200 baris pertama.
မစ္စတာ ဒူဖရင့် ...
ခင်ဗျားရဲ့ ဇနီးအသတ်ခံခဲ့ရတဲ့ညက သူနဲ့ အချေအတင်ဖြစ်ခဲ့တာလေး ပြောပြပါ
တော်တော်ခါးသီးပါတယ်
ကျုပ်သူ့နောက်က ခိုးကြောင်ခိုးဝှက်လိုက်စုံစမ်းနေတာကို စိတ်ပျက်နေပြီမို့ ဒီလိုသိသွားတာ ဝမ်းသာတယ်လို့ ပြောပါတယ်
ပြီးတော့ 'ရီနိုမြို့' မှာ သူ့ကို ကွာရှင်းပေးဖို့လည်း ပြောတယ်
- ခင်ဗျား ဘာပြန်ပြောခဲ့လဲ - ကွာရှင်းမပေးနိုင်ဘူးလို့ ပြောခဲ့တယ်
"ငါမင်းကို ရီနိုမှာ မတွေ့ခင် ငရဲမှာတွေ့မယ်" မဟုတ်ဘူးလား
အိမ်နီးနားချင်းတွေရဲ့ အပြောအရ အဲဒါက ခင်ဗျားပြောခဲ့တဲ့စကားပဲ မစ္စတာ ဒူဖရင့်
အဲဒီလိုဆိုရင်လည်း
တကယ်မမှတ်မိတော့ဘူး.. ကျွန်တော်... ဒေါသထွက်နေခဲ့တာ
စကားများပြီးတဲ့နောက် ဘာဆက်ဖြစ်လဲ
သူ အထုပ်ပြင်တယ်
မစ္စတာ ကွမ်တင် ဆီ သွားနေမလို့ သူအထုပ်ပြင်တာ
စနိုးဒင်းဟေးလ်ကလပ်က နာမည်ကျော်ဂေါက်ကစားသမား ကြီးဖြစ်တဲ့ ဂလန်ကွမ်တင် ...
အဲဒါ ခင်ဗျားမိန်းမရဲ့အဆက်လို့ ခင်ဗျား သိပ်မကြာသေးခင်က သိခဲ့ရတဲ့သူပဲ
ခင်ဗျား သူ့နောက်က လိုက်လာခဲ့လား
ဘားတွေဆီ အရင်သွားလိုက်သေးတယ်
နောက်တော့ သူတို့ကို ပြဿနာရှာမလို့ ကွမ်တင် ရဲ့ အိမ်ဆီ လိုက်သွားတော့ သူတို့ အိမ်မှာမရှိကြဘူး
ကားကို လမ်းချိုးနေရာမှာ ရပ်ထားပြီးတော့
စောင့်နေခဲ့တယ်
ဘာရည်ရွယ်ချက်နဲ့ စောင့်နေတာလဲ..
မပြောတတ်ဘူး
ကျွန်တော် စိတ်တွေ ရှုပ်နေတယ်
မူးနေတယ်
ကျွန်တော့်အထင်...
သူတို့ကို ကြောက်သွားအောင် ခြောက်မလို့ထင်တယ်
သူတို့ ပြန်ရောက်လာတဲ့အချိန်မှာ အိမ်ပေါ်လိုက်တက်သွားတယ် ပြီးတော့သတ်လိုက်တယ်
မဟုတ်ဘူး ကျွန်တော် အမူးပြေစပြုနေပြီ
ကားထဲပြန်ဝင်ပြီးတော့ အိမ်မှာ သွားအိပ်ပစ်မယ်ဆိုပြီး ပြန်လာခဲ့တယ်
လမ်းမှာ ကားရပ်ပြီး သေနတ်ကို မြစ်ထဲပစ်ချခဲ့တယ်..
ဒီအချက်ကိုတော့ ကျွန်တော် လုံးဝသေချာပါတယ်
ကျုပ်နားမလည်နိုင်တာက နောက်တစ်နေ့မနက်မှာ သန့်ရှင်းရေးမိန်းမကြီးလာတော့
အိပ်ရာပေါ်မှာ ခင်ဗျားမိန်းမနဲ့ သူ့အဆက်ကို
ပွိုင့် ၃၈ သေနတ်ကျည်ဒဏ်ရာတွေနဲ့ တွေ့ရတာကိုပဲ
ဒါကို ခင်ဗျားက တိုက်ဆိုင်မှုတစ်ခုလို့ မထင်မိဘူးလား ဒါမှမဟုတ် ကျုပ်ကပဲ အဲလိုထင်နေတာလား
ဟုတ်မယ်
လူသတ်မှုမဖြစ်ခင် သေနတ်ကို မြစ်ထဲ ပစ်ချခဲ့တယ်ဆိုတဲ့အချက်ကို
ခုချိန်ထိ ခင်ဗျား ကိုင်ထားတုန်းပဲ
အတော်ကို စိတ်သက်သာစရာအချက်ပေါ့
အဲဒါက အမှန်တရားပါ
ရဲက မြစ်ထဲမှာ သုံးရက်လောက် ပိုက်စပ်တိုက် ရှာပြီးပြီ ဘာသေနတ်မှ မတွေ့ဘူး
အဲဒီတော့..ခင်ဗျားရဲ့ သေနတ်နဲ့ အသတ်ခံခဲ့ရတဲ့ အလောင်းတွေဆီကရတဲ့ ကျည်ဆန်နဲ့ကို
တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ မဖြစ်နိုင်တော့ဘူး
ဒါကလည်း
ခင်ဗျားအတွက် ချက်ကောင်းတစ်ခုပဲ မဟုတ်ဘူးလား မစ္စတာ ဒူဖရင့်
ကျွန်တော်က ဒီအမှုမှာ အပြစ်မရှိတဲ့သူဖြစ်လို့
သေနတ်ကို ရှာမတွေ့တာကြောင့် ဘာမှ မငြင်းနိုင်ဘဲ ဒုက္ခရောက်နေရတာ
လူကြီးမင်းများ ခင်ဗျား ထွက်ဆိုချက်များကို အားလုံးကြားကြပြီး ဖြစ်ပါတယ်
အခင်းဖြစ်တဲ့နေရာမှာ တရားခံဟာ ရှိနေခဲ့တယ် ခြေရာတွေ တွေ့တယ်
ကြမ်းပြင်ပေါ်မှာ သူ့လက်ဗွေရာတွေပါတဲ့ ကျည်ဆန်တွေ
အလားတူ လက်ဗွေရာတွေပါတဲ့ ဝီစကီပုလင်း အကွဲတစ်လုံး
အဲဒါတွေထက်
ကျွန်တော်တို့မှာ မိန်းမချောတစ်ယောက်နဲ့ သူ့အဆက်တို့
တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး သေနေကြတဲ့ သက်သေရှိတယ်
သူတို့တွေ အကျင့်ပျက်ခဲ့ကြတယ်
ဒါပေမဲ့ သူတို့ ကျူးလွန်တဲ့အပြစ်က
သေဖို့ထိုက်တန်လောက်အောင်ကို အပြစ်ကြီးနေလို့လား မစ္စတာ ဒူဖရင့်
တစ်လက်စတည်း
ဒီလိုလေး စဉ်းစားကြည့်
ခြောက်လုံးပြူးသေနတ်မှာ ကျည်ဆန် ၆ တောင့်ပဲ လက်ခံတယ် ၈ တောင့်မဟုတ်ဘူး
ကျွန်တော် ဆိုလိုတာက ဒါဟာ ဒေါသဖြစ်လို့ သွေးဆူတုန်း သတ်လိုက်တာမျိုး မဟုတ်ဘူး
မသိချင်ယောင်ဆောင်နေတာကလွဲရင် အားလုံး သဘောပေါက်နိုင်ပါတယ်
ဒါက
လက်စားချေလိုက်တာပဲ
သွေးအေးအေးနဲ့ ရက်စက်လွန်းတဲ့လုပ်ရပ် ဒီလို စဉ်းစားကြည့်ပါ...
တစ်ယောက်ကို ကျည် ၄ တောင့်
ပစ်တာက ၆ ချက် မဟုတ်ဘူး ၈ ချက်
ဆိုလိုတာက သူ ကျည်ဆန်ကုန်အောင် ပစ်လိုက်တယ်
ထပ်ပစ်လို့ရအောင်
ကျည်ပြန်ဖြည့်ဖို့ ရပ်လိုက်သေးတယ်
ခေါင်းတည့်တည့်ကို
တစ်ယောက်ကို တစ်ချက်စီ ထပ်ပစ်ခဲ့တယ်
ခင်ဗျားဟာ တော်တော် သွေးအေးပြီး ရက်စက်တဲ့ သူပဲ မစ္စတာ ဒူဖရင့်
ခင်ဗျားကို ကြည့်ရမှာကိုတောင် သွေးလန့်မိတယ်
'မိန်း' ပြည်နယ် အစိုးရက အပ်နှင်းထားတဲ့ အာဏာအရ
သင့်ကို လူသတ်မှုတစ်ခုစီအတွက်
တစ်သက်တစ်ကျွန်း နှစ်ကြိမ်ဆက်ကျခံစေလိုက်တယ်
ထိုင်
တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျတာ နှစ် ၂၀ ရှိပြီလို့ သိရတယ်
- ဟုတ်ပါတယ် ဆရာ - ကိုယ့်ကိုကိုယ် ပုံမှန်ပြောင်းလဲခဲ့ပြီလို့ ယူဆပြီလား
ဟုတ်ပါတယ် လုံးဝ ပြောင်းလဲနေပါပြီ
ကျွန်တော် သင်ခန်းစာလည်း ရခဲ့ပါပြီ
စိတ်သစ်လူသစ်ဖြစ်သွားပြီလို့ တကယ့်ကို ပြောနိုင်ပါပြီ
လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ကောင် မဟုတ်တော့ပါဘူး
ဒါအရိုးသားဆုံး အမှန်တရားတစ်ခုပါ
ဟေး ရက်ဒ် ဘယ်လိုတဲ့လဲ
ဓါတ်ပြားဟောင်းကြီး ဖွင့်တာပါကွာ
အေး ငါကိုယ်ချင်းစာပါတယ်
ငါလည်း နောက်တစ်ပါတ်ဆို ဝင်ပြီး လျှော့ရက်အပယ်ခံရဦးမယ်
ငါ့ကိုလည်း ဟိုတစ်ပတ်က ပယ်ချလိုက်တယ်
ဖြစ်တတ်ပါတယ်
ဟေ့ ရက်ဒ် ငါ့ကို ဖဲတစ်ထုပ်လောက်လုပ်စမ်းပါအုံး
သွားစမ်းပါကွာ မင်း ငါးထုပ်စာတောင် အကြွေးပြန်မဆပ်ရသေးဘဲနဲ့
- လေးထုပ်ပါ - ငါးထုပ်ကွ
အမေရိကထဲ ရှိရှိသမျှ ထောင်တွေမှာ ကျုပ်လို တစ်ကောင်လောက်တော့ ရှိကြမှာပါ
ခင်ဗျားတို့အတွက် ပစ္စည်းတွေ ဖန်ပေးလို့ရတဲ့ ကောင်မျိုး
စီးကရက်ယူမလား ကြိုက်တတ်တယ်ဆို ဆေးခြောက်တစ်ထုပ်ပဲယူမလား
ခင်ဗျားရဲ့ ကလေးတွေ အထက်တန်းအောင်လို့ အောင်ပွဲခံဖို့အတွက် ဘရန်ဒီတစ်လုံးပဲ လိုချင်လား...
တော်ရုံတန်ရုံဆို အကုန်လုံးနီးပါးကို ရတယ်
ဒါပေါ့ ကျုပ်က အစုံရလမ်းဘေး ကုန်တိုက်လေးပေါ့ဗျာ
အဲဒီလိုနဲ့ ၁၉၄၉ မှာ အန်ဒီ ဒူဖရင့် ကျုပ်ဆီလာပြီးတော့
သူ့အတွက် ရီတာဟေးဝပ် ကို ထောင်ထဲရောက်အောင် ခိုးသွင်းခိုင်းတယ်
ကျုပ်ကလည်း "ရစေရမယ်” လို့ ပြောခဲ့တာပေါ့
အရာရှိတွေအကုန် ပင်မဂိတ်ဆီလာပါ
ဂိတ်မှာ လုံခြုံရေးယူပါ
ကျုပ်တို့ အန်ဒီ ဟာ သူ့မိန်းမနဲ့ အတူအိပ်တဲ့ကောင်တို့ကို သတ်လိုက်တဲ့အမှုနဲ့
၁၉၄၇ ခုနှစ် နှစ်စပိုင်းမှာ 'ရှောရှင်း' ထောင်ထဲ ရောက်လာပါတယ်
အပြင်မှာတုန်းက သူက ' ပေါ့လန်း' ဘဏ်မှာ လက်ထောက်မန်နေဂျာတစ်ယောက်
လူရွယ်တစ်ယောက်အတွက် သင့်တော်တဲ့အလုပ်ပဲ
ဟေ့... ရက်ဒ် ကြီး
မင်း အင်္ဂလိပ်လိုပြောတတ်လား ဖက်တီး
ဒီအရာရှိ နောက်လိုက်သွား
ဒီလောက် စိက်ပျက်လက်ပျက်ရုပ်နဲ့ ချီးထုတ်မျက်နှာတွေ တစ်သက်နဲ့တစ်ကိုယ် မတွေ့ဖူးသေးဘူး
ဟေ့ လူသစ်လေး ဒီဘက် ကျော်လာခဲ့
ဒီနေ့ လောင်းဦးမလား ရက်ဒ်
ဆေးလိပ်လား ပိုက်ဆံလား ထိုးသားအကြိုက်ရွေး
ဆေးလိပ်ပဲ ငါ့စာရင်းမှာ နှစ်လိပ် မှတ်ထားလိုက်
ကောင်းပြီ ဘယ်မြင်းလဲပြော
ဟို ချီးထုတ်ပေါက်စနလေးဘက်က
- ၈ ယောက်မြောက် ရှေ့ဆုံးကနေ ၈ ယောက်မြောက် သူပဲနိုင်မှာ - အိုး... ချီးပဲ ငါအဲကောင် ယူမယ်
- ငါလည်းယူမယ် - ဆေးလိပ်တွေတော့ ပြောင်တော့မှာပဲ သားကြီး
သိပ်တော်လွန်းနေရင် မင်း ကြေးခေါ်လေ
ငါက ဟိုဖက်တီးကောင်ဘက်က လောင်းမယ်
ငါးယောက်မြောက် ငါ့စာရင်းမှာ ဖဲတစ်ထုတ်မှတ်လိုက်
လူသစ်လေးတွေ
လူသစ်လေးတွေရပြီ
ငါးမျှားရတော့မယ်
ကျုပ် အန်ဒီ ကို စတွေ့လိုက်တော့ ဘာမှ ထွေထွေထူးထူး မထင်ခဲ့ဘူး
လေတစ်ချက် ဝှေ့လိုက်တာနဲ့ ပါသွားမယ့်ရုပ်
ဒါသူ့နဲ့ပတ်သက်လို့ ကျုပ်ရဲ့ ပထမဆုံး အမြင်ပဲ
ခင်ဗျားကော
ဟိုရှည်ရှည်ဖြောင့်ဖြောင့်နဲ့ အထည်ကြီးပျက်ကောင်ပဲ
ဒီကောင်လား ဆုတောင်းလေ
၁ဝ လိပ် ကြေးကွာ... ကြေးကြီးပါလား
လုပ်လိုက်လေ ငါမှားတယ်လို့ ဘယ်သူသက်သေပြမလဲ
ဟေးဝဒ် လား ဂျစ်ကာ လား
စကိစ် လည်း ပါတယ်ပေါ့
ဖလွိုက်ဒ် ရော
သတ္တိခဲကြီး လေးယောက်ပါလား
ညနေလူစစ်ချိန်အတွက် ကိုယ့်အခန်းကိုယ် ပြန်ကြပါ
အကျဉ်းသားတွေအားလုံး ကိုယ့်အခန်းကိုယ်ပြန်ပါ
ညာလှည့် ရှေ့ကြည့်
ဒါက မစ္စတာ ဟက်ဒလေ ထောင်ကြပ်တွေရဲ့ ခေါင်းဆောင်ပဲ
ငါက ထောင်မှူး မစ္စတာ နော်တင်
မင်းတို့က ပြစ်မှုမြောက်တဲ့ ရာဇဝတ်ကောင်တွေ
အဲဒါကြောင့်ပဲ ငါ့ဆီပို့လိုက်တာ
စည်းကမ်းချက် - ၁
ဘာသာရေးစော်ကားမှုမလုပ်ရဘူး
ငါ့ထောင်ထဲမှာ ဘုရားသခင်နာမည်ကို ပေါ့ပျက်ပျက် လုပ်တာတွေ မလိုချင်ဘူး
နောက်ထပ် စည်းကမ်းတွေကိုတော့
တဖြည်းဖြည်းနဲ့ ကိုယ့်ဟာကိုယ် သဘောပေါက်လာလိမ့်မယ် ဘာမေးစရာရှိလဲ
ကျုပ်တို့ ဘယ်အချိန် စားရမလဲ
ငါတို့က စားဆိုတဲ့အချိန်စား
ချီးပါလို့ ပြောတဲ့ချိန် ချီးပါ သေးပေါက်လို့ပြောတဲ့အချိန် သေးပေါက်
နားလည်လား ငါလိုးမသား
ထစမ်း
ငါ လက်ခံယုံကြည်တာ နှစ်ခုရှိတယ်
စည်းမျဉ်းစည်းကမ်းတွေနဲ့ သမ္မာကျမ်းစာပဲ
ဒီနေရာမှာတော့ မင်းတို့ နှစ်ခုလုံးကိုရမှာ
မင်းတို့ ယုံကြည်မှုကို ဘုရားသခင်ဆီမှာ ထားပါ
မင်းတို့တွေကိုတော့ ငါပဲပိုင်တယ်
'ရှောရှင်း' အကျဉ်းထောင်က ကြိုဆိုပါတယ်
လက်ထိပ်တွေ ဖြုတ်ပေးလိုက်
ဟိုဘက်လှည့်
ရပြီ
အခန်းဝကိုလာ
ဟိုဖက်လှည့် ပိုးသတ်ဆေးမှုန့်ဖြူးလိုက်
ဒီဖက်လှည့်
အခန်းထဲကထွက် ဝတ်စုံနဲ့ စာအုပ်ယူသွား
နောက်တစ်ယောက်
ညာဖက်ကို... ညာဖက်... ညာဖက်...
ဘယ်ဖက်... ဘယ်ဖက်...
ပထမဆုံးညက အခက်ခဲဆုံးပဲ မယုံမရှိနဲ့
ခင်ဗျားတို့ မွေးတဲ့နေ့တုန်းကလို ဖင်ပြောင်ကြီး ဖြစ်အောင် လုပ်လိမ့်မယ်...
စောက်ပိုးသတ်ဆေးကြောင့် အသားတွေလောင်ပြီး မျက်လုံးတွေ ဝါးမယ်
ပြီးတော့ ခင်ဗျားတို့ကို ဒီအကျဉ်းခန်းထဲ ထည့်လိုက်တဲ့အခါကျရင်
ဒီသံတိုင်တွေက အိမ်ပြန်လမ်းကို ဆောင့်ပိတ်လိုက်တယ်
အဲဒီအခါကျမှ “ဒါတကယ်ဖြစ်နေတာပါလား” လို့ ခင်ဗျားတို့ လက်ခံကြတာပဲ
ဘဝဟောင်းက မျက်တောင်တစ်ခတ်အတွင်း ပျောက်ဆုံးသွားခဲ့ပြီ
တစ်ချိန်လုံး ဒါပဲ စဉ်းစားနေဖို့ကလွဲလို့ ဘာမှကို မကျန်ခဲ့ဘူး
လူသစ်လေးတွေအများစုက ပထမဆုံးညမှာဆို ရူးမတတ်ပဲ
တစ်ယောက်လောက်တော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်တယ်
ဒါက ဖြစ်နေကျ ထုံးစံပဲ
မေးစရာတစ်ခုပဲရှိတာက...
ဘယ်တစ်ယောက် အရင်ဆုံး အဲ့လိုဖြစ်မလဲဆိုတာပဲ
ကျုပ်ကတော့ ဘာကိုမဆို အလောင်းအစားလေး လုပ်ပစ်မှ ကောင်းတယ်လို့ ထင်တယ်
ခုတော့... ကျုပ်ပိုက်ဆံတွေ အန်ဒီဒူဖရင့် ဆီမှာပေါ့ဗျာ
မီးတွေပိတ်မယ်
ကျုပ်ရဲ့ ပထမဆုံး ညလေးကို သတိရမိတယ်
တော်တော်တော့ ကြာခဲ့ပြီ
ဟေ့ လူသစ်လေး
လူသစ်လေးကွ
ဘာလဲ မှောင်ရင်ကြောက်တတ်လို့လား
မင်းအမေကို မင်းအဖေ မလိုးခဲ့လို့ မင်းမမွေးခဲ့ရင် ကောင်းမယ်လို့ ဆုတောင်းနေပြီမလား
ဝက်ပုတ်... ဝက်နာ... ဝက်သား ခုတ်ရောင်းရမယ်
ဖင်လေးကော့လိုက်ကွာ ငါ့ကို အရင်ဆုံးပြ
ရှူး... တိုးတိုးလုပ်ပါဟ
ဒီကောင်တွေက လူသစ်ကလေးတွေကို မျှားနေကြ
တစ်ကောင်လောက်မရဘဲ ရပ်ကြမှာမဟုတ်ဘူး
ဟေ့ ဖက်တီး
No comments yet. Be the first to leave one.