Eragon

Eragon

Burmese സബ്ടൈറ്റിൽ ഡൗൺലോഡ് ചെയ്യുക

റിലീസ് വിവരങ്ങൾ

Eragon 2006 720p BrRip x264 YIFY
കമന്ററി എഴുതിയത് Min-Thet-Oo
View with zawgyi font

ടാഗുകൾ

brrip
x264
720p
720
പ്രസിദ്ധീകരിച്ചത്: 2018-01-30
ഡൗൺലോഡുകൾ: 43
ശ്രവണ വൈകല്യമുള്ളവർക്ക്: No

Burmese സബ്ടൈറ്റിൽ പ്രിവ്യൂ

ആദ്യത്തെ 200 വരികൾ.

အမှောင်ခေတ်မတိုင်မှီက အလွန်လှပတဲ့ အလီဂေးရှားဆိုတဲ့ တိုင်းပြည်ကြီးမှာ...

...နဂါးစီးသူရဲကောင်းတွေအုပ်ချုပ်ခဲ့တဲ့ ပျော်ရွှင်ကြည်နူးစရာ နေ့ရက်တွေရှိခဲ့ပါတယ်

တိုင်းသူပြည်သားတွေကို ကာကွယ်ပေးပြီး သူတို့ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြပါတယ်

အဲ့ဒါ့ကြောင့်ပဲ တိုင်းသူပြည်သားတွေဟာ နှစ်ထောင်ပေါင်းများစွာ အေးချမ်းသာယာဝပြောစွာ နေထိုင်ခဲ့ကြပါတယ်

ဒါပေမယ့် တစ်ချိန်မှာတော့ နဂါးစီးသူရဲကောင်းတွေရဲ့ကြားမှာ သဘောထားကွဲလွဲမှု့ တွေဖြစ်ပေါ်လာခဲ့ပါတယ်...

...အဲ့ဒီ့နောက် သူတို့အချင်းချင်း အာဏာနဲ့နေရာအတွက် တိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်

သူတို့ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ..

...ငယ်ရွယ်တဲ့ နဂါးစီးသူရဲကောင်း ဂတ်ဘတ်တိုးရစ်ဟာ သူတို့ကို သစ္စာဖောက်ခဲ့ပါတယ်...

...အဲ့ဒီ့တိုက်ပွဲကြီးအပြီးမှာတော့ သူဟာ နဂါးတွေနဲ့အတူ နဂါးစီးသူရဲကောင်းတွေအားလုံးကို ...

သုတ်သင်နိုင်ခဲ့ပြီလို့ ထင်ထားခဲ့ပါတယ်...

အဲ့ဒီ့နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ နယ်မြေတွေဟာ ဂတ်ဘတ်တိုးရစ် ရဲ့လက်အောက်ကိုကျရောက်ခဲ့ရပါတယ်

သူဟာပုန်ကန်ထကြွသူတွေအားလုံးကို နှိမ်နင်းပစ်ခဲ့ပါတယ်...

...လွပ်လပ်ရေးအတွက် တိုက်ခိုက်နေခဲ့တဲ့ ဘာဒန်တွေ အပါအ၀င်ပေါ့

အဲ့သည်တိုက်ပွဲမှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေကတော့ တောင်တန်းကြီးဆီကို ထွက်ပြေးဝင်ရောက်သွားခဲ့ကြတယ်

အဲ့သည့်နေရာမှာ နေထိုင်ကြရင်း သူတို့ဟာ ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာမှာကို မျှော်လင့်နေကြတယ်...

...သူတို့ရဲ့ ကံကြမ္မာပြန်ကောင်းလာမယ့်တစ်နေ့ ဘုရင်ကြီးကို တွန်းလှန်နိုင်မယ့်သူတစ်ယောက် ထွက်ပေါ်လာနိုင်ဖို့ပေါ့

ကျနော်တို့ရဲ့ဇာတ်လမ်းလေးဟာ ညတစ်ညမှာအစပျိုးခဲ့ပါတယ်...

...ဗါဒန်နဲ့ မဟာမိတ်ဖွဲ့ထားခဲ့တဲ့အရီယာလို့ခေါ်တဲ့  မိန်းကလေးတစ်ယောက်ဟာ သူအသက်ရှင်ရေးအတွက်..

...ထွက်ပြေးနေခဲ့တယ် ဘုရင်ကြီးဆီကနေ သူကိုယ်တိုင်ခိုးလာခဲ့တဲ့ ကျောက်တုံးတစ်တုံးကို သယ်ဆောင်ရင်းနဲ့ပေါ့

ငါ့ကျောက်တုန်းမရှိတာ ငါတော်တော်လေး နာကျင်နေရတယ်

ငါ့နာကျင်မှု့ကို မရှည်ကြာစေနဲ့

အဲ့သည်နေရာနဲ့ မိုင်ချီဝေးတဲ့ နေရာတစ်ခုမှာတော့ ငယ်ရွယ်တဲ့ကောင်းလေးတစ်ယောက်ဟာ အမဲလိုက်ဖိုအတွက်ပြင်ဆင်နေခဲ့လေရဲ့

သူ့ရဲ့ဘဝနဲ့ အက်ဂလီရှားတိုင်းပြည်ဟာ...

...ဘယ်တော့မှ တစ်ထပ်တည်းဖြစ်လာမှာမဟုတ်တော့သလိုပါပဲ

အဲ့ဒါ င့ါကိုပေး... ဒါးဇာ

...အဲ့ဒါဆို ငါမင်းကိုအသက်ရှင်ခွင့်ပေးမယ်

အရိပ်ကမ္ဘာကလူတစ်ယောက်ရဲ့စကားဟာ ဘယ်တုန်းက ယုံကြည်စရာကောင်းခဲ့ဖူးလို့လဲ

မင်းဘယ်ကိုပို့လိုက်တာလဲ

သနားစရာကောင်းတဲ့ ဒါးဇာတ်

ရှင့်ရဲ့ဘုရင်ကြီးကို ရှင့်အရှုံးပွဲအတွက် ဘယ်လိုပြန်လျှောက်တင်မလဲ

ငါနဲ့လိုက်ခဲ့

နိုင်ငံကိုချစ်တဲ့ စေတနာဝန်ထမ်း စစ်သားနှစ်ယောက်လောက် ထပ်လိုနေသေးတယ်

ကျနော့်သားလေးဟာ တိုက်နိုင်ခိုက်နိုင်တဲ့သူမဟုတ်ပါဘူး ခင်ဗျာ ဆရာတို့ခေါ်သွားခဲ့တဲ့သူတိုင်းလဲ ဘယ်တော့မှပြန်ရောက်မလာနိုင်ကြပါဘူး

ရွာတိုင်းရွာတိုင်းလဲ ဒီလိုပဲ စစ်သားပေးရမယ်

ဂုဏ်ယူလိုက်စမ်းပါ ခင်ဗျားသားက သူရဲ​ကောင်းတစ်​​ယောင်​ဖြစ်​လာလိမ့်​မယ်

ဈေးကြီးတဲ့ အရသာပဲ အယ်ရာဂွန်

ဘုရင်ကြီးရဲ့ ပွဲတော်အုပ်လိုပဲ ငါအကောင်းဆုံးအပိုင်းကို ရွေးခုတ်ထားတာ အဆီအနှစ်ဟာ အသားထဲကို စိမ့်ဝင်နေတဲ့ အပိုင်းလေ

ဘယ်လောက်လဲ

ဘယ်လောက်လဲ ဟုတ်လား

ဆင်းရဲတဲ့လယ်သမားကောင်လေး မတတ်နိုင်တဲ့ဈေးပေါ့ကွာ

ကျနော့်မှာ တစ်ခုရှိတယ် ရောင်းဖို့တစ်ခု

ဘာကြီးလဲ ကျောက်တုံးကြီးလား

ကျနော်ရှာတွေ့ခဲ့တာ ခိုးရာပါပစ္စည်းနဲ့ ပိုတူနေသလိုပဲ

ကျနော်အမဲလိုက်ထွက်ခဲ့တာ

တောအုပ်ကြီးထဲမှာ အမဲလိုက်ခဲ့တာ

ပြန်ထားလိုက် အဲ့ဒါ ဘုရင်နဲ့ဆိုင်တဲ့ပစ္စည်းဖြစ်ဖို့များတယ် မင်းမှာအဲ့ဒါရှိတာကို ဘယ်သူမှမသိစေနဲ့

မင်းကတော့ တစ်ရွာလုံးကို ဒုက္ခရောက်အောင်လုပ်နေတာပဲ သွားအခုထွက်သွားတော့

ငါအဲ့လို ပြသနာတွေ ဒုက္ခတွေဘာမှမလိုချင်ဘူး ထွက်သွားတော့

အဲ့သည့် လည်ဆွဲလေးကို ကြည့်ပါဦး

သည်လိုစားစရာတွေကို ရတနာပစ္စည်းလိုချိတ်ဆွဲထားရအောင် ခင်ဗျားကရူးနေလို့လား

မင်းစိတ်ဝင်စားရင်မေးကြည့်နိုင်ပါတယ် ဟုတ်တယ်မှတ်လား

ငါမနေ့က လမ်းကျဉ်းလေးအတိုင်းလျှောက်သွားရင် သူတို့ သစ်ကိုင်းတစ်ခုပေါ်မှာ ထိုင်နေတာတွေ့ခဲ့တယ်

မိုးချုန်းသံတစ်ချက်ကြားလိုက်ရချိန်မှာ သူတို့ ငါ့ခြေထောက်နားကို သေပြီးပြုတ်ကျလာခဲ့တယ်

ဒါနဲ့ငါတွေးလိုက်တာက "အင်းသူတို့ကို သည်မှာထားခဲ့လို မဖြစ်သေးပါဘူးပေါ့

တစ်ယောက်ယောက် ခလုတ်တိုက်ပြီးချော်လဲနိုင်တယ်လေ"

အဲ့ဒါနဲ့ပဲ ငါလည်းသူတို့ကို အဲ့ဒီ့နေရာကနေ သယ်လာခဲ့တာပေါ့ ကျနော် ဘာထင်လဲ ခင်ဗျားသိလား

ဘာများပါလိမ့် ခင်ဗျားဟာ သူခိုးတစ်ယောက်ပဲ

ခင်ဗျားဟာ ငှက်တွေကိုခိုးဖမ်းလာတာနေရမယ် အို မဟုတ်ရပါဘူး

ကျနော်အဲ့ဒါတွေကို ဘုရင်ပိုင်ပစ္စည်းအဖြစ် သိမ်းယူရလိမ့်မယ်

ဘာတစ်ခုမှလုပ်ဖို့ မကျိုးစားနဲ့

အင်း...အဲ့ဒါတွေကို မင်းတို့အတွက်ဖြတ်ချပေးမလို့ပါ ငါလုပ်ပေးရမလား

အဲ့ဒါတွေကို လု့ယူလိုက်စမ်းပါ အမွှေးနုတ်မထားမိတာ တောင်းပန်ပါတယ်

အရိုးလေးဘာလေးလဲ သတိထားစားဦး

စားပိုးနင့်ပြီးသေနေမှာ စိုးလို့ပါ

တောင်းတန်းတို့ရဲ့ သခင် အယ်ရာဂွန် အမဲလိုက်သခင်ကြီးပြန်ရောက်လာပါပြီ

ဟုတ်ပါတယ် သူ့ရဲ့မမြင်ရတဲ့သားကောင်နဲ့အတူပါ

ဘယ်လိုဖြစ်လာသေးလဲ မင်းကို သမင်ကခုန်အုပ်တော့ တော်တော်ကြောက်သွားသေးလား

မင်း မုဆိုးကို နဲနဲလေးမှမလေးစားဘူးလား

မင်း သေချာရောသင်ဖူးလို့လား

ငါတို့ဒီနေ့ တစ်ခြားသင်ခန်းစာရှိလား

မင်းက ဆိတ်အိုကြီးလို ချနေတာပဲ ရိုရန်

ငါ့မနက်စာကို မထိနဲ့

မင်းက တော်တော်နှေးတဲ့ကောင်ပဲ ရိုရန် တော်စမ်းပါ ကောင်လေးရယ်

အဲ့ဒီ့အသံက မင်းဖင်ခေါင်းကျယ်တဲ့အသံပဲ

ဟေ့ လာတော့ကောင်လေးတွေ တော်လောက်ပြီ လာတော့ ရိုရန်

အယ်ရာဂွန်

ငါသွားရတော့မယ်

ငါစစ်တပ်ထဲကိုဝင်ဖို့ အရွယ်ရောက်နေပြီ

စစ်သားတွေ ငါ့ကိုလာမရှာခင် ငါသွားမှဖြစ်မယ်

ငါသူတို့စစ်တပ်ထဲမှာ အမှု့မထမ်းချင်ဘူး

ငါနေရာအတည်တစ်ကျ ဖြစ်တာနဲ့ မင်းကိုစာရေးလိုက်ပါ့မယ်

ဒါပေမယ့် ဘာဖြစ်လို့ သူသိတယ်

ငါသူ့ကို အစောကြီးကတည်းကပြောထားခဲ့တယ်

မင်းဘယ်ကိုသွားမှလဲ

ငါလဲသေချာမပြောတတ်သေးဘူး

ငါသိထားသလောက်ကတော့ ငါသွားရတော့မယ်ဆိုတာပဲ

ရိုရန် အယ်ရာဂွန်

လာ

ရိုရန် သားကိုပြောလိုက်ပြီပေါ့

မင်းရင်ဆိုင်ရမယ့်နေ့ရက်တွေလဲ ရောက်လာတော့မှာပါ အယ်ရာဂွန်

မင်းဘဝကြီးကို မင်းဘယ်ကိုဦးတည်ချင်လဲဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်ရမယ့်တစ်နေ့ပေါ့

ကျနော်သည်မှာနေရတဲ့ ဘဝကိုပဲ ကြိုက်ပါတယ် ဦးလေး

လူတော်တော်များများကတော့ သူတို့ရဲ့ လက်ရှိဘဝလေးကိုပဲ ဖက်တွယ်ထားတတ်ကြတယ်

ဒါပေမယ့် တစ်ချို့တစ်လေကတော့ သူတို့မသိသေးတဲ့ အရာတွေကိုရှာဖွေဖို့ပိုစိတ်ဝင်စားတတ်ကြတယ်

အဲ့ဒါကြောင့်ပဲ အမေက ကျနော့်ကိုခွဲသွားခဲ့တာလား

ဦးလေးရဲ့ ညီမဟာ ဒီနေရာကနေထွက်သွားဖို့လုပ်တော့ အကြီးကျယ်ပူဆွေးခဲ့ရပါတယ်ကွာ

သူ့မှာ ဘာအကြောင်းပြချက်တွေပဲ ရှိခဲရှိခဲ့ အဲ့ဒါဟာ မင်းကောင်းဖို့အတွက်သူလုပ်ခဲ့ရတာလို့ မှတ်ထားပေးပါ သား

သူမသာမရှိခဲ့ဘူးဆိုရင် ငါလည်း မင်းလိုလိမ္မာတဲ့ နောက်ထပ်သားတစ်ယောက် ထပ်မရနိုင်ဘူးလေ

အဲ့ဒါတွေကို ယူသွားလိုက်ပါ

ငါမင်းအတွက်စုထားခဲ့တာ

အဖေဟာ ကျနော့်အတွက်အကုန်ပြင်ဆင်ထားခဲ့တာပဲ

မင်းကိုယ်မင်း ဂရုစိုက်ပါ ရိုရန်

အဖေ ကျန်းမာရေးဂရုစိုက်ပါ

မင်းလဲ ကျန်းမာပါစေ ညီလေး

ပြီးတော့ မင်းတစ်ခုသိထားပါ

မင်းဟာတစ်ကယ်တော်တဲ့ မုဆိုးတစ်ယောက်ဖြစ်လာတော့မှာ

ကျောက်တုံးမှ မဟုတ်တာ

ဒါဟာ ဥတစ်လုံးပဲ

အိုး...ကြည့်ပါဦး

မင်းက ဘာကောင်လေးလဲ

အင်း....ငှက်တော့မဖြစ်နိုင်ဘူး

အဲဒါဘယ်မှာလဲ

အရမ်းနောက်ကျသွားပြီ

အဲ့ဒါ အကောင်ပေါက်သွားခဲ့ပြီ

အဲ့ဒါ အကောင်ပေါက်သွားခဲ့ပြီ

မင်းဘယ်လိုလုပ်လိုက်တာလဲ ကြည့်ပါဦး

အယ်ရာဂွန်ထတော့ အိမ်အလုပ်တွေ လုပ်စရာရှိတာလုပ်တော့လေ

ဗိုက်ဆာနေပြီလား

လာပါ

အဲဒါပူတုန်းလေးသောက်လိုက်

ငါစိတ်မကောင်းပါဘူး ဒီမှာရှိတာ ဒါအကုန်ပဲ

အင်း...ကြွက်သောင်းကျန်းတဲ့ရန်ကတော့ စိတ်အေးရတော့မယ်

ဘုရင်ကြီး ဂယ်ဘတ်တိုးရစ် ခင်ဗျာ

သခင်ကြီး ကြောက်နေတဲ့အတိုင်းပါပဲ နဂါးဟာ ဥကနေပေါက်သွားခဲ့ပါပြီ

ဒါပေမယ့် လယ်သမားကောင်လေးရဲ့လက်ထဲမှာပါ

ဘယ်သူ့ဆီမှာဆိုတာတွေ လာပြောမနေနဲ့

အဲ့ဒီ့ ဒဏ္ဍာရီသာ တစ်ကယ်ဖြစ်လာတယ်လို့ ဗါဒန် ကသိသွားခဲ့လို့ရှိရင်...

...သူတို့ငါ့ကို စိန်ခေါ်ဖို့ သတ္တိအလုံအလောက်ရှိသွားလိမ့်မယ်

ပြီးတော့ ငါစိန်ခေါ်တာတွေဘာတွေကို စိတ်မဝင်စားဘူး

ဘယ်သူကမှ အရှင့်ကို ထိပ်လန့်အောင်လုပ်ဖို့ အခွင့်အရေးမပေးပါဘူး အရှင်

သည်တိုင်းပြည်ရဲ့ အပြင်ဖက်မှာရှိနေခဲ့တဲ့ ငါ့ကိုနောက်ဆုံးခုခံနေတဲ့သူတွေ

လူပုတွေ နတ်သူငယ်တွေ ဗါဒန်တွေ

ငါသူတို့ကို ဘာမျှော်လင့်ချက်မှ မပေးနိုင်ဘူး

အဲ့ကောင်လေးကို ဗါဒန်တွေလက်ထဲမရောက်စေနဲ့

ကျနော်ကောင်လေးကို ရှာပါ့မယ်...

...ပြီးရင် သူအရွယ်မရောက်ခင်ပဲ သတ်ပစ်လိုက်ပါ့မယ်

မင်းရဲ့အမေက ဘယ်မှာလဲ

မင်းလဲ စွန့်ပစ်ခံခဲ့ရတာပဲလား

သူမက နာနာကျင်ကျင်နဲပဲ မင်းကိုစွန့်ပစ်ခဲတာလား

စီးနင်းမယ့်သူကို သတ်ပစ်လိုက်

ငါ့သားလေးသတင်းလဲဘာမှ မကြားရဘူး

စာလေးတစ်စောင်တောင်မလာဘူး

သူတို့အမေကတော့ ရင်ကွဲနာကျနေလေရဲ့

ဘာတွေဖြစ်လာမှာမို့လို့လဲ

ပိုပြီးတော့သေကြမယ် ပိုပြီးပူဆွေးဝမ်းနည်းကြရမယ်

တိုးတိုး ဟိုစ် စစ်သားတွေမင်းအသံကို ကြားသွားဦးမယ်

ဘာဖြစ်မှာမို့လို့လဲကွာ

ပြောတာနဲ့ မပြောတာ ဘာမှ မကွာပါဘူး

တော်တော့ ဘွန်း မင်းလိုေ-ာက်ရူးတစ်ယောက်ကတော့ ဘာမှထပ်ဆုံးရှုံးစရာမှမရှိတော့တာ

ဘာမှ အငြင်းအခုန်မလုပ်ရဘူးပေါ့

ငါ့ကိုစိတ်မရှိပါနဲ့

ဒါပေမယ့် ဒါကအမြဲဖြစ်နေခဲ့တာမဟုတ်ခဲ့ပါဘူး ဟုတ်တယ်မှတ်လား

ငါတို့နိုင်ငံမှာ အကြောက်တရားဆိုတာ ဘာမှန်းတောင်မသိခဲ့ပဲ ပျော်ပျော်ရွင်ရွင်နေခဲ့ရတဲ့နေ့တွေ ရှိခဲ့ပါတယ်

နဂါးတွေနဲ့ နဂါးစီးသူရဲကောင်းတွေ အုပ်ချုပ်ခဲ့စဉ်တုန်းကလေ

အဲ့ဒီ့နေတွေ ကျန်ခဲ့ပြီ လူအိုကြီးဘရွန်းကတော့ သူ့ပုံပြင်တွေကို ဆက်ပြောနေတုန်းပဲ

မင်းတို့ မေ့သွားပြီလို့တော့ ဟန်ဆောင်မနေကြနဲ့ ယောင်္ကျားတွေရဲ့ ဂုဏ်ကျက်သရေတွေလဲ ပျက်စီးယိုယွင်းခဲ့ရတယ်

သူတို့ကို ဘယ်သူကမှသူတို့ကို အာမခံရဲ့ကြဘူး

ဂယ်ဘတ်တိုးရစ် လို့ခေါ်တဲ့ သူတို့အဖွဲ့ထဲက...

...လူတစ်ယောက် ပေါ်ထွက်လာပြီး...

..အာဏာကို သူတစ်ယောက်တည်း ချုပ်ကိုင်ခဲ့တယ် သူ့ကိုဆန့်ကျင်သူ နဂါးစီးသူရဲကောင်းတွေကိုလည်း သုတ်သင်ပစ်ခဲ့တယ်

ခင်ဗျား သစ်ပင်ပေါ်မှာအဆွဲမခံရခင်ရပ်လိုက်တော့

မလုပ်ပါနဲ့

သူ့ကိုဆုံးအောင်ပြောပါစေ

တစ်နေ့ကျရင်တော့ သူ့ရဲ့အပြစ်တွေအတွက် သူပြန်ပေးဆပ်ရလိမ့်မယ် ခင်ဗျားသေချင်နေတာလား ကိုယ့်အိမ်ကိုယ်ပြန်နေစမ်းပါ

နဂါးစီးသူရဲကောင်းတွေရဲ့ခေတ်...

...ပြန်ရောက်လာဦးမှာပါ

ပြီးတော့ ဘရွန်ကပြောခဲ့တယ်

"နဂါးစီးသူရဲကောင်းတွေရဲ့ခေတ် ပြန်ရောက်လာဦးမယ်တဲ့"

ဒါဆိုရင်တော့ ပထမဆုံးအနေနဲ့ မင်းပျံသန်းနိုင်ဖို့လိုလိမ့်မယ်လို့ ငါထင်တယ်

ဟုတ်ပြီ မင်းလုပ်နိုင်ခဲ့ပြီ

သူမ ထွက်သွားခဲ့ပြီ

ဘာတွေဖြစ်ကုန်တာလဲ ဘရွန်ပြောတာမှန်တယ် နဂါးစီးသူရဲကောင်းတွေရဲ့

နဂါးစီးသူရဲကောင်းတွေရဲ့ ခေတ်ပြန်ရောက်ချိန်တန်ပြီလေ

မင်းငါ့ရဲ့အတွေးတွေကို ကြားနိုင်တယ်

ကျမဟာ သခင်ရဲ့အသံကိုကြားနိုင်ဖို့နှစ်ပေါင်း ၁၀၀၀ လောက် စောင့်နေခဲ့ရတာပါ

အခုတော့ သခင်လည်းကျမရဲ့အသံကို ကြားနိုင်ခဲ့ပြီ

ကျမနာမည်က စဖီးရားပါ သခင်ကတော့ ကျမကို စီးနင်းမယ့်သူပေါ့

စီးနင်းမယ့်သူ

ထွက်သွား

အဲ့ဒါအမှန်ပဲလား

ဦးလေး ပြောခဲ့တာတွေလေ

မင်းငါပြောနေတာ မကြားဘူးလား ထွက်သွားတော့

ကျနော်ပို သိချင်သေးတယ်

ကျေးဇူးပြုပြီး

နဂါးတွေအကြောင်းပြောပြပါလား

မင်းနောက်ကို တစ်ယောက်ယောက်လိုက်လာသေးလား

သူတို့ ဘယ်လောက်အထိအကောင်ကြီးနိုင်လဲ သူတို့ ဘယ်အချိန်ကျမှ မီးမှုတ်နိုင်တာလဲ

မင်းအသံတိုးတိုးပြောလို့မရဘူးလား

ဦးလေးဟာ ဘုရင်ကြီးကို သူ့စစ်သားတွေရဲ့ရှေ့မှာ​တောင်​ လှောင်ပြောင်ခဲ့သေးတာပဲ

ငါ့မှာဆောင်ပုဒ်တစ်ခုရှိတယ်"ခွင့်ပြုချက်တောင်းခံတာထက်စာရင် ခွင့်လွှတ်ဖို့တောင်းပန်လိုက်တာပိုကောင်းတယ်"

ဒါဆို ကျနော့်ကိုပြောပြပါ

နဂါးတွေအကြောင်းပြောပြပါလား အိမ်ကိုပြန်တော့

မင်းလယ်ကိုမင်းပြန်စိုက် မင်းသီးနှံတွေကို မင်းပြန်ပျိုးထောင် ဟုတ်လား

မင်းက မင်းကိုမင်း ဒုက္ခတွင်းထဲကို ဆွဲသွင်းနေတာပဲ

အဲ့ဒါဆို ဦးလေးက ဘာဖြစ်သွားပြီလဲ

လူလိမ်တစ်ယောက်လား ဒါမှမဟုတ် သရဲဘောကြောင်တဲ့လူတစ်ယောက်အဖြစ်လား

ကျနော်သိတယ်

ဦးလေးပြောတဲ့ပုံပြင်ဟာ အမှန်ပဲဆိုတာ ကျနော်သိတယ်

ကျနော်ပြောပါ့မယ်

သူ့နာမည်က အယ်ရာဂွန်ပါ

അഭിപ്രായങ്ങൾ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left