Shutter Island

Shutter Island

Burmese उपशीर्षक डाउनलोड करें

रिलीज़ जानकारी

Shutter Island(Zawgyi)
टिप्पणी द्वारा erasmo

टैग

other
प्रकाशित: 2017-08-04
डाउनलोड: 171
श्रवण बाधित: No

Burmese उपशीर्षक पूर्वावलोकन

पहली 200 पंक्तियाँ।

အားတင်းထား တက်ဒီ အားတင်းထား

ဒါဟာရေပဲ

အရမ်းများတဲ့ရေတွေပဲ

အရမ်းများတဲ့..

အားတင်းထား

-ဘော့စ် အဆင်ပြေရဲ့လား -အင်း အဆင်ပြေပါတယ်

လှိုင်းမူးနေရုံပါ

-ခင်ဗျားက ကျုပ်တွဲဖက်အသစ်ပဲ -မှန်တာပေါ့ဗျာ

ကျုပ်အခြေအနေမဟန်တဲ့ အချိန်မှ ဆုံရတယ်လို့

ဂန္ထ၀င်ကြီး တက်ဒီဒန်နီယယ်ရဲ့ ဂုဏ်သတင်းနဲ့တော့ မလိုက်ဘူးပြောရမယ်

ဂန္ထ၀င်ကြီးဆိုပဲ

ပို့တ်လန်းဘက်မှာ ခင်ဗျားတို့တွေ ဘာတွေသောက်နေကြလဲ

ဆီယက်တဲလ်ပြည်နယ်ပါ ကျုပ်က ဆီယက်တဲလ်ရုံးကလာတာ

ခင်ဗျား မာရှယ်ရုံးမှာဘယ်လောက်ကြာပြီလဲ

လေးနှစ်ရှိပြီ

ရုံးကသေးသေးလေးနော်

အင်းပေါ့

ဆိုပါဦး မိန်းကလေးရှိလား အိမ်ထောင်နဲ့လား

ရှိခဲ့ဖူးတယ်

သူသေသွားပြီ

-ဘုရားသခင် ကျုပ်မရည်ရွယ်ပါဘူး -ကိစ္စမရှိပါဘူး

ကျုပ်အလုပ်သွားနေတုန်း ကျုပ်တို့နေတဲ့ အဆောက်အအုံ မီးလောင်တယ်

လူလေးယောက်သေတယ်

သူကမီးခိုးမွှန်ပြီး ဆုံးသွားတာ မီးလောင်လို့ မဟုတ်ဘူး

-ဒါအရေးကြီးတဲ့အချက် -စိတ်မကောင်းပါဘူး

ကျုပ်ဆေးလိပ်ဘူး ဘယ်ရောက်သွားလဲ

ဒီမှာရှိတယ် ကျုပ်ဆီကယူလိုက်

ကျုပ်ထွက်လာတုန်းက ဂျာကင်ထဲပါတာ ကျိန်းသေပါတယ်

အစိုးရ၀န်ထမ်းတွေလက်ချက်ဖြစ်မယ်

ကျေးဇူးတင်ပါတယ်

ခင်ဗျားမလာခင် ဒီနေရာအကြောင်း ပြောလိုက်ကြသေးလား

စိတ်ကျန်းမာရေးဆေးရုံဆိုတာပဲ ကျုပ်သိတယ်

စိတ်မမှန်တဲ့ ရာဇ၀တ်သားတွေအတွက်တဲ့

အပြင်မှာကြားနေရတဲ့အတိုင်းသာဆိုရင်

သာမန်စိတ်မမှန်တဲ့သူတွေပဲ ဆိုရင်တော့ ကျုပ်တို့လာဖို့ဘယ်လိုမလဲ

-အဲ့ဒါ ကျုပ်တို့သွားရမယ့်နေရာလား -ဟုတ်တယ်

ကျွန်းဟိုဖက်ခြမ်းမှာ ကျောက်ဆောင်ကြီး

ကျောက်ကမ်းပါးပဲရှိတယ်

ကမ်းကပ်တဲ့နေရာမှာပဲ အဆင်းအတက်လုပ်လို့ရတယ်

ခင်ဗျားတို့ ကမ်းပေါ်ရောက်ပြီးတာနဲ့ ကျုပ်တို့ပြန်ထွက်ဖို့ပြင်မှာ

ခင်ဗျားတို့မြန်မြန်လေးဆင်းပေးရင် ကောင်းမယ်

-ဘာ့ကြောင့်လဲ -မုန်တိုင်းလာနေပြီ

ဒီမာရှယ်တံဆိပ်ကို အရင်က မတွေ့ဖူးဘူး

လက်ထောက်ထောင်ပိုင် မက်ဖီယာဆင်ပါ ရှက်တာကျွန်းမှ ကြိုဆိုပါတယ်

ခင်ဗျားတို့ကို အက်ရှ်ကလစ်ဖ်ဆီ လိုက်ပို့မယ်

ခင်ဗျားလူတွေ စိတ်ဆတ်နေသလိုပဲ မစ္စတာမက်ဖီယာဆင်

ခုချိန်ကတော့ အားလုံးဖြစ်နေတာ မာရှယ်

လျှပ်စစ်လွှတ်ထားတဲ့ စည်းရိုးတွေပဲ

ခင်ဗျားဘာလို့ ပြောနိုင်တာလဲ

ကျုပ်အဲ့ဒါမျိုး အရင်ကတွေ့ဖူးတယ်

ကောင်းပြီ ခင်ဗျားတို့ကို ကျုပ်တို့ညီနိုင်တာတွေ ကူညီပါ့မယ်

ဒါပေမဲ့ ဒီမှာနေတဲ့ကာလမှာ စည်းကမ်းလိုက်နာဖို့တော့ လိုတယ်

နားလည်ပါတယ်နော်

နားလည်ပါတယ်

ခင်ဗျားတို့ညာဘက်က အနီရောင်က အဆောင်အေ ကျားဆောင်ပဲ

အဆောင်ဘီ မ ဆောင်က ခင်ဗျားတို့ဘယ်ဘက်မှာ

အဆောင်စီကတော့ ကျောက်ကမ်းပါးနားမှာ

ပြည်တွင်းစစ်ကခံတပ်ဟောင်း

အဲ့ဒီမှာ အရမ်းအန္တရာယ်များတဲ့ လူနာတွေရှိတယ်

အဆောင်စီ ၀င်ထွက်ခွင့်ကိုပိတ်ထားတယ်

ကျုပ်နဲ့ ဒေါက်တာကောလေးရဲ့

ခွင့်ပြုချက်မပါဘဲ ၀င်လို့မရဘူး

နားလည်ပြီလား

ခင်ဗျားကို ကြည့်ရတာ တော်တော်လေး ကျင့်သားရနေပြီ

ခင်ဗျားတို့ရဲ့ သေနတ်တွေကို ဒီနေရာမှာ ထားခဲ့ရလိမ့်မယ်

မက်ဖီယာဆင် ကျုပ်တို့က တာဝန်ရှိ ဖက်ဒရယ်မာရှယ်တွေပါ

သေနတ်တွေကို ကျုပ်တို့ အမြဲဆောင်ထားဖို့လိုတယ်

အကျဉ်းထောင်ဆိုင်ရာ ဥပဒေပြဌာန်းချက် ၃၁၉ အရဆိုရင်

အကျဉ်းထောင်နယ်နမိတ်အတွင်း ရှိတဲ့အချိန်မှာ

အကျဉ်းထောင် အရာရှိရဲ့ လုပ်ပိုင်ခွင့်က အတည်ပဲ

ခင်ဗျားတို့ သေနတ်တွေနဲ့ အထဲဝင်လို့မရဘူး

အိုကေ အခုစည်းမျဉ်းတွေအတိုင်း လုပ်ပြီးသွားပြီ သွားစို့

ဒေါက်တာကောလေး နဲ့တွေ့ရင် ခင်ဗျားတို့ဘာပြောမှာလဲ

အဲဒီအကျဉ်းသူက ဘယ်အချိန်က ထွက်ပြေးသွားတာလဲ

ဒေါက်တာကောလေးက ခင်ဗျားတို့ကို အခြေအနေရှင်းပြပါလိမ့်မယ်

စိတ်ကျန်းမာရေးဆေးရုံမှာ ထောင်အရာရှိတွေရှိတာ တစ်မျိုးကြီးပဲ

ဘယ်လိုမှမအောက်မေ့ပါနဲ့

အမေရိကန်မပြောနဲ့ ကမ္ဘာမှာတောင် ဒီလိုနေရာမျိုးမရှိဘူး

ကျုပ်တို့က တခြားဆေးရုံကမထိန်းနိုင်တဲ့ အန္တရာယ်အများဆုံး

အဆိုးဆုံးလူနာတွေကို ခေါ်ထားတာ

ဒါတွေက ဒေါက်တာကောလေးကြောင့်ပါ

သူက ဒီနေရာမှာ သူများတွေနဲ့မတူတာကို လုပ်ထားတယ်

ကုလို့မရဘူးလို့ အများကယူဆတဲ့ သူတွေအတွက် ဆေးရုံပေါ့

ခင်ဗျားတို့ နိုင်ငံသားကဒ်

ခင်ဗျားတို့ ဌာနဆိုင်ရာ တံဆိပ်တွေပြပါ

စကော့တလန်ယာ့ဒ်ကတောင်

ဒေါက်တာကောလေးဆီက ခဏခဏအကြံတောင်းတယ်

-အမ်အိုင် ၅ အိုအက်စ်အက်စ် -ဘာကြောင့်လဲ

ခင်ဗျားဘာဆိုလိုချင်တာလဲ

ထောက်လှမ်းရေးအဖွဲ့က စိတ်ရောဂါဘော့စ်ဝန်ဆီက ဘာလို့အကြံတောင်းတာလဲ

ဒေါက်တာကောလေးကို မေးကြည့်လိုက်ပါ

-မာရှယ်ဒန်နီယယ် -ဒေါက်တာ

မာရှယ်အောလ်ပါ

ကျေးဇူးတင်ပါတယ် ထောင်ပိုင် ရပါပြီ

ဟုတ်ကဲ့ ဒေါက်တာ ၀မ်းသာပါတယ် လူကြီးခင်ဗျားတို့

ဒေါက်တာ့အကြောင်းတွေ သူပြောပြတယ်

သူက လူတော်တစ်ယောက်ပါ ဒီကအလုပ်တွေကို သူယုံကြည်တယ်

ဘာအလုပ်တွေလဲ

တရားဥပဒေနဲ့ ဆေးကုသမှုကို ပေါင်းစည်းပေးတာပေါ့

စိတ်မရှိပါနဲ့ ဘာနဲ့ဘာကို ဘယ်လိုပေါင်းတာလဲ

ဒီပန်းချီကားတွေက ရှင်းတယ်

အရင်ကဆို ဒီလိုလူနာမျိုးတွေကို

ခြေထိတ်လက်ထိတ်ခတ်ပြီး ပစ်ထားကြတယ်

ရိုက်နှက်ကြတယ်

သွေးသံရဲရဲဖြစ်တဲ့အထိ ကြာပွတ်နဲ့ရိုက်ကြတယ်

ဦးနှောက်တွေထဲဖောက်

မေ့မြောသွားတဲ့အထိ ရေခဲရေထဲမှာထား ဒါမှမဟုတ်..

ရေတောင်နှစ်ကြတယ်

-အခုရော -သူတို့ကို ကုသပေးတယ်

ကြိုးစားပြီး ကယ်တင်ပေးတယ် ကြိုးစားပြီး ကုသပေးတယ်

မအောင်မြင်တာတောင် သူတို့ဘ၀အတွက်

ငြိမ်းချမ်းမှုတော့ဖြစ်စေတာပေါ့

သူတို့က အကြမ်းဖက်ကျူးလွန်သူတွေ မဟုတ်လား

လူတွေကို အန္တရာယ်ပေးခဲ့တဲ့သူတွေ

-အချို့အမှုတွေဆို လူသတ်မှုတွေ -အားလုံးနီးပါးပဲ ဟုတ်တယ်

ဒေါက်တာ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ပြောချင်တာက

ငြိမ်းချမ်းမှုတွေ ခေါက်ထားလိုက်

ကျုပ်ကသူတို့ကို ကုသဖို့ပဲ သူတို့လုပ်ခဲ့တာက ကျုပ်နဲ့မဆိုင်ဘူး

-ဒီအမျိုးသမီးအကျဉ်းသားက -လူနာပါ

ကောင်းပါပြီ လူနာပေါ့

ရေချယ်ဆိုလန်ဒို သူပြီးခဲ့တဲ့ ၂၄ နာရီက ထွက်ပြေးခဲ့တယ်

-မနေ့ည ၁၀ နာရီနဲ့ ၁၂ နာရီကြားမှာ -သူကအန္တရာယ်ပေးတတ်တဲ့ လူနာလား

အဲဒီလိုပြောနိုင်ပါတယ် သူ့ကလေးသုံးယောက်လုံး သူသတ်လိုက်တာ

ကလေးတွေကို အိမ်နောက်က ရေကန်ထဲမှာ ရေနစ်သတ်ခဲ့တယ်

တစ်ယောက်ပြီးတစ်ယောက် မသေမချင်း သတ်ခဲ့တယ်

ပြီးတော့ အလောင်းတွေကိုအိမ်ထဲသယ်ပြီး ထမင်းစားပွဲမှာ နေရာချတယ်

အိမ်နီးချင်းတစ်ယောက်လာတော့ သူကအဲဒီမှာ ထမင်းစားတုန်း

သူယောက်ျားကရော

နော်မန်ဒီကမ်းခြေမှာ ကျဆုံးတယ် စစ်ကြောင့် မုဆိုးမဖြစ်သွားတယ်

သူဒီစရောက်တော့ အစာငတ်ခံနေတယ်

သူ့ကလေးတွေ မသေဘူးလို့ပဲ သူထင်နေတယ်

ဆောရီး ဒေါက်တာ အကိုက်ခဲပျောက်ဆေးများ ရနိုင်မလား

-ခေါင်းကိုက်ဝေဒနာရှိလား မာရှယ် -တစ်ခါတလေမှပါ ဒီနေ့ကတော့..

-နည်းနည်း လှိုင်းမူးသွားလို့ -သြော် ရေဓာတ်ဆုံးရှုံးတာ

-ခင်ဗျား အဆင်ပြေရဲ့လား -အဆင်ပြေပါတယ်

ဒီတစ်ခါခင်ဗျားမှန်တယ် ရိုးလေကောင်းလေပဲ

ကျေးဇူးတင်ပါတယ်

ရေချယ်က ကလေးတွေ အသက်ရှင်နေသေးတယ် ထင်နေတုန်းပဲ

သူက ဒီနေရာကို ဘက်ရှိုင်းယားက သူ့အိမ်လို့ထင်နေတယ်

-နောက်နေတာလား -သူဒီရောက်တာနှစ်နှစ်ရှိပြီ

ထောင်ထဲမှာဆိုတာ လက်မခံဘူး

ကျုပ်တို့ကို နွားနို့ပို့တဲ့သူ စာပို့တဲ့ သူတွေလို့ ထင်နေတယ်

ကလေးတွေမသေဘူးလို့ ဆက်ယုံနိုင်ဖို့အတွက်ပေါ့

သူဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းပေါ့

ကျုပ်တို့အားလုံးကို အဲဒီဇာတ်လမ်းထဲ ဆွဲသွင်းလိုက်တာ

ဒေါက်တာ ဒီကျွန်းအနှံ့ ရှာပြီးပြီလား

ထောင်ပိုင်နဲ့သူ့လူတွေ ဒီကျွန်းအနှံ့ သေချာရှာခဲ့တယ်

သဲလွန်စမရခဲ့ဘူး

အခန်းထဲက ဘယ်လိုထွက်မှန်းတောင် ကျုပ်တို့မသိဘူး

အခန်းက အပြင်ကနေသော့ခတ်ထားတယ် ပြတင်းပေါက်ကလည်း သံတိုင်တွေနဲ့

သူအငွေ့ပျံသွားမှပဲ ဒီနံရံတွေကို ကျော်လို့ရမှာ

အုပ်စုလိုက်ကုသပြီးနောက်မှာ သူ့ကို ပြန်ခေါ်လာပြီး ပိတ်ထားခဲ့တယ်

ညသန်းခေါင်လောက်ကျ သူမရှိတော့ဘူး

ဒေါက်တာစဉ်းစားကြည့်ပါဦး ဒီနေရာကနေ ပျောက်သွားတာ ဘယ်လိုဖြစ်နိုင်မှာလဲ

သူက စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူနေရတာလေ

သူ့ဆီမှာ တစ်ခုခုသတိထားမိ တာမျိုးရှိခဲ့လား

လူနာတွေကို ဖိနပ်ဘယ်နှရန် ပေးထားလဲ

နှစ်ရန်

ရူးဖို့မရူးဖို့ဆိုတာ ရွေးချယ်လို့မရဘူး ကိုယ်ဆုံးဖြတ်လို့ရတာမဟုတ်ဘူး

ခြေဗလာနဲ့ထွက်သွားတာလား

ဒေါက်တာ သူ ၁၀ ကိုက်အကွာ တောင်မရောက်လောက်သေးဘူး

မာရှယ်

ဒါ ရေချယ့်လက်ရေးအမှန်ပဲ

လေးခုစည်းမျဉ်း ဆိုတာ ဘာကိုပြောချင်တာလဲ

-ဒါ ပညာရပ်အခေါ်အဝေါ်လား -မဟုတ်ပါဘူး

၆၇ ကဘယ်သူလဲတဲ့

ငါဘယ်သိမှာလဲ

ကျုပ်လည်း အဲဒီလိုပဲ ကောက်ချက်ချလိုက်တာ

ရေးချင်ရာရေးထားတယ်လို့ထင်လား

မဖြစ်နိုင်ဘူး ရေချယ်ကတော်တယ် ထက်မြက်တယ်

ဒီစာရွက်ဟာ အရေးကြီးလိမ့်မယ်

ဆောရီး ဒေါက်တာ ကျုပ်တို့ဒါကို သိမ်းထားရလိမ့်ဦးမယ်

ဟုတ်တာပေါ့

သူ ဒီနေရာကိုလာရတယ်နော်

မီးတွေမှိတ်ပြီးရင် အကူတွေ ဒီမှာဖဲကစားတယ်

မနေ့ညက ဒီလှေကားခြေရင်းမှာ လူ ၇ ယောက်ထိုင်နေတယ်

ပိုကာဆွဲနေကြတယ်

ရေချယ် ဒီနေရာကနေ ဘယ်လိုရအောင်ဖြတ်လဲ မသိဘူး

ဘာကြောင့်လဲ

ဘယ်လိုလဲ သူကကိုယ်ဖျောက်တတ်လို့လား

ဒေါက်တာ ဆေးဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေ ကျုပ်တို့ကြည့်ရမယ်

သူနာပြု အစောင့် အကူ ဒီက၀န်ထမ်းအကုန်လုံးပဲ

ခင်ဗျားရဲ့တောင်းဆိုမှုကို ကျုပ်တို့ထည့်သွင်းစဉ်းစားပါ့မယ်

ဒါတောင်းဆိုမှုမဟုတ်ဘူး ဒေါက်တာ

ဒါအစိုးရပိုင်အဆောက်အုံ အန္တရာယ်များတဲ့ အကျဉ်းသား..

-လူနာ -လူနာ..

..လွတ်သွားတယ် ခင်ဗျားမလိုက်နာဘူးဆိုရင်..

ကျုပ်ကြည့်လုပ်လိုက်ပါ့မယ်

ဝန်ထမ်းတွေနဲ့ ကျုပ်တို့ စကားပြောဖို့လိုတယ် ဒေါက်တာ နားလည်လား

ညစာစားပြီးရင် လူစုလိုက်ပါ့မယ်

တခြားမေးစရာရှိသေးရင်

လက်ထောက်ထောင်ပိုင်နဲ့ အချိန်မရွးတွေ့နိုင်တယ်

အနီးဆုံးကုန်းမြေနဲ့ ၁၁ မိုင်ဝေးတယ် ရေကအေးစိမ့်နေတယ်

ညကရေစီးတော်တော်သန်တယ် ဒီလှိုင်းလည်းတက်တယ်

ရေနစ်တာတို့ ကျောက်တုံးနဲ့ဆောင့်တာတို့ဆိုရင်

အလောင်းကိုကမ်းမှာတွေ့မှာပဲ

ဒီကဂူတွေထဲမှာရော ခင်ဗျားကြည့်ပြီးပြီလား

အဲဒီကိုဘယ်လိုလုပ်ရောက်မှာလဲ

ကမ်းပါးအောက်ခြေမှာ အဆိပ်နွယ်ပင်တွေ အပြည့်ပဲ

ဆူးခြုံပင်တွေ ထောင်နဲ့ချီတယ် ဆူးတွေများ ကျုပ်လက်လောက်ရှိတယ်

टिप्पणियाँ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left