Repo Men

Repo Men

Burmese സബ്ടൈറ്റിൽ ഡൗൺലോഡ് ചെയ്യുക

റിലീസ് വിവരങ്ങൾ

Repo Men - Windykatorzy - (Repo Men) - (2010) - M Sapochnik,J Law,F Whitaker,A Braga,L Schreiber
കമന്ററി എഴുതിയത് Min-Thet-Oo
View with zawgyi font

ടാഗുകൾ

other
പ്രസിദ്ധീകരിച്ചത്: 2018-01-30
ഡൗൺലോഡുകൾ: 41
ശ്രവണ വൈകല്യമുള്ളവർക്ക്: No

Burmese സബ്ടൈറ്റിൽ പ്രിവ്യൂ

ആദ്യത്തെ 200 വരികൾ.

ဖယ်ဒရယ်အစိုးရရဲ့ တရားဝင်ကြေညာမှု့အရ

အဲ့ဒီ့အဖွဲ့အစည်းဟာ နောက်ထပ်ရက် ၉၀ အတွင်း ဒေဝါလီခံရတော့...

ကမ္ဘာကြီးရဲ့ စည်းပွားပျက်ကပ်ကြောင့် ...

...အမေရိကန်ရဲ့ ပြည်တွင်းကုန်စည်လည်ပတ်စီးဆင်းမှု့ဟာလည်း..

...တစ်ဝက်လောက်အထိ ပြုတ်ကျနေခဲ့ပါတယ်

...နောက် ဒုက္ခပေါင်းစုံရောပြွန်းနေတဲ့ စစ်ပွဲတစ်ပွဲဆီကို ဦးတည်နေခဲ့ပါတယ်

ကျနော် ဘာတွေမှတ်မိနေသင့်ခဲ့သလဲ

ကျနော် သိပ္ပံပညာရှင်တစ်ယောက်အကြောင်းဖတ်ခဲ့တာကို မှတ်မိနေသေးတယ်

သူ့မှာ ကြောင်တွေနဲ့ သေတ္တာတွေအတွက် စက်ပစ္စ္စည်းတစ်ခု ရှိနေခဲ့တယ်

သူဟာ ကြောင်ကိုတစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီ့အရာကို သေတ္တာထဲကို ထည့်လိုက်တယ်

နောက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းအောင်

အဲ့ဒီ့အရာကို အဆိပ်ဓါတ်ငွေ့နဲ့အတူ ကြောင်ကိုရော သေတ္တာထဲကို ထည့်ထားလိုက်တယ်

အဲ့ဒီ့စက်ဟာ အဆိပ်ဓါတ်ငွေ့ကို လွှတ်လိုက်ပြီလား

ဒါမှမဟုတ် မထုပ်လွှတ်ပဲ ရှိနေသေးလားဆိုတာကို

ခုဆို သိပ္ပံပညာရှင်ဟာ သေချာမသိနိုင်ဘူး

သေချာတာတစ်ခုကတော့ သိချင်ရင်

သေတ္တာကိုဖွင့်ကြည့်မှ ဖြစ်တော့မယ်

ခုဒီမှာ သိပ္ပံနဲ့ဆိုင်တာလေးတစ်ခု ပါလာပြီ

သူဖွင့်လိုက်ခဲ့သည့်တိုင်အောင် ကြောင်ဟာ အသက်ရှင်နေနိုင်ပါ့မလား

ဒါမှမဟုတ် သေသွားပြီလားဆိုတာ သူသေချာမသိနိုင်တော့ဘူး

ဒီနေရာမှာ ဖြစ်နိုင်ချေတစ်ခုကိုမူတည်ပြီး

တစ်ခြားဖြစ်နိုင်ချေ နှစ်ခုပေါ်သက်ရောက်မှု့ရှိသွားပြီ

ကျနော် အဲ့ဒီ့ကြောင်အကြောင်းကို ဖတ်ဖူးခဲ့ကတည်းက

ဒီပုံပြင်လေးဟာ ကျနော့်ကို တွေးစရာတွေပေးခဲ့တယ်

ဘာမှ တွေဝေမနေနဲ့

ငါသာဆိုရင် ဒီလိုအကောင်သေးသေးလေးတွေအတွက် ဘာမှ စိတ်သောကအရောက်ခံနေမှာမဟုတ်ဘူးလို့

ကျနော် နားမလည်နိုင်သေးတာတစ်ခုက

အရာဝတ္တုတစ်ခုဟာ သေခြင်းနဲ့ရှင်ခြင်းကို ဘယ်လိုလုပ်ပြီး တစ်ချိန်တည်းရင်ဆိုင်နေလို့ရမှာလဲ

ဒီည ဖျော်ဖြေမှု့အတွက် အဆင်သင့်ပဲလား

အင်း လုပ်...လုပ်...

မစ်စတာစမိုက်

ကျနော်က ယူနီယမ်ကပါ

သောက်ပြသနာပဲ

ခဏလေးနော် ဟုတ်လား

စိတ်မပူပါနဲ့ ခဏလေးနေပါဦး အဆင်ပြေရပါစေမယ်

ငါပေးနိုင်ပါတယ်

စိတ်မကောင်းပါဘူး အဲ့ဒါ ကျနော့်အလုပ်မဟုတ်ဘူး

ဟေး

ဟေး

နင်င့ါကို ဘာမှမလုပ်ဘူးလား

အကြမ်းဖက်ဖို့ မလိုပါဘူး မိန်းကလေး

ဟင်နရီ စမစ် ကျုပ်ခင်ဗျားကို တရားဝင် မေးခွန်းမေးပါတော့မယ်

ခင်ဗျားအတွက် လူနာတင်ယာဉ်ကို

ဆေးရုံကို ခေါ်သွားနိုင်ဖို့ အဆင်သင့် ခေါ်ထားချင်သေးလားခင်ဗျာ

မခေါ်ဘူးပေါ့

ကောင်းပြီလေ

ကျနော့်အလုပ်က ရိုးရှင်းပါတယ်

ခင်ဗျားကားအတွက် ပိုက်ဆံမပေးနိုင်တော့ဘူးလား ဘဏ်က အဲ့ဒါကို ပြန်သိမ်းလိမ့်မယ်

ခင်ဗျား အိမ်အတွက် ပိုက်ဆံမသွင်းနိုင်တော့ဘူးလား ဘဏ်က အဲ့ဒါကိုပြန်သိမ်းလိမ့်မယ်

ခင်ဗျား အသည်းအတွက် ပိုက်ဆံမသွင်းနိုင်တော့ဘူးလား

အင်း ဒီနေရာမှာတော့ ကျနော်ဝင်လာရတ်ာပေါ့

အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ ကျနော်ကတော့ အဲရစ်ဖစ်ဆမွန်ပါ

ကျမကတော့ ဆဘရီနာကန့်ပါ ခုတင်ဆက်မှာကတော့ ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာနဲ့

ဖြစ်ပေါ်နေတဲ့ သတင်းများပဲဖြစ်ပါတယ်

ခုမနက်ခင်းအတွက်ကတော့ နိုင်ဂျီးရီးယားဖက်က အထူးသတင်းတစ်ပုဒ်ကို ဖော်ပြပေးပါ့မယ်

အဲ့ဒါ အာဖရိကမှာပါ

ခုဆိုရင် အားလုံးသိတဲ့အတိုင်းပါပဲ

ကျနော်တို့မှာ စစ်သားဦးရေ ၁၀၀၀၀ ကနေ ၁၅၀၀၀လောက်အထိ

နိုင်ဂျီးရီးယားနယ်စပ်မှာ စောင့်နေခဲ့ပါတယ်

အိမ်ကို စောစောပြန်ရဖို့ပါ သိပ်လည်းမျှော်လင့်မထားပါနဲ့ သတင်းကြားရတာတော့

သူတို့ ၃၄ ခုမြောက်လက်နက်ထောက်ပံ့မှု့ရောက်တာနဲ့

ခြောက်ကြိမ်မြောက်စစ်ပွဲကို စမယ်လို့ ပြောခဲ့ပါတယ်

စစ်ဆင်ရေးကတော့ အဆုံးမရှိနိုင်သေးပါဘူး

ပုလင်းနဲ့ မသောက်ရဘူး

သူကျတော့သောက်တယ် အင်း သားမသောက်ရဘူး

ကျမနောက်ကျနေပြီ ရှင်သူ့ကို ခေါ်သွားလိုက်မလား

ရပါတယ် ကျေးဇူးပဲ

...မနေ့ကတော့ ပထမတန်းပါပဲ

ကိုနယ်ကျွန်းက ဟော့ဒေါ့စားသောက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲပါ ခင်ဗျားအဲ့ဒါကို "အစာမချေဖျက်နိုင်ဘူးလို့များ "ပြောလိုက်တာလား

ပီတာ မလုပ်နဲ့

အားလုံးပါပြီနော်

ဟုတ်

အဖေ ဒီနားအထိပဲ ရပါပြီ

အင်း အဆင်ပြေပါစေကွာ

ကျနော်လုပ်ရတဲ့ အလုပ်မှာ အဆုံးသတ်တွေက တူနေတတ်တာများပါတယ်

တစ်ချို့ကကယောက်ချောက်ခြားတွေဖြစ်ကြတယ် တစ်ချို့က ငိုကြွေးကြတယ် တစ်ချို့ဆို ရယ်မောနေတတ်တယ်

ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး တစ်ပုံစံထဲပြုမူကြတာပဲ

သူတို့တတ်နိုင်သလောက် တွန်းထိုးမယ် ရုန်းကန်မယ် နောက်ဆုံးထွက်သက် မတိုင်ခင်အထိပေါ့

ဟေး သတိထားဦးကွ

စိတ်မရှိပါနဲ့ ဆရာ ကျနော်မမြင်ရလို့ပါ တောင်းပန်ပါတယ်

ယူနီယမ်ဟာ မင်းကိုယ်မင်းထက်တောင် အကူအညီရတဲ့ နေရာတစ်ခုပါ

ခုနောက်ပိုင်းနှစ်တွေမှာဆို လူပေါင်း ၂၀၀၀၀၀ လောက်ဟာ

ကိုယ်တွင်းအင်္ဂါတွေ ကူပြောင်းပေးနိုင်မယ့် အချိန်ကို စောင့်ဆိုင်းနေကြရပါတယ်

တစ်ယောက်ယောက်သေမှ သူတို့

အသက်ရှင်နိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

ဒါပေမယ့် ခေတ်သစ် ဇီဝဆေးသိပ္ပံနည်းပညာကို ကျေးဇူးတင်လိုက်ပါ

ဆုတောင်းရင်နဲ့ စောင့်မျှော်နေခဲ့ရတဲ့ရက်တွေ ကုန်လွန်ခဲ့ပါပြီ

... ဒီ အာတီဖော့ထ်ကို ကျွမ်းကျင်စွာနဲ့ အစားထိုးလိုက်ရင်

ဘာစိတ်ပူစရာမှ မရှိနိင်တော့ပါဘူး

တစ်ကယ်လို့လူကြီးမင်းတို့အနေနဲ ဒေါလာ ၆၁၈၄၂၉ ကို အပြည့်အဝ မပေးဆောင်နိုင်ခဲ့ရင်လည်း

လစဉ်သွင်းအနေနဲ့ ကျသင့်ငွေရဲ့ 19.6% ကို လစဉ်ပေးဆောင်လို့ ရပါတယ်

ဒီ ပန်ခရိယအစိတ်အပိုင်းတစ်ခုလုံးအတွက် ပြောတာပါ

ဖရန့်မာဆာ ပါခင်ဗျာ ဒီယူနီယမ်ရဲ့ မန်နေဂျာပါ

ကျနော် လူကြီးမင်းတို့ သိချင်နေတာကို နားလည်ပါတယ်

တတ်နိုင်တဲ့ အနေအထားကိုပါ ဒါဟာ သဘာဝပါပဲ

ပထမအနေနဲ့ လူကြီးမင်းတို့ရဲ့သံသယကို ပယ်ဖြောက်ပေးပါရစေ

ကျနော်တို့ရဲ့ ငွေပေးချေမှု့ဌာနကနေပြီ လူကြီးမင်းတို့ရဲ့ လူနေမှု့ဘဝနဲ့ အဆင်ပြေမယ့်ပေးချေမှု့ကို ပြသပေးမှာပါ

တစ်ကယ်လို့ ငွေကြေးခက်ခဲခဲ့မယ်ဆိုရင်တောင်

သုံးလလောက် စောင့်ဆိုင်းပေးမှာပါ

တစ်ကယ်လို့ လေးလမြောက်ရဲ့ ခြောက်ရက်အတောအတွင်းမှာ ဆက်လက်ပြီး မပေးဆောင်နိုင်ခဲ့ရင်တော့

ကျနော်တို့ရဲ့ ပစ္စ္စည်းကို ကျနော်တို့ကိုယ်တိုင် အကုန်အကျခံပြီ ပြန်လည်ထုပ်ယူသိမ်းဆည်းသွားမှာပါ

ဒါကိုလည်း တစ်ကယ်ကျွမ်းကျင်တဲ့ လိုင်စင်ရ အရည်အချင်းရှိသူတွေနဲ့ ဆောင်ရွက်ပါတယ်

လူကြီးမင်းတို့ ၆ နာရီသတင်းမှာ ဘာတွေများ ကြားမိနေကြမလဲတော့မသိပါဘူး

ဒါပေမယ့် အဲ့လိုလည်း ဘယ်တုန်းကမှ မဖြစ်သလောက်ပါ

ကျနော်သေချာပြောနိုင်တာ တစ်ခုကတော့ လူကြီးမင်းတို့ရဲ့ ပစ္စ္စည်းကို လူကြီးမင်းတို့မိသားစုကပဲ ပိုင်ဆိုင်ပါတယ်

အဲ့ဒါကို လူကြီးမင်းတို့ကပဲ တစ်ကယ်ပိုင်ဆိုင်တာပါ

လူကြီးမင်းတို့ နားလည်မယ်ဆိုရင်တော့ ဒီနေရာနဲ့ ဒီနေရာမှာ လက်မှတ်ထိုးလိုက်ယုံပါပဲ

ဒါဆို ကျနော်တို့ အလုပ်ဆက်လုပ်လို့ရပါပြီ

သူ လက်မှတ်ထိုးလိမ့်မယ်

လူတိုင်းလည်း ထိုးကြတာပဲ

ကောင်းပြီ

နားစည် နားစည် နားစည်

နောက်ထပ်လည်း ဒီနားစည်တွေချည်း.. ချီးပဲ

အလုပ်က အလုပ်ပဲ မဟုတ်ဘူးလား

ငါပြောချင်တာက ဇယားတစ်ခုတည်းမှာပဲ နားစည်လေးခုတောင်

ဒီသောက်ရေးမပါတဲဟာက မတရားဘူး

မင်းရထားပေါ်မှာ အဲ့ဒီ့မိန်းမကို လုပ်ခဲ့တာလဲ မတရားတာပဲ မဟုတ်ဘူးလား

အင်း မင်းအဲ့မှာရှိနေခဲ့လို့လား မရှိခဲ့ဘူးမဟုတ်လား

ငါ့ညီမရဲ့ ကလေးက အဖွဲ့ဝင်ချင်လို့ သူက လူကောင်းလေးပါ

ဖရန့်ကိုပြောကြည့်လေ

အင်း ငါမင်းဆီက ထောက်ခံမှု့ကိုလိုချင်လို့ပါ မင်းသိလား အဆင့်ငါးလေ

ငါအဲ့ကောင်လေးကို သိလို့လား

မင်းအဲ့လို အရှေ့ကနေဝင်လာတာ ငါ့ကိုဒုက္ခရောက်အောင်လုပ်နေတာလား

ငါလူတစ်ယောက်နဲ့ အရောင်းအဝယ်ဖြစ်အောင်လုပ်နေတာ

မင်းအောက်ထပ်မှာ ဧည့်သည်တွေကို အဲ့လိုကြောက်အောင်လုပ်တာ ငါမလိုချင်ဘူးနော်

ငါတို့ ဝယ်သူပဲလိုတာ လျှောက်မတွေးစေချင်ဘူး

ခုလထဲမှာ ခြောက်ခုလောက် လက်ငင်းဝယ်သွားတယ် အဲ့ဒါ ဘာကို ဆိုလိုတာလဲသိလား

မသိဘူး ဘာလဲပြောချင်တာလဲ ဖရန့်

သူတို့မင်းကို တွေသွားတယ်

သူတို့ အရစ်ကျပေးရတာကနေ ခုနောက်ပိုင်း ငွေသားလက်ငင်းရှင်းလာကြပြီ

သူတို့ လက်ငင်းရှင်းသွားတော့ ငါတို့ ရပေါက်တွေ ပိတ်ကုန်ရော ဟုတ်လား ငတုံးရဲ့

မင်းဘာရလာလဲ အသည်း

အဲ့ဒါဘာလဲ အသည်း

မင်း AA ဆွေးနွေးပွဲကို ဘာလို့မလာတာလဲ

ဒီနေ့ ဒီလောက်လေးနဲ့တော့ မင်းရှုံးပြီ ကောင်လေး ငါဘယ်လောက်ရလာလဲ သိလား

ဒီနေ့တော့ မလုပ်နဲ့ ဂျိတ်

အဖြေမှားတယ်

ဂျိတ်ဖာဗစ် ကကျနော် လေးတန်းနှစ်မှာ ကျနော့်ကို ဆော်ခဲ့ဖူးတဲ့ကောင်

တကယ်တော့ မျှမျှတတ မဟုတ်ဘူး

ဒီကောင်က လေးတန်းကို သုံးခါကျထားတဲ့ကောင်

ဒီကောင် ကလေးကဗျာတေကို လိုက်မမှီခဲ့လို့ဖြစ်မယ်

ဒါပေမယ့် စာရေးဆရာတွေကိုတော့ သိပ်အားကျတဲ့ကောင်

သူနားလည်နိုင်တဲ့ အတိုင်းအတာလောက်နဲ့ပေါ့

စစ်ကြီးပြီးသွားတော့ ယူနီယမ်ကအလုပ်ဟာ ကျနော်တို့ အထူးကျွမ်းကျင်ထားတာနဲ့ အံကိုက်ပဲ

လူသစ်စုဆောင်းတဲ့သူကပြောခဲ့တယ်ကျနော်တို့ဟာ အမေရီကန်ရဲ့ ဆေးပညာရပ်ဆိုင်ရာအဖွဲ့အစည်းကို ကာကွယ်ပေးနေတာတဲ့

ကျနော်တို့ ဘယ်သူ့ကို ကာကွယ်ပေးရမယ်ဆိုတာ ဂရုကို မစိုက်ခဲ့တာပါ

ငိုးမ

ဟေး...လုပ်စမ်းပါ...

ရော့ဒီမှာ

အသည်းနှစ်ခုနဲ့ နှလုံးတု

မင်း ဘားကုတ်တွေမှတ်ထားတဲ့နေရာကို ထိခိုက်မိအောင် မလုပ်လို့မရဘူးလား ဂျိတ်

နောက်မဖြစ်စေရပါဘူး ဘော့စ်

မင်းတော်တော်ထိသွားလားဟေ့ကောင် ရရဲ့လား

ငါကတော့ သောက်ကလေးတွေနဲ့ အလုပ်လုပ်နေရတာပဲ

လာငါတို့ နဲနဲလောက်သွားကစ်ရအောင်

အင်း ရတယ်လေ ငါကယ်ရိုးကို သွားပြောလိုက်ဦးမယ်

မင်းပြောရမှာပေါ့

ရှင်ဒီနေ့ ဖရန့်ကိုပြောခဲ့သေးလား

အရောင်းဌာန ဖက်ကို ပြောင်းဖို့လေ

ဟင့်အင်း ကိုယ် အခွင့်အရေးမရခဲ့ဘူး

ဘယ်လို ရှင်နဲ့သူ အတူရှိနေခဲ့ပြီး သူ့နောက်နားမှာ ရပ်နေရလို့ အခွင့်အရေးမရခဲ့တာလား

ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ် တနလာင်္နေ့ကျရင်ပြောလိုက်ပါ့မယ်

ရှင်သိလား ပြီးတော့ကျမကို တဖြစ်တောက်တောက် ပြောတယ်လို့ အပြောခံရဦးမယ်

မင်းကလည်း မမြဲ ဗြစ်တောက်ဗြစ်တောက်လုပ်နေကျပဲလေ

သူ့ကိုသာ ဒီကနေခေါ်သွားလိုက်တော့

နောက်မှတွေ့မယ် အင်း

လာ

အလုပ်ဖြစ်လား

နောက်တစ်ခါဆိုရင်တော့ မင်းကို အာရုံခံဖို့ပစ္စ္စည်းပါ ထိုးထည့်ပေးလိမ်မယ်

မင်းက ဘယ်လိုထင်လိုလဲ

လာရောက်စမ်းသပ်မောင်းနှင်ကြ အလိုလျှောက် အာရုံခံနိုင်တဲ့ စနစ်တွေနဲ့

နယူရယ် N.5 ကွန်ယက်စနစ်ပါဝင်ပါတယ်

ဒါတွေနဲ့ အိမ်မက်လှလှလေးတွေ ဖန်တီးလိုက်ပါ

ခြောက်သွေ့မှု့ကို ရာနှုန်းပြည့် ခံစားနိုင်ပါပြီ

မင်းဘာလဲသိလား

သူက ထိန်းချုပ်ချင်နေတော သူက မင်းကို ထိန်းချုပ်ချင်နေတာ

ငါပြောချင်တာက မင်းပြန်သိမ်းတဲ့အလုပ်ကနေ အရောင်းဖက်ကိုပြောင်းစေချင်နေတာက

အဲ့ဒါ မင်းရဲ့ ရပိုင်ခွင့်ကို တစ်ဝက်လောက် လျှော့သွားမှာကွ

သူက အရောင်းဖက်က ပိုပြီးတည်ငြိမ်တယ်လို့ထင်နေတာ

ကိုးနာရီကနေ ညနေငါးနာရီအထိပဲ နောက်ကျစရာမရှိဘူး ငါအိမ်ကို ပိုပြီး စောစောပြန်နိုင်တာပေါ့

ကောင်ကြီး မင်းနဲ့ငါ ငါတို့ကအမြဲ ပြန်သိမ်းဆည်းတဲ့သူပဲ ဖြစ်နေမှာ

ဟိုဝတုတ်ကို ကြည့်လိုက်

သူ့အင်္ဂါကို ရောင်းလိုက်တာအတော်ကြာသွားပြီဆိုတာ မင်းသိမှာပါ

သူရက်လွန်နေပြီလားဆိုတာ ၂၀ ကြေးလောင်းမလား

လုပ်လိုက်လေ ၂၀ ကြေး

မိလား ကျိန်းသေပဲ

ပန်ခရိယ နှစ်ရက်လွန်နေပြီ

ဟေ့ ခင်ဗျား ပန်ခရိယ ဘယ်လိုနေလဲ

ငါမနက်ကမှ ပိုက်ဆံသွင်းထားတာ

ခင်ဗျားလုပ်မိတာသေချာပါစေ

နောက် ၄၈ နာရီဆို ခင်ဗျားဟာကို ကျုပ်လာသိမ်းမယ်

ဖြေးဖြေးကိုယ့်လူ နောက်ထပ် နှလုံးအသစ်ပါ ထပ်တပ်နေရဦးမယ်

ပီမော်တင်လား အဲ့ဒါ ပက်ထရစ်မော်တင်

ကုမ္မဏီ C ကကောင်လား

အင်း

ငါကြည့်ရအောင်

ချီးထုပ်ကောင်. . ချီးထုပ်ပဲကွာ မိဘတွေနဲ့ နေတုန်းတဲ့...

မင်းပြန်သိမ်းတဲ့သူဆိုတာ တစ်ခြားသူတွေသိလား

ငါအဖိုးကိုတော့ ပြောဖူးတယ်

ဘာတွေ ရယ်စရာပါလို့လဲ

അഭിപ്രായങ്ങൾ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left