One Piece

One Piece (ワンピース)

I-download ang Burmese Subtitle

Impormasyon ng release

One Piece - 229 (Myanmar Subtitle)
Komentaryo ni j0k3r_nyx

Mga Tag

other
Na-publish noong: 2020-12-18
Mga Download: 38
May Kapansanan sa Pandinig: No

Preview ng subtitle na Burmese

Ang unang 197 linya.

အပိုင်း - ၂၂၉

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီးတော့

ငါတို့လက်ကနေ စွမ်းအားတွေအဖြစ် ဖြတ်သန်းစီးဆင်းနေပါတယ်

ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

အလုပ်တွေ အတူတူလုပ်ရင်း ... ဧရာမလှိုင်းလုံးကြီးတွေ တက်စီးကြရအောင်လေ

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဆီကို မြန်မြန်သွားကြပါဟေ့ အဲ့မှာ အချက်ပြတာတွေ စနေပြီ

အခုက ရွက်လွှင့်ဖို့အချိန်ကျပြီ ကျောက်ဆူးတွေကို ပြန်တင်လိုက်ကြရအောင်

ရောင်စုံသက်တန့်ကြီးကို ထိုးဖောက်ပြီး ပင်လယ်ပြင်စွန့်စားခန်းတွေဆီ ဦးတည်ကြမယ်လေ

ဒါဟာ ဒဏ်ရာအမြောက်အများပြည့်နက်နေတဲ့ ခရီးတစ်ခုဖြစ်နေပေမဲ့လည်း

ဒါပေမဲ့ မင်းအတွက်မြတ်နိုးဖွယ်ရာတွေ အများကြီးရှိပါတယ်

ပြီးတော့ မင်း အခက်ခဲကြုံလာမယ်ဆိုရင်

ငါမင်းကို စောင့်ရှောက်ဖို့အမြဲရှိနေပါ့မယ်

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်

မုန်တိုင်းတိုက်ခတ်လာချိန်မှာတော့ ငါတို့အဖွဲ့လိုက်ဝိုင်းပြီး လက်ချင်းဆုပ်ကိုင်ထားကြမယ်

မုန်တိုင်းစဲတဲ့အခါကျမှ ထွက်ပေါ်လာမဲ့ အလင်းရောင်ကိုကြည့်ကြမယ်လေ

ငါတို့အိမ်မက်အပိုင်းစတွေကိုသာ စုစည်းလိုက်မယ်ဆိုရင်

နောက်နေ့တစ်ရက်ကိုညွှန်ပြတဲ့ မြေပုံတစ်ခုဖြစ်လာမှာပါ

ဒါကြောင့် ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

တူညီတဲ့အလံအောက်မှာ ... အတူတူ ငါတို့ဟာ တစ်စိတ်တစ်ဝမ်းတည်း

"One Piece"

ဖား-ဖားတစ်ကောင် ရှေ့မှာလက်ပစ်ကူးနေတယ်ဟ

One Piece Myanmar Page မှ ဘာသာပြန်တင်ဆက်သည်

Translate & Encode - Kh Ch Au

ဘာကြီး ?

အဲ့ကောင်ကြီး မင်းတို့ဖက်လာနေပြီ ကြည့်ကြည့်လိုက်

တစ်ကယ်လား ? ဟေ့ကောင် ... "Luffy"

ငပိန်းတစ်ကောင်ပြောတာကို မင်းကတစ်ကယ်ထင်နေတာလား ?

အခုကစပြီး ... ဘယ်ဖားမှ ငါ့တို့ရှေ့ ဟေ့ ... အဲ့ဒါက

ဖား-ဖားတစ်ကောင် လက်ပစ်ကူးနေသဟ

ငါတို့ အဲ့ကောင်နောက်လိုက်ကြစို့

ဟုတ် ...

ဒီလိုနေရာမျိုးမှာ မီးပြတိုက်တစ်ခု ဘာကြောင့်ရှိနေရတာလဲ ? တစ်ယောက်ယောက်သာ အဲ့မှာရှိတယ်ဆိုရင် အံသြစရာကောင်းတယ်

ကဲကွာ ! ကဲကွာ ! ကဲကွာ

လေပေါ်ပျံသွားတယ်

ဟုတ်ပြီဟေ့ ဖား ရပ်သွားပြီ ... တစ်ခါတည်းကမ်းကပ်လိုက်

ငါတို့ ကမ်းတစ်ခုခုနဲ့တိုက်မိပြီ

အဲ့ဒါက ဘာသံလဲ ?

အားလားလား ...

နောက်ပြန်ဆုတ် ... နောက်ပြန်ဆုတ် ၁၈၀ဒီဂရီ ပြန်လိုက်လိုက်

"မြန်ဆန်လွန်းသော ပင်လယ်ရထား "Water Seven" ကျွန်းက "City of Water" မြို့

ဘာလဲဟ ?

နောက်ပြန်လှည့် ! အခုချက်ချင်းလုပ် !

အဲ့ဒါ ဘာကြီးတုန်းဟ ?

ဒီ-ဒီသံမဏိအစိမ်းရောင်က ဘာကြီးတုန်း ?

သင်္ဘောများလား ?

မဟုတ်ဘူး ဒီပုံသဏ္ဌာန်မျိုးနဲ့ဆို ပင်လယ်ထဲမောင်းလို့မရနိုင်ဘူး

ဟေ့ ဖား ... ပြေးတော့ ! မင်းဘာလုပ်နေတာလဲကွ ?

အား ... တိုက်မိသွားပြီ

သင်္ဘောက မီးခိုးတွေမှုတ်ထုတ်နေတယ်

ပင်လယ်ဓားပြတွေလား ?

အဖွားရေ ... အဖွားရေ ပင်လယ်ဓားပြတွေ ရောက်နေပြီ

ဘာ ? အဲ့ဒါ အမှန်ပဲလား "Chimney" ?

ဟုတ်ပြီလေ ငါ့ဆီကို ဆက်သွယ်ရေးခရုယူလာခဲ့

ဟုတ်ကဲ့ !

ပြဿနာပဲ တစ်ယောက်ယောက် အိမ်ထဲကထွက်လာပြီ

သူတို့တွေ အကူညီတောင်းဖို့လုပ်နေကြတယ်

ဒီမှာပါ အဖွား !

အာ ... ဟဲလို ?

ပြောရမယ်ဆိုရင် ... ဘာပါလိမ့် ? ငါ မေ့သွားပြီ

သူမ အရက်သောက်ထားတာလားဟ ?!

အော် ... "Paille" တဲ့လား ? အရက်နဲ့မြည်းလို့ကောင်းမဲ့ပုံပဲ

ဝိုး ... စားလို့ကောင်းလိုက်တာရှင့်

သမီးက "Chimney" ပါ ဒါက သမီးတို့ရဲ့ကြောင်လေး ... "Gonbe" လို့ခေါ်ပါတယ်

ပြီးတော့ ... အဖွား "Kokoro"

မင်းတို့က ရထားဓားပြတိုက်တဲ့သူတွေ မဟုတ်ဘူးလား ?

"Luffy" လို့ခေါ်ပါတယ် ငါက ပင်လယ်ဓားပြဘုရင်ဖြစ်လာမဲ့သူပဲ

တကယ်လား ? ဟုတ်တယ်

အတော်ရီရတဲ့ ကောင်လေးတစ်ယောက်ပဲ

ပြောပါအုန်း "Chimney" စောနဟာက "Steamship" တစ်စင်းမဟုတ်လား ?

ဒါပေမဲ့ ပုံစံကြည့်ရတာတော့ ရေကြောင်းပေါ်မှာမသွားနိုင်ပါဘူး

နင် အဲ့လိုမျိုး တစ်ခါမှ မတွေ့ဖူးဘူးဟုတ်တယ်မလား ?

ကမ္ဘာ့အပြင်ထိထွက်ရှာခဲ့မယ်ဆိုရင်တောင် အဲ့ဒါမျိုးကိုတွေ့ဖို့ဆိုတာ ဒီနေရာတစ်ခုပဲရှိတယ်

အဲ့ဒါက "Puffing Tom" လို့ခေါ်တဲ့ ပင်လယ်ရထားပါ

"Puffing Tom" တဲ့လား ?

ရေနွေးငွေ့အင်ဂျင်ကိုသုံးပြီး ဘီးတွေကိုလည်ပတ်စေတယ် ပြီးရင်တော့ ပင်လယ်ရထားလမ်းပေါ်မှာ ခုတ်မောင်းကြတယ်

ရထားလမ်း ?

အမှန်ပဲ အဲ့ဒါတွေကို ပင်လယ်မျက်နှာပြင်အောက်နည်းနည်းချပြီး တည်ဆောက်ထားတာ

ရထားက အဲ့ဒီလမ်းပေါ်ကိုပဲ နေ့တိုင်းမောင်းနှင်ကြတယ်လို့

တစ်ခြားကျွန်းက ခရီးသည်တွေပြောပြကြတယ်

အဲ့ဒါက သင်္ဘောနဲ့စာတွေကိုလည်း ကောင်းကောင်းသယ်ယူပို့ဆောင်ပေးတယ်

သူပြောတာ မှန်တယ် အဲ့ဒီမှာ ရထားလမ်း တကယ်ရှိနေတာပဲ

ငါတို့ အဲ့ဒါနဲ့တိုက်မိခဲ့တာလား ?

ဟုတ်တယ်ဟ ! အဲ့ဒီမှာ သတိပေးထားတဲ့ မျဉ်းနှစ်ကြောင်းရှိနေတာပဲကို

အခုလိုမျိုးဝင်လာမိရင်တော့ အန္တရာယ်ရှိမှာပဲလေ

ဒါပေမဲ့ ဒီအချက်ပြစက်ကို တစ်ခြားဖက်ပြောင်းလှည့်သင့်တယ်နော် မဟုတ်ရင် ... ငါတို့ ဘယ်လိုမြင်နိုင်မှာတုန်း ?

ဒါက ဒီလောက်အန္တရာယ်များတာကိုတောင် အဲ့ကောင် နားမလည်ဘူးလားကွာ ?

သူ့ကို လေပေါ်မြောက်အောင်လုပ်ပစ်တာတော့ မကောင်းဘူး သူ့နောက်မှာ ငါတို့ရှိနေတယ်ဆိုတာ မင်းတို့သိပါတယ်

ဘာ ? အဲ့ကောင် ဟုတ်လား ? ... "Yokozuna" အကြောင်းပြောနေတာလား ?

ငါတို့ရှေ့မှာ လက်ပစ်ကူးနေတဲ့ဖားကိုပြောတာ

"Yokozuna" က မသေနိုင်ပါဘူး

ကျွန်မတို့လမ်းကြောင်းလွှဲဘူတာမှာ ခေါင်းကိုက်အောင် အလုပ်ဆုံးတရားခံက သူပဲ

သူက အစွမ်းသတ္တိချင်းပြိုင်ရတာကိုသဘောကျတာမို့ ပင်လယ်ရထားကိုအနိုင်ယူဖို့ အမြဲကြိုးစားနေတာ

သူပြန်ပေါ်လာလိမ့်မယ်

အစွမ်းသတ္တိပြိုင်ပွဲ ? အိုး ... အဲ့ဒါကြောင့် သူထွက်မပြေးတာတဲ့လား ?

သေချာတယ် အဲ့ကောင် အရိုးတစ်ခြားအသားတစ်ခြားဖြစ်ပြီ

ကျွန်မကို ပေးနားပါဦး ကျွန်မတို့မှာ ပြဿနာရှိနေတယ်

ရထားလမ်းထိန်းလည်း ခဏခဏပျက်ဆီးရတယ်

သူပေါ်လာတဲ့အခါတိုင်း ခရီးသည်တွေ စိတ်အနှောက်အယှက်အရမ်းဖြစ်ရတာပဲ

ငါ သိလိုက်ပြီ

ဟုတ်ပြီ အဲ့ကောင်ကို မစားတော့ဘူး

တိုက်ခိုက်ရေးသမားတစ်ယောက်ကို ငါမစားဘူးကွ

ပထမဆုံးရောက်ဖူးတဲ့နေရာမှာ ဖားကိုစားဖို့ နင်မတွေးသင့်ဘူး

ဒါဖြင့် မင်းတို့က ဘယ်ကိုသွားချင်ကြတာလဲ ?

မင်းတို့တွေ ဒီကနေ ပင်လယ်ရထားနဲ့သွားမယ်ဆိုရင်

"Spring Queen" မြို့က "Poplar" လမ်း "Gourmet" မြို့က "Pucci"

"Carnival" မြို့က "San Faldo" ဒါတွေအားလုံးက ပျော်ဖို့ကောင်းတဲ့နေရာတွေပဲ

မင်းတို့ အစိုးရအတွက်အလုပ်လုပ်မယ်ဆိုရင်တော့ အဲ့ဒီမှာ အထူးပြင်ဆင်ထားတဲ့ သီးသန့်ရထားရှိတယ်

"Gourmet" မြို့ရဲ့ "Pucci" လား ?

ငါသိပြီ

"Uninhabited" ကျွန်းပေါ်မှာ ငါတို့တွေ့ခဲ့ကောင်တွေ အဲ့နေရာအကြောင်းကိုပြောနေကြတာပဲ

အာ ... စဉ်းစားကြည့်ပါအုန်း

ကောင်းပြီ ငါတို့တွေ "Gourmet" မြိုကိုသွားကြမယ်

လုံးဝပဲ

ငါတို့ဆီမှာ ကိုယ်ပိုင်သင်္ဘောရှိပြီးသားပဲ ရထား မစီးတော့ဘူး

ငါတို့ "Log" အတိုင်းပဲသွားမယ်

အမ် ? ဘယ်ကို လမ်းညွှန်လို့လဲ ?

ဒီနေရာရဲ့ အရှေ့ဖက်

ငါ သိပြီ အဲ့နေရာက "Water Seven" ဖြစ်လိမ့်မယ်

မင်းတို့ စောနကတွေ့တဲ့ရထားက အဲ့ကျွန်းရဲ့ အပြာရောင်ဘူတာလာတာပဲ

အဲ့နေရာကို "City of Water" လို့ခေါ်တယ် ကောင်းတဲ့ နေရာတစ်ခုပါ

"Water Seven" ဆိုတာက ?

ခြုံပြောရရင်တော့ အဲ့မြို့ရဲ့ သင်္ဘောကျင်းကိုအစွဲပြုပြီး ခေါ်တဲ့နာမည်တစ်ခုပါ

သူတို့နည်းပညာက တစ်ကမ္ဘာလုံးမှာ နံပါတ်တစ်ပဲ

သူတို့ဆောက်တဲ့သင်္ဘောတွေဆို အစိုးရကသိပ်ကြိုက်တာ အံသြဖို့ မကောင်းဘူးလား ?

ငါ သိပြီ ... ဒါဆိုရင် အဲ့ဒီမှာ အံ့သြဖို့ကောင်းတဲ့ သင်္ဘောဆောက်လုပ်သမား နဲနဲပါးပါးရှိတယ်မလား ?

ဘယ်နှယ့် နည်းနည်းလေးမတုန်း အဲ့မှာရှိတဲ့သင်္ဘောတည်ဆောက်သူတိုင်းက ကမ္ဘာ့အတော်ဆုံးသူတွေချည်းပဲ

"Usopp" ရေ

အေး

ကောင်းပြီ ငါဆုံးဖြတ်ပြီးပြီ

ငါတို့ အဲ့ကိုသွားပြီး သင်္ဘောဆောက်တဲ့သူတစ်ယောက်ကို ငါတို့အဖွဲ့ထဲဝင်ခိုင်းမယ်

အိုး ... ဟုတ်ရဲ့လား ? ခဏလေးနော်

သေပါပြီ

အဲ့ဒါ ဘာများလဲ ? သိဘူး

ကောင်းတယ် ... ကောင်းပြီ ဒါက ကျွန်းအတွက်ရိုးရှင်းတဲ့မြေပုံနဲ့ အချက်အလက်စာတွေ

"Iceberg" လို့ခေါ်တဲ့သူကို ဒီစာပေးပြီး မင်းတို့သင်္ဘောကောင်းအောင်ပြင်ဖို့ ပြောလိုက်ပါ

"Water Seven" က အကျယ်ကြီးပဲ လမ်းမပျောက်စေနဲ့

ဝိုဟိုး ... "Kokoro-san" ခင်ဗျားက နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ပဲ

ကျွန်မတို့လည်း မကြာခင် "Water Seven" ကို ပြန်လာတော့မှာနော်

ဟုတ်ပြီလေ ... နောက်တစ်ခါ မင်းတို့ကောင်တွေနဲ့ပြန်တွေ့မယ်ဆိုရင် ငါ အကြိုက်ဘားတစ်ခုဆီ မင်းတို့အရက်သောက်ဖို့ ခေါ်သွားပေးမယ်

ရတာပေါ့ ခင်ဗျားတို့နဲ့ နောက်တစ်ကြိမ်ပြန်ဆုံဖို့မျှော်လင့်ပါတယ်

"Log" ကိုပြန်စုဖို့ "Water Seven" မှာ တစ်ပတ်လောက်ကြာမှာပဲလေ ပြန်တွေ့ဖို့ လွယ်လွယ်လေးပါ

ဟုတ် ... ကျေးဇူးပါပဲဗျို့

ကောင်းပြီဟေ့ ရွက်လွှင့်ဖို့ အသင့်ပြင်ကြတော့

ရေး ... ကောင်းပြီ ... ကျွန်မတို့သွားပြီနော်

ရှင်တို့ ကူညီခဲ့တာအားလုံးအတွက် ကျေးဇူးတင်ပါတယ် "Kokoro-san" နဲ့ "Chimney"

ဂရုစိုက်ကြနော်

အစိုးရကလူတွေကို သတိထားကြနော်

ရဟူး ... သွားကြစို့ဟေ့ အသားတွေရဲ့ မြို့တော် ... ရဟူး

မင်းတို့ နားထောင်နေတယ်တယ်မလား ?

အွန်း ... လေတိုက်နေတာကောင်းတယ်

ငါတို့မျှော်လင့်ထားတဲ့အချိန်ထက် "City of Water" ကို ပိုစောပြီးရောက်နိုင်တယ်

မျှော်လင့်ရတာပဲ

"Luffy" သင်္ဘောဆောက်တဲ့သူရှာဖို့တာဝန်ကို ငါ့ပဲလွှဲထားလိုက် အရမ်းလှတဲ့ကညာပျိုတစ်ယောက် ငါရှာခဲ့လိုက်မယ်

မင်းက အရူးလား ? သင်္ဘောဆောက်သမားအကြောင်း ငါတို့ပြောနေတာလေ

သူက တောင်ကုန်းလောက်ကြီးမားတဲ့သူဖြစ်ရမယ် ၅မီတာ ရှည်မယ်

ဒါပေမဲ့ သူကအရမ်းကြီးနေမယ်ဆိုရင် ငါတို့သင်္ဘောပေါ်မှာနေဖို့ အဆင်ပြေပါ့မလားဆိုတာ မသိနိုင်ဘူး

အားလုံးထက်အရေးကြီးတာက သူ့ကျွမ်းကျင်မှုပဲမဟုတ်လား ?

ပိုအရေးကြီးတာက ငါတို့ လူရှာတွေခဲ့ရင်တောင်

သူက ငါတို့ပင်လယ်ဓားပြသင်္ဘောနဲ့လိုက်ရလောက်အောင် ရူးပါ့မလားဆိုတဲ့ မေးခွန်းရှိသေးတယ်

ငါ ကြိုတွေးကြည့်မိတယ် ငါတို့တွေ သူငယ်ချင်းအသစ်ရတော့မှာဟ

ပထမဘူတာမှာရပ်ခဲ့မိလို့ ငါတို့ကံကောင်းသွားတယ် သူတို့က ငါတို့အတွက်မြေပုံဆွဲပေးလိုက်တယ်လေ

ငါတို့ မြေပုံထဲကနေရာကို အရောက်သွားကြမယ် ပြီးရင် "Iceberg" ဆိုတဲ့သူနဲ့ သွားတွေ့ကြမယ်

"ဒီနေရာတစ်ဝန်းက" "Water Seven"

ငါ သိလတ်ပြီ ...

သောက်ရမ်း ရိုးရှင်းအောင်ရေးဆွဲထားတယ်

ဝါး ... "Luffy" ပုံဆွဲတဲ့ အတိုင်းပါလား

"၅မီတာရှည်သော သင်္ဘောဆောက်သမား"

ဒါဆို ငါတို့အားလုံး ဒီပုံနဲ့တူတဲ့ကောင်ကို ရှာကြမယ်

အဲ့လိုကောင်သာ ရှိတယ်ဆိုလို့ကတော့ ငါထွက်ပြေးမှာ

ဟုတ်တယ် ... ငါရောပဲ ငါ့မှာ လှေတစ်စီးရှိမယ်ဆိုရင် ပင်လယ်ထဲထွက်ပြေးမယ်

ဒါပေမဲ့ ဒီကောင့်ကြည့်ရတာတော့ ရေဘဝဲနဲ့တူနေတာဆိုတော့

ပင်လယ်ထဲထိ ငါ့နောက်လိုက်လာမှာပဲ

မင်းတို့က ဘာလို့အသည်းသန်ပြေးနေကြတာလဲ ?

ငါ့ကောင်တွေ ဒီကိုလာကြမယ်

အဲ့ဒီမှာ ရက်သတ္တပတ်အထိကြာမှာဆိုတော့ မင်းတို့သုံးဖို့ ပိုက်ဆံပေးမယ်

တစ်ကယ်လား ? ရေး ... ငါ့ကိုအရင်ပေးပါ

အိုးဟိုး ... ဒါက ရက်ရောမှုပဲ

ဟေ့ကောင်တွေ တန်းစီကြဟ

ထောက်ပံ့ကြေး ! ထောက်ပံ့ကြေး ! ထောက်ပံ့ကြေး !

ဘာဖြစ်လို့လဲ "Usopp" ?

ဒီမှာရိုက်ထားတဲ့ သံဖြူအကာကြီးက ငါတို့ကျော်လွှားခဲ့တဲ့တိုက်ပွဲတွေနဲ့ စွန့်စားခန်းတွေကိုပြန်အမှတ်ရစေလို့ပါကွာ

သင်္ဘောကို မကြာခင်ပြန်ပြင်တော့မဲ့အကြောင်း စဉ်းစားမိတာနဲ့ ငါ့ရင်ဘတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း နာကျင်မှုတွေနဲ့ပြည့်လာတယ်

ငါ နားလည်ပါတယ် ... ဒါပေမဲ့ ဟမ် ?

အထူးသဖြင့် "Grand Line" ထဲရောက်ကတည်းက ငါတို့ခရီးစဉ်တစ်လျှောက်မှာ "Merry" အတော်လေးအပျက်စီးများနေပြီ

ကုန်းပတ်က ကွဲအက်သံတွေပြည့်နေသလို သင်္ဘောအောက်ခြေမှာလည်း ယိုစိမ့်မှုတွေကဆိုးရွားနေပြီ

မပြင်ဘဲထားမယ်ဆိုလို့ကတော့ ငါတို့အပါအဝင် သင်္ဘောအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်တယ်

ဟုတ်တယ် ဒါပေမဲ့ အခုငါတို့ဆီမှာ ပိုက်ဆံတွေအများကြီးရှိနေပြီ

သူ့ကို ပြီးပြည့်စုံအောင်ပြန်ပြင်နိုင်သလို စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းလာအောင်မြင့်တင်လာနိုင်ပြီ

ဟုတ်တယ် အမြောက်တွေ ထပ်ဆင်ကြရအောင်

ပြီးတော့ ဘုတ်ပြားပေါ်မှာလည်း ကြေးဝါရုပ်တုတစ်ခုတပ်မယ်

ဟေး ... အဲ့တစ်ခုမဟုတ်လား ?

ဟမ် ?

ကျွန်းကွ ... ငါတို့ကျွန်းကို မြင်နေရပြီ

ဟုတ်ပြီ ငါ့ကောင်တွေ လှော်ကြ

လေတိုက်နေတာက လုံလောက်ပါတယ် ငါတို့စွမ်းအင်တွေကို မဖြုန်းတီးကြနဲ့ဟ

More Burmese subtitles for One Piece

Mga Komento

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left