Wreck-It Ralph

Wreck-It Ralph

Télécharger le sous-titre en Burmese

Informations sur la version

Wreck-It Ralph 2012 Burmese
Un commentaire de LennoxJunior
Nominated 1 OSCARS for Best Animated Feature Film.

Tags

other
Publié le: 2023-06-04
Téléchargements: 70
Malentendants: No

Aperçu des sous-titres Burmese

Les 200 premières lignes.

ကျွန်တော့်နာမည်က ရာ့ဖ် ပါ လူဆိုးတစ်ယောက်ပေါ့

ကြည့်ကြတာပေါ့ အရပ် ၉ ပေမြင့်တယ်

ကိုယ်အလေးချိန် ၆၄၃ ပေါင် ရှိပါတယ် ပြီးတော့ နည်းနည်းဒေါသကြီးတယ်

ဟေ့... မင်းငါ့သစ်ငုတ်ကို ရွှေ့လိုက်တယ်

တကယ်တော့ စိတ်မြန်တာပါ

မလိမ်ပြောရပါဘူး

တခြားဘာရှိသေးလဲ

ကျွန်တော်က အဖျက်ကောင်လေ ဖျက်ဆီးတာကျွမ်းတယ်

အားလုံးဖျက်ဆီးပစ်မယ်

ကျွန်တော့်အလုပ်ကို သိပ်ကျွမ်းကျင်တယ် အကျွမ်းကျင်ဆုံးတောင် ဖြစ်နိုင်တယ်

ခက်တာက ဂိမ်းရဲ့ရည်ရွယ်ချက်က ပြုပြင်တာဖြစ်နေတယ် ဂိမ်းနာမည်က 'ပြုပြင်ရေးသမားလေး ဖီးလစ် ' တဲ့

ကျွန်တော်ပြင်တတ်တယ်

သဘောကတော့ ပြုပြင်ရေးသမားလေး ဖီးလစ် က လူကောင်းလေးပေါ့

လူကောင်းလို့လည်း ခေါ်လောက်ပါတယ် ပြုပြင်ရေးမှာ ကျွမ်းကျင်တယ်

ဒါပေမဲ့ ခင်ဗျားတို့ အဖေတွေဆီက မှော်တူတစ်လက်သာ ရခဲ့မယ်ဆိုရင် ဒါဘာခက်မှာမို့လဲ

သူသာ သာမန်ကန်ထရိုက်တာ လက်သမားလေးဆိုရင်

ကျွန်တော် ဖျက်ဆီးလိုက်သမျှ အမီပြုပြင်နိုင်မှာ မဟုတ်တာ သေချာပါတယ်

ဖီးလစ် က အလုပ်ပြီးသွားတိုင်း ဆုတံဆိပ်တစ်ခု ရတယ်

ဖျက်ဆီးရေး ကျွမ်းကျင်ရင်ရော ဆုတံဆိပ်ပေးလား ဟားတိုက်ရယ်လိုက်ချင်တယ်

လုံးဝမပေးဘူး

- မိုက်တယ် - တကယ်အသက်ဝင်တယ်

နှစ်ပေါင်း ၃၀ လုံးလုံး ကျွန်တော်ဖျက်ဆီးခဲ့တယ်

ပျောက်ကွယ်သွားတဲ့ ဂိမ်းတွေလည်း အများကြီးပဲ

ဝမ်းနည်းစရာပါ အက်စ်ရွိုက်စ်ဂိမ်းက ကောင်တွေကို တွေးမိတယ် ခဏအောင်မြင်ပြီး ပျောက်သွားတယ်

စင်တီပီးတ် ရောပဲ သူဘယ်ရောက်နေလဲ မသိကြတော့ဘူး

ရေရှည် ရပ်တည်နိုင်ဖို့ဆိုတာ ပေါ့သေးသေးမဟုတ်ဘူး ကျွန်တော် သိပ်ကံကောင်းပါတယ်

ဒါပေမဲ့ ကိုယ့်အလုပ်ကြောင့် အားလုံးရဲ့အမုန်းကို ခံလာရတဲ့အခါ အလုပ်ကိုချစ်ဖို့ ခက်တယ်လို့ ပြောရမှာပဲ

လူရှင်းသွားပြီ ဂိမ်းရုံပိတ်သွားပြီ

နဂါးလက်သီးကွ ပင်ပန်းလိုက်တာ တက်ပါ ဆိုင်သွားရအောင် ကင်

မင်းတိုက်ရင် သွားမယ်လေ

နားချိန်ရောက်ပြီ

မသိတော့ပါဘူး အလုပ်နားချိန်မှာ တစ်မျိုးဆိုရင်တော့ ကျွန်တော် ဒီလိုခံစားရမှာ မဟုတ်ဘူး

- ဒါပေမဲ့ မထူးခြားပါဘူး - အားလုံးတော်တယ်

ဖီးလစ် နဲ့ အိမ်တော်သားတွေက အတူတကွ အချိန်ဖြုန်းကြတယ်

သူပြုပြင်လိုက်တဲ့ တိုက်ကြီးမှာပေါ့

သူတို့လည်း အိမ်ပြန်ကြသလို ကျွန်တော်လည်း ကျွန်တော့်ရဲ့အိမ် အမှိုက်ပုံကြီးဆီ ပြန်ရတယ်

စုတ်ပြတ်နေတဲ့အိမ်ဖြစ်လို့ အမှိုက်ပုံလို့ ပြောတာ မဟုတ်ဘူးနော် တကယ့်အမှိုက်ပုံကြီးပါ

အမှိုက်သရိုက်တွေ အုတ်ကျိုးတွေ အပိုင်းအစတွေ

စွန့်ပစ်တဲ့နေရာပေါ့

အဲဒါ ကျွန်တော့်ရဲ့အိမ်ပဲ

သိပ်ပြီး ညည်းတွားစရာတော့ မရှိပါဘူး အုတ်ကျိုးတွေနဲ့အတူ သစ်ငုတ်ကြီးလည်း ရှိတယ်

ကြည့်ရတာ သက်တောင့်သက်သာရာမရှိပေမယ့် ကျွန်တော်ကတော့ ရပါတယ်

အဆင်ပြေပါတယ်

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မညာတမ်းပြောရရင်

တိုက်ကြီးပေါ်မှာ လူတွေက ဖီးလစ် ကို ချီးကျူးစကားတွေဆို

မုန့်တွေကိုယ်စီနဲ့ ကျေးဇူးတင်နေကြတာ

သူ့ကိုတွေ့တိုင်း ပျော်နေကြတာကို မြင်လိုက်ရရင်လေ တစ်ခါတလေလည်း တွေးမိတယ်

လူကောင်းဖြစ်ရတာ သိပ်ကောင်းမှာပဲ

ကောင်းတယ် ရာ့ဖ် ငါတို့လည်း လူဆိုးဆိုတော့

မင်းရဲ့ခံစားချက်ကို နားလည်ပါတယ် ငါတို့လည်း မင်းလိုပါပဲ

- တကယ်လား - အားလုံး ကျွန်တော်က ဇန်ဂိ ပါ လူဆိုးတစ်ယောက်ပါ

ခင်ဗျားနဲ့ အတူတူပဲ ရာ့ဖ် အဆိုးဆုံးအချိန်မှာ

လူတွေရဲ့ခေါင်းကို စာကလေးဥလိုမျိုး ပေါင်ခြံကြားထဲ ညှပ်ခွဲရတယ်

ကျွန်တော်တွေးမိပါတယ် ဘာလို့ ဒီလောက်ဆိုးသွမ်းရလဲ ဇန်ဂိ

ဘာဖြစ်လို့ လူကောင်းမဖြစ်တာလဲ

ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်

ဇန်ဂိ သာ လူကောင်းဖြစ်နေရင် လူတွေရဲ့ခေါင်းကို ပေါင်ခြံထဲညှပ်ပြီး စာကလေးဥတွေလို ဘယ်သူခွဲပေးမှာလဲ

အဲဒီမှာ ဇန်ဂိ မင်းကလူဆိုးပါ ဒါပေမဲ့ မင်းက တကယ့်လူဆိုးမဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်အားပေးရတာပေါ့

ခင်ဗျားပြောတာဟုတ်ပါတယ် စိတ်မရှိပါနဲ့ ကျွန်တော် နားမလည်တော့ဘူး

ဇွမ်ဘီ လူဆိုးကြီးပါ

ဇန်ဂိ ပြောတာက တံဆိပ်တွေက ကိုယ့်ကိုပျော်စေတာ မဟုတ်ပါဘူးတဲ့

အကောင်း အဆိုးဆိုတဲ့ တံဆိပ်ပေါ့

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

- ဟုတ်တယ် ဒီထဲကလေ - ဟုတ်တယ် ဟုတ်ပါပြီ သိပါပြီ

- သတိထား အရည်တွေကျနေပြီ - မေးမယ် ရာ့ဖ်

အမေ့ခံလူဆိုးများအဖွဲ့ကို လာဖို့ မင်းကိုခေါ်နေတာ ကြာလှပြီ

နောက်ဆုံးတော့လည်း ဒီညတော့ မင်းပေါ်လာပြီပေါ့

- ဘာဖြစ်လို့လဲ - မသိဘူး လာချင်စိတ်ပေါ်လာလို့ပါ

တစ်ခုခုလုပ်မှ ဖြစ်တော့မယ်လို့ တွေးမိလို့ပါ

ပြီးတော့... ဒီနေ့က ကျွန်တော်တို့ဂိမ်းရဲ့ နှစ် ၃၀ ပြည့်နေ့လေ

- နှစ်ပတ်လည်နေ့မှာပျော်ပါစေ ရာ့ဖ် - ကျေးဇူးပဲ ဆေတန်

- အမှန်က ဆာတီးန် ပါ - သိပါပြီ

ဒါပေမဲ့လေ ဒီလိုဗျ

ကျွန်တော် လူဆိုးမလုပ်ချင်တော့ဘူး

- ပရိုဂရမ်အတိုင်း မလုပ်လို့မရဘူးလေ ရာ့ဖ် - တာဗို လိုတော့ မလုပ်ပါဘူးနော်

တာဗို ဟုတ်လား မလုပ်ပါဘူး တော်စမ်းပါ ခင်ဗျားတို့ကလည်း

တာဗို က မိတ်ဆွေလိုချင်လို့လား ဆုတံဆိပ်လား

ဒါမှမဟုတ် ရှယ်ယာလိုချင်လို့လား

- တာဗို က အသက်တွေ ပိုလိုချင်တာလား - ဟုတ်တယ်

ရာ့ဖ် ရာ့ဖ် ငါတို့နားလည်ပါတယ်

ဒါပေမဲ့ ငါတို့ဘဝကို ပြောင်းလဲလို့မရဘူးလေ အဲဒါကို မြန်မြန်လက်ခံနိုင်လေ

မင်းရဲ့ဂိမ်းနဲ့ မင်းရဲ့ဘဝ ပိုကောင်းလာမှာပါ

တစ်ဘဝမှာ ဂိမ်းတစ်ခုပဲနော် ရာ့ဖ်

ကဲ လူဆိုးကတိသစ္စာပြုပြီး နိဂုံးချုပ်လိုက်ရအောင်

ကျွန်တော်လူဆိုးပါ အဲဒါကောင်းပါတယ် ဘယ်တော့မှ လူကောင်းမဖြစ်ပါ

ဒါလည်း မဆိုးပါ ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ တခြားသူ မဖြစ်ချင်ပါ

ကဲ နောက်တစ်ပတ်မှ တွေ့မယ်

- အားတင်းထားပါ ရာ့ဖ် - ဟေး ဇွမ်ဘီ ပုဆိန်တွေမမေ့နဲ့လေ

ရော့ရော့

ပင်မဂိမ်းဌာနမှ ကြိုဆိုပါတယ်

ဧည့်သည်တော်များ ဘေးကပ်ပါ ရှောင်တခင် လုံခြုံရေးစစ်ဆေးမှုပါ

ရှောင်တခင်က ငါ့ချည်းပဲ ငါ့ကိုဆို အမြဲတားတယ်

ကျွန်တော်က တာဝန်ကျေတဲ့ ဗို့အားမြင့်ကာကွယ်ရေးသမားပါ

- နာမည်ပြော - လယ်ရာကရော့ဖ်

- နာမည်ပြော - အဖျက်ကောင် ရာ့ဖ်

- ဘယ်ကလာတာလဲ - ပက်မန်းဂိမ်းက

သစ်သီးတွေ ယူလာခဲ့သေးလား

- မပါပါဘူး ဘာသစ်သီးမှ - ဟုတ်ပါပြီ အခု ဘယ်သွားမှာလဲ

- ပြုပြင်ရေးသမားလေး ဖီးလစ် ဂိမ်းကို - ဘာပြောချင်သေးလဲ

- မင်းကို မုန်းတယ် - ကြားနေကျစကားပဲ

သွားလို့ရပြီ

လူဆိုးကြီးဟေ့

ဂိမ်းကထွက်သွားတာနဲ့ ဘေးကင်းအောင်နေပါ သတိထားပါ

ဘာပဲလုပ်လုပ် မသေပါစေနဲ့

ကိုယ့်ဂိမ်းထဲမှာမဟုတ်ဘဲ သေရင် ပြန်မရှင်နိုင်ပါဘူး

ထာဝရ နိဂုံးချုပ်သွားမယ်

ရော့ သူငယ်ချင်း

လတ်လတ်ဆတ်ဆတ်ပါ ပက်မန်းဂိမ်းက ယူလာတာ

အားမလျှော့နဲ့

နာမည်

ပျော်ရွှင်ဖွယ် နှစ် ၃၀ ပြည့်နေ့ ဆိုပါလား

ပါတီလုပ်တာ ငါ့ကိုတောင်မဖိတ်ဘူး

ပက်မန်း ... ပက်မန်း ကျတော့ ဖိတ်တယ်လား အစက်လေးတွေ လိုက်စားတဲ့

အဲဒီအရူးကောင်က ငါတို့ဂိမ်းထဲတောင် မပါဘူးလေ

- သိပ်ကောင်းတဲ့ပါတီပဲ ဖီးလစ် - ကျေးဇူးပဲ သူငယ်ချင်း

ဖီးလစ် ငါနဲ့အတူကရအောင်

မယ်ရီ ယို ဖြစ်မယ် နောက်ကျမှလာတာ သူ့ထုံးစံလေ

ငါသွားဖွင့်လိုက်မယ် ဖီးလစ်

ရာ့ဖ် ကွ

- ပါတီကို ဖျက်ဆီးတော့မယ် - မောင်းထုတ်လိုက် ဖီးလစ်

အေးပါ ငါသွားပြောလိုက်မယ် မကြောက်ကြပါနဲ့

ရာ့ဖ် ဘာကိစ္စရှိလို့လဲ

ဖီးလစ် မင်းကိုလာကြည့်တာပါ မင်းတို့တိုက်ပေါ်မှာ

ပေါက်ကွဲမှုတစ်ခု တွေ့လိုက်တယ်

- မီးရှူးမီးပန်းတွေပါကွာ - မီးရှူးမီးပန်းလား

- တော်သေးတာပေါ့ ဒါနဲ့ ဘယ်သူ့မွေးနေ့လဲ - နှစ်ပတ်လည်နေ့ပါ

- ငါတို့ဂိမ်းရဲ့နှစ် ၃၀ ပြည့်နေ့လေ - ဘာ... အဲဒါ ဒီနေ့လား

- ဟုတ်တယ် - ငါက ရက်စွဲတွေ မမှတ်မိဘူးကွ

- ဘာဖြစ်ဖြစ် ဂုဏ်ယူပါတယ်ကွာ - ကျေးဇူးတင်ပါတယ် ရာ့ဖ် မင်းအတွက်လည်း ဂုဏ်ယူပါတယ်

သတိလာပေးတာ ဖီးလစ် ကိတ်မုန့်ယူလာတော့မယ်တဲ့

- ဟေး ဂလန် - ရာ့ဖ်

ကိတ်မုန့် ဟုတ်လား ငါကြားဖူးတယ်

တစ်ခါမှ မစားဖူးဘူး ဘယ်သူမှ လွှင့်မပစ်ဘူးထင်တယ်

အမှိုက်ပုံထဲ တစ်ခါမှ ပါမလာဖူးဘူး တစ်ခါမှတောင် မမြည်းဖူးဘူး

ကိတ်မုန့်ဆိုတာကို မြည်းကြည့်ချင်လိုက်တာ

အထဲဝင်ပြီး ကိတ်တစ်စိတ်လောက်တော့ စားမသွားလောက်ဘူး ထင်ပါတယ်နော် ဟုတ်တယ်မလား

ဟေး အားလုံးပဲ

စိတ်မပူနဲ့ စိတ်မပူပါနဲ့ ငါဘာမှမဖြစ်ဘူး

- ရာ့ဖ် ကိုတော့သိကြမှာပါ - မင်္ဂလာပါ

မင်္ဂလာပါ နဲလ် ... လူစီ ...

- ဒွန် ... ဒေနာ ... - ဒီယာနာ ပါ

- ဂျီးန် - သူက ဘာလို့လာတာလဲ

ကိတ်မုန့်လေးတစ်စိတ် စားရုံပါ

တကယ်ဆို ငါက ဒီဂိမ်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလေ

မင်းရော ဘာလာလုပ်တာလဲ ဂျီးန်

ဟေ့ ကိတ်မုန့်လာပြီ

မယုံနိုင်စရာပဲ မင်း အကောင်းဆုံးလုပ်ထားတာပဲ မယ်ရီ

ကြည့်စမ်း ထိပ်မှာ ငါတို့ပုံတွေ

တိုက်ခန်းတစ်ခန်းကို အကြိုက်တစ်မျိုးစီ လုပ်ထားတယ်

- နော်ဝုဒ်က အနီရောင်လေ - ရှက်စရာပဲကွာ

လူစီက သံပုရာ ဂျီးန် က ရမ်ကိတ်မုန့်ပေါ့

- ဖီးလစ် ကတော့... - ဟေ့ မယ်ရီ

ငါရပ်နေတဲ့ရွှံ့တွေက ဘာအရသာလဲ

- ချောကလက်လေ - ငါက ချောကလက်ဆို မကြိုက်ဘူး

သြော် ငါမသိလိုက်ဘူး

တစ်ခုရှိသေးတယ် ဇီဇာကြောင်တာတော့ မဟုတ်ဘူး

ဒါပေမဲ့ ဒီဒေါသအိုးလေးက

တခြားသူတွေနဲ့အတူ ဒီမှာထားရင် ပိုပျော်သွားလိမ့်မယ်

တွေ့လား ပြုံးနေလိုက်တာ

မဟုတ်သေးဘူး ရာ့ဖ် အပေါ်မှာ မဆန့်တော့ဘူး

ဒီလိုဆိုရင်ရော နေရာလုပ်လိုက်မယ်လေ

တစ်လှည့်စီ နေလိုက်မှာပေါ့ လွယ်လွယ်လေးပါ

- ကိတ်မုန့်စားကြမယ်လေ - နေဦး

ဖီးလစ် က အပေါ်မှာ နေရမှာလေ သူက ဆုတံဆိပ်ယူရမှာ

ဒီဆုတံဆိပ်ကို တစ်ခါလောက် ရာ့ဖ် ကို ပေးလိုက်ရင်ရော

- ကမ္ဘာပျက်သွားမှာလား ဂျီးန် - အဓိပ္ပာယ်မရှိလိုက်တာ

လူကောင်းတွေကိုပဲ ဆုတံဆိပ်ချီးမြှင့်တာကွ မင်းက လူကောင်းမဟုတ်ဘူး

ငါဖြစ်ချင်ရင် ဖြစ်ပါတယ် ဆုတံဆိပ်လည်း ရနိုင်တယ်

အဲဒီအခါကျရင် ငါတို့ကိုလာပြော

အဲဒါဆို မင်းတို့နဲ့အတူ ငါ့ကို အပေါ်မှာထားမှာလား

မင်းဆုတံဆိပ်ရရင် ငါတို့နဲ့အတူ ဒီတိုက်ကြီးပေါ် နေခွင့်ပြုမယ်

ဒါပေမဲ့ မဖြစ်နိုင်ပါဘူး မင်းက အဆောက်အအုံတွေဖျက်တဲ့ လူဆိုးကြီးမို့လို့ပဲ

- မဟုတ်ဘူး - ဟုတ်တယ်

မဟုတ်ဘူး

ဟုတ်တယ်

ဒီမှာ ဂျီးန် မင်းသိလား ငါ ဆုတံဆိပ်ရအောင်ယူမယ်

ဆုတံဆိပ် ရအောင်ယူမယ် မင်းတို့အားလုံးမြင်ဖူးသမျှ အတောက်ပဆုံးဆု ဖြစ်စေရမယ်

ဖီးလစ် ရဲ့ဆုတံဆိပ်တွေအားလုံး လွှင့်ပစ်လိုက်ရမယ့် ဆုတံဆိပ်တစ်ခု ယူပြမယ်

နှုတ်ဆက်ပါတယ် ပါတီအတွက် ကျေးဇူးပဲ

သူတကယ်ပြောသွားတာလား

တော်စမ်းပါ လူဆိုးကို ဆုတံဆိပ်ပေးတာ ဘယ်မှာရှိလို့လဲ

လျှောက်ပြောသွားတာ

ကျွန်တော့်ဘဝမှာ ဒီလောက် အလေးအနက် မထားဖူးဘူး

အဲဒါကြောင့် ဒီကိုလာခဲ့တာပဲ တက်ပါ ခင်ဗျားက အကူအညီပေးနေကျလေ

ကဲ ပြောစမ်းပါ ကျွန်တော် ဘယ်မှာဆုတံဆိပ်ရနိုင်လဲ

အဲဒီလိုဂိမ်းမျိုး ရှိမယ်မထင်ဘူး ရာ့ဖ်

လုပ်ပါဗျာ ခင်ဗျားက အသိများပါတယ်

တက်ပါ ဘီယာချိုပေး

လာပြီ စဉ်းစားပါဦး

- ကဲ ခုနက ဘာပြောတယ် - ပြောတာက...

ကျွန်တော် နောက်ထပ် အနှစ် ၃၀ လုံးလုံး အမှိုက်ပုံထဲ

မနေချင်တော့ဘူးလို့ ပြောတာပါ ဆုတံဆိပ်မရဘဲ မပြန်ဘူး

မင်းကို ဘာပြောရမလဲမသိတော့ဘူး ဆုတံဆိပ်တစ်ခုတော့ ဒီမှာ ကျရင်ကျနေခဲ့မှာပဲ

ကောက်ရပစ္စည်းတွေထဲ သွားရှာကြည့်လေ

အင်း... ဘာတွေလဲ ကြည့်ရအောင်

သွား... သွားစမ်း

မှိုလား မဟုတ်ဘူး

ဒါက ဘာလဲ မဟုတ်သေးဘူး

ဟာကွာ ဒီကောင် ဇန်ဂိ ရွံစရာကောင်းလိုက်တာ

ငါဘာလုပ်ရမလဲ

More Burmese subtitles for Wreck-It Ralph

Commentaires

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left