200 baris pertama.
ပင်မအထပ်ရောက်ပါပြီ ဆရာ
ကောင်းပါပြီ ပြန်မှ ထပ်တွေ့ကြတာပေါ့
- ဘိုင့်... - ဘိုင့်...
- မင်္ဂလာနံနက်ခင်းပါ ဆရာ - မင်္ဂလာနံနက်ခင်းပါ
ကျွန်မတို့ ဒီအပေါ်မှာ မတွေ့ရတာ တော်တော်ကြာပြီပဲရှင့်
ပြန်တွေ့ရတာ ဝမ်းသာပါတယ်
- ခရီးလမ်းက ဖြောင့်ဖြူးရဲ့လားရှင့် - အရမ်းကောင်းပါတယ် ကျေးဇူးပါ
လုံခြုံရေးဌာနက မစ္စတာ မေလာ နဲ့ ကျွန်တော် တွေ့ရမယ်ပြောတယ်
ခေါ်ပေးလိုက်ရမလားရှင့်
အင်း ခေါ်ပေးပါ သြော်... ဟိုမှာပဲ...
- ဟယ်လို ဒေါက်တာ ဖလွိုက် - ဟယ်လို မေလာ ... နေကောင်းတယ်မလား...
- နောက်ကျသွားလို့ ဆောရီးပါ - ရပါတယ်... မင်းကြည့်ကောင်းနေတယ်ကွ
ကျေးဇူးတင်ပါတယ် မင်းပြန်လာတာ ဝမ်းသာစရာပဲ
- ခရီးအဆင်ပြေရဲ့လား - သိပ်ကိုပြေတာပေါ့
- ကဲ... သွားလိုက်ကြမလား - ကောင်းပြီလေ
နံပါတ် ၁၇ သုံးမှာလားရှင့်
- ကျေးဇူးတင်ပါတယ် မစ္စ တာနာ - ကျေးဇူးပါ
ဒီဘက်...
အသံနဲ့ တိုက်ဆိုင်စစ်ဆေးမှုကနေ ကြိုဆိုပါတယ်
မီးနီလင်းလာတာ မြင်ရင်...
အောက်မှာ ပြထားတဲ့အတိုင်း အစဉ်လိုက် ပြောပေးပါ
သွားလိုတဲ့နေရာ... နိုင်ငံသား... နာမည်အပြည့်အစုံ...
မျိုးရိုးနာမည်... ကိုယ်ပိုင်နာမည်နဲ့... နာမည်စာလုံးအစတို့ပါ
လကမ္ဘာ... အမေရိကန်နိုင်ငံသား... ဖလွိုက် ... ဒေါက်တာ ဟေးဝုဒ် ... 'အာ'...
ကျေးဇူးတင်ပါတယ်... အသံနဲ့ တိုက်ဆိုင်စစ်ဆေးမှု အောင်မြင်ပါတယ်
ကျေးဇူးပါ
မနက်စာစားဖို့ အချိန်ရဦးမလား
ရအောင် လုပ်လို့ရမယ် ထင်တာပဲ
ဘယ်လောက် ရမလဲ
ယာဉ်က နောက် ၁ နာရီနဲ့ ၁၀ မိနစ် နေရင် ထွက်မှာ...
ခင်ဗျားအတွက် ကမ္ဘာမြေအလင်းအခန်း မှာ ကြိုမှားထားပေးတယ်
မင်း ဒီမှာ နောက်ဆုံးရှိခဲ့တာက ၇လ ၈လလောက် ရှိပြီမလား
ဟုတ်လား... အင်း... ၈လလောက်တော့ ရှိပြီ
ဒီကိုလာတော့ လမ်းမှာ ဌာနအသစ်ကို တွေ့ခဲ့မယ်နဲ့တူတယ်
- အင်း... တွေ့ခဲ့တယ်... အဆင်ပြေတယ်မလား - အင်း... ပြေတယ်
သြော်... ခဏလေး...
ဖုန်းခေါ်စရာလေးတွေ ရှိနေသေးလို့ စားသောက်ဆိုင်မှာ လာတွေ့မယ်လေ
မစ္စတာ ထရာဗားစ် ... ရုံးခန်းကို ဆက်သွယ်ပေးပါ
မစ္စတာ ထရာဗားစ် ... ရုံးခန်းကို ဆက်သွယ်ပေးပါ
အင်း...
- နေကောင်းလား... သမီးလေး... - ဟုတ်...
ဘာလုပ်နေတာလဲ
ဆော့နေတာ
မေမေရော...
ဈေးသွားဝယ်တယ်
- ဒါဆို သမီးကို ဘယ်သူကြည့်နေလဲ - ရေချယ် ...
အဖေ ရေချယ် နဲ့ ပြောလို့ရမလား...
အိမ်သာသွားနေတယ်
မနက်ဖြန် သမီးရဲ့မွေးနေ့ပွဲ လာမှာမလား
ဆောရီးပါ သမီးရာ အဖေ လာလို့မရဘူးလေ
ဘာလို့လဲ
သမီးသိပါတယ် အဖေ ခရီးသွားနေရတယ်လေ
တကယ် စိတ်မကောင်းပါဘူး သမီးရယ် အဖေလာလို့မရလို့ပါ
လက်ဆောင်ကောင်းကောင်းတော့ ပို့ပေးလိုက်မယ်လေ
ဟုတ်
- လိုချင်တာရှိလား - ဟုတ်
ဘာလဲ
တယ်လီဖုန်း...
သမီးမှာက ဖုန်းတွေအများကြီး ဖြစ်နေပြီလေ
မွေးနေ့အတွက် အခြားဘာလိုချင်သေးလဲ စဉ်းစားလို့ မရတော့ဘူးလား
အရမ်းလိုချင်တာမျိုး တစ်ခုခုပေါ့
- ဟုတ် - ဘာလဲ
မျက်လုံးကြီးကြီးနဲ့ 'လီမာ'လေး
'လီမာ'လား... ကြည့်လိုက်ဦးမယ်
သမီး မေမေ့ကို တစ်ခုခုပြောပေးလို့ရမလား
- မှတ်မိမှာလား - ဟုတ်
အဖေ ဖုန်းခေါ်တယ်လို့ မေမေ့ကို ပြောလိုက်နော် ဟုတ်ပြီလား
ဟုတ်
မနက်ဖြန်လည်း ထပ်ခေါ်မယ်လို့ ပြောလိုက်နော်
ပြောပေးမယ်မလား
ဟုတ်
ဟုတ်ပါပြီ သမီးလေး... မနက်ဖြန် ပျော်စရာကောင်းတဲ့မွေးနေ့လေး ဖြစ်ပါစေနော်
ဟုတ်
မွေးနေ့ပွဲလေးလည်း အရမ်းကို ပျော်စရာကောင်းပါစေနော်
ဟုတ်
ဟုတ်ပြီ... ကဲ... ဂရုစိုက်... လိမ်လိမ်မာမာနေနော် သမီးလေး
ဟုတ်ကဲ့... ဘိုင်းဘိုင်
ဘိုင်းဘိုင်... ဟက်ပီးဘာ့ဒ်ဒေး....
အယ်လီနာ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာဗျာ
ရှင့်ကို ဒီမှာတွေ့ရတာ တကယ့်ဝမ်းမြောက်အံ့သြဖွယ်ပါပဲ
- ခင်ဗျား အရမ်းကြည့်လို့ကောင်းနေပါလား - ကျေးဇူးပါ... ရှင်လည်း ကြည့်ကောင်းနေပါတယ်
ဒါ ကျွန်မရဲ့မိတ်ဆွေကောင်းလေ ဒေါက်တာ ဟေးဝုဒ်ဖလွိုက် တဲ့
- မိတ်ဆက်ပေးရဦးမယ် ဒါကဒေါက်တာ ခါလီနီ တဲ့ - တွေ့ရတာ ဝမ်းသာပါတယ်
- ဒါက ဒေါက်တာ စထရက်နေဗာ - တွေ့ရတာ ဝမ်းသာပါတယ်
ဒါကတော့ ဒေါက်တာ အင်ဒရီး စမီးစလိုဗ် တဲ့
တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျားအကြောင်းတွေတော့ အများကြီး ကြားထားပြီးပြီဗျ
ထိုင်ပါဦးလား
- ဟို... ကျွန်တော်တို့... - မဟုတ်တာ... ထိုင်ပါဦးဗျာ...
ကျေးဇူးတင်ပါတယ်
- တစ်ခုခုသောက်ပါဦးလား ဒေါက်တာ - မသောက်တော့ပါဘူး ကျေးဇူးပါ
ကျွန်တော်မနက်စာတောင် မစားရသေးဘူးဗျ စားသောက်ဆိုင်မှာ တစ်ယောက်ယောက်နဲ့ ချိန်းထားသေးလို့ပါ
ဒီမှာ ခဏလေးပဲ ထိုင်ပြီး ထမယ်သွားဆိုရင်လည်း စိတ်မဆိုးကြဘူး မဟုတ်လားဗျ
- သေချာရဲ့လား - သေချာပါတယ် ကျေးဇူးပါ
- ဂရီးဂေါ ရော ဘယ်လိုလဲ - သူလား အဆင်ပြေပါတယ်
သူက 'ဘောတစ်'မှာ ရေအောက်လေ့လာမှုတချို့ လုပ်နေတော့...
အခုတလော ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့တောင်တွေ့ဖို့ အချိန်မရကြဘူးလေ
တွေ့ဖြစ်ရင် ကျွန်တော်က မေးနေတယ်လို့ ပြောလိုက်ပါဦး
ပြောပေးမှာပေါ့
ဒါနဲ့ ခင်ဗျားတို့က ဘယ်သွားကြမလို့လဲ အပေါ်လား... အောက်လား...
ကျွန်မတို့လား အိမ်ပြန်ကြမလို့လေ
ကျွန်မတို့ 'ချာလင်ကို'မှာ ၃ လလောက် အင်တင်နာတိုင်အသစ်ကို ညှိပြီးပြီဆိုတော့လေ
- ရှင်ကရော - ကျွန်တော်က 'ခလေးဗီးရပ်စ်'ကို သွားမလို့
သြော်... ဟုတ်လား
ဒေါက်တာ ဖလွိုက် ... ကျွန်တော့်ကို စပ်စုတယ်လို့တော့ မထင်ပါနဲ့နော်... ဒါပေမယ့်လေ...
အဲ့ဒီမှာ ဖြစ်ပျက်နေတဲ့ နက်နဲတဲ့ ဧရာမ ဆန်းကြယ်မှုကြီးအကြောင်း...
ခင်ဗျား ရှင်းပေးနိုင်မလား
ခင်ဗျားပြောတာ ကျွန်တော်နားမလည်ဘူးဗျ
လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက...
'ခလေးဗီးရပ်စ်'မှာ အရမ်းထူးဆန်းတာတွေ ဖြစ်ဖြစ်နေလို့လေ
- အိုး... တကယ်လား - ဟုတ်တယ်... တကယ်ပါဗျ
အခြေစိုက်ဌာနကို ဖုန်းခေါ်လိုက်တိုင်း ဖုန်းလိုင်းတွေ လတ်တလော ဆက်သွယ်လို့ မရဘူးဆိုတဲ့...
အသံသွင်းထားတာကိုပဲ အဆက်မပြတ် ကြားနေရတာကလည်း တစ်ချက်အပါအဝင်ပေါ့
စက်တစ်ခုခု ချို့ယွင်းနေလို့များလား ဘာလားမှ မသိတာ
ကျွန်တော်တို့လည်း အဲ့လိုပဲထင်ခဲ့တာပဲ ဒါပေမယ့်...
ဒီလိုဖြစ်နေတာက အခုဆိုရင် ၁၀ ရက်တောင် ရှိနေပြီ
ဒါဆို ဒီ ၁၀ ရက်အတွင်း ဘယ်သူနဲ့မှ အဆက်အသွယ်မရဘူးပေါ့
ဟုတ်ပါတယ်
သြော်... သဘောပေါက်ပြီ...
ပြီးတော့ နောက်တစ်ခုရှိသေးတယ် ဟေးဝုဒ်
လွန်ခဲ့တဲ့ ၂ ရက်က ကျွန်မတို့ရဲ့ အာကာသယာဉ်တစ်စီး 'ခလေးဗီးရပ်စ်'မှာ...
အရေးပေါ်ဆင်းသက်ဖို့ကို ဆင်းသက်ခွင့် ငြင်းပယ်လိုက်တယ်
ဒါဆိုရင်တော့ တော်တော်ထူးဆန်းနေပြီ
ဟုတ်တယ်... ကျွန်တော်လည်း အဲ့ဒါ ဘာတွေ ဖြစ်နေလဲဆိုတာ သိချင်တာ
ဆင်းသက်ခွင့်ကို ငြင်းပယ်တာက 'အိုင်.အေ.အက်စ်' ညီလာခံရဲ့အမိန့်ကို ဖီဆန်တာနဲ့ အတူတူပဲ
ဟုတ်တာပေါ့ ဟုတ်တာပေါ့
- အဲ့ဒီအဖွဲ့သားတွေရော ပြန်ရောက်လာကြရဲ့လား - ကံကြီးပေလို့ပဲ... ပြန်ရောက်လာကြတယ်
သြော်... တော်သေးတာပေါ့...
ခင်ဗျားအနေနဲ့ မဆွေးနွေးချင်တဲ့အရာကို မေးရမှာ အားတော့နာပါတယ်
ကျွန်တော် တည့်တိုးပဲ မေးလို့ရမလား
ရပါတယ် မေးပါ
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ...
'ခလေးဗီးရပ်စ်'မှာ ဆိုးဝါးတဲ့ ထူးထူးဆန်းဆန်းတစ်ခု ထိန်းသိမ်းမရ ဖြစ်ပွားနေတယ်တဲ့
အမည်မသိတဲ့ အမျိုးအနွယ်တစ်ခုပေါ့လေ
ဒါက တကယ်ပဲ ဖြစ်နေတဲ့ အရာလားဗျ
စိတ်မကောင်းပါဘူး ဒေါက်တာ စမီးစလိုဗ်
ကျွန်တော့်မှာ ဒီကိစ္စ ဆွေးနွေးခွင့်မရှိလို့ပါ
ကျွန်တော် နားလည်ပါတယ်
ဒါပေမယ့် အဲ့ဒါက ကျွန်တော်တို့ အခြေစိုက်ကို ပျံ့လာနိုင်တယ်လေ
ကျွန်တော်တို့ကိုလည်း အကုန်ပေးသိသင့်တာပေါ့ ဒေါက်တာ ဖလွိုက် ရာ
အင်း... ကျွန်တော်သိပါတယ်
ကျွန်တော်ပြောသလိုပဲ ကျွန်တော့်မှာ ဆွေးနွေးခွင့်မရှိလို့ပါ
ရှင် ဘာမှသောက်မသွားတော့ဘူးဆိုတာ စိတ်မပြောင်းတော့ဘူးပေါ့
သေချာပါတယ် ကျွန်တော် သွားမှဖြစ်တော့မယ်ဗျ
ရှင်နဲ့ ရှင့်အမျိုးသမီး ဇွန်လမှာ 'အိုင်.အေ.စီ' ဆွေးနွေးပွဲကို တက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်နော်
ကြိုးစားပါ့မယ် လာနိုင်မယ်လို့ မျှော်လင့်ပါတယ်
လာဖြစ်ရင် သမီးလေးကိုပါ ခေါ်ခဲ့ဖို့ မမေ့နဲ့နော်
ဒါကတော့ ကျောင်းပိတ်ရက်တွေ သူ့ရဲ့အခြားကိစ္စတွေအပေါ်လည်း မူတည်တယ်ဗျ
ဒါပေမယ့် အဆင်ပြေရင်တော့ ခေါ်ခဲ့မှာပေါ့ဗျာ
အမေရိကား ရောက်ရင်လည်း လာလည်ဖို့ မမေ့နဲ့နော်
မမေ့ပါဘူး ဂရီးဂေါ နဲ့ ကျွန်မ ရှင့်ကို သေချာပေါက် လာတွေ့မှာပါ
ဒါဆို သွားလိုက်ဦးမယ် အယ်လီနာ
အခုလို အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာ စမီးစလိုဗ်
'ခလေးဗီးရပ်စ်'ကို သွားရတဲ့ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ကံကောင်းပါစေဗျာ
ကျေးဇူးတင်ပါတယ်
သွားလိုက်ပါဦးမယ်
တဆိတ်လောက်ပါ ဒေါက်တာ ဟယ်ဗော်ဆင်
ကျွန်တော်ပြီးပါပြီ ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့
ရပါတယ်
ကဲ...
ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့အတူတူ ကြိုဆိုပေးကြမယ်ဆိုတာ သိပါတယ်
ကျွန်တော်တို့ရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့...
နိုင်ငံတော် အာကာသရေးရာကောင်စီက ဒေါက်တာ ဟေးဝုဒ်ဖလွိုက် ပဲ ဖြစ်ပါတယ်
ဒေါက်တာ ဖလွိုက် က ကျွန်တော်တို့နဲ့အတူရှိဖို့ ဒီနေ့ပဲ 'ခလေးဗီးရပ်စ်'ကို လိုက်လာတာဖြစ်ပါတယ်
အကျဉ်းချုပ်မရှင်းပြခင်မှာ သူစကားအနည်းငယ် ပြောပါလိမ့်မယ်
ဒေါက်တာ ဖလွိုက် ...
ကျေးဇူးတင်ပါတယ် ဒေါက်တာ ဟယ်ဗော်ဆင်
ဟိုင်း... အားလုံးပဲ...
အခုလို ပြန်လာရတာ ဝမ်းသာပါတယ်
ပထမဆုံးအနေနဲ့ ကျွန်တော် ဒေါက်တာ ဟောင်းဝ်လ် ဆီက သတင်းတစ်ခု ပါလာပါတယ်
သူက ခင်ဗျားတို့ရဲ့ အနစ်နာခံမှုတွေအတွက် သူကျေးဇူးတင်ကြောင်းကို...
ကျွန်တော့်ကို သေချာမှာလိုက်ပါတယ်
ပြီးတော့ ခင်ဗျားတို့ရဲ့ ရှာဖွေတွေ့ရှိမှုက သိပ္ပံသုတေသနသမိုင်းတစ်လျှောက်မှာ...
သက်သေပြနိုင်မယ့် ဖြစ်ရပ်ဆိုတော့ ဂုဏ်ပြုပါတယ်လို့လည်း ပြောလိုက်ပါတယ်
အခု...
ဒီကိစ္စကို လုံးဝလျှို့ဝှက်ထားဖို့နဲ့ ပတ်သက်လို့ ခင်ဗျားတို့တွေထဲက...
တချို့မှာ အမြင်ကွဲလွဲနေတာလေးတွေ ရှိတယ်လို့ သိရပါတယ်
သေချာပြောရရင် ခင်ဗျားတို့က ဒီလျှို့ဝှက်ရမယ့်ကိစ္စကို ငြင်းဆန်နေတော့...
အခြေစိုက်ဌာနက ဒီမှာ အဓိကရုဏ်းဖြစ်ရပ်တွေ ဖြစ်နေတယ်လို့ ထင်စေပါတယ်
ဒီကိစ္စနဲ့ပတ်သက်လို့ ခင်ဗျားတို့တွေ စိတ်ပူစိုးရိမ်နေကြတယ်ဆိုတာ နားလည်ပါတယ်
ဘာလို့လဲဆိုတော့ ဒီအဓိကရုဏ်းဖြစ်ရပ်က...
ကမ္ဘာပေါ်က ခင်ဗျားတို့ဆွေမျိုးတွေ သူငယ်ချင်းတွေကို ထိခိုက်စေနိုင်ပါတယ်
ကျွန်တော် ခင်ဗျားတို့ရဲ့ ဆိုးတဲ့အမြင်တွေကိုပါ နားလည်ပါတယ်
ဒီကိစ္စကို လျှို့ဝှက်ထားရတာ ကိုယ့်ကိုယ်ကိုလည်း ရှက်မိပါတယ်
ဒါပေမယ့် လုံးဝလျှို့ဝှက်ထားသင့်တယ်ဆိုတာကိုတော့ ကျွန်တော်လက်ခံပါတယ်
ခင်ဗျားတို့လည်း အတူတူပဲလို့ မျှော်လင့်ပါတယ်
ခင်ဗျားတို့လည်း သိမှာပါ အခုလက်ရှိကိစ္စနဲ့ ပတ်သက်လို့...
မသေချာမရေရာသေးပဲ ပြင်ဆင်ထားတာမရှိပဲ...
ပုဂ္ဂလိကကို ပျံ့သွားခဲ့ရင်...
ဘယ်လောက်အထိ တုန်လှုပ်သွားကြမလဲဆိုတာကို...
နားလည်သဘောပေါက်ကြမှာပါ
ဘယ်လိုဖြစ်ဖြစ် ဒါကတော့ ကောင်စီရဲ့ သဘောတရားပေါ့နော်
ကျွန်တော်ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ အချက်အလက်နဲ့ အကြံဉာဏ်တွေ စုစည်းဖို့ပါ
ဒီအခြေအနေနဲ့ ပတ်သက်လို့ပေါ့
ကောင်စီကို ပြန်ပြီး စာတမ်းတင်ပြရမှာ ဖြစ်တဲ့အတွက်...
ဒီသတင်းကို ဘယ်အချိန် ဘယ်လို ထုတ်ဖော်သင့်တယ်...
ဆိုတာကို အကြံပြုချက်တွေ ပေးရမှာ ဖြစ်ပါတယ်
ပြီးတော့ ခင်ဗျားတို့ရဲ့အမြင်တွေ အကြံပြုချက်တွေကို တစ်ဦးတစ်ယောက်အနေနဲ့ သီးသန့်ပေးချင်တယ်ဆိုရင်လဲ...
ကျွန်တော့်အနေနဲ့ စာတမ်းမှာ ထည့်သွင်းဖော်ပြပေးသွားမှာပါ
ပြောစရာကတော့ ဒါပဲထင်ပါတယ်
မေးစရာများ ရှိမလား
No comments yet. Be the first to leave one.