200 baris pertama.
အင်ဒီယာနာ ဂျုန်းစ်နှင့် ကံကြမ္မာဆိုး ဘုရားကျောင်း
ရှန်ဟိုင်းမြို့ ၁၉၃၅ခုနှစ်
သတိထား
ခင်ဗျားကျုပ်တို့စကားပြောတတ်တယ်လို့ တစ်ခါမှမပြောဖူးပါဘူး ဒေါက်တာဂျုန်းစ်
အထူးအခွင့်ကြုံကြိုက်ရင်တော့ ပြောပါတယ်
ဒါဆို နူဟာချီကို ခင်ဗျားရှာတွေ့ထားတာ အမှန်ပဲပေါ့
ကျုပ်ရှာတွေ့ခဲ့တာ ခင်ဗျားအသိပဲလေ
မနေ့ညက ခင်ဗျားလူတစ်ယောက် ငွေမပေးဘဲနဲ့ နူဟာချီကိုရဖို့ ကြိုးစားခဲ့တယ်
- ခင်ဗျား ကျုပ်သားကိုစော်ကားနေတာပဲ - မဟုတ်ဘူး ခင်ဗျားကသာကျုပ်ကိုစော်ကားတာပါ
သူ့ကိုအသက်ချမ်းသာခွင့်ပေးလိုက်ပါတယ်
ကျွန်မတို့နဲ့မိတ်မဆက်ပေးရသေးဘူးနော်
သူက ၀ီလီစကော့တ် သူကတော့ အင်ဒီယာနာ ဂျုန်းစ်တဲ့
နာမည်ကြီးမနုသဗေဒပညာရှင်ပေါ့
မနုသဗေဒပညာရှင်ဆိုတာ မမ်မီရုပ်တွေ ရှာဖွေနေတဲ့ထူးဆန်းတဲ့လူလို့ပဲ ကျွန်မမြင်တယ်
မမ်မီတွေပေါ့
ဒေါက်တာဂျုန်းစ်က ကျုပ်အတွက် နူဟာချီကို ရှာတွေ့ထားတာ
အခုတော့ သူအဲဒါကို လွှဲပေးတော့မယ်
ပြောပါဦး အဲ့ဒီနူဟာချီဆိုတာ ဘယ်သူများလဲ
သေနတ်ဖယ်လိုက် ချာတိတ်
ကျုပ်အကြံပေးချင်တာက ခင်ဗျားကျုပ်ကို ပေးရမှာပဲပေးပါ မဟုတ်ရင်ဘာမှမရတော့ဘူးဖြစ်မယ်
အဲ့ဒါကိုဖွင့်လိုက်
စိန်တွေဖြစ်ရမှာလေ လာအို အပေးအယူက စိန်ပဲလေ
အိုး လာအို
ခင်ဗျားသိပ်တော်တယ်
လာအို ပဲရစ်ကလာတဲ့ကျွန်မ၀တ်စုံ သူလုပ်လို့ အပေါက်၂ပေါက်ဖြစ်သွားပြီ
ထိုင်နေစမ်း
ကဲ အခု ကျုပ်ကို နူဟာချီဆီ ပို့ပေးတော့
ပျော်ပျော်ကြီးကို ပေးမှာပါ
အဲ့ဒီနူဟာချီက ဘယ်သူများပါလိမ့်
သူက ဒီမှာပါ
နူဟာချီဆိုတာ တော်တော်သေးတဲ့လူရုပ်ပဲ
မန်ချူးမင်းဆက်ရဲ့ ပထမအင်ပါယာဖြစ်တဲ့
နူဟာချီရဲ့ ရှေးဟောင်းပစ္စည်းအကြွင်းအကျန်ပဲ
အိမ်ပြန်လာတာ ကြိုဆိုပါတယ်
ကဲ အခု ကျုပ်ကို စိန်ပြန်ပေးတော့
ခင်ဗျားက ဟာသပြောဖို့ကြိုးစားနေတာလား ဒါမှမဟုတ် ကျုပ်ပဲနားလေးနေတာလား
- အဲ့ဒါဘာလဲ - အဆိပ်ဖြေဆေး
- ဘာအတွက်လဲ - ခင်ဗျားပဲအခုလေးတင် အဆိပ်သောက်ချလိုက်တာလေ
အဆိပ်က ပျံ့တာမြန်တယ်နော် ဒေါက်တာဂျုန်းစ်
- လာအို - သူ့ကိုယူထားလိုက် နောက်တစ်ယောက်ရှာလိုက်မယ်
-ဒီက ၀န်ဆောင်မှုအရမ်းကောင်းတယ် -သူက စားပွဲထိုးလည်းမဟုတ်ဘူး
ဝူဟန်ရဲ့မိတ်ဆွေဟောင်းတစ်ယောက် ကစားပွဲက မပြီးသေးဘူး ဖြေဆေးပေးပါဦး
အင်ဒီ
- စိတ်မပူနဲ့ ခင်ဗျားကိုဒီကခေါ်ထုတ်သွားမယ် - အခုမဟုတ်သေးဘူး
ကျုပ်ခင်ဗျားနဲ့အတူစွန့်စားခန်းတွေရော လျှို့ဝှက်ဆန်းကြယ်တဲ့ပဟေဠိတွေရောကြုံခဲ့ရတယ်
ကျုပ်အရင်သွားနှင့်ပြီ အင်ဒီ
သိပ်လည်းစိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ ခင်ဗျားလည်းမကြာခင် သူ့နောက်လိုက်ရတော့မှာပါ
သောက်တာအရမ်းများသွားပြီလား ဒေါက်တာဂျုန်းစ်
ဟာ တကယ်ပါပဲ
- အဆိပ်ဖြေဆေးရော - စိန်ဘယ်မှာလဲ
အဲ့ဒီမှာပဲနေ
လာခဲ့
ကျွန်မ မသေချင်သေးဘူးနော်
ရှင်ကဘယ်သူလဲ
မီးခိုးတွေလည်းမွှန်လို့ အကျလည်းမသက်သာပါလား
စကားမများနဲ့ မောင်းတော့
အိုကေ ဒေါက်တာဂျုန်းစ် သေသေချာချာသာကိုင်ထားပေတော့
ကလေးလေးက ကားမောင်းနေတယ်ဟုတ်လား
-အဆိပ်ဖြေဆေးဘယ်မှာလဲ -အခုမှ ရှင်နဲ့တွေ့တာလေ
- ငါ့ကိုပေး - ကျွန်မ အဲ့လိုမိန်းကလေးမျိုးမဟုတ်ဘူးရှင့်
ဟေး ဒေါက်တာဂျုန်းစ် အခုကချစ်နေရမယ့် အချိန်မဟုတ်ဘူး အဖော်တွေနောက်မှာပါလာတယ်
ရှင်ဆေးနင်ပါစေလို့ ဆုတောင်းတယ်
မပစ်ကြပါနဲ့တော့
ကောင်းပြီလေ ခင်ဗျားတောင်းဆိုတာနော်
ပျော်စရာကြီး
ကဲရော့ ဒါကိုင်ထား
ငါ့သေနတ်ဘယ်ရောက်သွားလဲ
- ငါ့သေနတ်ဘယ်မှာလဲ - လက်တွေအပူလောင်ပြီး လက်သည်းတွေအက်ကုန်ပြီ
ဒေါက်တာဂျုန်းစ် ကျုပ်က ၀က်ဘာပါ
ခင်ဗျားလက်ထောက်နဲ့ပြောဆိုပြီးပြီ ကျုပ်တို့ ထိုင်ခုံ၃ခုံရလာခဲ့တယ်
ကံဆိုးချင်တော့ ကြက်တွေတင်လာတဲ့ လေယာဉ်ကို ခင်ဗျားစီးရတော့မယ်
- သူနောက်နေတာလား - မဒမ် အရေးပေါ်စီစဉ်လိုက်ရတာလေ
ခင်ဗျားက အမေရိကန်နာမည်ကြိးအဆိုတော် ၀ိလီစကော့တ်မဟုတ်လား
ခင်ဗျားကို အရက်တစ်အိုးတိုက်ဖို့ အကြွေးရှိသွားပြီ
တော်တော်လေးကြိုးစားခဲ့သားပဲ လာအိုချီ
လားအိုချီ လေယာဉ်ပျံ
နှုတ်ဆက်ပါတယ် ဒေါက်တာဂျုန်းစ်ရေ
ရှင်ကဘာလဲ ခြင်္သေ့လိမ္မာကိုသင်ပေးတဲ့ဆရာလား
ငါမင်းကို နောက်ကတကောက်ကောက်လိုက်ခိုင်းတယ် မင်းဘာလို့ ပါးစပ်ကလေးမပိတ်ထားတာလဲ
ဟုတ်ပြီလား အရုပ်မလေး
တကောက်ကောက်လိုက်ခိုင်းတယ်ဆိုတာ ဘာပြောတာလဲ ရှင့်မျက်လုံး ကျွန်မဆီမှာပဲရှိနေပြီးတော့
အဲ့ဒီလိုလား
တရုတ်ပြည်
ချန်ကင်း
အိုး ဒုက္ခပဲ
ဒုက္ခတော့ရောက်ပြီ မစ္စတာ
-မစ္စတာ ထပါဦး -သူ့ကိုဒေါက်တာဂျုန်းစ်လို့ခေါ်ဗျ
ဒေါက်တာဂျုန်းစ် ထပါဦး
-ရောက်ပြီလား ကောင်းတယ် -မဟုတ်ဘူး
လေယာဉ်ပျံမောင်းတဲ့သူ တစ်ယောက်မှမရှိတော့ဘူး
သူတို့အားလုံးသွားကြပြီ
ရှင် ဘယ်လိုမောင်းရလဲသိတယ်မဟုတ်လား
မသိဘူး မင်းရောသိလား
ဘယ်လောက်များခက်လို့လဲ
အမြင့်ပြကိရိယာ အခြေအနေကောင်းတယ် ပျံသန်းမှုအမြန်နှုန်းလည်း ကောင်းတယ်
ဆီက..
ဆီ
ဆီ
- ပြသာနာတော့အကြီးကြီးတက်ပြီ - ဒေါက်တာဂျုန်းစ်
- ငပုလေး - ဒေါက်တာဂျုန်းစ် လေထီးလုံးဝမရှိတော့ဘူး
ငပုလေး ငါ့ကိုကူညီပေးဦး သေတ္တာကို ရွှေ့ပေး
ငပုလေး ငါတို့ပစ္စည်းတွေယူခဲ့
လှေနဲ့ ကျွန်မတို့ကရေနစ်တာမှမဟုတ်တာ လေယာဉ်ပျက်ကျတာလေ
ကိုင်ထား ငပုလေး
-ကိုင်ထားကြ -အသက်ရှူလို့မရတော့ဘူး
အရှိန်လျှော့
အရမ်းမဆိုးဘူးမလား ဟုတ်တယ်မလား
ဘရိတ်လေး ဘာလေးတပ်ထားပါ
ကျွန်မရေကိုမုန်းတယ် ရေစိုတာကိုလည်း မုန်းတယ်
- ပြီးတော့ ရှင့်ကိုလည်းမုန်းတယ် - ကောင်းတယ်
ငပုလေး မင်းအဆင်ပြေရဲ့လား
ကျွန်မတို့ဘယ်ရောက်နေတာလဲ
- အိန္ဒိယ - ရှင်ဘယ်လိုလုပ်သိလဲ
အဲ့ဒါ ညစာဖြစ်ပါစေလို့ဆုတောင်းတယ် ကျွန်မဗိုက်အရမ်းဆာနေပြီ
ကျေးဇူးတင်ပါတယ်
ကျွန်မ အဲဒါမစားနိုင်ဘူး
အဲ့ဒါ သူတို့တစ်ပတ်စာစားတာထက်တောင် ပိုများသေးတယ် သူတို့လည်းငတ်မွတ်နေကြတာ
- တောင်းပန်ပါတယ် ရှင်တို့ပဲ.. - စားလိုက်
ကျွန်မ ဗိုက်မဆာဘူး
အဲ့ဒါဆိုသူတို့ကိုစော်ကားရာကျနေတယ် အခက်တွေ့အောင်မလုပ်ပါနဲ့ စားလိုက်စမ်းပါ
- စားလိုက်ပါ - စားလေ
သတင်းဆိုးတွေ လာတော့မယ်
ကျုပ်တို့ကိုဒေလီလိုက်ပို့ပေးနိုင်တဲ့ လမ်းပြတစ်ယောက်လောက်ငှားလို့ရမလား
- ကျုပ်တက္ကသိုလ်ကိုပြန်သွားရဦးမှာမို့လို့ပါ - ရပါတယ် ဆန်ဂျူးလိုက်ပို့ပေးလိမ့်မယ်
ဒေလီကိုသွားတဲ့လမ်းမှာ မင်းတို့ ပန်ကော့ကို ဝင်ရလိမ့်မယ်
- အဲဒါက ဒေလီသွားတဲ့လမ်းမှာမှမဟုတ်တာ - မင်း ပန်ကော့နန်းတော်ကိုသွားရလိမ့်မယ်
- ကျုပ်က အဲဒီမှာဘယ်သူမှမရှိဘူးလို့ထင်ထားတာ - မဟုတ်ဘူး
အဲ့ဒီမှာ ခေတ်သစ်မဟာရာဇာ ရှိတယ်
ပြီးတော့ အဲ့ဒီနန်းတော်မှာ အမှောင်စွမ်းအားတွေရှိနေတယ်
အဲဒီနေရာက ကျုပ်လူတွေကို သတ်လိုက်တဲ့နေရာ
- ဒီမှာဘာဖြစ်ခဲ့တာလဲ - ပန်ကော့မှာ မကောင်းမှုတွေစတင်နေပြီ
မုတ်သုံလေလိုပဲ..
အမှောင်ထုဆီ ရွှေ့သွားတယ်..
နိုင်ငံတွေအားလုံးဆီကိုပေါ့
နိုင်ငံအားလုံးဆီကိုပေါ့ ဟုတ်လား
မကောင်းမှုဟုတ်လား
- ဘာမကောင်းမှုလဲ - တွေ့လား သတင်းဆိုးတွေလို့ပြောသားပဲ
ဆိုဝါမူပြောတာနားထောင်ရင် ခင်ဗျား အသက်ရှည်ရှည်နေရမယ်
သူတို့က နန်းတော်ကနေလာပြီး..
ကျုပ်တို့ရွာကနေ စီဗာလင်းဂါးကို ယူသွားတယ်
ဘာကိုယူသွားတာ
ဒီရွာကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ အထွတ်အမြတ်ကျောက်တုံးကိုပြောတာ
အဲ့ဒါကြောင့် သီဝက ခင်ဗျားကို ဒီပို့လိုက်တာ
ကျုပ်တို့ကို ပို့လိုက်တာမဟုတ်ပါဘူး လေယာဉ်ပျက်ကျပြီး ဒီရောက်လာတာပါ
- လေယာဉ်ပျက်ကျခဲ့တာပါ - မဟုတ်ဘူး မဟုတ်ဘူး
ကျုပ်တို့ကျောက်တုံးကိုရှာပေးမယ့်လူကို လွှတ်ပေးဖို့ သီဝဆီမှာ ဆုတောင်းခဲ့တယ်
အဲ့ဒါကြောင့်သီဝက ခင်ဗျားကို ကောင်းကင်ကနေ ကျအောင်လုပ်ပေးလိုက်တာ
ဒါကြောင့် ခင်ဗျား ပန်ကော့နန်းတော်ကိုသွားရလိမ့်မယ်..
စီဗာလင်းဂါးကို ရှာပြီး ကျုပ်တို့ဆီကို ပြန်ယူလာပေးပါ
ကျုပ်တို့ဆီကိုပြန်ယူလာခဲ့ပေးပါ
သူတို့က ခင်ဗျားကိုဒီရောက်လာအောင်လို့ လေယာဉ်ပျက်ကျအောင်လုပ်လိုက်တာလား
မဟုတ်ပါဘူး အဲ့ဒါကရိုးရိုးတစ္ဆေပုံပြင်ပါ အဲဒါကို စိတ်ထဲထားမနေပါနဲ့
သူတို့က ဒီနေရာကနေ ကျောက်တုံးကို ယူသွားကြတာ
နတ်ရေကန်ကရတဲ့ကျောက်တုံးလိုမျိုး လုံးချောလေးလား
- ဟုတ်ပါတယ် - မျဉ်း၃ကြောင်းရောပါလား
စကြာဝဠာရဲ့အဆင့်၃ဆင့်ကို ကိုယ်စားပြုတဲ့ မျဉ်း၃ကြောင်းလေ
ခင်ဗျားတို့ပျောက်ဆုံးနေတဲ့ ကျောက်တုံးမျိုးကို ကျုပ်မြင်ဖူးတယ်
ဘာ့ကြောင့် မဟာရာဇာက ဒီကနေ ကျောက်တုံးကို ယူသွားရတာလဲ
သူတို့ရဲ့မကောင်းဆိုးဝါးနတ်ဘုရားကိုပဲ ကျုပ်တို့ကရှိခိုးကန်တော့ရမယ်တဲ့
ကျုပ်တို့ကလည်း အဲ့ဒီလိုမလုပ်နိုင်ဘူးလို့ ပြောလိုက်တာပေါ့
ကျောက်တုံးတစ်တုံးက တစ်ရွာလုံးကို ဖျက်ဆီးနိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ကျောက်တုံးကိုယူသွားကြပြီးနောက်မှာရေတွင်းတွေ ခမ်းကုန်ပြီး မြစ်ချောင်းကသဲတွေဖြစ်သွားတယ်
ကောက်ပဲသီးနှံတွေ ပျက်စီးပြီး တိရစ္ဆာန်တွေ သေကြေပျက်စီးကုန်တယ်တဲ့
တစ်ညမှာ လယ်ကွင်းတွေ မီးထလောင်တယ်တဲ့
ယောကျားတွေမီးသွားငြှိမ်းကြတယ် ပြန်လာတော့ မိန်းမတွေက ငိုနေကြတယ်တဲ့
ကလေးတွေ..
သူတို့ကလေးတွေကို ခိုးသွားကြတယ်တဲ့
ဆန်ကာရာ ဆန်ကာရာ
ဆန်ကာရာ
မကောင်းဆိုးဝါးနန်းတော်ကနေ ကောင်လေးတစ်ယောက် လွတ်လာတယ်
တခြားကလေးတွေအများကြီး ကျန်ခဲ့သေးတယ်တဲ့ ကျွန်တော်တို့ဘာလုပ်ကြမလဲ ဒေါက်တာဂျုန်းစ်
ခင်ဗျားဘယ်လိုထင်လဲ
ဒီရွာရဲ့ကံကောင်းစေတဲ့ကျောက်တုံးက
ပျောက်ဆုံးနေတဲ့ ဆန်ကာရာကျောက်တုံးတွေထဲက တစ်ခုလို့တစ်ယောက်ယောက်ကယုံကြည်နေတယ်
- ဆန်ကာရာကဘာကြီးလဲ - ကံကြမ္မာနဲ့ ဂုဏ်ကျက်သရေ ကလေးရဲ့
ကံကြမ္မာနဲ့ ဂုဏ်ကျက်သရေ
ဝီလီ ဆင်ပေါ်ကို မျောက်လိုတက်နေတာ တော်တော့
ခဏလေးနေပါဦး အင်ဒီ ကျွန်မ ဒေလီကို ဒီအတိုင်းမသွားနိုင်ဘူး
ငါတို့ဒေလီကိုသွားမှာမဟုတ်ဘူး ပန်ကော့နန်းတော်ကိုသွားမှာ
ကျွန်မပန်ကော့ကိုမသွားနိုင်ဘူး ကျွန်မက အဆိုတော်တစ်ယောက်
ကျွန်မ အေးဂျင့်ကို ဖုန်းဆက်ရမယ် ဘယ်သူ့မှာ ဖုန်းရှိလဲ
အထွန့်တက်မနေနဲ့ ဒါကဈေးကြီးတဲ့ရေမွှေး ဟဲ့
ငါနဲ့အမေရိက လိုက်ခဲ့ ဆပ်ကပ်မှာအလုပ်လုပ်ကြမယ် သဘောကျလား
မင်းက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ
အိုး ကြီးလိုက်တဲ့ငှက်ကြီးတွေ
အဲ့ဒါဌက်ကြီးတွေမဟုတ်ဘူး ဧရာမသွေးစုတ်လင်းနို့တွေ
လင်းနို့တွေဟုတ်လား
တိတ်တိတ်နေစမ်းပါ မနာပါဘူး
မင်းဘာလိုအပ်နေလဲသိလား မင်းရေချိုးဖို့လိုနေတာ
အရမ်းရယ်ရတာပဲ
အရမ်းရယ်ရတယ်
အားလုံးစိုရွှဲကုန်ပြီ
ရှန်ဟိုင်းမှာတုန်းက ကျွန်မအရမ်းပျော်ခဲ့ရတာ
ကျွန်မမှာ အိမ်လေးတစ်လုံးနဲ့ ပန်းခြံလေးတစ်ခုရှိခဲ့တာ
ကျွန်မမိတ်ဆွေတွေအားလုံး လူချမ်းသာတွေချည်းပဲ ကျွန်မတို့ ပါတီတွေသွားခဲ့ကြတယ်
ကျွန်မအပြင်ထွက်ရတာ အရမ်းမုန်းတယ်
ကျွန်မက အဆိုတော်တစ်ယောက် အခုအသံတောင်မထွက်တော့ဘူး
ဒီည ငါတို့ ဒီမှာပဲ စခန်းချမယ်
ဖယ်စမ်းပါ
- ရပြီလား - ခြောက်နှစ်ပွင့်
No comments yet. Be the first to leave one.