One Piece

One Piece (ワンピース)

Unduh Subtitle Burmese

Informasi rilis

One Piece - 233 (Myanmar Subtitle)
Komentar oleh j0k3r_nyx

Tag

other
Diterbitkan pada: 2020-12-18
Unduhan: 35
Tuna Rungu: No

Pratinjau subtitle Burmese

185 baris pertama.

အပိုင်း - ၂၃၃

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီးတော့

ငါတို့လက်ကနေ စွမ်းအားတွေအဖြစ် ဖြတ်သန်းစီးဆင်းနေပါတယ်

ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

အလုပ်တွေ အတူတူလုပ်ရင်း ... ဧရာမလှိုင်းလုံးကြီးတွေ တက်စီးကြရအောင်လေ

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဆီကို မြန်မြန်သွားကြပါဟေ့ အဲ့မှာ အချက်ပြတာတွေ စနေပြီ

အခုက ရွက်လွှင့်ဖို့အချိန်ကျပြီ ကျောက်ဆူးတွေကို ပြန်တင်လိုက်ကြရအောင်

ရောင်စုံသက်တန့်ကြီးကို ထိုးဖောက်ပြီး ပင်လယ်ပြင်စွန့်စားခန်းတွေဆီ ဦးတည်ကြမယ်လေ

ဒါဟာ ဒဏ်ရာအမြောက်အများပြည့်နက်နေတဲ့ ခရီးတစ်ခုဖြစ်နေပေမဲ့လည်း

မင်းအတွက်မြတ်နိုးဖွယ်ရာတွေ အများကြီးရှိပါတယ်

ပြီးတော့ မင်း အခက်ခဲကြုံလာမယ်ဆိုရင်

ငါမင်းကို စောင့်ရှောက်ဖို့အမြဲရှိနေပါ့မယ်

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်

မုန်တိုင်းတိုက်ခတ်လာချိန်မှာတော့ ငါတို့အဖွဲ့လိုက်ဝိုင်းပြီး လက်ချင်းဆုပ်ကိုင်ထားကြမယ်

မုန်တိုင်းစဲတဲ့အခါကျမှ ထွက်ပေါ်လာမဲ့ အလင်းရောင်ကိုကြည့်ကြမယ်လေ

ငါတို့အိမ်မက်အပိုင်းစတွေကိုသာ စုစည်းလိုက်မယ်ဆိုရင်

နောက်နေ့တစ်ရက်ကိုညွှန်ပြတဲ့ မြေပုံတစ်ခုဖြစ်လာမှာပါ

ဒါကြောင့် ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

တူညီတဲ့အလံအောက်မှာ ... အတူတူ ငါတို့ဟာ တစ်စိတ်တစ်ဝမ်းတည်း

"One Piece"

ဒါဖြင့် ကျွန်တော်တို့သင်္ဘောပြင်ခ ဘယ်လောက်ကျမလဲ ?

ခင်ဗျားတို့တောင်းသလောက် ပေးနိုင်ပါတယ် ကျွန်တော်တို့ဆီမှာ ပိုက်ဆံအများကြီးရှိသဗျာ

သင်္ဘောက တိုက်ပွဲတွေကြောင့် အတော်လေးဒဏ်ရာရထားတယ်

ပြန်ပြင်ဖို့အတွက် အချိန်ကြာမယ်ဆိုလိုတာလား ?

မဟုတ်ဘူး

ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့သင်္ဘောက ...

ငါတို့အစွမ်းစနဲ့ အချိန်ပေးပြင်ရင်တောင် ပြန်မကောင်းနိုင်တော့ဘူး

မဖြစ်နိုင်တာ

ဒါပေမဲ့ ကျွန်မတို့တွေ ဒီနေ့ထိ အဆင်ပြေပြေခရီးသွားနေသေးတာပဲလေ

မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြင်ပြင်ပေးခဲ့တယ်ပဲထားပါ

နောက်ကျွန်းတစ်ခုအထိ သွားနိုင်ဖို့ဆိုတာကတော့

ဖြစ်နိုင်ချေ သုညပဲရှိတယ်

"Merry" မင်းတစ်ကယ်ပဲ

ရွက်မလွှင့်နိုင်တော့ဘူးလား ?

"ပြန်ပေးဆွဲခံ ပင်လယ်ဓားပြ" နှင့် "နေဝင်ချိန်စောင့်နေသော ပင်လယ်ဓားပြသင်္ဘောတစ်စင်း"

သေစမ်း

တောင်းပန်ပါတယ် "Sanji" ငါ စာအုပ်တွေထဲမှာ အာရုံများသွားတယ်

One Piece Myanmar Page မှ ဘာသာပြန်တင်ဆက်သည်

Translate & Encode - Kh Ch Au

အဲ့အတွက် မင်းတောင်းပန်စရာမလိုပါဘူး

ငါယူဆတာက "Robin-can" နဲ့အတူရှိနေတဲ့တစ်ယောက်ကို

လူသားအသွင်းပြောင်းထားတဲ့ မင်းလို့ထင်လိုက်မိတာ

ဒါဆိုရင် မျက်နှာဖုံးတပ်ထားတဲ့တစ်ယောက်က ဘယ်သူများလဲ ?

ပြောရရင် သူတို့ရုတ်တရက်ပျောက်သွားတာကလည်း ထူးဆန်းနေတယ်

အင်း ... "Robin" ရဲ့အနံ့ကလည်း အဲ့နားမှာပဲပျောက်သွားတာ

ဆိုးရွားတာတွေ ဖြစ်မလာဖို့မျှော်လင့်တယ် ငါတော့ အစာမကြေဖြစ်နေပြီ

ဘာရယ် ?

မင်းကို ကြည့်ပေးစေချင်တာလား ?

ငါ နေမကောင်းတာမဟုတ်ဘူးဟ

"Aokiji" ပြောခဲ့တာကို သတိရသွားလို့ပါ

သူက စိုးရိမ်ရမဲ့အကြောင်းတစ်ခုခုကို ပြောလိုက်လို့လား ?

"Robin-chan" အတိတ်ကြောင်းကို သူပြောဖူးတယ်လေ မဟုတ်လို့လား ?

ပြီးတော့ "Robin" ကို ငါတို့နဲ့ခေါ်သွားမယ်ဆိုရင် နောင်တရလိမ့်မယ်လိုလည်း ပြောသေးတယ်

အခု မင်းပြောနေတာက ...

အဲ့ဒါက "Robin" ပျောက်သွားတာနဲ့များ ဆက်စပ်မှုရှိနေမလား ?

မသိဘူးပဲ

ဘာပဲဖြစ်ဖြစ် .. ငါတို့ဒီမှာ ဆက်နေလို့မရတော့ဘူး ခုချက်ချင်း "Merry" ဆီပြန်ကြရအောင်

ဘာပြဿနာမှမရှိဘူးဆိုရင် သူမ မကြာခင်ပြန်လာမှာပါ

ဟုတ်တယ်

ငါတို့ကို မြန်မြန်ပို့ပေးမယ်မလား ?

ခင်ဗျားတို့ "Merry" ကို မပြင်ပေးနိုင်ဘူးလား ? ဘာလို့လဲဗျ ?

မင်းတို့ကောင်တွေက အံ့သြဖို့ကောင်းတဲ့ သင်္ဘောပြင်ဆရာတွေ မဟုတ်ဘူးလား ?

ဒီမှာကြည့်စမ်း .. ခင်ဗျားတို့ ပိုက်ဆံကိစ္စပူတယ်ဆိုရင် ကျုပ်တို့မှာ အများကြီးရှိပါတယ်

ဒါက ပိုက်ဆံရှိတိုင်းဖြေရှင်းလို့မရဘူး

မင်း ပိုက်ဆံဘယ်လောက်ပေးပေး သင်္ဘောက အရင်လိုပြန်မကောင်းနိုင်တော့ဘူး

ဒီလောက်ဝေးကြီးမောင်းနှင်လာတဲ့ မင်းတို့ကို ငါ အတော်လေးအထင်ကြီးမိတယ်

ရှင် ဘာကိုဆိုလိုတာလဲ ? "Merry" က ဘာဖြစ်နေလို့လဲ ?

"Keel" ဆိုတာ ဘာလဲသိရဲ့လား ? အရှက်မရှိတဲ့ မိန်းကလေး

အရှက်မရှိ ...

သင်္ဘောအောက်ခြေက တစ်ခုမလား ?

အမှန်ပဲ အဲ့သစ်သားထောက်တိုင်က သင်္ဘောအတွက်အရေးကြီးဆုံးအရာဖြစ်တယ်

ရှေ့ပိတ်ခေါင်းနဲ့ နောက်မြှီးအပိတ်တို့ကို လှမ်းချိတ်ထားပြီး သင်္ဘောကို ထောက်ပံ့ပေးထားတာ

သင်္ဘောတစ်စင်း ဆောက်တဲ့အခါကျရင် "Keel" ကို အရင်ဆုံးနေရာချရတယ်

ပြီးမှ ရှေ့အပိတ် နောက်ပိတ်ထည့်ပြီး ဘောင်တန်းတွေဖြည့်ရတာ

ဘောင်တန်းတွေကို ဖြည့်ပြီးသွားမှ ကုန်းပတ်နံရံတွေ ဆောက်ကြရတယ်

အဲ့ဒီကျန်တဲ့အစိတ်အပိုင်းတွေကို "Keel" ဘေးပတ်လည်မှာ ထပ်ဖြည့်ရတယ်

ဒါက သင်္ဘောတစ်စင်းတည်ဆောက်ရတဲ့ သဘောတရားတွေပဲ

"Keel" ဆိုတာ သင်္ဘောကိုယ်ထည်အတွက် အဓိကကျဆုံးသော အုတ်မြစ်ဖြစ်တယ်

သင်္ဘောတစ်စင်းရဲ့ ပင်မသွေးကြောလို့ပြောရမယ်

အဲ့ဒါသာ ထိခိုက်မှုအများကြီးဖြစ်လာရင် ပြန်အစားထိုးလို့ရမှာမဟုတ်ဘူး

"Keel" ကို အစားပြန်ထိုးတာဟာ သင်္ဘောတစ်စင်းလုံး ပုံကြမ်းယူပြီးပြန်ဆောက်ရတာနဲ့အတူတူပဲ

အဲ့ဒါကြောင့် ဘယ်သူမှ မင်းတို့သင်္ဘောကို ပြန်ပြင်ပေးနိုင်မှာမဟုတ်ဘူး

မင်းတို့သင်္ဘောက နေဝင်ချိန်စောင့်နေတဲ့ သစ်သားအပုံဖြစ်နေပြီ

ဒီမှာ .. အဲ့လိုတော့ ပိတ်မပြောပါနဲ့

ငါ မမှားဘူး အဲ့ဒါ အမှန်ပဲဟာ

ဒါ-ဒါဆိုရင်လည်း ပုံကြမ်းယူပြီး ကျွန်တော်တို့အတွက် သင်္ဘောဆောက်ပေးပါလား

"Going Merry" ကို အတိုင်းဆောက်ပေးပါ

"Coo coo" အဲ့ဒါလည်း မဖြစ်နိုင်ဘူး

ဘာလို့မဖြစ်နိုင်တာလဲ ?

ငါတို့က သင်္ဘောပုံစံတူဆောက်နိုင်ပါတယ်

ဒါပေမယ့် ... တိတိကျကျပြောရရင် ဘယ်သူကမှ ထပ်တူကျအောင်မဆောက်ပေးနိုင်ဘူး

ဒီကမ္ဘာပေါ်မှာ တစ်ထေရာတည်းတူတဲ့ သင်္ဘော ၂စင်းမရှိနိုင်ဘူး

အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ?

ကမ္ဘာပေါ်မှာ တစ်ထေရာတည်းတူအောင်ပေါက်တဲ့ သစ်ပင်မျိုးရှိလို့လား ?

ရွက်သင်္ဘောတွေက များသောအားဖြင့် သစ်သားနဲ့တည်ဆောက်ကြတာ

သင်္ဘောရဲ့အရွယ်အစားနဲ့ ထောင့်ချိုးတွေဆိုတာ သစ်ပင်ရဲ့ပုံသဏ္ဌာန်ပေါ်မှာ မူတည်တယ်

အဲ့ဒါကြောင့် တူညီတဲ့အသေးစိတ်စီမံမှုတွေ ရှိနေရင်တောင်မှပဲ

ပုံစံတူတဲ့ သင်္ဘောတည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး

ဥပမာပေးရရင် ထပ်တူကျ သင်္ဘောတည်ဆောက်နိုင်ရင်တောင်မှ

လုံးဝကွဲပြားတဲ့ သင်္ဘောအဖြစ် မင်းတို့ ခံစားနေရမယ်ဆိုတာ

သံသယဝင်စရာတောင်မလိုဘူး "Coo coo"

မဟုတ်ဘူး

ဒါဆိုရင် ကျွန်မတို့ "Going Merry" နဲ့ ခရီးဝေးသွားဖို့မရနိုင်တော့ဘူးလား ?

ဟုတ်ပါတယ်

မင်းတို့ ဘာမှမတတ်နိုင်တဲ့အပြင် မြှုပ်သွားတာကိုပဲ ထိုင်ကြည့်ရတော့မယ်

ဒါမှမဟုတ်လည်း မင်းတို့ကိုယ်တိုင် မြန်မြန်မြှုပ်အောင်လုပ်ပေးရုံပဲရှိတယ်

ဝါး ...

"caravel" တစ်စင်းပဲ

"Caravel" - ၁၅/၁၇ရာစုအတွင်း စပိန်၊ပေါ်တူဂီကထုတ်တဲ့ သေးငယ်မြန်ဆန်သောရွက်သင်္ဘော

အတော်ကောင်းတဲ့ သင်္ဘောတစ်စင်းပဲကွ

ဟုတ်ပြီကွ အခု "Going Merry" ပင်လယ်ဓားပြသင်္ဘောကို အကုန်ပြင်ဆင်ပြီးပြီ

ကောင်းပြီလေ မင်းတို့သင်္ဘောက နောက်ဆုံးထွက်သက်ရောက်နေပြီ

ဒါက အခွင့်ရေးကောင်းတစ်ခုပါ

သူ့ကို လက်လျော့ပြီး ဒီကနေ သင်္ဘောအသစ်တစ်စီးဝယ်သွားလိုက်

ပိုက်ဆံရှိတယ်မလား ? မင်းတို့သင်္ဘောက "Caravel" အမျိုးစားလို့ ငါကြားတယ်

မင်းတို့ရဲ့ခေတ်ဟောင်းသင်္ဘောနဲ့ ခရီးဆက်သွားလို့ကတော့ ရှေ့လျှောက် ပိုခက်ခဲလိမ့်မယ်

မဟုတ်ဘူး သင်္ဘောအသစ်တစ်စင်းဝယ်ဖို့ ငါမရည်ရွယ်ထားဘူး

"Luffy"

ငါတို့ရဲ့ ...

ငါတို့သင်္ဘောက "Going Merry" ပဲကွ

သူ့ကို ပြန်ပြင်လိုက်မယ်ဆိုရင် ထပ်ပြီး ရွက်လွှင့်နိုင်ဦးမှာဗျ

အဆင်ပြေမှာပါ ဒီနေ့လည်း ဒီနေရာအထိ အေးအေးဆေးဆေးရွက်လွှင့်နိုင်ခဲ့တာပဲ

ဒါနဲ့များ သူ့ကို ထပ်ပြီးရွက်လွှင့်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ပြောထွက်ရမှာတဲ့လား ?

အဲ့ဒါကို ကျုပ်တို့ဘယ်လိုယုံနိုင်မှာလဲ ?

မင်းတို့ကောင်တွေ ပြောကြမှာပေါ့ ဘာလို့လဲဆိုတော့ သူဘယ်လောက်ထိသန်မာလဲဆိုတာမသိကြဘူးကိုး

သူ့ကိုမြှုပ်သွားတဲ့အထိ ရွက်လွှင့်ရမှ မင်းကျေနပ်မှာလား ?

ဝမ်းနည်းဖို့ကောင်းလိုက်တာ

ဒါနဲ့များ မင်းကိုယ်မင်း သင်္ဘောကပ္ပတိန်လို့သတ်မှတ်သေးတယ်ပေါ့ ?

ငါတို့ဆွေးနွေးနေတာ ဒီမှာပဲအဆုံးသတ်ပြီ

သေချာပြန်စဉ်းစားကြည့် တစ်ကယ်လို့ သင်္ဘောအသစ်ဝယ်မယ်ဆိုရင် ပြန်လာခဲ့ .. ငါကူညီပေးမယ်

မင်းတို့ပိုက်ဆံ ၃၀၀ မီလီယံပေးမယ်ဆိုရင်တော့ ငါတို့ရဲ့အကောင်းဖန်တီးမှုတွေနဲ့တည်ဆောက်ထားတဲ့ သင်္ဘောတစ်စီးပေးမယ်

"Kalifa" ရေ

ဟုတ်ကဲ့ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ

ဒါကတော့ အသစ်တွေနဲ့ မော်ဒယ်အဟောင်းတွေကို စာရင်းချုပ်ထားတာပါ

ဈေးနှုန်းတွေချင့်ချိန်လို့ရမှာပါ

"Iceberg-san"

ဂိတ်မှာ ခင်ဗျားကိုတွေ့ချင်နေတဲ့ လူတစ်ယောက်ရှိတယ်

ဟမ် ?

ကြိုချိန်းထားတာမျိုးတော့ မရှိပါဘူး

ကြည့်ရတာတော့ ကမ္ဘာ့အစိုးရအဖွဲ့က အရာရှိထပ်ရောက်လာပြန်ပြီ

ထွက်သွားခိုင်းလိုက်ရမလား ?

ကောင်းပြီလေ ငါအပြင်ထွက်သွားတယ် ပြောလိုက်ပါ

နေပါဦး မင်းအတော်လေး ခေါင်းစောင်းပြီးလှဲထားတာပဲ "Lulu"

ဟုတ်လားဗျ စိတ်မရှိပါနဲ့

ဟုတ်ပါပြီ ကျွန်တော် သူ့ကိုထွက်သွားဖို့ပြောလိုက်ပါမယ်

မင်း-မင်း ဘာဖြစ်နေ ... ?

နေပါဦး "Iceberg-kun"

မင်းက ပတ်ပြေးနေတာပဲ

ဟေ့ကောင်တွေ ပုန်းနေဟ အဲ့ဒါ အစိုးရဖက်ကလူတွေ

ဘာ ? ဟုတ်-ဟုတ်ကဲ့

အေး "Corgy" ရေ ငါ ပတ်ပြေးနေတာမဟုတ်ပါဘူး

ဟုတ်ပါတယ် မင်းရှောင်နေတာပါ

အဟုတ်ပဲဟ ဒီနေရာထိရောက်အောင် ပင်လယ်ရထားစီးပြီးလာခဲ့တာနော်

ငါ့ကို နှင်မလွှတ်ပါနဲ့ကွာ

ဟမ် ?

ပင်လယ်ဓားပြအနံကို ငါရနေတယ်

ရပါတယ် ... ဘာပဲဖြစ်ဖြစ် ငါမင်းနဲ့စကားပြောဖို့ လာခဲ့တာပဲလေ

ငါ မင်းကိုမုန်းတယ် အိမ်ပြန်လိုက်တော့

မင်းက ကလေးများလား ?

ငါက ရင့်ကျက်ပြီးသားလူတစ်ယောက်ပါ

ကောင်းပြီလေ ခေါင်းမမာစမ်းပါနဲ့

ဒီနေ့ မင်းအတွက်အကျိုးရှိမဲ့အရာတစ်ခု ငါရခဲ့တယ် ငါ့ကို ရှင်းပြဖို့အခွင့်ရေးပေးပါ

အခုပဲ တိတ်ဆိတ်တဲ့နေရာကို သွားလိုက်ကြရအောင်

သူတို့ ပြန်ပေါ်လာပြန်ပြီ အတော်ဇွဲကောင်းတာပဲ

သူတို့မှာ "Iceberg-san" နဲ့လုပ်စရာ ဘာများရှိလို့လဲ ?

ဒါက ငါတို့နဲ့တော့မဆိုင်ပါဘူး တစ်ခုခုလုပ်ဖို့ အာဏာလာပြနေတာဖြစ်မယ် "Coo coo"

အဲ့ကောင်တွေကို ငါသွားဗျင်းလိုက်ရမလား ?

မလုပ်နဲ့ သူတို့က ကမ္ဘာ့အစိုးရအဖွဲ့ကလူတွေ

အမ် ? ဘာလဲ ... ဘာဖြစ်နေလို့လဲ ?

ငါတို့ မပုန်းခင်ကတည်းက ငါ သယ်လာတဲ့အိတ်တွေကို သတိထားမိတယ်

ဒီဟာတွေ ပေါ့နေတယ်

ဘာ ? ဘာလို့လဲ ?

အော် .. အဲ့လိုနောက်တာ ငါမကြိုက်ဘူးနော် ပိုက်ဆံတွေအထဲမှာရှိနေတဲ့ဟာ ဘာကြောင့်ပေါ့တယ်ဖြစ်ရမှာတုန်း ?

အဲ့ဒါ ဘာသံတွေလဲ ?!

အရူးကောင်တွေ ဘာလို့ အသံအကျယ်ကြီးအော်နေတာလဲ ?

ဟေ့ အမျိုးသမီး အဲ့လို ထိုင်နေပြန်ပြီကွာ

ငါ့ကို လာမပြောနဲ့နော် အဲ့ဒါတွေက ...

မဟုတ်ဘူးလေ

ငါတို့ရဲ့ ဘယ်ရီ ၂၀၀ မီလီယံ

မရှိတော့ဘူး တကယ်မရှိတော့တာဟ

သေချာကြည့်တော့ ဒီအိတ်တွေက ငါတို့ဟာတွေမဟုတ်ဘူးဟဲ့

ငါ-ငါ-ငါ-ငါတို့ ဘာဆက်လုပ်ကြမလဲ ? ဘာ-ဘာ-ဘာ ...

ဟေ့ မင်းတို့ကောင်တွေ ဘာလို့ဒီလောက်အကျယ်ကြီးအော်နေတာလဲ ?

More Burmese subtitles for One Piece

Komentar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left