200 baris pertama.
ထတော့
ဒီခေတ်ကလေးတွေကတော့
တစ်ညလုံး မြင်းလို လျှောက်သွားနေပြီး နေ့ခင်းကျ ခွေးသေဝက်သေ သေနေတယ်
ထတော့
နင့်သူဌေးနဲ့ သွားတွေ့ရမှာမလား နောက်ကျတော့မယ်
နင်ဒီလိုပဲ လုပ်နေမယ်ဆိုရင်
ငါမရှိတော့ရင် နင်ဘယ်လိုလုပ်မလဲ
ဒီလိုအချိုးမျိုးနဲ့တော့
နင့်အလုပ်မှာ ကြာကြာခံမှာမဟုတ်ဘူး
အဘွား သားကျောင်းဆရာ မလုပ်ချင်ဘူးလို့ ပြောထားတယ်လေ
ဘာ ဘာပြောလိုက်တယ်
နင်ဘဝကို ဒီထက် လေးလေးနက်နက်လေး တွေးဦး
မင်္ဂလာနံနက်ခင်းပါ
မင်္ဂလာနံနက်ခင်းပါ
- ဟုတ်ကဲ့ - ဘာများကူညီပေးရမလဲရှင့်
သြော် ကျွန်တော်က ဂေဒူက ကျောင်းဆရာပါ
အတွင်းရေးမှူးနဲ့ ဒီနေ့ချိန်းထားလို့ပါ
ရောက်နေကြောင်း ပြောလိုက်ပါ့မယ်
ငါတို့တိုင်းပြည်မှာ ငါတို့ဆီအလုပ်လုပ်နေတဲ့ ကျောင်းဆရာတစ်ထောင်ကျော်ရှိတယ်
နင့်လောက် စိတ်ပါလက်ပါမရှိတဲ့ ဆရာတော့ ငါမတွေ့ဖူးသေးဘူး
စိတ်မဆိုးပါနဲ့ အစ်မကြီး
နင်မဖြစ်မနေ တာဝန်ထမ်းဆောင်ပေးရမယ့် ၅ နှစ်မှာ အခု ၄ နှစ်ပြည့်ပြီ
အစိုးရဌာနမှာ ဆက်လုပ်ဖို့ စိတ်ရောပါရဲ့လား
ကျွန်တော်က ဆရာဖြစ်ဖို့ ကံပါတဲ့သူမဟုတ်လောက်ဘူးလို့
ဒီ ၄ နှစ်ထဲမှာ တွေးမိပါတယ် အစ်မကြီး
တော်တော့
နင့်လိုလူမျိုးတွေ ငါတွေ့ဖူးတယ်
နင့်စာချုပ်သက်တမ်း မကုန်သေးတာရော နင်သိရဲ့လား
တစ်နှစ်ဆက်သင်ရဦးမယ်
အစ်မကြီး လူနားနားလို့ ရေးထားတယ်
ဟုတ်တယ် လူနားနားလေ
ဂီဒူမှာ မပျော်ဘူးလို့ နင်ပဲပြောတာလေ
လူနားနားက ကျောင်းမှာ
ဆရာတစ်ယောက်လိုနေတယ်လို့ ငါတို့ဆီ တင်ပြထားတယ်
ဒါနင့်အတွက် အကောင်းဆုံးအခြေအနေပဲ မဟုတ်ဘူးလား
လူနားနားကိုသွားတော့
ဒါပေမယ့် လူနားနားက ဂါဆာမှာမဟုတ်ဘူးလား
လူနားနားကျောင်းက ဘူတန်မှာတင်မဟုတ်ဘူး ကမ္ဘာမှာပါ
ချောင်အကျဆုံး အဝေးလံဆုံးကျောင်းပဲ
အစိုးရရဲ့ အမျိုးသားတိုးတက်ရေးနဲ့ စည်ပင်ရေး စီမံချက်အရ
မြို့ပေါ်ကဖြစ်ဖြစ် ချောင်အကျဆုံးနေရာကဖြစ်ဖြစ်
ကလေးတိုင်းကို ပညာသင်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်
ကျွန်တော်လုပ်နိုင်မယ် မထင်ပါဘူး အစ်မကြီး
ပြီးတော့ ပြောရရင်
ကျွန်တော်က အမြင့်လည်းကြောက်တတ်တယ်
အမြင့်ကြောက်တယ် ဟုတ်လား
နင်ဘူတန်သားမဟုတ်ဘူးလား
ဒါက အမြင့်ကြောက်မကြောက်နဲ့ မဆိုင်ဘူး တာဝန်သိမသိနဲ့ဆိုင်တာ
ဆင်ခြေတွေပေးမနေနဲ့တော့ သွားမှာသာသွား
အရမ်းချောင်ချပြီး အေးတဲ့နေရာမှာရှိနေလို့
ဆောင်းဦးဝင်ဝင်ချင်းတင် ကျောင်းပိတ်တယ်
သင်ရိုးကုန်အောင်သင်ပြီး အဲ့ဒီအခါကျ ပြန်လာခဲ့လိုက်
- သိပ်တော့မဆိုးပါဘူး - ဘာ
အဲ့လောက်လည်း မဆိုးလောက်ပါဘူးလို့
အဲ့ဒီတောင်ပေါ်မှာ တော်တော်လှတယ် ကြားဖူးတယ်
လူနားနားကို ပြောတာလား
လူနားနားက ဘယ်လိုနေရာမျိုးလဲ မင်းသိလို့လား လျှပ်စစ်မီးတောင် မရှိဘူးကွ
ပြီးတော့ တောင်ပေါ်ကို ၈ ရက်ခရီး တက်ရတာ ငါ့ကောင်
မင်းဘာလို့ သြဇီကို အသည်းအသန်သွားချင်နေရတာလဲ
မင်းမှာ ဒီလောက်ဂုဏ်ယူစရာကောင်းတဲ့ အလုပ်ရှိနေတာကို
ဒီအလုပ်ကိုပစ်ပြီး သွားမလို့လား
ငါလုပ်ချင်တာတွေရှိသေးတယ် ငါ့ကောင်
ဘာတွေမို့လို့လဲ
မင်းရထားတဲ့ ဒီလောက်ကောင်းတဲ့ အစိုးရအလုပ်ကနေထွက်ပြီး
အဆိုတော်ဖြစ်ဖို့ နိုင်ငံခြားသွားချင်တာလား
အေးလေ
ဘူတန်သားတွေက ဗီဇာရဖို့ အတော်ခက်တယ်နော်
ဟာ အကုန်လုပ်ထားပြီးပြီကွ
နောက် ၃ လ နေရင် ငါလိုက်သွားရုံပဲ
မင်းအဖွားကရော
သူ့ကို တစ်ယောက်တည်း ထားခဲ့မလို့လား
ဂုဏ်သရေလူကြီးမင်းများ ခင်ဗျား
ကျွန်တော့်ရဲ့ အထူးသူငယ်ချင်းကြီး အူဂင် က သီချင်းတစ်ပုဒ် ဆိုချင်လို့ပါတဲ့
ငါ့အဘွားအတွက် မင်းစိတ်ပူစရာမလိုပါဘူး
ဟေ့ အူဂင်
လာလေ
တွေးမနေနဲ့
အားလုံးအဆင်ပြေကြတယ်မလား
ဟုတ်ပြီလေ
ငါလူနားနားကို မသွားခင်
ငါ့သြဇီဗီဇာ မင်းကိုပေးခဲ့မယ်
ဒေလီသံရုံးမှာ လိုတာလေး ဆက်လုပ်ထားပေးပါလား
စိတ်မပူပါနဲ့ ငါလုပ်ပေးထားမယ်
စားစရာတစ်ခုခု သွားယူလိုက်ဦးမယ်
မင်္ဂလာပါ အဘွား
သြော် တန်ဒင် ပါလား
နင့်မိဘတွေရော နေကောင်းကြတယ်မလား
ဟုတ်ကဲ့ အကုန်နေကောင်းပါတယ်
နင်ဝိတ်ကျသွားတာလား
ဟုတ် နည်းနည်းပါ
ဝိတ်လေးနည်းနည်းချမလားဆိုပြီး လုပ်နေတာ
အရင်တုန်းကတော့
လူကောင်ကြီးကြီး သန်သန်ကြီးတွေကို မိန်းကလေးတွေ ပိုသဘောကျခဲ့ကြတာ
အခုခေတ်တော့ ဝါးခြမ်းပြားသာသာ ကောင်လေးတွေကို ပိုသဘောကျကြပုံပဲ
အူဂင် နင်မနက်က ပြောသွားတဲ့စကားက ဘာလဲ
အူဂင် ငါနင့်ကိုပြောနေတယ်လေ
အဘွား သားပြောတယ်လေ
သားအစိုးရဝန်ထမ်း မလုပ်ချင်ဘူးလို့
ဘာ နင်ဘာကိုပြောချင်တာလဲ
သူများတွေဆို အစိုးရဝန်ထမ်းဖြစ်ချင်လို့ တစ်ပိုင်းသေနေတာ
နင့်ကျမှ ရထားတဲ့အလုပ်ကနေ ထွက်ချင်တယ်တဲ့လား
ငယ်ငယ်လေးနဲ့ နင့်မိဘတွေကို ဆုံးရှုံးခဲ့ရပေမဲ့
ကျောင်းပြီးအောင်တက်ပြီး အလုပ်ကောင်းကောင်းရခဲ့တာပဲလေ
နင့်ဘဝမှာ အစစအရာရာ အဆင်ပြေနေပြီပဲကို
နင်နိုင်ငံခြားသွားတော့မှာ မဟုတ်လား
နင့်စာရွက်စာတမ်းတွေ ငါတွေ့တယ်
နင်နဲ့ ငါနဲ့ နှစ်ယောက်ပဲ ကျန်တာကို
နင်က ဘာလို့ အိမ်ကထွက်သွားချင်နေတာလဲ
ဝန်ကြီးဌာနက သားကို လူနားနားကို ပို့ချင်နေတာဗျ
လူနားနားဆိုတာ ဘယ်နားလဲရော အဘွားသိရဲ့လား
ဘယ်လိုနေရာမျိုးလဲရော သိလို့လား
သူတို့ဘယ်ကိုပဲပို့ပို့ နင်သွားလိုက်ရုံပဲလေ
နင်လုပ်ချင်တာသာ လုပ်တော့
တန်ဒင် စားနော်
တောင်ပေါ်သွားဖို့ မင်းဖိနပ်ကောင်းကောင်းလိုမှာပဲ
ကြည့် ဒီဖိနပ်က ခုံလည်းထူတယ် ရေစိုလည်းခံတယ်
ကောင်းတယ်မလား
ဟုတ်တယ် ရေစိုခံတယ်
နင်တို့ ဂေါ်တက်ဆိုတာ ကြားဖူးလား အဲ့ဒါ ဂေါ်တက်လေ
ဟုတ်လို့လား
ဟုတ်တာမှ ဟိုဘက်တောင်လွန်သေးတယ်
You know Brad Pitt and Leonardo? ဘရက်ပစ် နဲ့ လီရိုနာဒို သိတယ်မလား
သူတို့စီးတဲ့ ဖိနပ်မျိုးပဲ
ဂါဆာအထိတော့ ဖုန်းဆက်လို့ရတဲ့နေရာတွေရှိတယ်
အဲဒီအထိတော့ ကိုယ်ဖုန်းဆက်လိုက်မယ်
အဲဒီကနေ ကျော်ရင်တော့ ဖုန်းဆက်လို့ရတဲ့နေရာ မရှိတော့ဘူး
သိပါတယ်
ပြီးတော့ ကိုလည်း သုံးလေးလလောက်ပဲ သွားမယ့်ဟာကို
နောက်နှစ်ကျမှ ဟိုကမ်းခြေကို အတူသွားကြမယ်လေ
ဘာကမ်းခြေပါလိမ့်
ဘွန်းဒီကမ်းခြေ
Baywatch ကားမှာ ပါတယ်လေ
တာ့တာ
သွားတော့မယ် အဘွားရေ
သားကို စိတ်ပူမနေနဲ့နော်
တာရှီ/font>
ခမ်းခရီးဖြောင့်ဖြူးပါစေ
ကွမ်းစားဦး
ဒီလိုရွံစရာတွေ ငါမစားဘူး
It is cold up there, this will help you. တောင်ပေါ်မှာ အေးတယ်ဟ ဒါစားမှ မင်းအဆင်ပြေမှာ
ယူထား
တာ့တာ
မကြာခင်ပြန်တွေ့မယ်
ဂါဆာ ဂါဆာဟေ့ ဂါဆာရောက်ပြီ
မင်္ဂလာပါ ဆရာ အူဂင်ဒေါ်ဂျီ လား မသိဘူး
ဟုတ်ကဲ့ ဘယ်သူများလဲမသိဘူး
လူနားနားက မီချန် ပါ
ရွာသူကြီးက ဆရာ့ကို လာကြိုခိုင်းလိုက်တာပါ
ရွာသူကြီးက ကျွန်တော့်ကို သိတာလား
သြော် သိတာပေါ့ဗျာ
တကယ်တော့ ဆရာလာမယ်ကြားကတည်းက တစ်ရွာလုံး စိတ်လှုပ်ရှားနေကြတာပါ
ဆရာ လိုတာရှိမှန်သမျှ အကုန်ပြောနော်
အိတ်သယ်ပေးပါရစေ
ငါ့ကို ဆရာ့အိတ်ပေး
ကျွန်တော်တို့ ဒီညဒီမှာပဲ နေကြမှာပါ
မနက်ဖြန်ကျမှ လူနားနားကို စထွက်ပါမယ်
အထဲဝင်ပါ ဆရာ ညစာမှာပေးထားပါတယ်
ကျေးဇူးတင်ပါတယ်
သုံးဆောင်ပါ
ဂါဆာကတော့ အမြဲဒီလိုပဲဗျ
မီးက လာလိုက်ပြတ်လိုက်နဲ့ အားကိုးလို့မရဘူး
ဆရာက နှိပ်နေတာ တော်တော်ကျွမ်းတာပဲနော်
ကွမ်းစားပါဦး
မစားတတ်ဘူးလား
ဟုတ် မစားဘူးဗျ
ဇမ် ... မာဂျာ ဒါကတော့ ကက်ရှာ တဲ့
သူကတော့ ကျွန်တော့သူငယ်ချင်း ဆင်းဂဲ ပါ
- မင်္ဂလာနံနက်ခင်းပါ ဆရာ - မင်္ဂလာနံနက်ခင်းပါ
သူလည်း လူနားနားကပါပဲ
နောက်ကျသွားတာ တောင်းပန်ပါတယ်
ရွာသူကြီးက လူနားနားမှာ ဆရာ့ဖို့ လိုအပ်တာလေးတွေ
ဝယ်ခိုင်းလိုက်လို့ သွားဝယ်နေတာပါ
ဝယ်လာတာလား
ဘာတွေဝယ်လာတာလဲ
နို့မှုန့် သကြားနဲ့
ရေအိမ်သုံး ပစ္စည်းလေးတွေပါ
မြို့ကလူတွေက အိမ်သာသုံးတစ်ရှူးမရှိဘဲ အိမ်သာမတက်တတ်ဘူးလို့ ကြားလို့ပါ
ဆရာလိုမှာပဲဆိုပြီး မှာလိုက်တာ
ကျွန်တော်တို့ကတော့ သစ်ရွက်နဲ့ပဲ ဖြေရှင်းကြတာဗျ
အပေါ်မှာရော လမ်းကြမ်းမှာလား
မကြမ်းပါဘူး
ပထမ ၆ ရက်တော့ မြစ်ကမ်းဘေးကနေ အေးအေးဆေးဆေး လျှောက်ရမှာပါ
ပြီးရင်တော့ နည်းနည်းလေး တက်ရတယ်
အပေါ်ကိုရောက်ပြီးရင်တော့ လမ်းအရမ်းချောသွားပါပြီ
လမ်းမဆုံးပါစေနဲ့တောင် ဆရာဆုတောင်းနေလိမ့်မယ်
သွားကြမယ်လေ
- ဟေး - ဟုတ်ကဲ့
ခင်ဗျားပြောတော့
မြစ်ကမ်းဘေးမှာ အေးဆေးလျှောက်ရမှာဆို
ဟုတ်ပါတယ်ဗျ
ဒါပေမဲ့
ကျွန်တော်တို့ တက်လာရတာ ၃ နာရီ ကျော်နေပြီ
ရှေ့နားနည်းနည်းသွားပြီးရင် တောင်ဆင်းလမ်းရောက်ပါပြီ
ဟုတ်ပြီ
ဘာကြီးလဲဗျာ
တောင်ဆင်းလမ်းရောက်တော့မယ်ဆို
တစ်ချိန်လုံး တက်ပဲတက်နေရတာပဲ
ရှေ့နားလောက်ကျ တောင်ဆင်းလမ်းရောက်ပါပြီ
ခင်ဗျားတို့တစ်ချိန်လုံး ဒီလိုပဲပြောနေတာပဲ
လမ်းက အတက်ချည်းပဲလို့ ကျွန်တော်တို့ ပြောထားရင်
No comments yet. Be the first to leave one.