Mulan

Mulan

Muat Turun Sari Kata Burmese

Maklumat siaran

Mulan 1998 Burmese
Ulasan oleh LennoxJunior
Nominated 1 OSCARS for Best Original Score.

Tag

other
Diterbitkan pada: 2023-06-04
Muat Turun: 67
Masalah Pendengaran: No

Pratonton sari kata Burmese

200 baris pertama.

ငါတို့အတိုက်ခံရပြီ အချက်ပြမီးထွန်းကြ

မီးထွန်း အချက်ပြမီးထွန်း

အခု မင်းတို့ရောက်လာမှန်း တရုတ်တစ်ပြည်လုံးသိသွားပြီ

သိပ်ကောင်းတာပေါ့

ဘုရင်မင်းမြတ် ဟန်လူမျိုးတွေ ကျွန်တော်တို့ မြောက်ဘက်နယ်စပ်ကို ဖြတ်လာကြပြီ

မဖြစ်နိုင်တာ မဟာတံတိုင်းကြီးကို ဘယ်သူမှ မကျော်နိုင်ဘူး

သူတို့ကို ရှန်းယု ဦးဆောင်လာတာ

နန်းတော်ပတ်လည်မှာ ကာကွယ်ရေးတပ်တွေ ချလိုက်ပါမယ်

မချနဲ့ ပြည်သူတွေကိုကယ်ဖို့ မင်းစစ်သည်တွေကို လွှတ်လိုက် ချီဖု

အမိန့်ရှိပါ ဘုရင်မင်းမြတ်

နယ်တွေအားလုံးမှာ စစ်မှုမထမ်းမနေရ ကြော်ငြာတွေဖြန့်

အရန်စစ်သည်တွေနဲ့ စစ်သည်တွေ ရသလောက်စု

ကျွန်တော်မျိုး စစ်သည်တွေက ရန်သူကို တားနိုင်မှာပါ

ငါ ကံကိုမယုံဘူး စစ်သူကြီး

ဆန်တစ်စေ့က ချိန်ခွင်ကို အလေးသာစေတယ်

လူတစ်ယောက်နဲ့လည်း အောင်နိုင်မှုနဲ့ ရှုံးနိမ့်မှုကြား ကွာခြားနိုင်တယ်

ငြိမ်သက်သိမ်မွေ့တယ်

ကျက်သရေရှိပြီး ယဥ်ကျေးတယ်

နူးညံ့ညင်သာတယ်

ခံ့ထည်တယ် ဟန်ချက်ညီတယ်

အချိန်မှန်တယ်

မောင်လေးရေ

မောင်လေးရေ

နင်က ဒီမှာကိုး

အလိမ္မာဆုံးခွေးလေးက ဘယ်သူပါလိမ့်

ဒီနေ့ ငါ့အလုပ်တွေ ကူလုပ်ပေးနော်

မြင့်မြတ်တဲ့ ဘိုးဘေးများ

ဒီနေ့တွေ့မယ့် အောင်သွယ်က မူလန် ကို သဘောကျသွားအောင် ကူညီပါ

ကျေးဇူးပြုပြီး

မူလန် ကို ကူညီကြပါ

အဖေ့အတွက်ယူလာ... လာ...

- မူလန် - သမီး အပိုယူလာပါတယ်

မူလန်

ဆေးဆရာ ပြောသွားတာ မှတ်မိတယ်မလား မနက်ပိုင်းမှာ လက်ဖက်ရည် သုံးခွက်သောက်...

- ညဘက် သုံးခွက်သောက် - မူလန်

မူလန် မြို့ထဲသွားဖို့ အသင့်ပြင်တော့ အဖေတို့က မိသားစုဂုဏ်တက်ဖို့

မင်းကို အားကိုးထားတာ

မပူပါနဲ့ အဖေ အဖေ စိတ်မပျက်စေရဘူး

- သမီးကို ကံကောင်းအောင် ဆုတောင်းပေး - မြန်မြန်

ထပ်ပြီး... ဆုတောင်းလိုက်ဦးမယ်

ဖာ့လိ ညည်းသမီးရောက်ပြီလား

အောင်သွယ်က စိတ်ရှည်တဲ့ မိန်းမ မဟုတ်ဘူးနော်

အမြဲနောက်ကျတယ် ဘိုးဘေးတွေဆီ ကံကောင်းအောင် ဆုတောင်းထားမှ ဖြစ်တော့မယ်

ဘယ်လို ကံကောင်းနိုင်မှာလဲ သူတို့က သေသွားပြီပဲကို

ငါ့မှာ လိုသမျှကံတွေ အကုန်ရှိတယ်

ဒါ နင့်ကိုယ်နင် သက်သေပြဖို့ အခွင့်အရေးပဲ

အဘွား မလုပ်နဲ့

ဒီပုရစ်က ဖိုးကံကောင်းလေးပဲ

သမီးရောက်ပြီ

ဘာလို့လဲ အမေ့ရဲ့သမီးက...

ဆင်ခြေမပေးနဲ့တော့ သွား ကိုယ်လက်သန့်စင်တော့

ညည်းက ငါ့ကို ဒီလိုပုံမျိုးနဲ့ လာလုပ်ခိုင်းတယ်ပေါ့လေ

ရတယ်လေ ငါက ဒီ့ထက်ဆိုးတာတောင် တွေ့ဖူးပြီးသားပါ

ညစ်ပတ်ပေရေနေတဲ့ အပေအတေလေးကို

မွမ်းမံပေးရမှာပေါ့

အေးလိုက်တာ

ညည်းသာ အချိန်မှန်ရောက်ရင် နွေးနေမှာ

ညည်းကို ရေချိုးသန့်စင်ပေးရမယ်

အလှတွေပြင် ဆီတွေသတ်ပြီး ကျက်သရေရှိ ပြောင်ဝင်းလာတဲ့အထိ

သတို့သမီးလေးဖြစ်လာဖို့ ငါ့အမွှေးအကြိုင်တွေကို ယုံလိုက်စမ်းပါ

ညည်း ငါတို့အားလုံးအတွက် ဂုဏ်တက်စေမှာပါ

- မူလန် ဒါကဘာလဲ - မှတ်ထားတာပါ

မေ့သွားရင် ကြည့်ရအောင်

ကိုင်ထား ငါတို့ ကံကောင်းဖို့လိုတယ်

အဲ့ကိုသွားနေတဲ့အချိန်ထိ စောင့်ကြည့်လိုက်စမ်းပါ

ကောင်လေးတွေက ညည်းအတွက် စစ်ထဲ ဂုဏ်ယူစွာနဲ့ သွားကြမှာ

- ကံကောင်းခြင်းတွေ ဆောင်ပြီးတော့ပေါ့ - ဆံပင်လေးကလည်း လှသေးတယ်

ညည်း ငါတို့အားလုံးအတွက် ဂုဏ်တက်စေမှာပါ

မိန်းကလေးတစ်ယောက်က မိသားစုအတွက်

ဂုဏ်တက်စေဖို့ တစ်နည်းပဲရှိပါတယ်

အိမ်ထောင်ဖက် ကောင်းကောင်း ရှာတွေ့ဖို့ပေါ့

အဲ့နေ့မှာ မိသားစု ဂုဏ်တက်ရလိမ့်မယ်

ယောကျ်ားတွေက မိန်းကလေးတွေဆိုရင် အမျိုးကောင်းမှ

- သိမ်မွေ့မှ - နာခံတတ်မှ

အလုပ်ဆိုလည်း မြန်မြန်ဆန်ဆန်ပြီးမှ

- ကောင်းကောင်းပြုစုတတ်မှ - ခါးလည်း သေးဦးမှနော်

ညည်း ငါတို့အားလုံးအတွက် ဂုဏ်တက်စေမှာပါ

တို့တွေအားလုံး ဘုရင်မင်းမြတ်ကို အလုပ်အကျွေးပြုရမယ်

သူပဲ တို့ကို ဟန်လူမျိုးတွေဆီကနေ စောင့်ရှောက်ပေးထားတာ

ယောက်ျားတွေက ဓားတွေစွင့်လို့

မိန်းကလေးတွေက သားယောကျ်ား မွေးပေးရမယ်

ငါတို့လုပ်ပေးရင် ညည်းမကျစေရပါဘူးအေ

ကြာဖူးလေးလို နူးညံ့လှပနေမှာ

'မစွံဘူးဟေ့' လို့ ဘယ်သူမှ မပြောနိုင်စေရဘူး

ညည်း ငါတို့အားလုံးအတွက် ဂုဏ်တက်စေမှာပါ

အဆင်သင့်ဖြစ်ပြီ

မဖြစ်သေးဘူး အေးချမ်းဖို့အတွက် ပန်းသီး

ဟန်ချက်ညီဖို့ လည်ဆွဲ

ကျောက်စိမ်းပုတီးလေးက...

လှပဖို့

ညည်းက ဝံ့ဝံ့ကြွားကြွားနဲ့...

ပြရမယ်

ပုရစ်လေးကို ကံကောင်းဖို့

ထပ်ပေါင်းလိုက်

ညည်းကံကောင်းသွားပြီ

ဘိုးဘေးတွေကို ဆုတောင်းပါရစေ

ကျွန်မကို အရူးမလုပ်မိစေဖို့ ကူညီပေးကြပါ

ကျွန်မရဲ့မိသားစု မျိုးဆက်မပြတ်အောင် ကူညီပါ

အဖေ တင့်တယ်စွာဆက်ပြီး နေနိုင်ဖို့ရောပေါ့

အသုဘကိစ္စထက် ပိုကြောက်ဖို့ကောင်းတဲ့

အောင်သွယ်နဲ့ သွားတွေ့တော့မယ်

ကံတရားရေ ဒီမိန်းကလေးတွေကို ဖေးမပါဦး

ဒါမှ ကျွန်မတို့အနာဂတ်လည်း သာယာမှာ

ရိုးရာ ပုလဲပွင့်လေးတွေကို သေချာဂရုစိုက်ပေးပါ

ဟောဒီက ကြွေရုပ်လေးတွေကိုပေါ့

- ဂုဏ်တက်အောင် လုပ်ပေးပါ - ဂုဏ်တက်အောင် လုပ်ပေးပါ

မိသားစု ဂုဏ်တက်အောင် လုပ်ပေးပါ

ဖာ့မူလန်

- ရှိပါတယ် - ခွင့်မပြုဘဲ စကားပြောတယ်

သူ့စားစရာကို ဘယ်သူတံတွေးထွေးလို့လဲ

အရိုးချည်းပဲ

သားယောကျ်ားမွေးဖို့ သိပ်ကောင်းတဲ့အထဲ မပါဘူး

နောက်ဆုံးသတိပေးချက်ကို ဆိုပြ

မိမိတာဝန်တွေကို လေးစားရိုကျိုးစွာ ဖြည့်ဆည်းပါ

မိသားစုဂုဏ်ကို ထည့်တွက်ရမယ် မစားခင်အရင်... မလုပ်ခင်...

ဒါမှ သင့်ထံဂုဏ်သရေများ တိုးတက်မယ်

လိုက်ခဲ့

ကဲ လက်ဖက်ရည်ငှဲ့

နင့်ရဲ့ ခင်ပွန်းလောင်းက နှစ်သက်ဖို့

နင့်ရဲ့ သိမ်မွေ့ညင်သာမှုနဲ့

ကျက်သရေရှိမှုကို ပြရမယ်

ဟန်ချက်လည်း ညီရမယ်

- တစ်ဆိတ်လောက်ရှင် - တိတ်တိတ်နေ

ခဏလောက် ပြန်ယူပါရစေ

နင်ဘာလို့ ဒီလောက် ဂဏာမငြိမ်...

အဆင်ပြေနေပြီ ထင်တယ် နင်ရော မထင်ဘူးလား

ငြိမ်းပေး... ငြိမ်းပေး... ငြိမ်းပေးကြ

ကျက်သရေကို မရှိဘူး

နင်ဟာ သတို့သမီးတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်

မိသားစုဂုဏ်တက်အောင်တော့ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး

ငါ့ကို ကြည့်ပါဦး

ငါဘယ်တော့မှ ဖြစ်မလာတော့ပါဘူး

ပြီးပြည့်စုံတဲ့ သတို့သမီးရော

ပြီးပြည့်စုံတဲ့ သမီးတစ်ယောက်အဖြစ်ရော

ငါဟာ ဒီအပိုင်းနဲ့...

လားလားမှမဆိုင်လို့များ ဖြစ်နေမလား

အခုတော့ ငါသိပြီ

ငါသာ ငါ့ရဲ့ အစစ်အမှန်ပုံစံနဲ့နေရင်

ငါ့မိသားတစ်စုလုံး စိတ်နှလုံးဆင်းရဲကြမှာ

အခုငါမြင်နေရတဲ့ မိန်းကလေးက ဘယ်သူများလဲ

ငါ့ကို ပြန်စိုက်ကြည့်နေတဲ့ မိန်းကလေးလေ

ငါ့ရဲ့ ရောင်ပြန်ပုံရိပ်က ဘာလို့

ငါမသိတဲ့ တစ်ယောက်ယောက် ဖြစ်နေရတာလဲ

ငါ့ကိုယ်ငါလည်း ဘယ်သူဆိုတာ မဖုံးကွယ်နိုင်

ကြိုးစားကြည့်ပေမယ့်လည်းပေါ့

ငါ့ရဲ့ ရောင်ပြန်ပုံရိပ်က ငါ့ရဲ့အစစ်အမှန်ကို

ဘယ်တော့များမှ ပြမှာလဲ

ငါ့ရဲ့ ရောင်ပြန်ပုံရိပ်က

ငါ့ရဲ့အစစ်အမှန်ကို ဘယ်တော့များမှ

ပြမှာပါလိမ့်

ကြည့်ပါဦး

ဒီနှစ် ပန်းပွင့်တာ လှလိုက်တာ

ကြည့်လိုက်ဦး ဒီတစ်ပွင့်က နောက်ကျနေပါလား

ဒါပေမယ့် ပွင့်လာရင်တော့

အလှဆုံးဖြစ်မှာ သေချာတယ်

ဘာဖြစ်တာလဲ

မူလန် အိမ်ထဲဝင်နေ

မင်းနေပြည်တော်ကေ ကြေညာချက်တစ်ခု ယူလာတယ်

တရုတ်ပြည်ကို ဟန်လူမျိုးတွေ ကျူးကျော်နေပြီ

ဧကရာဇ်ဘုရင်ရဲ့ အမိန့်အရ

မိသားစုတိုင်းမှ လူတစ်ယောက်ဟာ စစ်တာဝန်ထမ်းဆောင်ရမယ်

'ရှောင်း' မိသားစု

'ယွီး' မိသားစု

အဖေ့ကိုယ်စား ကျုပ်တာဝန်ထမ်းဆောင်မယ်

- 'ဖာ့' မိသားစု - မဖြစ်ဘူး

ဧကရာဇ်ဘုရင်ဆီမှာ တာဝန်ထမ်းဆောင်ပါ့မယ်

- အဖေ မသွားပါနဲ့ - မူလန်

ဆရာရယ် ကျွန်မအဖေက ရဲရဲရင့်ရင့် တိုက်ခဲ့ပြီးပါပြီ

တိတ်စမ်း ခင်ဗျားသမီးကို သေချာသင်ထားဦး

လူရှေ့သူရှေ့မှာ သတိထားပြောဖို့

မူလန် သမီးအဖေ့သိက္ခာကို ချတယ်

မနက်ဖြန် 'ဝူကျုံး' စခန်းကို သတင်းလာပို့ကြ

ဟုတ်ကဲ့ပါ

'ချုး' မိသားစု

'ဝမ်း' မိသားစု

'ချန်း' မိသားစု

- အဖေမသွားသင့်ဘူး - မူလန်

တရုတ်ပြည်ကြီးအတွက် တိုက်ခိုက်ဖို့ လူငယ်တွေ အများကြီးရှိတာပဲကို

ဒါ ငါ့နိုင်ငံနဲ့ ငါ့မိသားစုကို ကာကွယ်ရမယ့် ဂုဏ်သိက္ခာပဲ

ဒါဆို အဖေက ဂုဏ်သိက္ခာအတွက်နဲ့ သေမယ်ပေါ့

မှန်တာလုပ်ရင်း သေရမှာ

- ဒါပေမဲ့ အဖေ... - ငါ့နေရာ ငါသိတယ်

နင့်နေရာ နင်သိအောင်လုပ်

မူလန် ထွက်သွားပြီ

ဟင်

မဖြစ်ဘူး

မူလန်

မဖြစ်ဘူး

သမီးနောက်ကို လိုက်သွားပါ သူသေသွားလိမ့်မယ်

ငါပြောလိုက်ရင်

သူအသတ်ခံရလိမ့်မယ်

ဘိုးဘေးတို့ ဆုတောင်းဂါရဝပြုပါတယ်

မူလန် ကို စောင့်ရှောက်ပေးကြပါ

မူရှူး ထလော့

အသက်ရှင်ပြီ

ဘယ်သူ့ကို ကာကွယ်ရမလဲ ဘိုးဘေးကြီး

- ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပါပဲ - မူရှူး

တစ်ခွန်းပဲ ပြောလိုက်မယ် ကျုပ်တို့မိသားစုကို ဘယ်သူထိထိ

လက်စားချေဖို့က ကျုပ်အလုပ်ပဲ

မူရှူး ဒါမိသားစု အစောင့်အရှောက်တွေပဲ

Komen

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left