Le prime 200 righe.
ဘေးကင်းဖို့က ပထမ မတော်တဆမှု နောက်ဆုံးဖြစ်ခဲ့သည့်ရက်ပေါင်း ၇၈၄ ရက်
မတော်တဆမှု နောက်ဆုံးဖြစ်ခဲ့သည့် ရက်ပေါင်း ၁ ရက်
ကျွန်မကတော့ ဒီကလေးအတွက် စိတ်ပူမိတယ်
ဂျိုး အဆင်ပြေသွားမှာပါ
သူက ဒီကလေးအတွက် အရာအားလုံးဖြစ်ခဲ့တာလေ
ဂျက် အဆင်ပြေအောင် လုပ်ပါလိမ့်မယ် သူက လူတော်တစ်ယောက်ပဲလေ
ဒါပေမဲ့ ဖခင်နေရာမှာမှ မနေခဲ့ဖူးတာ
သူ ဒီကလေးကို နားလည်ပေးနိုင်မယ် မထင်ဘူး
အဲဒီမှာ အဲလီဇဘက် အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ
- ငါးနှစ်လား - ငါသိတာတော့ ခြောက်နှစ်လားလို့
- အခေါင်းထဲမှာ ဘာရှိတယ် ထင်လဲ - ပါးစပ်ပိတ်ထားကွာ
ငါပြောချင်တာ သူ ဘယ်လိုသေသွားလဲ ဆိုတာပါကွာ
- မင်းတို့ကောင်တွေ မသိချင်ကြဘူးလား - မသိချင်ဘူး ခေါက်ဆွဲသုပ်ပဲ စားနေတာ
ငါလည်း သိချင်မိတယ်
ငါကြားတာကတော့ လုံးဝ ဖိမိသွားတာဆိုပဲ
သံဘောင်တွေလေ အကြမ်းဖျင်းတောင် တစ်တန်လောက်လေးတယ်
မင်းတို့ကောင်တွေ ဘယ်လိုများ စားဝင်ကြပါလိမ့်ကွာ
ကြက်ဆင်သားလိပ် စားကြည့် သိသွားလိမ့်မယ်
လူစီ ဆင်းစမ်း
ဆင်းစမ်း
ဂျိုး ဂျိုးကိုတွေ့မိကြသေးလား
ဂျိုးကတော့ ငါ့ရုပ်ရှင်ကို ဆက်ရိုက်ချင်မှာ မဟုတ်တော့ဘူး
ဘာလို့လဲ
ဘာဖြစ်ရမလဲ ရိုက်မယ့်ဇာတ်လမ်းက လူသေတွေ ပြန်ရှင်လာတဲ့အကြောင်းလေ
- သူ့အမေက ဖုတ်ကောင် ဖြစ်သွားတာမှမဟုတ်တာ - ဒါပေမဲ့ သေသွားတာလေ ငတုံးရဲ့
- ဒီကြက်ဆင်သားလိပ် တော်တော်ကောင်းတာဟ - ငါ ပြောသားပဲ
- ငါ စကားပြောချင်ရုံပါ ဂျက်ရာ - ဒီကောင့်ကို ဆွဲထုတ်ပစ်စမ်း
- ဒိန်းနတ် - ခဏလောက်ပါကွာ ခဏလေးပါ
- ဂျက် ဂျက် ငါ့ကိုလွှတ်... - တော်ကွာ
ထွက်သွားစမ်း
ထွက်စမ်းကွာ
ဂျက်
- ငါ မှားမှန်းသိပါတယ်ကွာ - ဂျက် ငါ...
ဂျက်...
ဂျိုးဇက် အဖေ ခဏနေ ပြန်လာခဲ့မယ်
လေးလကြာပြီးနောက်
တကယ်ပဲကွာ အချိန်တွေကလည်း မကုန်နိုင်ဘူး ရော့
- ဒါ ဘာလဲ - အခန်းအသစ် ကြည့်ကြည့်လိုက်
စုံထောက်ဟတ်သာဝေးက မိန်းမနဲ့ပေါ့ ဒီလိုလား
မပြောတတ်ဘူးကွာ ဒီလိုဆို ရုပ်ရှင်ကပိုကောင်းမယ် ထင်လို့
ဇာတ်အိမ်ခိုင်ဖို့လည်း လိုတယ်...
- ရိုက်ကူးမှုအထောက်အပံ့ပေါ့ - ဟေ့ကောင်တွေ
ဟေ့ကောင်တွေ မာတင် ဒီနေ့အန်တာ သူ့ဗီရိုအပြည့်ပဲကွာ
တကယ့်ရွံစရာကြီး
- တကယ်လားကွ ဟုတ်လို့လား - ဒီလောက် အရောင်စုံအန်တာ တစ်ခါမှမတွေ့ဖူးဘူး
မိန်းမနေရာက ဘယ်သူသရုပ်ဆောင်မှာလဲ ဂျန်လား
မဖြစ်နိုင်တာကွာ သူ ငါ့ဦးထုပ်ကို ဖျက်ဆီးထားတယ်လေ
- ဘာမိန်းမလဲ - အဲလက်စ်ဒိန်းနတ်
ငါ စကားဝှက်ရေးနည်းစာအုပ် သွားပြန်အပ်တာ
သူ့ကို စာဖတ်တဲ့နေရာမှာ တွေ့တာနဲ့
ဟတ်သာဝေးမိန်းမနေရာမှာ သရုပ်ဆောင်မလား မေးလိုက်တာ
နေပါဦး မင်းက အဲလက်စ်ဒိန်းနတ်နဲ့ စကားပြောခဲ့တယ်ပေါ့ တကယ်လား
စာဖတ်တဲ့နေရာမှာ စကား သွားမပြောရဘူးလေကွာ
- တိတ်စမ်းကွာ - စာဖတ်တဲ့နေရာလေ
သူကလုပ်မယ်တဲ့ ငါတို့ ဒီည စရိုက်မယ် သူ ကားမောင်းပေးမှာ
ကားမောင်းမယ် ဘယ်ကို ကားမောင်းသွားမှာလဲ
ဒါ တော်တော်ကြည့်ကောင်းတဲ့ ဖုတ်ကောင်လူသတ်သမားပဲ
အေး ဒါတောင် ဇာတ်လမ်းနဲ့ မဟုတ်သေးဘူးနော်
အရွယ်ကြီးကြီးကလေးတွေပါ ဒီရုပ်ရှင်ပွဲတော်ကို ဝင်ပြိုင်ကြမှာ
၁၅ ၁၆နှစ်တွေဆိုတော့ သူတို့မှာ ဇာတ်လမ်းကောင်းလည်း ရှိသလို
ကားတွေ ရိုက်ကူးစရိတ်တွေလည်း ရှိတယ် ငါမှာတော့ ဘာမှ မရှိဘူး
- ချားလ်စ် ညစာစားမယ် - လာပြီ
ဒါ ငါ မင်းကို ဖတ်စေချင်တဲ့ ဆောင်းပါးလေ
ဒီမှာ ဇာတ်လမ်းအကြောင်း အကုန်ရှင်းပြထားတယ်
သူ့ဇနီး ဒီဇာတ်ကို ဘယ်လိုပံ့ပိုးပေးမလဲဆိုတာ ငါနားကိုမလည်ဘူး
ငါ ရှင်းပြချင်တာ အဲဒါပဲဟေ့
ငါတို့ ဒီညရိုက်မယ့်အပိုင်းက စုံထောက်ကို သူ့မိန်းမက
စိတ်မချတဲ့ အကြောင်း ဘယ်လောက်တောင် ချစ်တဲ့အကြောင်းပြောမှာ
မင်း အဲလက်စ်ဒိန်းနတ်နဲ့ စကားပြောခဲ့တယ် ဆိုတာ ယုံကိုမယုံနိုင်ဘူး
- ချားလ်စ် လာလေ ဘာလုပ်နေတာလဲ - လာနေပြီ
လက်ပါဆေးလာခဲ့
သူက ဖုတ်ကောင်တွေအကြောင်း စုံစမ်းနေတော့ စိုးရိမ်တယ်ပေါ့ကွာ
အရမ်းချစ်ကြတော့ သူသေမှာ စိုးတယ်ပေါ့ကွာ
အဓိပ္ပာယ်ရှိတယ် မဟုတ်လား
အဲလက်စ်ဒိန်းနတ် သာပါတယ်ကွာ
- မင်းကတော့ မလွယ်တော့ဘူး - ချားလ်စ် အခုလာခဲ့တော့
လာနေပြီ အမေရ
- ညသန်းခေါင်နော် ဟုတ်ပြီလား မေ့မနေနဲ့နော် - မမေ့ပါဘူးဟ
ဒါကို ဖတ်ထား
ဝင်ဒီ့ဆီ မသွားရတာ မတရားဘူး
သမီးကလွဲပြီး အကုန်သွားကြတာကို
ဒါဆိုလည်း သွားတဲ့အကုန်လုံးက မင်းကို ပြန်ပြောပြလို့ ရတာပဲလေ
ကစားစရာတွေ ဖယ်ပြီး လက်သုတ်ပဝါတွေ ချတော့
- အမေ - နင် ကလေးထိန်းရမယ့်အလှည့်လေ
ဘာလို့ ချားလ်စ်နဲ့ လဲလို့မရတာလဲ
ချားလ်စ်ရဲ့ဦးထုပ်ကို ဖျက်ဆီးပစ်လိုက်လို့ ဖြစ်မှာပေါ့
မှတ်မိသေးရဲ့လား
တကယ်လား ဘယ်လိုထင်လဲ ငါတို့လဲရအောင်
တကယ်လား ဘယ်လိုထင်လဲ ငါတို့ မလဲဘူး
အားလုံး တော်ပြီ ချားလ်စ် ဒါတွေ စားပွဲပေါ်ယူသွား
ဘန်ဂျီ ညစာစားရအောင်
ဂျိုး
ပြန်ပြီနော် မစ္စစ်ကတ်ဇ်နက်
စားသွားဦးလေ အများကြီးချက်ထားတယ်
ရပါတယ် ကျွန်တော်မဆာလို့ပါ ကျေးဇူးတင်ပါတယ်နော်
- ဒါတွေ စားပွဲပေါ်တင် - မနက်ဖြန်တွေ့မယ်နော် ချားလ်စ်
နောက်နေ့နော်
မင်းစားချင်ရင် အမြဲဝင်စားလို့ရတယ်နော် ဂျိုး
မလုပ်နဲ့
ဟုတ်ကဲ့ ကျေးဇူးပဲနော်
အဖေ
အဖေ
ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရ
အဏုမြူဓာတ်ပေါင်းဖို ယိုစိမ့်မှုကို အဓိကခံစားရမယ့်နေရာတွေကတော့
ပန်ဆယ်ဗေးနီးယားပြည်နယ် ဟဲရစ်ဘတ် အပြင်ဘက်ရှိ...
ဓာတ်အားထုတ်လုပ်ရာ သုံးမိုင်ကျွန်းပါပဲ
ဝါရှင်တန်မှ ရောဘတ်ရှာကိန်းမှ သတင်းရယူပေးထားပါတယ်
အစိုးရအထက်ပိုင်းမှ သတင်းများအရ
ခဏနေထွက်လာခဲ့မယ်
ဒါက ခြောက်ပတ်သင်တန်းလေ
ကောလိပ်ကနည်းပြတွေ လက်တွေ့သင်ပေးမှာ
မင်းသဘောကျမှာပါ အဖေသိပါတယ်
ကျွန်တော်က ဒီနွေအားလပ်ရက်မှာ ကိုယ့်ဘာသာ နေမလားလို့
ငါတို့အတွက် အရာရာတိုင်းက ပြောင်းလဲကုန်ပြီလေ
သရဲလိုလိုမိတ်ကပ်တွေနဲ့ ကင်မရာတွေနဲ့ ပတ်ပြေးနေတဲ့ ကလေးတွေနဲ့
ခဏလောက် အတူမနေတာ မင်းအတွက်ကောင်းလိမ့်မယ်
ကျွန်တော် ချားလ်စ်ကို သူ့ရုပ်ရှင်ပြီးအောင် လုပ်ပေးရမယ်
အဖေ မင်းသူငယ်ချင်းတွေကို သဘောမကျတာ မဟုတ်ပါဘူး ကျပါတယ်
ကယ်ရီကလွဲလို့ပေါ့ မီးမမွှေးဘဲ မနေနိုင်တဲ့ကောင်လေ
မင်း အဲဒီနေရာကို သဘောကျမှာပါ
ဒါ အဖေတို့ လိုအပ်နေတာလေ
သူအသက်ရှင်နေတယ်ဆိုတာ မင်းကို သက်သေမှမပြနိုင်တာ
မင်းလည်း မတတ်နိုင်ဘူးလေ အားလုံးက ဆုံးဖြတ်ပြီးသား
- ပြီးခဲ့တာတွေ မေ့လိုက်ပါတော့ မာသာ - ကျွန်မ မမေ့နိုင်ဘူး
ဒါဆိုလည်း ရွှေတစ်တန်က ဒီအချိန်မှာ ဘယ်လောက်ဈေးရှိမယ်ထင်လဲ
အိုကေ အချိန်ကျပြီ အိမ်ကမသိကြစေနဲ့ ဒါပဲ
မသိစေရဘူး ဒါပဲ
မင်း ငါ့အလှလေး ငါ့အလှလေး
ငါ့ကို ခဏအချိန်ပေးပါလား ရှာရွန်နာ
မင်း ငါ့ကို ရင်ခုန်အောင်လုပ်တယ် ရင်ခုန်စေတယ်
ဒါနဲ့ လူတွေက ဖုတ်ကောင်အသွင်ပြောင်းတာ
ဓာတုပစ္စည်းစက်ရုံကြောင့် မဟုတ်လား
စုံထောက်ဟတ်သာဝေးအဖြစ် သရုပ်ဆောင်မယ့်ကောင်က
ဖုတ်ကောင်ဘယ်ကလာလဲ လာမေးနေသေးတယ်နော် တကယ်ပါကွာ
ပြောမယ်ဆိုရင် ဟတ်သာဝေးတောင်မှ...
တော်စမ်းကွာ
- ခဲနဲ့ပစ်တာလား ဟေ့ကောင် - ဆောရီးပါ ဥာဏ်ကြီးရှင်
- သကြားလုံးပါကွာ - ဘယ်ရောက်သွားလဲ
ဟေ့ကောင်တွေ ဟိုမှာ ကြည့် ဟိုမှာ
- မင်းရရဲ့လား ဥာဏ်ကြီးရှင် - တော်စမ်းကွာ
အဲလက်စ်
- ဂျိုးလမ် - အေးလေ
သူ ဒီမှာ ဘာလာလုပ်တာလဲ
မိတ်ကပ် အသံ အထူးပြုလုပ်ချက်တွေ အတွက်လေ
သူက ရဲအရာရှိ သားလေ
- အဲဒီတော့ ဘာဖြစ်လဲ - နင် သိတယ်လား
ချားလ်စ် ငါ့မှာ လိုင်စင်မှမရှိတာ
ငါ သူရှိနေရင် မောင်းလို့မရဘူး
နင်က ဂျိုးကို နေခဲ့စေချင်တယ်ပေါ့ ငါထင်တာက...
လုပ်မနေနဲ့တော့ သူ ငါ့ကို မြင်ပြီးနေပြီလေ
နင် ငါ့ကို ယုံလို့ရပါတယ်
ငါ့အဖေ လုံးဝမသိစေရဘူး
ငါ သူ့ကို ဘာမှပြန်ပြောမှာမဟုတ်ဘူး
ကားပေါ်တက်
ငါ စကားပြောခန်း ထပ်ဖြည့်ထားတယ် ပြရမလား
- ဘာ - စကားပြောအသစ်လား
ချားလ်စ် ငါ့မှာရော အသစ်တွေ ထပ်ပါလား
ဘယ်လိုဆို ပိုကောင်းမလဲ သိလား
ဇာတ်လမ်းထဲမှာ ငိုရမယ့် အခန်းပါရင်ရော မင်းလုပ်နိုင်လား
- ငါတော့ အထင်ကြီးသွားပြီ - မလုပ်ဘူး
လိုင်စင်စရတာနဲ့ ငါ ဘယ်ကို ကားမောင်းသွားမလဲသိလား
- စားမလား - ပန်ဆယ်ဗေးနီးယားပြည်နယ် နယူးကာဆယ်မြို့ကို
အမေရိကန်ရဲ့ မီးရှူးမီးပန်းမြို့တော်လေ
နေပါဦး ငါ့မှာ စကားပြောအသစ်မရှိတာ ကျိန်းသေတယ်နော် အခုလေးတင် ကျက်လာလို့
ဟေ့ကောင်တွေ မီးဝင်တဲ့နေရာက ဒီမှာပဲ
လိုတာအကုန်တစ်ခါတည်းလုပ်ထား
- ချားလ်စ် - ရပြီ
ချားလ်စ် ငါ စကားပြောအသစ် ရှိလား မရှိဘူးလား လုပ်ပါဦးဟ
အေး မာတင် မင်းတော့ အကုန်လွှင့်ပစ်နေတာပဲ
ဟေ့ကောင်တွေ အချိန်ကောင်းပဲဟေ့
ကင်မရာနဲ့ မီးတွေကို ဟိုဘက်အစွန်းမှာဆင်လိုက်
ငါတို့ ဒီဘက်မှာ စရိုက်မယ်
ဂျိုး ငါ့ကို မိုက်ဆင်ပေး
ကင်မရာမှာ ဘတ်ထရီအသစ်တွေ လဲထားပြီးပြီလား သေချာစစ်
- မိတ်ကပ်မပြင်ခင် လုပ်ထားနော် - ကောင်းပြီ ကောင်းပါပြီ
ငါ မီးရှူးမီးပန်းနှစ်ထုပ်ကို ပေါင်းပြီး ငါ့ကိုယ်ပိုင် အမ်၈၀ လုပ်ထားတယ်
မင်း ကြည့်ချင်လား
ငါ သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောရရင် ငါရော ငါ့အမေရော
မင်း မီးရှူးမီးပန်းတွေကို စွဲလမ်းလွန်းတာ စိတ်ပူမိတယ်
ချစ်ရေ ဒါ ကိုယ့်တာဝန်လေ မသွားလို့မှမရတာ
စိုးရိမ်စရာမလိုပါဘူးကွာ
ကိုယ် ဘာလုပ်ရမလဲ မီချီဂန်ကို မင်းနဲ့တူတူသွားရမှာလား
- ချစ်ရေ ဒါကိုယ့်တာဝန်လေ - မာတင် ငါ စကားပြောအသစ်ရေးထားတယ်
- ဘာ မလုပ်နဲ့လေ - ဘာလို့မလုပ်ရမှာလဲ အခုဟာကပိုကောင်းတယ်
- ရပါတယ် မင်းက အဲဒီအပိုင်းကို သိထားတော့... - ငါ အခုမှကျက်ပြီးတာကွ
- မခက်ပါဘူးကွာ... - စိတ်မရှိနဲ့နော်
- မင်း အဲဒီအပိုင်းကိုသိထားတော့ ပြောရမှာက... - မသိဘူး
- ဒါဆို နောက်စာသားတွေကကော - ထားလိုက်တော့ ဒါက ပိုကောင်းတယ်
နေဦး
- ပိုမကောင်းပါဘူးကွာ - ငါ တစ်ကြောင်းတောင်ရမှာမဟုတ်ဘူး
- ငါ ဒါပဲလိုချင်တယ် - ရပြီ
ကျေးဇူးပဲ
ကဲ ဒီမှာကွာ
ငါ အခု ဘာမှမရသေးတာ
ဒီမှာ ဒါက ပိုပြောလို့ကောင်းတာ ချစ်ရေ ကျွန်မ ရှင့်ကိုချစ်တယ်
ကိုယ်လည်း မင်းကို ချစ်ပါတယ် တွေ့လား အလိုက်သင့်လေးပဲ
သိပါတယ် ဒါပေမဲ့ မင်းက ပြောင်းပြီးရင်း ပြောင်းနေတော့ ငါ့အတွက် ပိုခက်တာပေါ့ဟ
မာတင် လွယ်လွယ်လေး ကိုယ်လည်း မင်းကိုချစ်ပါတယ်
တွေ့လား လေးလုံးတည်း
ငါ့အဖေက စက်ရုံမှာ လုပ်တာလေ
No comments yet. Be the first to leave one.