The Incredibles

The Incredibles

Lataa Burmese -tekstitys

Julkaisutiedot

The Incredibles
Kommentaari zalmen
Just Collection of burmese subtitles

Tunnisteet

other
Julkaistu: 2017-11-14
Lataukset: 81
Kuulovammaisille: No

Burmese tekstityksen esikatselu

200 ensimmäistä riviä.

- ဒါလာရဲ့လား - ကောင်းပါတယ်

ကျုပ်က နံရံတွေတော့ဖောက်နိုင်တယ် ဒါပေမဲ့..

- ရပါတယ် - ကျုပ်မလုပ်တတ်ဘူး

မစ္စတာအင်ခရက်ဒစ်ဘယ်လ်ရေ ရှင့်မှာ လျှို့ဝှက်ကိုယ်ရေးကိစ္စတွေ ရှိလား

လူစွမ်းကောင်းတိုင်းမှာ လျှို့ဝှက်ကိုယ်ရေးကိစ္စရှိပါတယ် အဲဒီလိုမျိုးမရှိတဲ့သူတော့ မကြားဖူးပါဘူး

အစွမ်းတွေရှိလို့ တစ်ချိန်လုံး ဖိအားရှိနေတာမျိုးတော့ ဘယ်သူကဖြစ်ချင်မှာလဲ

ကျွန်မမှာ လျှို့ဝှက်ကိုယ်ရေးကိစ္စရှိတာပေါ့

ရှင်တို့ ကျွန်မကိုဒီလိုပုံစံနဲ့ စူပါမားကတ်မှာ တွေ့ရပါ့မလား

အလက်စတီဂဲလ်အနေနဲ့ ဘယ်လိုလုပ်ဈေးဝယ်ထွက်ချင်ကြမှာလဲ

လူစွမ်းကောင်းအမျိုးသမီးတွေဆိုရင် သူတို့ရဲ့ကိုယ်ရေးကိစ္စတွေကို အမြဲပြောပြဖို့လုပ်နေကြတယ်

သူတို့ရဲ့ပတ်သက်မှုတွေ ဘာတွေကို ခိုင်မြဲစေတယ်လို့ ထင်နေတာဖြစ်မယ်

ကျုပ်ပြောဖူးတယ် ဟေ့ကောင်မလေး မင်းသဘောကောင်းပြီးရင်းနှီးတာတွေ မသိချင်ဘူး

အဲဒီလိုဟာမျိုးတွေပေါ့

မင်းက အရမ်းအရမ်း အလွန့်အလွန်ကို လျင်မြန်တဲ့သူလို့ ငါကိုပြောတယ်လေ

ကိစ္စမရှိဘူး ရပါတယ် ရပါတယ်

ကမ္ဘာကြီးကို ဘယ်လောက်ပဲကယ်ကယ်

အမြဲတမ်းအန္တရာယ်ထဲပဲ ရောက်နေတယ်

တစ်ခါတလေ လောကကြီးကို ကယ်ပြီးတဲ့အတိုင်းပဲထားချင်တယ်

နည်းနည်းတော့ အိမ်အကူလိုဖြစ်နေသလိုပဲ အခုပဲ ဒီအရှုပ်တွေကိုရှင်းလိုက်တယ်

၁၀ မိနစ်လောက်ပဲ ရှင်းရှင်းလင်းလင်းလေးထားလို့မရဘူးလား

ကျွန်မနားလည်ပါတယ်

- ကျေးဇူးပြုပြီး - နေပါဦး မထနဲ့ဦး

ကျွန်မတို့မပြီးသေးဘူးလေ

တစ်ခါတလေတော့ ကျုပ် ရိုးရှင်းတဲ့ဘဝလေးပဲလိုချင်မိတယ် သိလား

နည်းနည်းပါးပါးအပန်းဖြေမယ် မိသားစုတစ်စုတည်ထောင်မယ်

နေသားကျရမှာလား နောက်နေတာလား ကျွန်မအထွတ်အထိပ်ရောက်နေပြီလေ

အရေးကြီးတဲ့လူတွေနဲ့တွေ့နေရပြီ ကောင်မလေးတွေ လုပ်စမ်းပါ

ကမ္ဘာကြီးကိုကယ်တင်ဖို့ ယောက်ျားတွေကိုပဲ ယုံအပ်ထားမှာလား ကျွန်မတော့မထင်ဘူး

ကျွန်မတော့မထင်ဘူးနော်

အရေးကြီးသတင်း ကြားဖြတ်ကြေညာပါမယ်

လက်နက်ကိုင်သေနတ်သမားတစ်စုကို ရဲတွေက အသည်းအသန်လိုက်ဖမ်းနေကြပါတယ်

ဆန်ပါဘလိုရိပ်သာလမ်းကနေ မြောက်ဘက်ကိုသွားနေပါတယ်

လိုက်လံဖမ်းဆီးမှုနှင့် ဝေးကွာ

အင်း အချိန်ရပါသေးတယ်

လိုက်လံဖမ်းဆီးမှုနား နီးကပ် အလိုအလျောက်မောင်းစနစ်

ဖြတ်လမ်းမောင်းလမ်းကြောင်းပြောင်းလဲ

မစ္စတာအင်ခရက်ဒစ်ဘယ်လ်

- ဘာဖြစ်လို့လဲ မဒမ် - ကျွန်မကြောင်လေးစကွီကာ ပြန်ဆင်းမလာလို့

ရပါတယ် ဘေးမှာဖယ်နေပေးပါလို့ ပြောချင်ပါတယ် အန္တရာယ်ရှိမှာမို့လို့ပါ

ရပါတယ် သူက ယဉ်ပါတယ်

ဆင်းတော့လေ

ကျေးဇူးတင်ပါတယ် မစ္စတာအင်ခရက်ဒစ်ဘယ်လ် ခင်ဗျားထပ်ကူညီလိုက်ပြန်ပြီ

- ဟုတ်တယ် ခင်ဗျားကအတော်ဆုံးပဲ - မဟုတ်ပါဘူး ကျုပ်ကကူညီဖို့ပဲလာတာပါ

အားလုံးနားထောင်ကြပါ ခရီးသွားဘတ်စ်ကားလုယက်ခံရပါတယ်

ခရီးသွားဘတ်စ်ကားလုယက်ခံရတာလား ငါ့မှာအချိန်ရှိပါသေးတယ်

အရာရှိတို့ မဒမ် စကွီကာလေး

- မိုက်တယ် သွားဖို့အဆင်သင့်ပဲ - ဘာလဲဟ..

- မင်းကဘယ်သူလဲကွ - ကျွန်တော်က အင်ခရက်ဒစ်ဘွိုင်း

ဘာ မဖြစ်ဘူး

မင်းက ပရိသတ်အဖွဲ့က ဟိုကလေးပဲ

ဘရိုဖီ ဘရိုဒီ ဘက်ဒီ ဘက်ဒီ

ကျွန်တော့်နာမည်က အင်ခရက်ဒစ်ဘွိုင်း

ဒီမှာ ငါကောင်းခဲ့ပါတယ် ဓာတ်ပုံအရိုက်ခံတယ်

မင်းပေးတဲ့စာရွက်တွေမှာ လက်မှတ်ထိုးတယ် ဒါပေမဲ့ဒါကတော့

မဟုတ်ဘူး မဟုတ်ဘူး ခင်ဗျားကျွန်တော့်ကို လေ့ကျင့်ပေးစရာမလိုပါဘူး

ခင်ဗျားရဲ့လှုပ်ရှုားပုံတွေ တိုက်ခိုက်တဲ့ပုံစံတွေ

အကြိုက်ဆုံးဆောင်ပုဒ်တွေ အကုန်လုံးကိုသိတယ်

ကျွန်တော်ကခင်ဗျားရဲ့ နံပါတ် ၁ ပရိသတ်ပါ

ဟေး ဟေး နေဦး

မင်းသိလား

မိန်းမတစ်ယောက်ရဲ့ပိုက်ဆံအိတ်ကိုကြည့်ပြီး သူ့အကြောင်းသိနိုင်တယ်

ဒါပေမဲ့မင်းစိတ်ထဲမှာတော့ အဲဒီလိုမဟုတ်ဘူးထင်တယ်

ဟေး ဒီမှာ..

အလက်စတီဂဲလ်

မစ္စတာအင်ခရက်ဒစ်ဘယ်လ်

- ရတယ် ကိစ္စမရှိဘူး ငါလုပ်လိုက်မယ် - အင်းပေါ့ ရှင်မိပြီပဲ

- ရှင့်အတွက်သူ့ကိုဖမ်းပေးလိုက်တာ - အင်းပေါ့ မင်းမိတာလေ

- သူ ငါ့ကိုအာရုံစိုက်နေတုန်းလေ - ကျွန်မအလုပ် ကျွန်မစွန့်စားပြီးလုပ်တာလေ

- ငါ့အလုပ်ကို ပြောတာလား - ကျေးဇူးတင်ပါတယ်လို့ပြောရင်ပဲ ကျေနပ်မှာပါ

ကျေးဇူးပါပဲ ဒါပေမဲ့ ငါမင်းအကူအညီမလိုပါဘူး

အမျိုးသမီးဦးစားပေးစနစ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့

- မျှမျှတတဖြစ်ရမယ်ဆိုတဲ့စနစ်ကော - ဒီအမျိုးသမီးက ကျုပ်ကိုအရင်မိတာ

- ကျွန်မတို့ဝေမျှလို့ရပါတယ်နော် - ငါကတစ်ယောက်တည်းပဲ လုပ်တာ

ရှင်ပျော့နိုင်ပြောင်းနိုင်ဖို့တော့..

လိုမယ်ထင်တယ်နော်

ပြီးရင်ဘာလုပ်စရာရှိလဲ

ကျွန်မက စေ့စပ်ထားတယ်

မင်းကတော့ဒီမှာပဲနေခဲ့

ခဏနေရင် အမှိုက်ထုပ်လာသိမ်းလိမ့်မယ်

- ဟေး အင်ခရက်ဒစ်ဘယ်လ် - ဟေး ဖရော့ဇုန်

- မင်းအဆင်သင့်ဖြစ်နေရမှာ မဟုတ်ဘူးလား - အချိန်ရှိပါသေးတယ်

သူခုန်တော့မယ်

ငါတော့ အရိုးကျိုးပြီးထင်တယ်

အကြံပေးချင်တာကတော့ ကျုပ်ကိုခွင့်လွှတ်ပေးဖို့ပါ

နေပါဦး

ဘုံးဗိုယာ့ဂ်ျ

မစ္စတာအင်ခရက်ဒစ်ဘယ်လ်

ပြီးတော့ အင်ခရက်ဒစ်ဘွိုင်းရောပဲ

အင်ခရက်ဒစ်ဘွိုင်းလား

ဟေး ဟေး ကျွန်တော်ဘယ်လိုလုပ် မြန်မြန်ကြီးရောက်လာလဲ မသိချင်ဘူးလား

တွေ့လား ကျွန်တော့်မှာဒုံးပျံဖိနပ်တွေနဲ့

- အိမ်ပြန်တော့ ဘက်ဒီ အခု - ဘာ

- ငပေါလေး - ကျွန်တော်တို့စကားပြောလို့ရမလား

ခင်ဗျားက ကိုယ့်ကိုယ်ကို အမြဲ မှန်မှန်ကန်ကန်နေဖို့ပြောတယ်

ဒါပေမဲ့ ဘယ်ဟာကို ဆိုလိုတာမှန်းမသိဘူး

ကျွန်တော်ဘယ်သူလဲဆိုတာသိပြီ ခင်ဗျားရဲ့အစောင့်အရှောက်ပဲ

အင်ခရက်ဒစ်ဘွိုင်း

အဲဒါတော့ တော်တော် များသွားပြီကွာ ဘက်ဒီ

ကျွန်တော့်မှာစွမ်းအားတွေ မရှိတာကြောင့်မဟုတ်လား

လူစွမ်းကောင်းတိုင်း စွမ်းအားရှိတာမဟုတ်ပါဘူး

ခင်ဗျားကဒါတွေမပါလည်းလူစွမ်းကောင်းပါပဲ ကျွန်တော်ကတော့ ဒါတွေတီထွင်ထားတယ်

ကျွန်တော်ပျံသန်းနိုင်တယ် ခင်ဗျားကောပျံနိုင်လား

အိမ်ကိုပျံသွားစမ်းပါ ဘက်ဒီ ငါကတစ်ယောက်တည်းပဲလုပ်တာ

မင်းဝတ်စုံက ရယ်စရာကြီးကွာ

ကျွန်တော့်ကိုအခွင့်အရေးပေးပါ ကျွန်တော်လုပ်ပြမယ် ရဲတွေသွားခေါ်လိုက်မယ်

- ဘက်ဒီ မလုပ်နဲ့ - ခဏလေးပဲကြာမှာပါ တကယ်

ရပ်ဦး ဗုံးရှိတယ်

ဟေးလွှတ် ခင်ဗျားက ကျွန်တော့်ပျံသန်းပုံကိုဖျက်ဆီးနေတာပဲ

- ခင်ဗျားလွှတ်ပေးရင်လုပ်နိုင်တယ် - မင်း..

- ငါကကူဖို့လုပ်နေတာ ရပ်တော့ - ဝတ်ရုံကိုလွှတ်လိုက်

သူ့ကိုအိမ်ခေါ်သွားလိုက် သူဘာလုပ်နေလဲဆိုတာ သူ့အမေသိအောင်ပြောလိုက်

ခင်ဗျားကိုကူနိုင်ပါတယ် မှားနေ..

- ခုန်ချပြီးဒဏ်ရာရသွားတဲ့သူ ဆေးအကူခေါ်ထားလား - သူ့ကိုခေါ်သွားပါပြီ

ကျုပ်မိလိုက်တဲ့ ဘဏ်ကိုဖောက်ခဲ့တဲ့ ဘုံးဗိုယာ့ဂ်ျဆိုတဲ့လူက

ဒီအဆောက်အအုံကို ဖောက်ခွဲလိုက်တာ

သူ့ကိုဘောင်ကျဉ်းပြီးဝိုင်းလိုက်နိုင်ရင် ဖမ်းလို့ရမှာပါ

- သူလွတ်သွားတယ်လို့ပြောတာလား - အင်းဟုတ်တယ်

- ဒီကစကစ်ပီကြောင့်ပေါ့ - အင်ခရက်ဒစ်ဘွိုင်းပါဗျ

မင်းငါနဲ့ပေါင်းလို့ရမှာမဟုတ်ဘူး ဒုက္ခပဲ နောက်ကျနေပြီ

ဒီမှာ ကျုပ်သွားရတော့မယ်

ဘုံးဗိုယာ့ဂ်ျကိုဘယ်လိုလုပ်မလဲ

နောက်တစ်ညညတော့ ကျုပ်ကိုယ်တိုင်သူ့ကိုရှာမှာပါ အခုတော့သွားရတော့မယ်

စိတ်မပူပါနဲ့ ကျုပ်တို့သူ့ကိုဖမ်းမိမှာပါ တဖြည်းဖြည်းချင်းပေါ့

- ဟေး နောက်မကျသေးပါဘူးနော် - အရမ်းနောက်ကျနေပြီ

- ငါဘယ်လိုနေလဲ ကြည့်ကောင်းလား - မင်းမျက်နှာဖုံးမချွတ်ရသေးဘူး

အချိန်ကျပြီ

ရောဘတ်ပါးရ် သင်ဟာ ဒီအမျိုးသမီးကို တရားဝင်ဇနီးအဖြစ်ပေါင်းသင်းမှာလား

ရှင်နောက်ကျတယ်

ပြီးရင် ဘာလုပ်စရာရှိလဲလို့ ရှင်မေးတုန်းက

ရှင်တကယ်မေ့သွားပြီဆိုတာ ကျွန်မမသိလိုက်ဘူး

- တော်တော်ကျီစယ်တာပဲလို့ထင်ခဲ့တာ - တော်တော်ကျီစယ်တာပဲ

စောင့်နေရတာတော်တော် ကြာသွားပြီ ရှင်မသိဘူးလား

မင်းပြောင်းနိုင်စောင့်နိုင်ဖို့တော့ လိုမယ်နော်

ကျွန်မရှင့်ကိုချစ်ပါတယ် ဒါပေမဲ့ ကျွန်မတို့အဆင်ပြေအောင်လုပ်ဖို့ကတော့

မစ္စတာအင်ခရက်ဒစ်ဘယ်လ်ထက်တော့ ပိုပြီးနေတတ်ရမယ်

ရှင်သိတယ်မဟုတ်လား

- သင်တို့နှစ်ယောက်ရေရှည်ပေါင်းသင်းနိုင်မလား - ပေါင်းသင်းပါ့မယ်

ဒီစုံတွဲအား အကြင်လင်မယားမြောက်ကြောင်း ကြေညာလိုက်ပါတယ်

ကျွန်မတို့နှစ်ယောက်လုံးတူတူရှိနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး

ဟေး ကိုယ်တို့ကလူစွမ်းကောင်းတွေပါ ဘာဖြစ်မှာမို့လို့လဲ

အံ့အားသင့်ဖွယ်ရာဖြစ်ရပ်တစ်ခုကတော့ လူတစ်ယောက်အကယ်တင်မခံချင်တာကို

ကယ်ခဲ့တဲ့အတွက် လူစွမ်းကောင်း တစ်ယောက် တရားစွဲခံထားရပါတယ်

တရားလိုကတော့ အိုလီဗာဆန်ဆွိဖြစ်ပါတယ်

မစ္စတာအင်ခရက်ဒစ်ဘယ်လ်ကြောင့် သူ့ကိုယ်သူသတ်သေဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး

ဒါကြောင့် အထက်တရားရုံးမှာ ကျော်ကြားတဲ့လူစွမ်းကောင်းကြီးကို တရားစွဲထားပါတယ်

မစ္စတာဆန်ဆွိက ကယ်တင်ဖို့မပြောခဲ့ပါဘူး အကယ်တင်မခံချင်ခဲ့ပါဘူး

မစ္စတာအင်ခရက်ဒစ်ဘယ်လ်လုပ်လို့ ရခဲ့တဲ့ဒဏ်ရာတွေကြောင့်

- သူနေ့တိုင်းနာကျင်နေရတယ် - ဟေး ကျုပ်ခင်ဗျားကိုကယ်ခဲ့တာ

မင်းကငါ့အသက်ကိုကယ်တာမဟုတ်ဘူး ငါသေဖို့လုပ်တာကို ဖျက်ဆီးလိုက်တာပဲ

- နားထောင်စမ်း - ကျုပ်အမှုသည်က အခုချိန်မှာ ပြောစရာမရှိပါဘူး

နောက်ငါးရက်အကြာ အယ်လ်ရထားမတော်တဆမှုမှာ ခံခဲ့ရသူတွေက ထပ်ပြီးတရားစွဲပြန်တယ်

အင်ခရက်ဒစ်ဘယ်လ်ရဲ့တရားရှုံးမှုဟာ အစိုးရကိုသန်းပေါင်းများစွာကုန်ကျစေပါတယ်

ကမ္ဘာတစ်ဝှမ်းမှာလည်း လူစွမ်းကောင်းတွေကို တရားစွဲတဲ့ဖြစ်ရပ်တွေပေါ်ပေါက်ခဲ့ပါတယ်

သူတို့ရဲ့လျှို့ဝှက်ကိုယ်ရေးကိစ္စက သူတို့ရဲ့တစ်ခုတည်းသော တည်ရှိမှုဖြစ်လာပါတော့မယ်

အခုအချိန်မှာ ကျွန်မတို့နဲ့ပူးပေါင်းမလား ထွက်သွားမလား

ကြောက်မက်ဖွယ်ပြည်သူတွေရဲ့ဖိအားနဲ့ မြင့်တက်လာတဲ့ တရားရင်ဆိုင်ရေး

ငွေကြေးဝန်ထုပ်ဝန်ပိုးတွေကြောင့်

အစိုးရက လူစွမ်းကောင်းပြန်လည်နေရာချထားရေး အစီအစဉ်ကို တိတ်တိတ်လေးလုပ်ဆောင်နေပါတယ်

လူစွမ်းကောင်းတွေ အရင်က လုပ်ခဲ့တာတွေကို ဖျောက်ပစ်ဖို့အတွက်

လူစွမ်းကောင်းလုပ်ရပ်တွေ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ရပါတယ်

သူတို့အခုဘယ်တွေရောက်နေလဲ

လူတွေကြားထဲမှာသူတို့ရှိနေပါတယ် သာမန်ပြည်သူ သာမန်သူရဲကောင်းတွေပေါ့

ကမ္ဘာကြီးကိုပိုကောင်းအောင်လုပ်ဖို့ လူမသိသူမသိနဲ့တိတ်တိတ်လေးဆက်လုပ်နေကြပါတယ်

ငြင်းလိုက်တာလား ငါတောင်းဆိုတာကို ပယ်လိုက်တာလား

ငါနားမလည်ဘူး ငါ့မှာအချက်အလက်အပြည့်အစုံပါတာပဲ

စိတ်မကောင်းပါဘူး မစ္စစ်ဟိုဂန်ဆန်

ကျွန်တော်တို့ရဲ့တာဝန်ယူမှုအပိုင်းက အပိုဒ် ၁၇ မှာဖော်ပြထားပါတယ်

- ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ် - ငါမပေးနိုင်ဘူး

တစ်ဆိတ်လောက် တောင်းဆိုရေးဌာနက ဘော့ဘ်ပါးရ်ပါ

အမှတ်တရပွဲလေးကျင်းပမလားလို့ ခေါ်လိုက်တာ

ကျွန်မတို့အခုတရားဝင် အိမ်ပြောင်းပြီးပြီဆိုတော့

အင်း ကောင်းတာပေါ့ အချစ်ရယ်

ပြီးခဲ့တဲ့ ၃ နှစ်ကို ထည့်မတွက်နဲ့ ဘာလို့လဲဆိုတော့

ဘာလို့လဲဆိုတော့ နောက်ဆုံး သေတ္တာပုံးကို အခုမှဖောက်လိုက်တာဆိုတော့

- ဘာလို့ပစ္စည်းစုတ်တွေများနေရတာလဲ - နားထောင်ဦး မိန်းမရယ် ဧည့်သည်ရှိနေတယ်

မပြောနဲ့တော့ အာမခံပေါ်လစီစာချုပ် တစ်ခုစီချင်းနဲ့ကမ္ဘာကြီးကို ကယ်ဦးနော်

ကလေးတွေကို ကျောင်းမှာသွားကြိုရဦးမယ် ညကျတွေ့မယ်နော်

ဘိုင့် မိန်းမ တစ်ဆိတ်လောက် ကျွန်တော်တို့ပြောတာဘယ်ရောက်ပြီလဲ

ငါက ပင်စင်လခနဲ့စားနေရတာ

မင်းမှငါ့ကိုမကယ်ရင် ငါဘာလုပ်ရမလဲမသိတော့ဘူး

ကောင်းပြီ သေချာနားထောင်ပါ ကျွန်တော်ကူညီချင်ပါတယ် ဒါပေမဲ့မရဘူး

ခင်ဗျားရဲ့အာမခံပေါ်လစီစာချုပ်ကို မိတ္တူကူးပြီး နော်မာဝီလ်ကော့ဆီယူသွား..

နော်မာဝီလ်ကော့ ဒဗလျူ အိုင် အယ်လ် စီ အို အိတ်စ် တတိယထပ်မှာ ကျွန်တော်ကတော့မရဘူး

ဒုတိယထပ်က တရားဥပဒေဌာနမှာ ဒဗလျူအက်စ် ၂၄၇၅ ပုံစံကို

မဖြည့်ဖို့ အကြံပေးလိုက်မယ်

ဒီကိစ္စကို ဖြေရှင်းဖို့ တစ်ယောက်ယောက် ခင်ဗျားဆီအမြန်ရောက်လာမှာမျိုးမဖြစ်စေချင်ဘူး

ကျွန်တော်ကူညီချင်ပါတယ် ဒါပေမဲ့ ကျွန်တော်လုပ်ပေးနိုင်တာမရှိဘူး

- ကျေးဇူးတင်လိုက်တာ လူငယ်လေးရယ် - စိတ်မကောင်းပါဘူး ခင်ဗျားစိတ်ပျက်သွားတာသိပါတယ်

စိတ်ပျက်သွားတဲ့ပုံဟန်ဆောင်သွားလိုက်

ပါးရ်

ဝေါလ်ကာစာချုပ်မှာ ပေးမယ့်ပုံစံကို မင်းခွင့်ပြုလိုက်တယ်

သူတို့အိမ်အဖောက်ခံလိုက်ရတယ် မစ္စတာဟပ်

သူတို့ရဲ့အာမခံပေါ်လစီတွေက..

သူတို့ဘယ်ပေါ်လစီနဲ့ပဲ အကျုံးဝင်ဝင် ငါမသိချင်ဘူး

သူတို့ပေါ်လစီအကျုံးဝင်မှုကို မပြောနဲ့

အင်ရှူရီကဲအတွက် မင်းဘယ်လိုတွေ လုပ်ပေးနေလဲဆိုတာ ငါ့ကိုပြောစမ်း

မင်းဆီဖုန်းခေါ်တဲ့ ကံဆိုးတဲ့သူတိုင်း သနားစရာကောင်းတဲ့သူတိုင်းကို

ဘယ်လိုလုပ်ပြီး ငွေထုတ်ပေးနေရတာလဲ

မနက်ပိုင်းအချိန်ပြီးပါပြီ မနက်ပိုင်းအချိန်ပြီးပါပြီ

ဒီကိုလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စစ်ပါးရ်

More Burmese subtitles for The Incredibles

Kommentit

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left