Maklumat siaran

Angrezi Medium(2020) Hindi 1080p HD AVC UNTOUCHED x264 1 5GB
Ulasan oleh littlepopo
Error Fix As You Can support by secret team

Tag

other
Diterbitkan pada: 2022-09-04
Muat Turun: 27
Masalah Pendengaran: No

Pratonton sari kata Burmese

200 baris pertama.

တချို့လူတွေအတွက်တော့ အချစ်တဲ့

တချို့အတွက်ကျတော့ ဂုဏ်သိက္ခာ

ဟေ့ . . . ချန်ပတ်

ဘာလုပ်နေတာလဲ

အရှေ့ခြေထောက်နဲ့ကစားရမလား အနောက်ခြေထောက်နဲ့ ကစားရမလား စဉ်းစားနေတာ

ဒါပေမဲ့ ကျွန်တော့်ရဲ့ကံကြမ္မာကို ရေးသားထားတာကတော့ . . .

ရှုပ်ယှက်ခတ်နေတယ်

ချန်ပတ် . . .ကြီးလာရင် ဘာလုပ်မှာလဲ

အမှုစစ်လား

ဓားပြလား

ရှေ့နေလား

ငါ တော်တော်ခေါင်းရှုပ်နေပြီ

ခေါင်းမရှုပ်တဲ့အချိန် စဉ်းစားရင် ပိုပြီးမှတ်မိဖို့လွယ်မယ်

ရှားပါးတဲ့အခိုက်အတံ့မျိုး ဘဝမှာ သုံးကြိမ်လောက်ပဲကြုံဖူးတယ်

ပထမအကြိမ်က ရာရှီ နဲ့တွေ့ဆုံခဲ့တာ

ကျွန်တော် လုံးဝ ခေါင်းမရှုပ်ခဲ့ဘူး

လက်ထပ်ပြီးရင် ပညာဆက်သင်ချင်တယ်

အင်း . . .မင်းလိုချင်တဲ့စာအုပ်တွေ ဝယ်ပေးမယ်

မဟုတ်ဘူး ဘွဲ့လွန်တက်ချင်တယ်လို့ပြောတာ

ဘာအတွက်လဲ

ငါတို့မှာ မုန့်အချိုဆိုင်ရှိတာပဲ

အဲဒီမှာ မင်းက သူဋ္ဌေးလုပ်လို့ရတယ်လေ

ဒုတိယအကြိမ်က သမီးလေးကို ပွေ့ချီခွင့်ရခဲ့တဲ့အချိန်ပါ

ကျွန်တော် လုံးဝခေါင်းမရှုပ်ခဲ့ဘူး

ဘာမှမစိုးရိမ်နဲ့

နောက်တစ်ခါ သားယောကျာ်းလေးမွေးလိမ့်မယ်

သမီးလေးပဲ လိုချင်တာ

ရာရှီ နဲ့တူတဲ့သမီးလေး မွေးလာဖို့ ဆုတောင်းခဲ့တာ

ဒါပေမဲ့ ရာရှီ ဆုံးပါးသွားတာကြောင့် ကျွန်တော် စိတ်ရှုပ်ခဲ့ရပြန်တယ်

သမီးလေးအတွက် အဖေလိုရော အမေလိုရော သူငယ်ချင်းလိုရောပေါ့

ဘာလုပ်သင့်လဲ

ပါပါး . . .ကလစ်တပ်ရမလား ဆံပင်စည်းရမလား

ဆံပင်စည်းလိုက်

ဆံပင်ကို ဆွဲထားသလိုပဲ

ဒါဆို ကလစ်တပ်မလား

ကလစ်လည်း မကြိုက်ဘူး

ပါပါး . . .အီဖယ်တာဝါကို ဘယ်တော့သွားရမှာလဲ

အိပ်မက်က နှစ်မျိုးရှိတယ်

တချို့အရာတွေက မှေးမှိန်ပျောက်ကွယ်သွားတယ်

သွားရမှာပေါ့

တချို့အရာတွေက ဘဝရဲ့ အဆုံးမဲ့ပန်းတိုင်တွေဖြစ်လာတယ်

တာယူ ရဲ့စွဲလမ်းမှုက နိုင်ငံခြားကို သွားရဖို့ပဲ

ကျွန်တော့်ထက်ဆိုးတယ်

- ပါပါး . . . - ပြောပါ သမီး

ဘုရင်မကြီးနဲ့ ဘယ်တော့တွေ့ရမှာလဲ

သွားရမှာပေါ့

- ပါပါး . . . - ဟင်

ဟောလိဝုဒ်ကို ဘယ်တော့သွားရမှာလဲ

သွားရမှာပေါ့

ဘယ်တော့လဲ

သမီး ကြီးလာရင်ပေါ့

တိုးတိုးနေပါ

လာ . . .သွားရအောင်

သူ အရွယ်ရောက်လာမယ့် တစ်နေ့ကို မစဉ်းစားခဲ့မိဘူး

သူ့ရဲ့စွဲလမ်းရူးသွပ်မှုက တတိယအကြိမ်မြောက်ဖြစ်လာလိမ့်မယ်

ကျွန်တော့်အတွက် ခေါင်းမရှုပ်စေမယ့်အရာပေါ့

ထူးထူးဆန်းဆန်း ခရီးစဉ်တွေကို စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး

အဲဒီကို ရောက်အောင်သွားရလိမ့်မယ်

မင်္ဂလာပါ

ကောင်းသောမနက်ခင်းပါ

ဘာလို့ ဆိုင်ကို ဒီအချိန်မှလာဖွင့်တာလဲ

မင်းနဲ့ ဘာဆိုင်လို့လဲ

မင်္ဂလာပါ အရှင်

မျိုးရိုးနာမည် သုံးဖို့တောင်မတန်ဘူး

တဆိတ်လောက် . . . ဒါက ဂါ-ရှီ-တီ-ရမ် ဟုတ်ပါသလား

ဟုတ်ပါတယ် ပထမမူရင်း ဂါရှီတီရမ် ပါ

ဘယ်လို ပထမမူရင်းလဲ

ဒါက ပထမမူရင်းလေ

ဪ ဒီဆိုင်ပဲ

နိုင်ငံခြားသားကြီး . . .နိုင်ငံခြားသားကြီး

အဲဒါက အတု

ပထမမူရင်းက ဒီဘက်မှာပါ သူ လိမ်နေတာ

ကျွန်တော် မလိမ်ဘူး သူလိမ်တာ

Lonely Planet ကိုစစ်ဆေးကြည့်လိုက် ဒါက ကျွန်တော့်ဆိုင်

- ဪ ဒါလား - အထဲကိုဝင်ပါ

ဆီပူပူ လှည့်ကွက်

ဆီပူပူ လှည့်ကွက်

ဆီပူပူ လှည့်ကွက်

အဲဒါ လှည့်ကွက်မဟုတ်ဘူး

ကျွန်တော်လည်း လုပ်ပြနိုင်တယ် ဒီဘက်ကိုလိုက်ခဲ့ပါ

- ဒါက မူရင်းတစ်ခုပါ - နေပါစေ နေပါစေ

နောက်ထပ် အကြိမ်ကြိမ်ရောက်လာလိမ့်မယ် မြည်းကြည့်

မစားလိုက်နဲ့ သူ့လက်က ညစ်ပတ်တယ်

စားလိုက်ရင် ဝမ်းပျက်မယ် အသည်းကိုထိခိုက်ပြီး သေစေနိုင်တယ်

ငါ့ရဲ့ မုန့်အချိုကို မကောင်းဘူးလို့ ပြောလိုက်တာလား

မင်းရဲ့လက်က မသန့်ရှင်းဘူးလို့ပြောတာ

ငါ့မုန့်အချိုက ညစ်ပတ်တယ်ပေါ့

အခု သူ့ကိုလှည့်စားဖို့ ကြိုးစားလေ

- မင်းဘက်က မညစ်ပတ်နဲ့လေ - အတူတူ လုပ်တာပေါ့

အပေါစားလှည့်ကွက်တွေက အသုံးမဝင်ဘူး

မင်းရဲ့လက်ကို ဆီထဲနှစ်လိုက်တာ

ဘာလဲ

ချန်ပတ် . . . အဲဒါ ဂါဂျိုဒါ ရဲ့သား မဟုတ်လား

အဲဒီမှာ ဘာလုပ်နေတာလဲ

အဲဒီကောင် . . .

မြည်းကြည့်လိုက်ပါ

ဘီလူရမ် ဘာဖြစ်လို့လဲ

မင်းအလုပ်မင်းလုပ်ပါ

ဝယ်သူကိုတောင် မထိန်းထားနိုင်တာ

ကျွန်တော်ကမှ ဝယ်သူရှိသေးတယ်

ခင်ဗျားရဲ့ ကိုယ်ပိုင်လုပ်ငန်းကိုကြည့်ဦး လူတောင်မရှိဘူး

ကျုပ်ဆီကို ကမ္ဘာအနှံ့က ဧည့်သည်တွေ လာနေကြတာ

ငါ့ကို ဘာလို့ မုန့်အချို မရောင်းတာလဲ

နိုင်ငံတကာ တန်းဝင်တဲ့ပစ္စည်းဖြစ်အောင် လုပ်လိုက်မယ်

နေပါစေ ရာဂျစ်စတန်မှာ ဆိုင်ခွဲအများကြီးမရှိဘူး

တချို့တောင် ပိတ်ကုန်ပြီ

ခင်ဗျားမှာ အထည်ဆိုင်ရှိတာပဲ အဲဒါနဲ့တင် လုံလောက်နေပါပြီ

ခင်ဗျားဆိုင်ကို ဒီထက်ပိုကြီးအောင်လုပ် မုန့်အချိုတော့ မဖြစ်နိုင်ဘူး

မုန့်အချိုရောင်းတာ ကျုပ်တစ်ယောက်ပဲရှိတယ် နားလည်လား

ငါနဲ့လိုက်ခဲ့

ဂါရှီတီရမ် နာမည်ကို ဝယ်လို့ရမယ်ထင်နေလား

ဟုတ်လား

သား . . .ငါတို့မိသားစုထဲမှာ ဘယ်လောက်ပဲ ရန်တွေဖြစ်နေကြပါစေ

ချန်ဒီရမ် နဲ့ ဘယ်တော့မှ အလုပ်တွဲမလုပ်ဘူး

ဘယ်သွားမှာလဲ

ဘယ်ကို ထွက်ပြေးဦးမလို့လဲ

ဟင် . . .

ချန်ဒီရမ် မှာ ဘာသွားလုပ်တာလဲ

သူ့ဘက်က ကမ်းလှမ်းလာတာ

ငါ တစ်ချက် ရွတ်ပေးလိုက်ရင်

မင်းအဖေ သိပြီး နောက်တစ်ချက်ပေးလိမ့်မယ်

ဦးလေးတစ်ယောက်ပဲ ဂါရှီတီရမ် မဟုတ်ဘူး

ကျွန်တော်လည်း တစ်ယောက်ပဲ

သူက ကျွန်တော့်ရဲ့အဘိုးတော်တယ်

ကျွန်တော်လုပ်ချင်တာလုပ်မယ်

ဝိုး . . .မင်းလုပ်ချင်တာ လုပ်မယ်ပေါ့

ဦးလေး . . .နာတယ်

မင်္ဂလာပါ အဘိုး

မျက်မှန်တပ်လိုက်ပါဦး မဟုတ်ရင် မျက်စိနာကူးကုန်တော့မယ်

- မင်း ဘယ်မှာလဲ - ကျွန်တော် ဒီမှာ

- သွားမယ် - ဦးလေး

ဒါကိုကြည့် ငါတို့မိသားစုစဉ်ဆက်ပဲ

ချန်ဒီရမ် က လွဲပြီး အားလုံးကို ဒီမှာတွေ့ရလိမ့်မယ်

ဘာကြောင့်လဲသိလား

သူက ဓာတ်ပုံရိုက်ရတာ မကြိုက်လို့လား

မဟုတ်ဘူး ငတုံးရဲ့

နားထောင်

ဟိုးတစ်ချိန်တုန်းက ၁၉၂၀ ခုနှစ်လောက်မှာ

အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ အင်္ဂလိပ်အရာရှိက မုန့်အချိုစားချင်လာတယ်

ညအချိန်မတော်ကြီး နေရာအနှံ့လိုက်ရှာခဲ့တယ်

အဲဒီလိုနဲ့ ဂါရှီတာရမ်ကို သူရောက်လာတယ်

ဒါပေမဲ့ ငါတို့အဘိုးက သူ့ကိုဆိုင်ထဲ ခြေတစ်လှမ်းတောင်ပေးမဝင်ခဲ့ဘူး

ကန်ထုတ်ပစ်လိုက်တယ်

သူက ဘာပြောလဲသိလား

- သူ ဘာပြောလဲ - ဘာတဲ့လဲ

ချစ်လှစွာသော တိုင်းတပါးသား

ကျုပ်က မုန့်အချိုရောင်းပါတယ်

ဒါပေမဲ့ တိုင်းပြည်ကို ရောင်းမစားဘူးလို့ သစ္စာဆိုထားတယ်

- အလွတ်ရနေတယ် - တော်လိုက်တာ

ဒါပေမဲ့ သူ့ရဲ့ညီ ချန်ဒီရမ် က မျက်နှာလိုအားရလုပ်ပြီး

အဲဒီအင်္ဂလိပ်ကို သူ့ဆိုင်ထဲခေါ်ပြီး မုန့်အချိုတွေ စားချင်သလောက်ကျွေးခဲ့တယ်

အဲဒါကြောင့် ဒီအိမ်မှာ သူ့အတွက်နေရာမရှိတာပဲ

မင်းကိုကြည့်ဦး အဘိုးအရှက်ရအောင် လုပ်နေတယ်

တရားရုံး ရက်ထွက်ပြီ နင် လာမယ်မဟုတ်လား

ဒါပေါ့ မလာလို့ရမလား

လာ သွားကြမယ်

စာကျက်နေတာလား

အိမ်မှားပြီး ရောက်လာတာလား

ငါ့သမီး တာယူ ရော

သွားပါ သမီးကို ဟာသ လာလုပ်နေတယ်

ဘယ်သူက ငါ့သမီးကို ဟာသလုပ်လို့လဲ

ကျောင်းအုပ်ကြီး

အဲဒီစုန်းမအကြောင်း မပြောစမ်းပါနဲ့

တစ်ရက်မှ ကောင်းကောင်းမနေရဘူး

မိသားစုမင်္ဂလာဆောင်ကြောင့် ဘယ်မှလည်း မသွားရဘူး

သမီးကိုလည်း UK သွားခွင့်မပြုဘူး

UK? အူတယာခမ်လား

အူတယာခမ် မဟုတ်ဘူးလေ ပါပါး ယူနိုက်တက်ကင်းဒမ်း၊ အင်္ဂလန်ကိုပြောတာ

သမီးတို့ကျောင်းက Truford တက္ကသိုလ်နဲ့ ချိတ်ဆက်ထားတယ်

အမှတ်အများဆုံး ၃ ဦးက အဲဒီမှာ ဝင်ခွင့်သွားဖြေရမယ်

ကျောင်းအုပ်ကြီးဆီကို သွားပြီး အသေးစိတ်မေးမြန်းခဲ့တာ

သူက စိတ်ဖိစီးမှုမထားဖို့ပြောတယ်

ကလေး အယောက် ၃၀ မသွားချင်ဘူးဆိုရင် နင့်အတွက် အခွင့်အရေးရမယ်တဲ့

ဟုတ်တာပေါ့

အဲဒါနဲ့ သူက ဘယ်လိုဟာသလုပ်တာလဲ ပါပါးကိုပြောပါဦး

သမီးကို ဟာသ လုပ်တာမှမဟုတ်တာ အဲဒါက အမှန်တရားပဲလေ

သမီးက ဘယ်တော့မှ ၅၀ ရာခိုင်နှုန်းအထက်မှ မရခဲ့တာ

ထိပ်ဆုံးစာရင်းဝင်ဖို့ ဘယ်လောက်ထိ ကြိုးစားရလဲသိလား

အမှတ် ၉၀

ပါလီမန်ရွေးကောက်ပွဲမှ မဟုတ်တာ မဲတွေကို ခိုးလို့မရဘူးလေ

သမီးအနေနဲ့ အနိုင်ရမှာမဟုတ်ဘူး

ကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ရလိမ့်မယ်

ကဲပါ အဲဒါကို မေ့လိုက်တော့

နားထောင်

နားထောင်ပါဦး

ညဈေးမှာ ဈေးရောင်းပွဲတော်ရှိတယ်

ဈေးဝယ်ထွက်ရအောင်

ပါပါး . . .အရေးကြီးတဲ့ကိစ္စ ပြောနေတာနော်

ဘာလို့ စကားလမ်းကြောင်းလွှဲပစ်တာလဲ

စကားလမ်းကြောင်းလွှဲဖို့ လိုတယ်လေ

ပါပါး . . .သမီးဆုံးဖြတ်ပြီးပြီ လန်ဒန်ကိုသွားမယ်

ဒီကနေ ထွက်သွားချင်တယ်ဆိုရင် ဘာလို့ ဂျာပူလ်ကိုမသွားတာလဲ

ဟိုမှာ နင့်အဒေါ်အိမ်လည်းရှိတယ်

ငါလည်း လာနေပေးလို့ရတယ်

ပါပါး . . .ဘာလို့ သမီးနဲ့အတူနေမှာလဲ

သမီး အရွယ်ရောက်နေပြီ နည်းနည်းပါးပါး လွတ်လပ်ခွင့်ပေးပါဦး

အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ခဲ့တာ အနှစ် ၂၀၀ ကျော်သွားပြီ

သမီးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စောင့်ပါဦး

လန်ဒန်မှာ ဘာတွေများပိုကောင်းနေလို့လဲ အင်္ဂလိပ်တွေ ဒီမှာလာပြီးနယ်ချဲ့သွားတာ

တို့တွေက မောင်းထုတ်နိုင်ခဲ့လို့ပေါ့

Komen

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left