200 ensimmäistä riviä.
မင်းငါတို့ကိုခေါ်လိုက်တာ ကောင်းတယ်
ကျွန်တော်ဘာဖြစ်မှန်း မသိပါဘူး
ကျွန်တော်တို့ဘားမှာ အရက်သောက်
ပျော်ပါးနေကြတာ
ဒီကိုဘယ်လိုရောက်လာမှန်းတောင် မသိပါဘူး
မြန်မြန်လုပ်စမ်းပါ ကောင်မလေးအတွက် အချိန်မရှိတော့ဘူး
ကျွန်တော့်ကိုခင်ဗျားပဲ ကူညီနိုင်မှာပါ
ပြောစမ်း ပြောစမ်း
ငါသိချင်တာပြောပြ
သူတို့ကျွန်တော့်ကို သတ်လိမ့်မယ်
မင်းငါ့ဆီက အကူအညီတောင်းတာလေ
ပြောစမ်း
ပြောပါတော့
မီနစ်
နာမည်... နာမည်လေးပဲပြောစမ်း
မီဒိရပ်
ဘာလုပ်မလဲ
သောက်လိုက်ဦး
ချီးယားစ်
အရှုပ်တွေရှင်းတော့
ငြိမ်အောင်ထိန်းထား
သတိရပါတော့
သတင်းရလိုက်လား
ရလိုက်တယ်
ရုပ်ရှင်ကြည့်မလားရှင် မစ္စတာရိုစင်
တော်ပြီ ကျေးဇူးပဲ
ရုပ်ရှင်ကြည့်မလားရှင် မစ္စတာဖဲစ်
တော်ပြီ... ရုံမှာကြည့်ရတာပိုကြိုက်တယ်
ယူကရိန်းရုပ်ရှင်ဆိုရင်ရော
ငါ့အတွက် မင်းရွေးပေးရင်ပေါ့လေ
ကျေးဇူးတင်ပါတယ်
မင်္ဂလာမနက်ခင်းပါ မစ္စတာဖဲစ်
အခု ခင်ဗျားကြည့်နေရတဲ့သူက အဲလစ်ဇန္ဒားဂိုလစ္စင်ပါ
ပရာ့ဂ်မှာရှိတဲ့ ကျုပ်တို့သံရုံးရဲ့ သံအရာရှိ
ပြီးတော့ သစ္စာဖောက်
စီအိုင်အေရဲ့ နော့ခ်စာရင်းတစ်ဝက်ကို ခိုးသွားတယ်
အရှေ့ဥရောပမှာ ငါတို့ရဲ့ အသွင်ယူလှုပ်ရှားနေတဲ့ အေးဂျင့်စာရင်းပေါ့
လုံခြုံရေးအတွက် နော့ခ်စာရင်းကို နှစ်ပိုင်းခွဲထားတယ်
ဂိုလစ္စင်ခိုင်းသွားတာက နာမည်ကုဒ်တွေပါတဲ့အပိုင်းပဲ
ဒါပေမဲ့ ကျန်တဲ့တစ်ဝက်မပါရင် ဘာမှသုံးမရဘူး
နာမည်ကုဒ်တွေကို နာမည်အစစ်နဲ့တွဲမှရတာလေ
သံရုံးမှာ မနက်ဖြန်ညကျင်းပမယ့် ဧည့်ခံပွဲမှာ...
ကျန်တဲ့တစ်ဝက်ကို ခိုးဖို့ကြိုးစားလိမ့်မယ်
ဂျင် ခင်ဗျားရဲ့တာဝန်က နော့ခ်စာရင်းကို သူခိုးနေတဲ့
ဓာတ်ပုံသက်သေရအောင်ယူပြီး ၀ယ်လက်နဲ့ ဆက်သွယ်တဲ့ထိ
ခြေရာခံပြီး နှစ်ယောက်လုံးကို အမိဖမ်းဖို့ပဲ
ခင်ဗျားနဲ့ တွဲလုပ်နေကျ အဖွဲ့ကို လွှတ်လိုက်ပြီ
ဆာရာဒေဗီးစ်ကို အတွင်းလူအဖြစ်လွှတ်ထားတယ်
ဂျက်ခ်ဟာမွန်က သူမဖောက်နိုင်တဲ့ လုံခြုံးရေးစနစ်မရှိဘူး
ဟန်နာဝီလျံစ်က စောင့်ကြည့်တဲ့တာဝန်ယူလိမ့်မယ်
ခင်ဗျားအမျိုးသမီး ကလဲရာက ပို့ဆောင်ရေးတာဝန်
ထုံးစံအတိုင်း အီသန်ဟန့်ကတော့ ခင်ဗျားရဲ့ အဓိကလူပေါ့
သူအခု ကီရက်ဗ်မှာ... ခင်ဗျားရွေးထားတဲ့ ပရာ့ဂ်က
ခိုလှုံရာဆုံမှတ်ကို ရောက်လာလိမ့်မယ်
ခင်ဗျားနဲ့ အိုင်အမ်အက်ဖ်အေးဂျင့်တစ်ယောက်ယောက်
ဖမ်းမိတာတို့ အသတ်ခံရတာတို့ရှိရင်
ခင်ဗျားတို့လှုပ်ရှားမှုနဲ့ ပတ်သတ်သမျှကို ၀န်ကြီးက ခေါင်းခံမှာမဟုတ်ဘူး
ဒီတိတ်ခွေက ၁၅ စက္ကန့်နေရင် အလိုလိုပျက်စီးလိမ့်မယ်
ကံကောင်းပါစေ ဂျင်
လုပ်ရမှာက ရှင်းရှင်းလေးပဲ
ဂိုလစ္စင် နော့ခ်စာရင်း ခိုးနေတာကို ဓာတ်ပုံသက်သေယူမယ်
သူ့ဝယ်လက်ဆီသွားတာကို နောက်ယောင်ခံလိုက်မယ်
နှစ်ယောက်လုံးကို အမိဖမ်းရမယ်
လုပ်ရမှာတွေ ပြောမယ်
အီသန် မင်းက သံရုံးမှာ အသွင်ယူပြီးလှုပ်ရှားရမယ်
လူသတိမထားမိတဲ့အသွင်ယူရမယ် ဖြစ်နိုင်ရင်ရာထူးအမြင့်ဆုံးဖြစ်ရမယ်
- အသင့်ပဲလား - အသင့်မဖြစ်လို့မှမရတာ
ဆာရာ မင်းက သံရုံးရဲ့ဧည့်သည်
ဝါရှင်တန်က ဆက်ဆံရေးအရာရှိအနေနဲ့ ဧည့်ခံပွဲကို ကြိုရောက်နေရမယ်
အီသန်နဲ့ ချိတ်ဆက်ပြီးတော့ အတူတူလှုပ်ရှားရမယ်
ကျွန်မမှာ ပွဲတက်ဝတ်စုံမရှိဘူး
မင်းကြံနိုင်ဖန်နိုင်မှာပါ
မင်းက ဟန်နာအတွက် ဂိုလစ္စင်ကို အမှတ်အသားလုပ်ပေးရမယ်
ဟန်နာ သံရုံးထဲမှာ သူရှိနေသရွေ့ မျက်ခြည်မပြတ်ဖို့က မင်းတာဝန်
- အမြင့်ပိုင်းမှာနေပြီး သူ့ကိုစောင့်ကြည့် - အေးဆေးပါ
- ဂျက် - ပြောလေ
ဓာတ်လှေကားမှာ လက်ဗွေလုံခြုံရေးစနစ်ရှိတယ်
ဒါဆို ပွဲတက်ရမယ့်အထဲ ကျွန်တော်မပါဘူးပေါ့
ဖွင့်ပေး ပိတ်ပေး ပြီးရင်ထွက်
လုံးဝခြေရာဖျောက်ရမယ်
ကလဲရာ မင်းက အပြင်ဘက်က ကားထဲမှာနေရာယူ
ဂိုလစ္စင် သံရုံးအပြင်ရောက်တာနဲ့ ဟန်နာနဲ့ဆုံပြီး
- သူ့ကို ခြေရာခံလိုက်ပါ - ကောင်းပြီလေ
တစ်ခုခုဖြစ်တာနဲ့ ငါဖျက်သိမ်းတယ်လို့သတိပေးမယ်
အားလုံး ရောက်တဲ့နေရာကနေ ချက်ချင်းဆုတ်ခဲ့ပေတော့
မနက် ၄ နာရီမှာ ဒီမှာပြန်ဆုံမယ် ၄ နာရီတိတိနော်
မရှင်းတာရှိလား
ရှိတယ်
ကပ္ပချီနိုကော်ဖီစက်လေး ထားပေးပါ့လား
ဒီကော်ဖီအရသာက ဘာမှန်းကိုမသိဘူး
ငါကတော့ ရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ ကော်ဖီလို့ခေါ်တယ်
- ငါဖျော်ထားတာနော် - ထင်သားပဲ
ကီရက်ဗ်ကစပါးကျီထဲမှာ ခိုနေတုန်း မင်းဖျော်တဲ့ ရွှံ့ရည်ထက်တောင်
- အရသာက ပိုဆိုးနေသလိုပဲ - ကျေးဇူးပဲ
ငါ့မိန်းမ ကော်ဖီကို တော်ရုံပြောပါကွာ
- ကီရက်ဗ်မှာ ခင်ဗျားကိုလွမ်းနေတာ ဂျင် - ငါလည်း လွမ်းနေတာ အီသန်
ခင်ဗျားလူသစ်စုတဲ့တာဝန် သွားလုပ်နေရတာလား
ဒီတစ်ခါ ခင်ဗျားကို ဘယ်မှာနေခိုင်းလဲ ဈေးရုံထဲမှာလား
ချီကာဂိုက ဒရိတ်ခ်ဟိုတယ်မှာ
မိုက်ပြီဟေ့
- အချိန်ပြည့်ဝန်ဆောင်မှုနဲ့ - သွားလေရာကားပါတယ်
သုံးချင်တိုင်းသုံးလို့ရတဲ့ ငွေစာရင်းနဲ့
- အသက်ကြီးမှ သာယာနေတာ - ဟုတ်ပ ကြည့်ပါဦးကွာ
ကဲ နားထောင်ကြ
အဲဒီနာမည်စာရင်းမှာပါတဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ
တာဝန်ကျနေတဲ့ ငါတို့အေးဂျင့်စာရင်း ပေါက်ကြားသွားရင်
အကြီးဆုံးရာဇ၀တ်သားတွေက အပြိုင်ဆွဲကြတော့မှာ
အကြမ်းဖက်သမားတွေ လက်နက်မှောင်ခိုသမားတွေ မူးယစ်ဆေးဘုရင်တွေပါတယ်
ငါတို့လို သက်ရှည်သူလျှိုတွေကို သုတ်သင်ချင်တဲ့လူတိုင်းပါမယ်
အဲဒီစာရင်းသာပေါက်ကြားရင် သုတ်သင်ခံရမှာ
ဒီတော့ ငါကဒီကနေ အားလုံးကို ထိမ်းချုပ်ညွှန်ကြားမယ်
အားလုံးကိုယ့်တာဝန်ကိုယ် သိပြီနော် အသေးစိတ်စီစဉ်ရအောင်
ဒီကြားထဲမှာ ကင်မရာတပ်ထားတယ်
မင်းမြင်သမျှကို ရိုက်ပြီးတော့ ငါ့ဆီကို ပြန်ပို့ပေးလိမ့်မယ်
တွေ့လား
ငါပြောတာကြားလား
- ကြားရတာပေါ့ - မဟုတ်ဘူးလေ မင်း...
နားကြပ်လိုသေးတာပေါ့
မင်းမျက်လုံးလေးတွေ လှလိုက်တာ
- အခုကြားပြီလား - ရှင်းနေတာပဲ
သူ့ကိုလာကြိုတဲ့ကားရှိလည်း
ဘယ်လိုပဲဖြစ်ဖြစ် မျက်ခြည်မပြတ်စေနဲ့
နေ့လယ်လောက်ကျရင်
အဲဒီနားတစ်ဝိုက်လမ်းတွေကို ကားမောင်းကြည့်ထား
လမ်းတွေက သေလောက်အောင် ရှုပ်တယ်
တစ်မနက်လုံး ကျွန်မဘာလုပ်နေတယ်လို့ထင်လဲ
- ဝေါ့တ်ဇာကို သုံးမလို့လား - သူ့ပဲသုံးရမှာပဲ
တပ်မတော်ကြားနားပွဲမှာ သူကဦးစီးနေတာမလား
ဒီတစ်ပတ်မရှိဘူး ဒီတစ်ပတ် သူငါးဖမ်းထွက်မှာ
ကောင်တီကီလ်ဒဲလ်က ကုန်းမြင့်ပိုင်းမှာ ငါတို့ရဲ့...
- အတော်ဆုံးအိုင်ယာလန်လမ်းပြတွေနဲ့လေ - ကောင်းရော
အခုလတ်တလောတော့ ပြန်လာနိုင်မှာမဟုတ်ဘူး
မသက်ဆိုင်တဲ့ လုပ်ရပ်တွေ
အခြေခံဥပဒေနဲ့ မကိုက်ညီတာတွေ
ကျွန်တော့်အမြင်မှာတော့
အမတ်မင်းအခုပြောတာကို ကြည့်ရတာ ၁၉၇၀ ခုနှစ်ပိုင်းက
အမတ်ဖရန့်ခ်ချာ့ခ်ျ ခေါင်းဆောင်ခဲ့တဲ့ တာဝန်ကိုလိုချင်နေသလိုပဲ
ဒီနိုင်ငံရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
- လုပ်ရပ်တွေကို ဖျက်ဖို့ပဲ - မဟုတ်ဘူး ဂျွန်
ကျုပ်သိချင်တာက အဲဒီအဖွဲ့ဝင်တွေက ဘယ်သူတွေဆိုတာနဲ့
ပြည်သူ့အခွန်ကို ဘယ်လိုပုံနဲ့ အသုံးပြုနေလဲဆိုတာပါ
ကျုပ်နောက်ဆုံးသုံးသပ်ရသလောက်က ဒီမိုကရေစီဆိုတဲ့ စနစ်နဲ့အုပ်ချုပ်နေတာပါ
ဒီအတိုင်း ပီကေပြားလေးပဲနော်
- မဟုတ်ဘူးလား - မဟုတ်ဘူး
အနီရောင်နဲ့ အစိမ်းရောင်...
ရွေးလို့မရအောင် ပိတ်မိနေပြီဆိုရင် အရောင်နှစ်ခုလုံးကို ရောပစ်လိုက်
မင်းတော့လွတ်အောင်ရှောင်ပေါ့ကွာ
ပြေးဖို့ ၅ စက္ကန့်အချိန်ရမယ်
ဝါးစားမပစ်နဲ့နော်
အီသန် ဂျက်ခ်အထဲရောက်ပြီ
လှုပ်ရှားတော့
နေကောင်းတယ်နော် အမတ်မင်း
ကျွန်တော်က သံအမတ်ရဲ့ လက်ထောက်ရန်းဒ်ဟောက်စ်မင်ပါ
- ဟဲလို မစ္စတာဟောက်စ်မင် - ပြဇာတ်ဘယ်လိုနေလဲ
ပျင်းစရာကြီးပါဗျာ
ဒီဧည့်ခံပွဲမှာတော့ အမတ်မင်းကို ကျွန်တော်လမ်းပြနိုင်ကောင်းပါရဲ့
- နေကောင်းတယ်နော် အမတ်မင်း - သူ့အမျိုးသမီး မစ္စစ်ရေ့ဒ်ပါ
၂၃ နာရီမတိုင်ခင် တံခါးဖွင့်နော်
- ပရာ့ဂ်မြို့တော်ဝန် ပတ္တာဘရန်ဒဲလ်ပါ - နေကောင်းပါတယ်နော်
သူကတော့ မစ္စစ်ဘရန်ဒဲလ်
ကျွန်မကိုမမှတ်မိဘူးမလား
ဘာလို့မမှတ်မိရမှာလဲ နေကောင်းတယ်နော် မစ္စနော်မန်
ပစ်မှတ်ရောက်လာပြီ လှေကားမှာ
မစ္စတာဂိုလစ္စင် တွေ့ရတာဝမ်းသာပါတယ်
ဟန်နာ
မြင်ကွင်းပြောင်းတော့
ဆာရာ ပစ်မှတ်ကို အမှတ်အသားလုပ်ပြီး သတ်မှတ်နေရာကို သွားတော့
ရှင့်လက်ထောက်တွေပြောတာတော့ ရှင်က သံရုံးကို လှည့်ပတ်ကြည့်ချင်တယ်ဆို
ဒါကြောင့် ကျွန်မစီစဉ်ထားပါတယ် ခွင့်ပြုပါဦး
ဒီဘက်ကိုလာပါ ကျေးဇူးပဲနော်
ကောင်းကြရော
သံရုံးတစ်ခုလုံးမှာ ခွင့်ပြုမိန့်ရသူတွေပဲ
ဝင်လို့ရတဲ့ တစ်ခုတည်းသော ကန့်သတ်နယ်မြေပေါ့
နေရာယူပြီးပြီ
- ဒီမှာခင်ဗျ ဘာများကူညီရမလဲ - အားနာလိုက်တာ
ရှင်မြင်တဲ့အတိုင်း မရိမ်းတပ်သားအစောင့်တွေ လုံခြုံရေးကင်မရာတွေနဲ့လေ
ဒီနေရာကြီးက... ခဏလေးနော် ဆောရီး
တစ်နေရာရာထည့်မိလိုက်တာ
တပ်ကြပ်ကြီး ဒီညမှာ ဘာလို့ယူနီဖောင်းဝတ်မထားတာလဲ
အရပ်သားအ၀တ်အစားနဲ့ လှုပ်ရှားဖို့ အမိန့်ပေးထားလို့ပါ
ပြန်လာခဲ့ပါမယ်
ဒါနဲ့ အမတ်မင်းရဲ့ဝန်ထမ်းထဲမှာ ဂျက်ခ်ဆိုတဲ့တစ်ယောက်ရှိလား
ဂျက်ခ်လား... ရှိတယ်ထင်တယ်
သိပ်အားမကိုးရတဲ့ဝန်ထမ်းပေါ့ ကျုပ်မှတ်မိသလောက်တော့ သူ့အလုပ်ကို...
ဘယ်တော့မှ အချိန်မီမလုပ်နိုင်ဘူးလေ
ကျုပ်ရဲ့ အမြန်ဆုံးမြင်းနောက်မှာ သူ့ကိုချည်ပြီး စပါးကျီပတ်လည်မှာ
၁ ရက် ၂ ရက်လောက်...
ဒရွတ်တိုက်ဆွဲလိုက်မှ မှတ်မှာ
မလောကြစမ်းနဲ့ ငါလည်းလုပ်နေတာပဲ
အားနာလိုက်တာ
- ကျေးဇူးပဲ - ကောင်းသောညနေခင်းပါ
ကျေးဇူးပဲနော်
ဆာရာနဲ့ ချိန်းတွေ့ခွင့် ပိတ်လိုက်ပြီ
နည်းနည်းမြှင့်ဦး
ကန့်သတ်နယ်မြေကို ဦးတည်ပြီးလာနေပြီ
ထွက်တော့ အီသန်
မင်းတို့ဆီကို လာနေပြီ
ဂျက်ခ်
ဂျက်ခ် ငါတို့ရောက်နေပြီ
No comments yet. Be the first to leave one.