best Actor and Best Adapted Screenplay.

Tag

other
Diterbitkan pada: 2023-06-04
Muat Turun: 40
Masalah Pendengaran: No

Pratonton sari kata Burmese

200 baris pertama.

မောင်ရင်က ဒေါက်တာ ပေ့ချ် ရဲ့ လက်ထောက်ဆရာဝန် လုပ်မယ့်လူမဟုတ်လား

- ဟုတ်ပါတယ်ခင်ဗျ ကျွန်တော် ဒေါက်တာ မေဆန် ပါ - ကျုပ်က မြင်းရထားမောင်းတဲ့ အဘိုးကြီး တောမတ်စ် ပါ

ကျုပ်မှာ မြင်းရထားပါလာတယ် မဟုတ်လို့ကတော့ မောင်ရင် ရေကူးနေရလိမ့်မယ်

ပြေးထားဟေ့ ငါ့ကောင်လေးရေ ပြေးထား

- မောင်ရင် ဒီကရေးလိုက်တဲ့စာ ရတယ်မလား - ဟုတ်

အင်း ကျုပ်ထင်သားပဲ ရလိမ့်မယ်လို့ နောက်ဆုံးလုပ်သွားတဲ့ လက်ထောက်ဆရာဝန်ကတော့ ၁၀ ရက်ပဲ ခံတယ်

- များသောအားဖြင့် ဒီလိုချည်းပါပဲ - အိုး... ဘယ့်နှယ်ကြောင့်ပါလိမ့်

- အကြောင်းတစ်ခုကတော့ အလုပ်များလွန်းလို့... - နောက်တစ်ခုကရော...

မောင်ရင် လုပ်ရင်းနဲ့ သိလာမှာပါ

အလိုလေးလေး ရှင်က ဒေါက်တာ မေဆန် ပဲ ဖြစ်မယ်

ကြွပါရှင်... ကြွပါ

ကျွန်မက ဒေါက်တာ့ရဲ့ အမျိုးသမီး မစ္စ ပေ့ချ် ပါ

စိုနေတဲ့ကုတ်လေး ချွတ်လိုက်ပါဦး ချိတ်စရာရှိတယ် တော်ကြာအအေးမိနေဦးမယ်

ရှင့်ရဲ့ ပထမဆုံးလူနာက ရှင်ကိုယ်တိုင်ပဲ ဖြစ်သွားဦးမယ် ဟုတ်ပါရဲ့နော်

ဟုတ်ပဗျာ

ကဲပါ... ရှင်နောက်တစ်မိနစ်လောက် အသက်ထပ်မကြီးသွားခင် ဒေါက်တာနဲ့ လာတွေ့လိုက်ပါဦး

သူရောက်လာပြီလေ အချစ်ရဲ့ ကျွန်မတို့အတွက် နောက်တစ်ယောက်ကို ပြောတာ

သူက ဆရာဝန်အသစ်စစ်စစ်လေး အားလုံးကို အဆင်ပြေအောင် လုပ်သွားလိမ့်မယ်

လာပါဦးကွယ် ဒေါက်တာ့ကို လာနှုတ်ဆက်လိုက်ပါဦး

- နေကောင်းပါရဲ့နော် ဆရာ - တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာ မေဆန်

မင်းအတွက် ဒီမှာလုပ်ရမှာတွေက အရမ်းများနေတော့ မနိုင်မနင်းမဖြစ်ပါစေနဲ့လို့ပဲ ငါမျှော်လင့်ပါတယ်

- မင်းက တော်တော့်ကို ငယ်သေးတာပဲ - ဒါ ကျွန်တော့်အတွက် ပထမဆုံးသော အလုပ်ဆိုတာ ကျွန်တော်သိပါတယ်

- ဒါပေမယ့် ကျွန်တော် အလုပ်များမှာကို မကြောက်ပါဘူးဗျ - တွေ့တယ်နော် ဒေးဗစ်

နောက်တစ်ယောက်နဲ့တော့ ကျွန်မတို့ ကံကောင်းတော့မှာပါလို့ ကျွန်မ မပြောခဲ့ဘူးလား

- မင်းနေနိုင်လိမ့်မယ်လို့ပဲ ငါမျှော်လင့်ရတာပါပဲ - အလိုလေးလေး ရှင်ဘယ်လိုတွေ ပြောလိုက်တာလဲ

သူ ဒီနေ့ စိတ်ဓာတ်ကျနေပြန်လို့ ဒီလိုတွေ ပြောနေတာပါကွယ်

မကြာခင် သူပြန်နေကောင်းလာပြီးတော့ အလုပ်ပြန်လုပ်လာနိုင်တော့မှာပါ ဟုတ်တယ်နော် ယောကျ်ား

ကဲ ဒီလိုဆို ရှင့်အတွက် ညစာကို ကျွန်မအပေါ်ယူခဲ့လိုက်မယ်နော် ကျွန်မအရင် စားလိုက်ဦးမယ်

သွားရအောင်လေ ဒေါက်တာ မေဆန်

ကျွန်တော်မျိုးမတို့ လက်ခံရရှိထားသော အရာများအတွက် လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်ရှိရပါတယ်

ကျွန်မ အစားအသောက်တွေကို ဂရုစိုက်နေရတယ် ဒေါက်တာရယ် ကျွန်မမှာက သွေးအားနည်းရောဂါ မဆိုစလောက်လေးရှိနေတယ်

အဲ့ဒီသွေးအားအတွက်သာပဲ အနီရောင်အသားနဲ့ ဘီယာတစ်ခွက်...

ပုံမှန်သောက်ပေးနေရတယ်လေ

ရှင်ဒီမှာ နာမည်ရလာလိမ့်မယ်... ရှင်မှတ်ထားဖို့က ရှင်ဟာ ဒေါက်တာ ပေ့ချ် အတွက် အလုပ်လုပ်နေတယ် ဆိုတာပဲ

ရှင့်ကို ဘယ်သူက ဘာပဲလာပြောပြော ဘာဆိုဘာတစ်ခုမှ နားမထောင်နဲ့... လုပ်စရာရှိတာကိုပဲလုပ်

ဒီလိုဆို ရှင်နဲ့ကျွန်မ အဆင်မပြေစရာ ဘာမှမရှိတော့ဘူး

ဒီလိုနေရာမှာတော့ အစားကောင်းအသောက်ကောင်း အချက်ပြုတ်ကောင်းတွေ မျှော်လင့်မထားနဲ့နော်

ရိုးရှင်းတဲ့အစားအသောက်ဆိုတာ ဘယ်သူ့ကိုမှ ဘာအနာတရမှ ဖြစ်စေတာမဟုတ်ဘူး

အိုး... ကျွန်မမေ့တော့မလို့ 'ဂလိုင်ဒါ'ရပ်ကွက် အိမ်နံပါတ် ၇ က ပင့်ထားတာရှိတယ်

- အိုး... အရေးကြီးလူနာလား - သေချာတော့ ဘယ်သိမလဲ

ဖုန်းခေါ်ထားတာကတော့ ၅ နာရီလောက်ကတည်းက ထင်တာပဲ...

- ဒါဆို ကျွန်တော်သွားလိုက်ဦးမယ် - အို... အခုချက်ချင်းကြီးတော့ အမြန်မလိုပါဘူး

အိုး... ကျွန်မမေ့တော့မလို့ ဒါရှင်ပထမဆုံး ကိုင်တွယ်ရမယ့် လူနာပဲ...

- အလုပ်စဖို့အတွက် စိုးတော့စိုးရိမ်နေမှာပဲ - အင်း

ကံကောင်းပါစေကွယ်

မင်္ဂလာညနေခင်းပါ ကျွန်တော်က ဒေါက်တာ ပေ့ချ် ရဲ့ လက်ထောက်ပါ

ဟာ... နောက်တစ်ယောက်ပါလား

ကျွန်တော်က ဆရာဝန်ပါ

ကျေးဇူးပါ

- ကဲ ဘာများ ဖြစ်နေလဲဗျာ - ကျွန်မနေလို့မကောင်းဘူး ဒေါက်တာ

တော်တော်ကို မကောင်းတာ ခေါင်းကိုက်တာက ခေါင်းထဲမှာ တူနဲ့ထုနေသလိုပဲ

ရေနည်းနည်းလောက် ယူပေးလို့ရမလားဗျ

လျှာအောက်မှာ ငုံထားလိုက်

ဒေါက်တာ... သူအရမ်းနေလို့မကောင်းဖြစ်နေတာလား

မဟုတ်ပါဘူး သူ... ကိုယ်ပူချိန်ကတော့ နည်းနည်းမြင့်နေတယ် ဒါပေမယ့်...

- သူဖျားတော့ ချမ်းစိမ့်စိမ့်ဖြစ်သေးလား - ဖြစ်တယ် လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက...

သူတော်တော်ကြောက်နေရှာတာ

ဟုတ်လား မကြာခင် သူပြန်ကောင်းလာတော့မှာပါ

နောက်တစ်နာရီလောက်နေရင် ဒေါက်တာ ပေ့ချ် ရဲ့ အိမ်ကိုလာခဲ့လိုက်ပါ

- ကျုပ်ဆေးပေးလိုက်ပါ့မယ် - ကျေးဇူးတင်ပါတယ် ဒေါက်တာ

ကျုပ် ဝင်ပြီးတော့ နှုတ်ဆက်သင့်တယ် ထင်လို့ပါ

ကျုပ်က ဒင်နီ ပါ ဒေါက်တာ မိုက်ကယ်စ် အယ်လ်.အက်စ်.အေ ရဲ့ လက်ထောက် ဆရာဝန်ပါ

အယ်လ်.အက်စ်.အေ ဆိုတာက ခင်ဗျားလည်း သိမှာပါ ဆေးရုံဆေးခန်းအဖွဲ့အစည်းဆိုင်ရာ ဘွဲ့တစ်ခုပဲ

ဘုရားသခင်ရော လူတွေပါသိတဲ့ အမြင့်ဆုံးဘွဲ့တစ်ခုပဲဆိုတာ

- နေကောင်းပါစ - ထိုင်ပါဦး ဟော့ကင်းစ်

သိပ်ကောင်း... ရောက်ရောက်ချင်း တယ်ကောင်းတဲ့အလုပ်တွေတောင် စပြီးနေပါရောလား

တစ်ခါသောက် စားပွဲတင်ဇွန်းတစ်ဇွန်းတဲ့

စာအုပ်ကြီးလမ်းစဉ်အတိုင်းဆိုတော့ စိတ်ချရတာပေါ့ဗျာ

ဒါပေမယ့် ဒေါက်တာ... ဘာလို့များ တစ်နေ့ ၃ ကြိမ်လို့ရော မပေးတာလဲ

သင်ရိုးညွှန်းစာအုပ်ကြီးထဲမှာ ရေးထားတာ မမှတ်မိလို့လား ဒေါက်တာ...

စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ တစ်နေ့ ၃ကြိမ်မှန်မှန် လည်ချောင်းကနေ ဝင်ရမယ်ဆိုတာ

ချိုမြမြအရသာ နိုက်ထရီပါလား သိပ်ကောင်း

ဒါသောက်လို့ သူတို့အတွက် ဆိုးကျိုးမဖြစ်သလို ဘာမှလဲ ကောင်းလာမှာမဟုတ်...

သူတို့ကတော့ ဆေးကုခံနေရပြီလို့တော့ ထင်သွားစေတာပေါ့လေ

စာအုပ်နီထဲမှာ ဘာရေးထားတာပါလိမ့်

ဝေခွဲမရဖြစ်နေရင် နိုက်ထရီသာပေးလိုက်ပါတဲ့

ဒါနဲ့ ဒေါက်တာ... ခင်ဗျား ဒီအရပ်ကို ဘာပြုလို့ လာရတာလဲ

ကျုပ်ရည်ရွယ်ချက်က 'ဘလင်းနယ်လီ'ကို ကျန်းမာရေးစံပြဌာနေလေးဖြစ်အောင် ပြောင်းပစ်ချင်လို့ပဲဗျ နေချင်စရာ စမ်းရေတွင်းလေးဖြစ်အောင် ဆိုပါတော့

ဟာသပါလား ဒေါက်တာရာ

စိတ်တော့မကောင်းဘူးဗျ ဒီအရပ်ကရေက နေချင်စရာ စမ်းရေတွင်းဖြစ်ဖို့...

သင့်တော်တယ်လို့တော့ ကျုပ်အကြံမပြုနိုင်ဘူး

ဒီတောင်ကြားမှာရှိတဲ့ ဆေးပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံးက...

- အစုတ်အပြတ်နဲ့ ဖွတ်ကျားတွေချည်းပဲ - ခင်ဗျားလည်း အပါအဝင်ဆိုပါတော့ ဟုတ်စ...

သိပ်ပါတာပေါ့ဗျာ

ဒီမှာ ဒေါက်တာ မေဆန် ကျုပ်နားလည်ထားတာက ခင်ဗျားဟာ လန်ဒန်မြို့ပေါ်မှာ တစ်နေရာရဖို့...

ဒီလိုတွေဖြတ်သန်းနေရတယ်ဆိုတာပဲ လောလောဆယ် ဒီအရပ်နဲ့ပတ်သက်လို့ ခင်ဗျားသိထားသင့်တဲ့ အချက် ၂ ချက်ရှိတယ်

ဆေးရုံမရှိဘူး ဓာတ်မှန်ရိုက်တဲ့စက်မရှိဘူး လူနာတင်ယာဉ်မရှိဘူး ဘာဆိုဘာမှမရှိဘူး

ခွဲစိတ်ချင်တယ်ဆိုရင် မီးဖိုချောင်က စားပွဲကိုသုံးဖို့ပဲ သုံး

ခင်ဗျားရဲ့ ဆရာ ဒေါက်တာ ပေ့ချ် က သိပ်တော်တဲ့ ဆရာဝန်ကြီးတစ်ယောက်ပဲ လွန်ခဲ့တဲ့ ၃ နှစ်က ဆိုရင်ပေါ့

သူကတော့ ဘယ်တော့မှ အလုပ်ပြန်လုပ်နိုင်ဖို့ မရှိတော့ပါဘူး

ကျုပ်ရဲ့ဆရာ မိုက်ကယ်စ် ကတော့ ငွေနောက်တကောက်ကောက် လိုက်နေတဲ့ ဝမ်းဆွဲသည်ကြီး ဖြစ်နေပြီ

ကျုပ်ကတော့ အတင်းအဖျင်းပြောတဲ့ နေရာမှာလောက်ပဲ အသုံးကျတယ်

အရက်ကိုတော့ ငါးတစ်ကောင်ရေသောက်သလို သောက်နိုင်သဗျ

ကဲ... ဒီလောက်ဆို အကုန်ပဲ ထင်ပါရဲ့ လာဟေ့ ဟော့ကင်းစ် တို့များ သွားကြစို့

ဒါနဲ့ 'ဂလိုင်ဒါ' ရပ်ကွက်မှာ မကြာမကြာဖြစ်နေတဲ့ဟာတွေက သမားရိုးကျနာ မဟုတ်ဘူးဗျ

ကျုပ်သာ ခင်ဗျားဆိုရင်တော့ အူရောင်ငန်းဖျားကို သတိထားမှာပဲ

အူရောင်ငန်းဖျား...

ဟုတ်သားပဲ...

ဝင်ခဲ့...

ဟယ်လို

အခုထိတော့ ခင်ဗျားလူမသတ်ရသေးဘူးမလား

ကျုပ် ခင်ဗျားဆီက အကြံဉာဏ်လိုချင်လို့ လာခဲ့တာ

ခင်ဗျားပြောတာမှန်တယ် အူရောင်ငန်းဖျားပဲ... ကပ်ရောဂါလိုတောင် ဖြစ်နေပြီ

ကျုပ် မှန်းလို့မရခဲ့တာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်သတ်ဖို့တောင် ကောင်းနေတယ်

ကျုပ်ခရိုင်ဆရာဝန်ကြီးဆီ ဖုန်းနှစ်ခါတောင် ဆက်သေးတယ် ဒါပေမယ့် စကားတောင်မှ ပြောခွင့်မရလိုက်ဘူး

ဒေါက်တာ ဂရစ်ဘလီ 'ဆွမ်ဆီး'ကို အရေးကြီးကိစ္စနဲ့ သွားနေတယ်မလား

ခင်ဗျား ဘယ်လိုသိတာလဲ

ကျုပ်လည်း ကြုံခဲ့ဖူးတာကိုး... 'ဆွမ်ဆီး'မှာ ဂေါက်ကွင်းကောင်းကောင်းတွေရှိတယ်လေ

- သူ့အဆင့်က ၅ တဲ့နော် - ဒါပေမယ့် တယ်လီဖုန်းကို ဂရစ်ဘလီ သူ့ဘာသူ ဖြေလိုက်တယ်လို့ ခင်ဗျားထင်လား

ဪ... ကျုပ်ကတော့ ကျုပ်ရဲ့ ဂရစ် ကို မလိုတမာစကားမျိုး တစ်ခွန်းမှ ပြောမှာမဟုတ်ဘူးဗျ

ပျင်းလည်းပျင်း၊ စေတနာကမပါ၊ တာဝန်လည်း သိပ်ရှောင်တဲ့လူ အဲ့လောက်ပါပဲ

- သောက်ပါဦးလား - ဟို... တော်ပါပြီ...

ကျုပ်အထင် ခင်ဗျားမသောက်သင့်ဘူးနော် ကျုပ်ဘာလုပ်ရတော့မှာလဲဗျာ

ဟာ... ခင်ဗျားကလည်း ကိုယ့်ဆေးညွှန်း ကိုယ်ပြန်မျိုချမိသလိုကြီး လာကြည့်မနေစမ်းပါနဲ့ဗျာ

ကြည့်ချင်စိတ်ရှိရင် ဟိုဟာလေး သွားကြည့်ကြည့်ပါလား

နောက်ဆုံးပေါ် မိုက်ခရိုစကုတ်ပါလား တော်တော်တော့ ဈေးကြီးမှာပဲ

ဒီဟာအတွက်နဲ့ပဲ ၆လတောင် မသောက်ပဲ နေလိုက်ရတယ်လေ

မဟုတ်ဘူး... ဒီမှန်ဘီလူးကနေကြည့်ကြည့်

လုပ်ထားတာကတော့ တယ်လဲအကောင်းကြီးမဟုတ်ပါဘူး အမှန်တော့ ဖြစ်ကတန်းဆန်းပါပဲ

ဓာတ်ခွဲခန်းတော့ မရှိဘူးပေါ့ဗျာ ကျုပ်က ခွဲစိတ်ဆရာကိုး

ဒါပေမယ့် ဒီလို စနစ်ကြီးအောက်မှာတော့ ခင်ဗျားတို့ ကျုပ်တို့ဟာ အကုန်လုံး လုပ်တတ်နေဖို့ လိုတယ်မလား

မှားစရာအကြောင်း မရှိပါဘူးဗျာ ခင်ဗျား ဘာတွေ့လို့လဲ

ကျုပ်လည်း မမှားဘူးလို့ပဲ ထင်တယ်

- ခင်ဗျားမှာလဲ အူရောင်ငန်းဖျားလူနာတွေ ရှိနေတာလား - ၄ ယောက်ရှိတယ်၊ ဒီရပ်ကွက်ထဲကပဲ

ဒီပိုးတွေက 'ဂလိုင်ဒါ'ရပ်ကွက်ရဲ့ ရေတွင်းတွေကနေ လာတာဗျ

အဓိက မိလ္လာမြောင်းကြီးကိုပဲ အပြစ်ဖို့ရမှာပဲ အရည်တွေက အဲ့ဒီကနေ စိမ့်ထွက်နေတော့...

မြို့အဲ့ဒီဘက်ခြမ်းက ရေတွင်းတွေဆီကို စိမ့်ဝင်နေတာ

- ဂရစ်ဘလီ ဒါကို သိလား - မိလ္လာမြောင်းအသစ်အတွက် ကောင်စီကို တင်ပြဖို့ကို ကြောက်နေတာ

ကောင်စီက အဲ့ဒီအတွက် ပိုက်ဆံသုံးလိုက်လို့ သူ့လစာတွေကို ဖြတ်လိုက်မှာ စိုးနေတာလေ

ဒါဖြင့် ကျုပ်တို့ ကျန်းမာရေးဝန်ကြီးဌာနကို စာတင်မှဖြစ်မှာပေါ့

လူတွေရဲ့သက်တမ်းက ၇၀ ပဲ ရှိတာပါ

ကျုပ်ကတော့ မရရတာကို တွေးထားပြီးပြီ

သူတို့တွေ မြောင်းအသစ်ဆောက်ပေးအောင် လုပ်ဖို့က တစ်နည်းပဲရှိတော့တယ်

- ဘယ်လိုလုပ်မှာလဲ - အဟောင်းကို ဖောက်ခွဲပစ်လိုက်မယ်

ခင်ဗျား ရူးနေပြီလား ဆေးပညာ ဆက်လေ့လာလို့ မရပဲနေလိမ့်မယ်

- ကျုပ်တို့ ဆေးကုလိုင်စင်ကို သိမ်းလိုက်မှာပေါ့ဗျ - ခင်ဗျားမလုပ်ချင်ဘူးဆိုရင် လိုက်ခဲ့ဖို့ မလိုပါဘူးဗျာ

ဒါပေမယ့် ခင်ဗျား ဒီလိုရူးကြောင်ကြောင်လုပ်ရပ်တော့ လုပ်လို့မရဘူးလေ ကျုပ်တို့ ထောင်ကျမှာပေါ့ဗျ

- တစ်နည်းနည်းတော့ ရှိဦးမှာပါဗျာ... ဟို... - ဒီလိုလုပ်တာ မကောင်းမှန်း ကျုပ်သိပါတယ်

ဒီအရည်နဲ့တော့ ကျုပ်ညကျမနိုးပဲ နေတော့မှာပဲ

ကျုပ်သေချာသိတာ တစ်ခုကတော့ အခုကနေစပြီး အားလုံး 'ဂလိုင်ဒါ' ရပ်ကွက်မှာ...

- ရေတွေကို ကျိုချက်ပြီးမှ သောက်ဖို့ပဲ - ဂရစ်ဘလီ ကိုရော အဲ့လိုလုပ်သောက်ဖို့ ခင်ဗျားမလုပ်နိုင်ဘူးလား

ဝင်ခဲ့ပါ

ကဲ... မစ္စ ဟောင်းဝ်စ် ရေ ဒီနေ့ ဂျိုဝီ ရဲ့ ဝက်သက်အခြေအနေ ဘယ်လိုလဲ

အစက်တွေကတော့ တော်တော်ဆိုးဆိုးကို ထွက်လာတယ် ဒေါက်တာ

- ဟုတ်လား... သူ့ကို နွေးနွေးထွေးထွေးရော ထားရဲ့လား - ဟုတ် ဒေါက်တာ ထားပါတယ်ရှင့်

ဟုတ်ပြီ လျှာအောက်ထည့်မယ် ဂျိုဝီ ...

ကဲ လာလေရော့

ခင်ဗျားမယ် လုပ်စရာတွေကလည်း များလိုက်ပါဘိနဲ့

အီးဒရစ် လေးကို ကျောင်းမပို့ပဲ အိမ်မှာထားထားရတော့ ပိုလို့ဆိုးနေမှာပဲနော်

- မစ္စ ဘာလို က အိမ်မှာထားထားဖို့ မလိုဘူးပြောတယ်လေ - ဘယ်လို ဘယ်လို

- မစ္စ ဘာလို က အငယ်လေးကို အိမ်မှာထားထားစရာ မလိုဘူးတဲ့ - မစ္စ ဘာလို ဆိုတာက ဘယ်သူမို့လို့ပါလိမ့်

ကျောင်းဆရာမလေးပါ

သူ ဒီနေ့မနက် ကျွန်မဆီ ဝင်လာကြည့်တော့ ကျွန်မ အလုပ်တွေ အရမ်းများနေတာ တွေ့တာနဲ့...

အီးဒရစ် လေးကို ကျောင်းကိုပို့လိုက်ပါလို့ ပြောလို့

- အိုး... သူက ပြောတယ်ပေါ့ - ဟုတ်ပါတယ်

သူ တကယ်ပြောသွားတာပေါ့နော်

ဒီလို မဖြစ်ဘူးဗျ

လုံးဝကို မဖြစ်သင့်တာ

ကျွန်မလုပ်တာ ဘာမှမမှားဘူးလို့ မျှော်လင့်တာပဲ ဒေါက်တာ

ဒီကိစ္စကျုပ်သွားမေးမှကို ဖြစ်မယ်

ခင်ဗျား သောက်ရေတွေကို တစ်စက်မကျန် ကျိုချက်ထားပါရဲ့နော်

ဟုတ် ဒေါက်တာ ရေနွေးအိုးက အငွေ့အမြဲမပြတ်ပါပဲရှင့်

- တစ်ခါတစ်လေ တစ်အိမ်လုံး အငွေ့တွေတောင်ဖုံးလို့... - ဒီလိုပဲ ဖြစ်ရမှာ... ကောင်းတယ်ဗျ

မစ္စ ဘာလို ဆိုတာ ခင်ဗျားလား

ဟုတ်...

ဟုတ်ပါတယ်ရှင့်

ရှင်က ဒေါက်တာ ပေ့ချ် ရဲ့ လက်ထောက်အသစ် မဟုတ်လား

ခင်ဗျားဆီမှာ ကူးစက်နိုင်တဲ့ ကလေးတစ်ယောက်ရှိနေတယ် အီးဒရစ်ဟောင်းဝ်စ် ...

သူ့အစ်ကိုမှာ ဝက်သက်ပေါက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား

- ဟုတ်... ကျွန်မ သိပါတယ်ရှင့် - ခင်ဗျား သိတယ်လား

ဒါနဲ့များ ဒီကလေးကို ဒီကိုခေါ်ထားတာ ဥပဒေနဲ့ မညီဘူးဆိုတာ ခင်ဗျား မသိဘူးလား

အိုး... မစ္စ ဟောင်းဝ်စ် က လုပ်စရာတွေ တစ်ပုံတစ်ထွေးနဲ့မို့လို့လေ

ပြီးတော့ အီးဒရစ် လေးက ကျောင်းမလာဘူးဆိုရင် သူ နွားနို့မသောက်ရပဲ ဖြစ်သွားမှာမို့လို့လေ

- နွားနို့က သူ့အတွက် တော်တော်လေး လိုအပ်စေမှာပဲဆိုတော့ - အခုက နွားနို့အကြောင်း မေးနေတာ မဟုတ်ဘူး

သူ့ကို အခုချက်ချင်းကို တစ်ယောက်ထဲ သီးသန့်ထားထားမှဖြစ်မှာ

ကျွန်မလည်း ရှင်ပြောသလို သူ့ကို သီးသန့်ထားထားပါရဲ့နော်

ဒါ ခင်ဗျားစိတ်ကူးနဲ့ ခင်ဗျား ခွဲထားတာပေါ့ ဟုတ်စ ကျုပ် စိတ်ကူးမှ မဟုတ်ပဲ

ဒီကလေးကို အခုချက်ချင်း အိမ်ကိုပြန်ပို့

ကျွန်မဟာ ဒီတစ်ခန်းလုံးရဲ့ ပိုင်ရှင်ဆိုတာ ရှင်မသိသေးဘူးထင်တယ်

ရှင့်ကို ဝိုင်းချီးမြောက်နေကြတဲ့ နေရာမှာပဲ ရှင်အမိန့်ပေးလို့ ရရင်ရမယ်

ဒီမှာကတော့ ကျွန်မအမိန့်သာလျှင် အကျုံးဝင်တယ်

ဒါ ခင်ဗျား ဥပဒေကို ချိုးဖောက်နေတာပဲ ဒီကလေးကို ဒီမှာ ဆက်ထားမယ်ဆိုရင်

ကျုပ်သက်ဆိုင်ရာ တိုင်ရမှာပဲ

ဒါဖြင့်လည်း သွားတိုင်လိုက်တာ ပိုကောင်းပါတယ်

တစ်ခါတည်းသာ လာဖမ်းခိုင်းလိုက်တော့ အဲ့လိုမှပဲ ရှင်ကျေနပ်နိုင်မယ် မဟုတ်လား

- ဟာ... ဒါပေမယ့် ကျုပ်... - ဒီ့ပြင်ဘာမှ ပြောစရာမရှိတော့ဘူးမလား

ကဲ ကလေးတို့ရေ ထရပ်ပြီး ဒေါက်တာ မေဆန် ကို 'မင်္ဂလာနံနက်ခင်းပါ အခုလိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်'လို့ နှုတ်ဆက်လိုက်ကြပါဦး

မင်္ဂလာနံနက်ခင်းပါ အခုလိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာ မေဆန်

သိပ်တော်တာပဲ ကလေးတို့

သို့ / ကျန်းမာရေးဝန်ကြီးခင်ဗျား ဘဏ်လမ်းကျောင်းမှ ဆရာမ...

ခရစ္စတီဘာလို သည် စည်းကမ်းကို မလိုက်နာသည့်အတွက် အပြစ်ရှိကြောင်း

တင်ပြလို...

ကျွန်တော့်အမျိုးသမီး...

အိုး... ကောင်းပြီဗျ

- ကျုပ်မှန်းထားတာထက် စောနေပါလား ဂျိုး - ဟုတ်တယ်‌ ဒေါက်တာ ဒါမကောင်းတဲ့လက္ခဏာလားဗျ

ဟာ မဟုတ်တာပဲ ဂျိုး ရာ ကိုယ့်ဟာကိုယ် အဲ့လောက်ကြီး ခြောက်လှန့်မနေနဲ့

ကျွန်တော်သိပါတယ် ဒေါက်တာ ဒါပေမယ့် ဒါကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ဒေါက်တာလဲသိပါတယ်

ကျွန်တော်တို့ လက်ထပ်ထားတာ ကြာလှပြီကိုမှ အခုမှ ပထမဆုံးကလေးရတာ

ပြီးတော့ နောက်တစ်ယောက်ဆိုတာလည်း ထပ်ရဖို့ မလွယ်တော့ဘူး ဟုတ်တယ်မလား

အားလုံးအဆင်ပြေသွားမှာပါဗျာ လာစမ်းပါ

The Citadel subtitles in other languages

Komen

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left