The Science of Interstellar

The Science of Interstellar

Burmese സബ്ടൈറ്റിൽ ഡൗൺലോഡ് ചെയ്യുക

റിലീസ് വിവരങ്ങൾ

Discovery Channel-The Science of Interstellar 720p HDTV x264-DHD
കമന്ററി എഴുതിയത് Lotus Black
Enjoy Myanmar Subtitle

ടാഗുകൾ

HDTV
hdtv
x264
720p
720
HD
പ്രസിദ്ധീകരിച്ചത്: 2015-03-23
ഡൗൺലോഡുകൾ: 69
ശ്രവണ വൈകല്യമുള്ളവർക്ക്: No

Burmese സബ്ടൈറ്റിൽ പ്രിവ്യൂ

ആദ്യത്തെ 180 വരികൾ.

လူသားတွေဟာ သဘာဝစူးစမ်းလေ့လာသူတွေ ဖြစ်ပါတယ်

ကျွန်တော်တို့ဟာ မြေပုံမဆွဲရသေးတဲ့ နယ်နမိတ်ဆီ ခြေလှမ်းကြပြီး မသိသေးတာတွေကို ရှာဖွေကြပါတယ်

မိခင်ကမ္ဘာမြေရဲ့ တစ်လမတိုင်းသောမြေပုံကို ကျွန်တော်တို့ မြေပုံရေးဆွဲခဲ့ကြတယ်..

..နောက်ပြီးတော့ လကမ္ဘာဆီသို့ ခြေရာချန်ထားခဲ့ကြတယ် ဒါပေမယ့် အခြားသောဂြိုလ်တစ်ခုပေါ် ခြေချဖို့

ကျွန်တော်တို့ နေစင်္ကြာဝဠာရဲ့အပြင်ဘက်ကို ခရီးသွားဖို့ဆိုတာကတော့ အနာဂါတ် အိမ်မက်တစ်ခုပဲ ဖြစ်ပါတယ်

အိမ်မက်ဟာ Interstellar ဆိုတဲ့ဇာတ်ကားမှာ အသက်ဝင်လာပါတယ်

ငါတို့ သီးသန့်အဖြစ် မစဉ်းစားရဘူး ဒါပေမယ့် မျိုးစိပ်တစ်ခုအဖြစ် စဉ်းစားရပါမယ်

ငါတို့ လက်တွေ့ဆန်တဲ့ ကြယ်တာရာခရီးကို စိန်ခေါ်ရဲရပါမယ်

Interstellar ဇာတ်ကားဟာ ကမ္ဘာသစ်နဲ့ လူသားတွေရဲ့ ယုံကြည်မှုကို ပုံဖော်ထားပါတယ်

စိတ်ကူးယာဉ် သိပ္ပံဝတ္ထုနဲ့ တူတယ်မလား ဖြစ်နိုင်ပါတယ်

ဒါပေမယ့် ဒီဇာတ်ကားရဲ့ အုတ်မြစ်ကို တကယ့်လက်တွေ့သိပ္ပံပေါ်မှာ အခြေခံထားပါတယ်

ပူးပေါင်းပါဝင် ကူညီပေးတဲ့ နက္ခတ္တရူပဗေဒပညာရှင် ကိတ်သော်ကို ကျေးဇူးတင်ရမှာပါ

Interstellar ထဲမှာ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုကတော့

သိပ္ပံပညာဟာ ဇာတ်ကားထဲမှာ လုံးဝနစ်မြုပ်နေတယ်ဆိုတာပါပဲ

ဒီနေရာမှာ အချို့သော သားရဲဆန်တာမျိုးတွေ ရှိပါတယ်

စိတ်ကူးယာဉ်တာရဲ့ အလွန်မှာတော့ သိပ္ပံနည်းကျ တကယ့်လက်တွေ့ဆန်တဲ့ Interstellar အကြောင်းပဲဖြစ်ပါတယ်

အာကာသခရီးသွားခြင်းဟာ ဟိုးအရင်ကတည်းက ဇာတ်ကားတွေထဲမှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်

ဒါပေမယ့် Interstellar ဇာတ်ကားထဲက ပုံစံကတော့ တမူထူးခြားတဲ့ အမျိုးအစားတစ်ခုပါပဲ

အဲဒါက ကိတ်သော်ရဲ့ အလုပ်အစိတ်အပိုင်းတစ်ခုမှ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်

သူဟာ ဒြပ်ဆွဲအားဆိုင်ရာလှိုင်းနဲ့ အာကာသအကွေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ခွင့်ပြုချက်ရှိတဲ့

နက္ခရူပဗေဒ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူလည်း ဖြစ်ပါတယ်

Interstellar ဇာတ်ကားထဲမှာ လက်တွေ့သိပ္ပံပညာရပ်တွေဟာ ဇာတ်ကားရဲ့ အမြစ်ထိ အောက်ခြေကနေ နေရာယူထားပါတယ်

ဒီဇာတ်ကားထဲက အခြားသော အဓိက ပါဝင်သူတွေဟာလည်း သူတို့အားလုံး သိပ္ပံပညာကို လေးစားမှုရှိကြပြီး

သိပ္ပံပညာဟာ ကောင်းမွန်စွာ ပါဝင်ပူးပေါင်းနေရဲ့လားဆိုတာ သူတို့ ကျွန်တော်နဲ့အတူ လုပ်ဆောင်ခဲ့ကြပါတယ်

ဆင်ဂူလာရတီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အလွယ်ကူဆုံးနည်းနဲ့ ကျွန်တော့်ကို ပြောပြနိုင်မလား

ကိတ်နဲ့ ကျွန်တော်ကိုယ်တိုင် လောလောဆယ် စိတ်ကူးနေတာတွေကို

ဇာတ်ကားမှာထည့်ပြောရင် နားလည်အောင် လုံးပမ်းနေပါတယ်

- အဲဒါက အာကာသနဲ့အချိန်အကွေး အနန္တထိမြင့်မားတဲ့ နေရာမှာတည်ရှိပါတယ်

ဒီတော့ ငါတို့ အဆင်ပြေတယ် အိုကေ

နောက်ပြီးတော့ လွန်ခဲ့တဲ့နှစ်အတော်များများက ကိတ်သော်နဲ့ ဆွေးနွေးပြီး

စကားပြောထည့်ရင် ပြောရမယ့်စကားလုံးတွေကို

လမ်းညွန်ပေးတဲ့ သုတေသနတွေအားလုံးဟာ

အဆင်ပြေမယ်လို့ ကျွန်တော်တို့ မျော်လင့်ပါတယ်

ဒီထူးဆန်းတဲ့အရာတွေကို ရိုးရိုးလေး စိတ်ကူးကြည့်ရုံနဲ့

ကြယ်တာရာကြား ခရီးတွေ ဘာကြောင့် မဖြစ်လာနိုင်ရမှာလဲ

ဒီက လက်တွေ့သိပ္ပံကို ဘာလို့ မကြည့်ရမှာလဲ

- ဒါက အိန္ဒိယန်း ကင်းထောက်မောင်းသူမဲ့လေယာဉ်ပဲ Interstellar ဇာတ်ကားဟာ လူသားတွေအတွက်

အနာဂါတ်မှာ ကမ္ဘာကြီးက အသက်ရှင်ဖို့ စိုးရိမ်နေရတဲ့ အခြေနေနဲ့ ကြုံနေရပုံအဖြစ် တင်ဆက်ထားပါတယ်

ကမ္ဘာကြီးကို ကယ်တင်မယ့် ခင်ဗျားရဲ့ အစီစဉ်ကို ခုချိန် ကျွန်တော့်ကို ပြောပြဖို့ လိုအပ်တယ်

ငါတို့ ကမ္ဘာကြီးကို ကယ်တင်ဖို့ မဟုတ်ပါဘူး

ကမ္ဘာကြီးကို စွန့်ခွာဖို့သာ ဖြစ်တယ်

ဒီဇာတ်ကားကနေ သိလာရတာတွေထဲက တစ်ခုကတော့ ဒီကမ္ဘာနဲ့ပဲ ကျမတို့ သက်ဆိုင်သလား

ဒီကမ္ဘာပေါ်မှာပဲ နေထိုင်သွားသင့်လားဆိုတာနဲ့ တကယ်လို့များ နောက်ထက်အခြားနေရာဆိုတာ ရှိခဲ့ရင်

ကျမတို့ အဲဒီနေရာတွေကို သွားရောက် စူးစမ်းလေ့လာသင့်သလားဆိုတာပါပဲ ဒီမှာ လာပြီဟေ့

ဇာတ်ကားထဲမှာ အဖွဲ့သားတွေဟာ အိမ်လို့ခေါ်တဲ့ နေရာသစ်ကို ရှာဖွေကြတာဖြစ်ပါတယ်

အသက်ကို ထောက်ပံ့ပေးနိုင်မယ့် ဂြိုလ်တစ်စင်း လူသားတွေရဲ့ အသက်

- ကျမတို့ ဒါကို လုပ်နိုင်မှာ မဟုတ်တော့ဘူး မင်း လုပ်နိုင်ပါတယ်

အနာဂါတ်စူးစမ်းသူတွေအတွက် အလုပ်တစ်ခုလိုပါပဲ

ဒါပေမယ့် အခြားကမ္ဘာကို ရှာဖွေတာဟာ အခုချိန်မှာ ဖြစ်ပွားနေပါတယ်

နက္ခတ္တရူပဗေဒပညာရှင် နာတလီ ဘတာဂလီယာ ဟာ ဂြိုလ်ရှာဖွေရေး မုဆိုးတစ်ယောက်ဖြစ်ပါတယ်

ရှင်စဉ်းစားနေတာ ဂလက်ဆီမှာရှိတဲ့ ကျမတို့ရဲ့နေရာကို တကယ်နားလည်အောင်

တကယ် လုပ်တော့မယ်ဆိုတာက ဒီဓါတ်ပုံကြီးကို ကြည့်တာနဲ့ ဂြိုလ်တွေအားလုံးရဲ့

ကွဲပြားမှုတွေကို နားလည်အောင်လုပ်ရင်း ဆိုတာတစ်ခုတည်းပါပဲ

လွန်ခဲ့တဲ့နှစ် (၂ဝ) ဒါမှမဟုတ် (၃ဝ) အကြာက ကျမတို့ရဲ့ ကိုယ်ပိုင် နေမင်းလို

သာမန်ကြယ်တစ်စင်းကို လှည့်ပတ်နေတဲ့ အခြားဘယ်ဂြိုလ်တစ်ခုကိုမှ မသိခဲ့ကြပါဘူး

နာတာလီဟာ နာဆာရဲ့ ကပ်ပလာ အာကာသ တယ်လီစကုတ်မှ သိပ္ပံပညာရှင်တွေရဲ့

မက်ရှင်ပုံပြင်ကို ပြန်ရေးဖို့ အကူညီ ပေးခဲ့ပါတယ်

ကပ်ပလာရဲ့ ရည်ရွယ်ချက်ကတော့ အရမ်း ရိုးရှင်းပါတယ်

ကျမတို့ရဲ့ ဂလက်ဆီမှ ကြယ်တွေနားက သက်ရှိတွေ ရှင်သန်နိုင်မယ့် ဂြိုလ်ကြီးတွေကို

ခွဲခြားသတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်

နောက်ပြီးတော့ ဘယ်ဟာက ဂြိုလ်တစ်ခုကို လူသားတွေ အခြေချနေထိုင်နိုင်အောင် လုပ်ပေးပါသလဲ

များသောအားဖြင့် ကျမတို့စဉ်းစားတာကတော့

သက်ရှိတွေအတွက် လိုအပ်တဲ့ အရည်ပုံစံရေပါပဲ

ဒီတော့ ကျမတို့ ဘာကြောင့် ကျောက်ခဲမြေသားပေါ့များပြီး

ရေကန်ရှိနိုင်မယ့်ဂြိုလ် ရေတွေခဲမသွားအောင်

နေနဲ့ မဝေးလွန်းတဲ့နေရာမှာ လုံလောက်တဲ့ စွမ်းအင်ရရှိနိုင်မယ့်ဂြိုလ်

နီးကပ်လွန်းရင် အငွေ့ပျံသွားတတ်လို့ နေနဲ့ မနီးကပ်လွန်းတဲ့ဂြိုလ်

စတာတွေကို ကြည့်ပါတယ်

ဒါကို ကျမတို့ ဂိုးလ်လော့ဇုန်လို့ ခေါ်ပါတယ် အရည်ပုံစံရေတွေ တည်ရှိနိုင်မယ့် နေရာပေါ့

၂ဝဝ၉ ခုနှစ်မှာ စေလွှတ်ခဲ့တဲ့ ကတ်ပလာဟာ

လေးနှစ်စာအတွက် နဂါးငွေ့တန်းကြယ်စုရဲ့ သေးငယ်တဲ့ နေရာကို စတင်ရှာဖွေခဲ့ပါတယ်

ကြယ်တွေနဲ့နှိုင်းယှဉ်လိုက်ရင် ကတ်ပလာမှ ခြေရာခံမိဖို့ ဂြိုလ်တွေဟာ အရမ်းသေးငယ်ပါတယ်...

ဒါပေမယ့် သူတို့ရဲ့အရိပ်ကိုတော့ ခြေရာခံနိုင်ပါတယ်

တောက်ပတဲ့အရာဝတ္ထုကိုလှည့်ပတ်နေတဲ့ ဂြိုလ်တိုင်းဟာ အာကာသအပြင်မှာ အရိပ်တစ်ခုအဖြစ် ထင်ကျန်ရစ်ပါတယ်

ကတ်ပလာ အာကာသယာဉ်က အဲဒီအချက်ကို အသုံးချပါတယ်

ကြယ်တစ်စင်းကိုလှည့်ပတ်နေတဲ့ ဂြိုလ်တစ်စင်းဟာ

ကြယ်အချပ်ပြားနဲ့ အာကာသယာဉ်ကြားထဲ

တိုက်ရိုက် ဖြတ်သွားချိန်ကို စောင့်ပြီး တယ်လီစကုတ်က

မှိန်နေတဲ့ အလင်းအဖြစ် ဖမ်းယူပါတယ်

ဒီရိုးရှင်းတဲ့နည်းလမ်းနဲ့ စင်္ကြာဝဠာပြင်ပဂြိုလ်အစင်းပေါင်း ၁,ဝဝဝ ကို ဖော်ထုတ်ခဲ့ပါတယ်

ကျွန်တော်တို့ရဲ့ ဂလက်ဆီထဲက အခြားသောနေတွေကို လှည့်ပတ်နေတဲ့ ဂြိုလ်တွေ

ကျမတို့ အနည်းဆုံး သိခဲ့ရတာကတော့ ဂလက်ဆီထဲက နေတိုင်းမှာ

အနည်းဆုံး ဂြိုလ်တစ်စင်းတော့ ရှိတယ်ဆိုတာပါပဲ

နေစင်္ကြာဝဠာပြင်ပမှ ဂြိုလ်တွေရဲ့ ထူးဆန်းတဲ့ ကွဲပြားချက်တွေ အဲဒီအပြင်မှာ ရှိနေပါတယ် ကျမတို့ အရမ်းတိုင်းတပါးဆန်တဲ့ ကမ္ဘာတွေကို တွေ့ခဲ့တာပါပဲ

အလင်းနှစ် ၂ဝဝ ဝေးကွာတဲ့ ဒီနေရာမှာ စနေဂြိုလ်အရွယ်အစားရှိတဲ့ဂြိုလ်ဟာ နေတစ်စင်းကိုမဟုတ်ဘဲ နေနှစ်စင်းကို လှည့်ပတ်နေပါတယ်

ဒီတော့ Kepler-16b လိုကမ္ဘာမှာ နေထိုင်ခဲ့မယ်ဆိုရင်

ရှင်အနေနဲ့ ကောင်းကင်မှာ နေနှစ်စင်းကို တွေ့ရမှာဖြစ်ပါတယ်

အရှေ့မှ နေထွက် အနောက်ဆီသို့ နေဝင်သွားတာကို တလှည့်စီ တပြိုင်နက် တွေ့ရမှာပါ

အကြောင်းက သူတို့အချင်းချင်းလည်း လှည့်ပတ်နေတာမို့ပါပဲ

ဒါကတော့ Kepler-10b ရဲ့ အနုပညာရှင် လက်ရာပါ

မာကျူရီက နေမင်းကိုလှည့်ပတ်နေတာထက် မိခင်ကြယ်ကို ၂၃ ဆ ပိုမိုနီးကပ်စွာ လှည့်ပတ်နေတာဖြစ်ပါတယ်

ဒီတော့ နေကိုမျက်နှာမူနေတဲ့ဘက်ဟာ

စတီလာ ဓါတ်ရောင်ခြည်ကြောင့် ပေါက်ကွဲနေမှာပါ

သံကိုအရည်ပျော်စေနိုင်တဲ့ လိုအပ်တဲ့အပူချိန်ထက် ပိုမိုလွန်ကဲစွာ ဖန်တီးပေးနေပါတယ်

ဂြိုလ်တစ်ခြမ်းလုံးဟာ ပစိဖိတ်သမုဒ္ဒရာထက် ပိုကြီးတဲ့ သမုဒ္ဒရာတစ်စင်း ရှိနေပါတယ်

ဒါပေမယ့် ရေရှိတဲ့ သမုဒ္ဒရာမဟုတ်ပါဘူး အရည်ပျော် ချော်ရည်ရှိတဲ့ သမုဒ္ဒရာပါ

ဆွဲဆောင်မှုရှိတဲ့ ပန်းတိုင်တစ်ခုတော့ မဟုတ်ပါဘူး ဒါပေမယ့် ကတ်ပလာဟာ ဒုတိယအိမ်ဖြစ်နိုင်ခြေရှိတဲ့ ဂြိုလ်တစ်ခုကို မကြာသေးခင်က တွေ့ရှိခဲ့ပါတယ်

ဒါကတော့ Kepler-186 ဂြိုလ်စနစ်ကို စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာပါ

ဂြိုလ် ၅ စင်းက M-type ကြယ်ကို လှည့်ပတ်နေပါတယ် အပြင်ဘက်အကျဆုံးဂြိုလ်ကတော့ Kepler-186f ဖြစ်ပါတယ်

သာမာန်ကြယ်တစ်စင်းရဲ့ လူသားတွေအသက်ရှင်နိုင်မယ့် ဇုန်အတွင်းမှ ကျမတို့ရဲ့ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိတဲ့ ကမ္ဘာအရွယ်အစားဂြိုလ်တစ်စင်းပါ

ကျမ Kepler-186f အကြောင်း စဉ်းစားမိတော့ တကယ်ရှိတဲ့နေရာတစ်ခုအဖြစ် စိတ်ကူးကြည့်မိပါတယ်

ဘာကြောင့်ဆို ဒါက တကယ်ရှိတဲ့နေရာတစ်ခုပဲလေ

အဲဒါက ကျောက်တုံးတွေ ပေါများမယ် ကမ္ဘာနဲ့အရွယ်အစား တူနိုင်တယ်ဆိုတာ ကျမတို့ သိပါတယ် ဒီတော့ ကျောက်တုံးပေါများတဲ့ မြေပြင်အဖြစ် ကျမ စိတ်ကူးကြည့်မိပါတယ်..

အဲဒီမှာ အရည်ပျော် ရေသမုဒ္ဒရာတစ်စင်း ရှိမလား ကျမတို့ မသိရပါဘူး ဒါပေမယ့် သေချာပေါက် တစ်ခုရှိရမယ်ဆိုပြီး ကျမတို့ စိတ်ကူးကြည့်နိုင်ပါတယ်

နောက်တော့ ရုတ်တရက်ဆိုသလို ရှင့်စိတ်ကူးထဲ

အဲဒီအပြင်ဘက်ကမ္ဘာမှာ တည်ရှိနေတယ်ဆိုပြီး အတွေးနယ် ချဲ့ကြည့်နိုင်ပါတယ်

အဲဒါက ကမ္ဘာမြေနဲ့ အရမ်း အရမ်းတူတဲ့ ဂြိုလ်ရှိနိုင်တယ်လို့ပေါ့

ဒီတော့ ကျွန်တော်တို့ ဘယ်ချိန် အဲဒီ ဝေးကွာတဲ့ကမ်းခြေကို ရွက်လွှင့်ကြမလဲ လက်တွေ့ဆန်ဆန် စစ်ဆေးကြပါမယ်

Kepler-186f ဟာ ကမ္ဘာမှ မိုင် ၃ ကွာထရီလီယံနီးပါး ဝေးပါတယ်

အခြားနည်းနဲ့ပြောရရင်တော့ အလင်းနှစ် ၅ဝဝ ဝေးပါတယ်

အလင်းအလျင်နဲ့ ခရီးသွားမယ်ဆိုရင် နှစ်ပေါင်း ၅ဝဝ ကြာမယ့်ခရီးပါ

ဒါပေမယ့် ဘယ်အရာကမှ အလင်းလို မြန်မြန်မသွားနိုင်ပါဘူး အကောင်းဆုံး ကျွန်တော်တို့ရဲ့ အကာသယာဉ်တွေဟာ

အလင်းအလျင်ထက် ထောင်ပေါင်းများစွာ နှေးကွေးလှပါတယ် Interstellar ဇာတ်ကားထဲက အာကာသယာဉ်တွေတောင်မှ မနီးစပ်လှပါဘူး

ဒီတော့ နေစင်္ကြာဝဠာအပြင်ဘက်မှ ကမ္ဘာသစ်တွေဆီ ဘယ်လို ရောက်နိုင်မလဲ

သူတို့ အကာသနဲ့ အချိန်ရဲ့ ကွေးနေတဲ့အခြမ်းမှာ လမ်းလျှောက်မှာ ဖြစ်ပါတယ်

Subtitle by Lotus Black

ဖေဖေမှာ ပြန်လာဖို့စိတ်ကူး မရှိပါဘူး

ရှင်က ကမ္ဘာကြီးကိုကယ်ဖို့သွားတယ်လို့ သူမကို မပြောပြခဲ့ဘူးလား - ဟင်အင်း

ဖေဖေ ပြန်လာမှာပါ

ကျွန်တော်တို့ ဝေးကွာလှတဲ့ ခရီးကိုသွားချိန်မှာ အာကာသထဲမှာပဲ ခရီးသွားတာမဟုတ်ပါဘူး အချိန်ကိုလည်း ခရီးသွားတာဖြစ်ပါတယ်

ဘာကြောင့်ဆို ကျွန်တော်တို့ အနာဂါတ်ဆီ ရွေ့နေတာမို့ပါပဲ

ရာစုနှစ် ၁ ခု အကြာတုန်းကတော့ သိပ္ပံပညာရှင်တွေယုံကြည်တာက အာကာသနဲ့ အချိန်ဆိုတာ လုံးဝကို ကွဲပြားပါတယ်

သီအိုရီ ရူပဗေဒပညာရှင် ဆိန်း ကာရိုးဟာ အိုင်းစတိုင်းက ဘာကြောင့် အဲဒီစိတ်ကူးကို မှောက်ခုံလှန်ခဲ့သလဲဆိုတာ ရှင်းပြပါတယ်

အိုင်းစတိုင်းရဲ့ ခမ်းနားလှတဲ့စိတ်ကူးတစ်ခုကတော့ အာကာသနဲ့ အချိန်ဆိုတာ တစ်ခုစီ ဆက်နွယ်နေပါသတဲ့

ခင်ဗျားမှာ အာကာသနဲ့ အချိန်ပါ ရှိတဲ့နေရာမှာပေါ့ အိုင်းစတိုင်းပြောတာက"တကယ်တော့ အာကာသအချိန်လို့ခေါ်တဲ့အရာ

တစ်ခုပဲ ရှိပါတယ်" -နောက်ပြီး သူပြောတာ

"ဒီ အကာသအချိန်ဆိုတဲ့ အရာက အပြုအမူ အားလုံး

ပါဝင်ပတ်သက်နေတဲ့ အဆင့်မဟုတ်ပါဘူး အဲဒါက သူကိုယ်တိုင်ပဲ ပြုမူပါတယ်"

အာကာသအချိန်ဟာ ပြောင်းလဲနိုင်တယ် ရွေ့နိုင်တယ် အဲဒါက ကွေးဆန့်နိုင်ပြီး ကွေးကောက်နိုင်ပါတယ်

အိုင်းစတိုင်းရဲ့ ရီလေသီပတီ သီအိုရီမှာ အာကာသအချိန်ဆိုတာ ကွေးဆန့်နိုင်တဲ့ ကိုယ်ထည်နဲ့ တူတယ်လို့ ဆိုထားပါတယ်

အရာဝတ္ထုတွေဟာ အဲဒီထဲ နစ်မြုပ်နေပါတယ် နေ ဂြိုလ်တွေ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ အဲဒီထဲ ကွေးညွတ်နေပါသတဲ့

ဒီလို ကွေးညွတ်နေတဲ့ အဆင့်ကို ကျွန်တော်တို့ကတော့ ဒြပ်ဆွဲအားလို့ ခေါ်တာပေါ့

အရာဝတ္ထုက ထုထည်ကြီးလေလေ အာကာသအချိန်က ပိုမိုကွေးကောက်လေပါပဲ

နောက်ပြီးတော့ ဒြပ်ဆွဲအားလည်း ပိုများမှာပါ

ဒြပ်ဆွဲအားကို ခံစားနိုင်ပါတယ် အာကာသအချိန်ရဲ့ ကွေးညွတ်နိုင်မှုကို ဖမ်းဆုပ်မိနိုင်ဖို့ဆိုတာကတော့ ပိုပြီး ခက်ခဲမှာပါ

ဒါပေမယ့် သူတို့ရဲ့သက်ရောက်မှုတွေကို တိုင်းတာနိုင်ပါတယ်

ဆိန် သရုပ်ပြသလိုပါပဲ ဒြပ်ဆွဲအားပိုများလေ အချိန်ဟာ ပိုပြီး နှေးကွေးစွာ သွားလေပါပဲ

ဥပမာဆိုရရင် တကယ်လို့ ကျွန်တော်က ဆူပါ တိကျတဲ့ အော်တိုမစ် နာရီနဲ့ မြေညီထပ်မှာ ရှိတယ်ဆိုပါစို့

နောက် ကျွန်တော့်ရဲ့အမွှာတစ်ယောက်ကလည်း

ခုနကလို တိကျတဲ့နာရီနဲ့ အပေါ်ထပ်မှာ ရှိတယ်ဆိုပါစို့

ကျွန်တော်တို့ နှိုင်းယှဉ်လိုက်တဲ့အခါ ကျွန်တော့်နာရီက စက္ကန့်နည်းနည်းလေး နောက်ကျသွားပါမယ်

မြေညီထပ်မှာတော့ ဆိန်း တစ်ယောက် အပေါ်ထပ်မှ

သူ့ရဲ့အမွှာထက် ဒြပ်ဆွဲအားကို မသိမသာလေး ပိုခံစားရပါတယ်

သူဟာ သူ့ရဲ့အမွှာထက် အချိန် နည်းနည်းလေး နောက်ကျသွားပါတယ်

ကွာခြားချက်ကတော့ သေးငယ်လှပါတယ် ဒါပေမယ့် တကယ်ပဲဖြစ်ပါတယ် သူတို့တွေဟာ လက်တွေ့အသုံးချပစ္စည်းတွေ ဖြစ်ပါတယ်

ဥပမာဆိုရရင် GPS စနစ်ဆိုတာ အရမ်း အရမ်း တိကျစွာ ချိန်ထားတဲ့

ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုလ်တုများစွာရဲ့ နာရီတွေနဲ့ ချိန်ကိုက်ထားတာ ဖြစ်ပါတယ်

ကမ္ဘာပတ်လမ်းထဲက ဒြပ်ဆွဲအားက ကျွန်တော်တို့နေတဲ့ မြေပြင်မှာထက် နည်းနည်းလေး ကွာခြားပါတယ်

ဒီတော့ အချိန်ဟာ ကမ္ဘာမြေပြင်မှာထက် ကမ္ဘာပတ်လမ်းကြောင်းမှ ဂြိုလ်တုတွေမှာ

ကွဲပြားစွာ ရွေ့လျားသွားပါတယ်

ဒါကြောင့် GPS မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့ အရမ်း အရမ်း အရေးကြီးလှပါတယ်

GPS ဂြိုလ်တုမှာရှိတဲ့ နာရီရဲ့အချိန်ဟာ ကမ္ဘာမှနာရီထက်

တစ်ရက်မှာ ၃၈ မီလီစက္ကန့် ပိုမြန်ပါတယ်

ဒီတော့ စနစ်ရဲ့ကွန်ပျူတာတွေက ဒီအတွင် အမှန်ပြင်ပေးရပါတယ်

အာကာသအချိန်ရဲ့အတွေ့အကြုံမှာ ရွေ့လျားမှုဟာလည်း သက်ရောက်မှုရှိပါတယ်

- ဒီဟာကိုပြောဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရပ်မြဲရပ်နေတယ် ဆိုတာပါပဲ

ဆိုလိုတာက ခင်ဗျား အတတ်နိုင်ဆုံး အချိန်ကို တွေ့ကြုံတယ် ဆိုတာပါ

လှုပ်ရှား သွားလာနေတာဟာ

အချိန် ပိုနှေးကွေးစေတယ်လို့ ဆိုလိုပါတယ် - ကားထဲမှာရှိနေတဲ့ ဆိန်းနဲ့

ပန်းခြံထဲက သူ့ရဲ့အမွှာကို ပြန်ပြီး ခရီးသွားခိုင်းရအောင်

တကယ်လို့ ခင်ဗျား ကားကနေ ထွက်ပြီး ပြန်လာမယ်

အဲဒီခရီးက ကားပေါ်မှာ ကျန်ခဲ့တဲ့ လူမှာ ပါသွားတဲ့နာရီနဲ့

ပြန်နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

ခင်ဗျားနာရီက နောက်မှာကျန်နေခဲ့တဲ့တစ်ယောက်ထက်

နည်းနည်း နောက်ကျနေတာ တွေ့ရပါလိမ့်မယ်

ကျွန်တော်တို့ effect ကို သတိထားမိအောင် ဖြေးဖြေးပဲ ပုံမှန်သွားပါတယ်

ဒါပေမယ့် ဆိန်းသာ အလင်းအလျင်နီးပါး မောင်းသွားမယ်ဆိုရင်

ကျန်ခဲ့တဲ့ အမွှာက ဆိန်းပြန်အလာကို နာရီနဲ့ချီပြီး ထိုင်စောင့်နေရချိန်မှာ

သူ့အနေနဲ့ကတော့ USA ကိုဖြတ်မောင်းပြီး ပြန်လာလိုက်တာ

တစ်စက္ကန့်ထက်မကျော်တဲ့ အချိန်အတွင်း အခေါက်ရေသိန်းပေါင်းများစွာ ဖြတ်သွားနိုင်ခဲ့ပါလိမ့်မယ်

တနည်းပြောရရင် ဆိန်းဟာ သူ့ရဲ့အမွှာနဲ့ ယှဉ်လိုက်ရင် အနာဂါတ်ဆီ ခရီးသွားခဲ့ပါလိမ့်မယ်

ဆိုလိုတာက ကျွန်တော်တို့ ပိုမြန်တဲ့ အာကာသယာဉ်တွေနဲ့ဆိုရင် နှစ်တွေချီပြီး ဖြစ်လာမယ်ဆိုတာပါပဲ

အလင်းအလျင်နီးပါး ချဉ်းကပ်လာတာနဲ့

နောက်မှာကျန်ခဲ့သူနဲ့ ပိုပြီး အချိန်ကိုက်မှု ကွာဟလာပါတယ်

ဒါပေမယ့် အာကာသအချိန် ကွေးကောက်ခြင်းဟာ

ကြယ်တာရာခရီးသွားတဲ့နေရာမှာ ဖြတ်လမ်းလည်း ဖြစ်စေပါတယ်

တွင်းနက်တွေ သူတို့ဟာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲက အဓိကဇာတ်ညွန်းတွေပေါ့ ဒါပေမယ့် လက်တွေ့သိပ္ပံပညာရပ်မှာ အခြေခံထားပါတယ်

အိုင်းစတိုင်းရဲ့ ရီလေတီပသီ နိယာမတွေဟာ

အာကာသနဲ့အချိန် ကွေးကောက်ခြင်းတွေပေါ်မှာ စိုးမိုးခြယ်လှယ်ပြီး

သူတို့ပြောတာ တွင်းပေါက်တွေဟာ တည်ရှိနိုင်ပါသတဲ့ ဒီတော့ ဒါတွေအားလုံးဟာ ၁၉၁၆ ခုနှစ်ဆီကို ပြန်သွားရမှာပါ

The Science of Interstellar subtitles in other languages

അഭിപ്രായങ്ങൾ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left