Baaki Itihaas

Baaki Itihaas

دانلود زیرنویس Burmese

هماهنگ با نسخه‌های زیر

Baaki Itihaas (2017)
ناشر Kzinaung

برچسب‌ها

other
تاریخ انتشار: 2018-01-18
تعداد دانلود: 31
مخصوص ناشنوایان: No

پیش‌نمایش زیرنویس Burmese

نخستین 200 خط.

ရှရက်ပ်

ဒါဘာလဲ

ရှင်မနေ့ကလည်း မီတာသွားမဆောင်ပြန်ဘူး

မေ့သွားတယ်ကွာ

ကိုယ့်အင်္ကျီအိတ်ထဲ သွားထည့်ထားလိုက်

ထည့်ထားတာပဲလေ

ရှင်ကောလိပ်ကို မသွားခင် သတိတောင်ပေးလိုက်သေးတယ်

စနေနေ့မှာ မီတာဆောင်ရတာ မလွယ်ဘူးကွ

လူအရမ်းကျပ်တယ်

မနက်ဖြန်သွားဆောင်ပေးမယ်

မနက်ဖြန် နောက်ဆုံးရက်လေ

မနက်ဖြန်မှ သွားမဆောင်ရင် ဒဏ်ကြေးပေးရမှာ

အေးပါကွာ မနက်ဖြန်ဆောင်ပေးပါ့မယ်

တနင်္လာနေ့မှာ ၂ နာရီလောက်တော့ လူရှင်းတတ်တယ်

နားထောင်ဦး

ဒါကဘာလဲ

ရှင့်အိတ်ကပ်ထဲက တွေ့တာ

မင်္ဂလာဖိတ်စာလေ

ဘယ်သူ့မင်္ဂလာဆောင်တုန်း

ဘပ်ပို့ရှ်ဘာဘူ ရဲ့သမီးလေ

ဘပ်ပို့ရှ်မစ်ထ်တာ ဓာတုဗေဒဌာနမှူး

- ရှင်သွားမှာလား - ဟင့်အင်း

ဝတ်ကျေတမ်းကျေ ဖိတ်လိုက်တာပါ

ကိုယ်နဲ့ အဲဒီသိပ္ပံဌာန သိပ်အကြောတည့်လှတာ မဟုတ်ဘူး

ကောင်းပါလေ့

ဗာဆန်တီ

ဘာတုန်း

မင်းဘာလုပ်နေလဲ

အခန်းရှင်းနေတာ

အဲဒါတွေထားခဲ့ပြီး ဒီလာစမ်းပါ

ဘာတုန်းရှင်

ဒီနေ့ တနင်္ဂနွေနေ့လေ

ထိုင်ဦး

ကျွန်မသိသားပဲ

ဘာလုပ်ရင်ကောင်းမလဲ

ရှင်ပြောလေ

အပြင်သွားကြမလား ရထားနဲ့လေ

ဘယ်ကိုလဲ

မင်းသွားချင်တဲ့နေရာ

ဒိုင်းမွန်းဆိပ်ကမ်းကိုသွားချင်လား

အဝေးကြီးပဲဟာ

ခြင်ထောင်လျှော်မလားလို့ စိတ်ကူးနေတာ

ဒါဖြင့် နေ့လယ်စာ စားပြီးရင် နီးနီးနားနားတစ်နေရာသွားတာပေါ့

မကောင်းဘူးလား

ရုက္ခဥယျာဉ်သွားကြရအောင်

ကောင်းတယ်

အဲဒီကိုမရောက်ဖြစ်တာ ကြာပြီ

ဘတ်စ်ကားကျပ်ကျပ်စီးရမှာ တွေးလိုက်တာနဲ့ကြောက်တယ်

အဲဒီကိုလည်းရောက်ကော ရှင်လည်းဘတ်စ်ကားကြောက်ရောဂါရသွားမယ်

ဒါဖြင့် ဘာလုပ်မှာလဲ ပြောကြည့်လေ

ကျွန်မတို့ မန်နီဘာဘူရဲ့အိမ်ကို သွားရဦးမယ်လေ

သူတို့က နှစ်ခေါက်တောင် လာထားတာ

- မန်နီ့ အိမ်လား - အင်းလေ

- ဒီနေ့သွားချင်လို့လား - ဒါပေါ့

ညနေမှသွားကြမယ်လေ

နေ့လယ်မှာ ဘာလုပ်ကြမလဲ

နေ့လယ်

ရှင့်ဆောင်းပါးကိုပြီးအောင်မရေးဘူးလား အမြန်အပ်ရမယ်ဆို

ဟုတ်သားပဲ အဲဒါရေးရဦးမယ်

အဲဒါမှ တကယ့်ပြဿနာ

တစ်နှစ်သုံးခါထုတ်ကောလိပ်မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ်ရေးရမယ်

ရှင် အဲဒီလိုဘင်္ဂလီပါမောက္ခဖြစ်ချင်တာ မဟုတ်လား

ဗာဆူဒေ့ဗ် ထင်တယ်ဟေ့

- မင်္ဂလာပါ ရှရက်ပ် - ဗာဆူ

မင်္ဂလာပါ

- မင်္ဂလာပါ မရီး - မင်္ဂလာပါ

လက်ဖက်ရည်ကော

အရင်ထိုင်ပါဦးဟဲ့

ထိုင်လိုက်ပြီဗျာ ကဲ လက်ဖက်ရည်

ငါမှ ကြိုမဖျော်ထားတာ

ကြည့်စမ်းပါဦး

တနင်္ဂနွေနေ့မနက်တွေဆို လက်ဆွဲပုံးအပြည့်ဖျော်ထားပါဆို

ပြောထားရဲ့သားနဲ့ ဘယ်တော့မှ နားမထောင်ဘူး

ကြိုဖျော်ထားတော့ အေးမသွားဘူးလားဟဲ့

အမ မှန်တယ်

ဆွဲပုံးလောက်ကြီးတဲ့ဓာတ်ဘူးတစ်လုံး အမကိုလက်ဆောင်ပေးထားရမယ့်ပုံပဲ

မင်းမှန်တယ်

- အကို့မင်္ဂလာနှစ်ပတ်လည်ကဘယ်တော့လဲ - နှစ်ပတ်လည် ဟုတ်လား

လက်ဖက်ရည်

ဘယ်သူကမှတ်မိမှာလဲ

နင့်လိုပူပူနွေးနွေး မင်္ဂလာဆောင်ထားတဲ့လူ မဟုတ်ဘူး

ပူပူနွေးနွေးဟုတ်လား ၄ နှစ်ရှိပြီဗျ

ငါတို့က ၁၁ နှစ်ကွ

၎နှစ် နဲ့ ၁၁နှစ် သိပ်မကွာလှပါဘူး

သိပ်မကွာပါဘူး

၇ နှစ်တည်းပါ

ဘယ်မှာလဲ လက်ဖက်ရည်

စိတ်ရှည်စမ်းပါဟယ် အခုမှရေနွေးအိုးတည်ထားတာ

ရော့ ရေအရင်သောက်

မရဘူး ကျွန်တော်လည်း ဒီနေ့ အလျင်လိုနေတာ

တနင်္ဂနွေနေ့မဟုတ်လား ဘာဖြစ်နေတာလဲ

ဘာလောကြီးနေတာလဲ

အိမ်ထောင်သည်တစ်ယောက်ရဲ့ တနင်္ဂနွေလေ

အေးပါဟယ်

ပြောနေပုံက ငါတို့ကပဲ အိမ်ထောင်သည်ဘဝကိုနားမလည်သလိုလို

ဒါကို အိမ်ထောင်သည်ဘဝလို့ အမခေါ်လိုက်တာလား

ယောက်ျားလုပ်သူက ဗစ်ရှနာအနုပညာကောလိပ်မှာ ကလေးတွေကို စာသင်တယ်

အိမ်မှာကျတော့ သူ့မိန်းမကိုသင်တယ်

အဲဒါ အိမ်ထောင်သည်ဘဝပဲ

မင်းမိန်းမကိုလည်း ဒဿနိက သင်ပေးထားပါလား

ဒဿနိက..ယုတ္တိဗေဒ မိန်းမကို ဟုတ်လား

ငါ့အကိုကတော့ ပေါက်ကရပြောရော့မယ်

မိန်းမတွေ ယုတ္တိဗေဒ နားမလည်ဘူးလို့ ပြောချင်တာလား

အမကိုပြောနေတာမှ မဟုတ်တာ ကျွန်တော့်မိန်းမ ပြောတာ

နင့်မိန်းမကကော မိန်းမ မဟုတ်လို့လား

ဒါတွေပြောမနေဘဲ လက်ဖက်ရည်သာလုပ်စမ်းပါ

ငါ နားလည်လိုက်ပါပြီ

အဂျေး

မင်းသိလား

ဒီညနေ ဘိုတက်မစ်ထ်တာရဲ့သမီးမင်္ဂလာဆောင်ကို သွားမှာလား

မသွားဘူး

ပါချုပ်တောင်သွားမှာနော်

သူ့ကိုနားချဖို့အခွင့်အရေးရနိုင်တယ်နော် တွေးမိရဲ့လား

သူ့ကိုနားချလည်း မထူးပါဘူး

ငါ ကထိကလုပ်လာတာပဲ ၁၃ နှစ်ရှိနေပြီ

နောက်ထပ် ၁၃ နှစ်လည်း ဒီရာထူးပဲနေမှာ

ဟိုသတင်းကြားမိသေးလား

ဘာသတင်းလဲ

ဟာရစ်ကစ်ဆန်ဘာဘူ လည်း သွားတော့မှာတဲ့

သူက ဘယ်ကိုသွားမှာလဲ

သူအလုပ်ကောင်းကောင်းရသွားပြီလေ

ဒီသတင်းကြားတာပဲ ကြာပြီ

မဟုတ်ဘူးလေ

ဒါ လူတိုင်းစိတ်ဝင်စားနေတဲ့သတင်းနော်

သူမရှိတော့ရင် အစ်ကိုတွဲဖက်ပါမောက္ခဖြစ်ဖို့ အဟန့်အတားမရှိတော့ဘူး

ဘယ်သူမှ ဟာရစ်ကစ်ဆန်ကို ဒီထက်ကောင်းတဲ့အလုပ် မပေးဘူး

ဒီလိုသတင်းတွေမှာ ပျော်ရွင်နေလို့ အကျိုးမရှိဘူး

အင်းပါ အင်းပါ

အကိုကပိုသိပါတယ်

ဒါပေမဲ့ အကိုရာထူးတက်ရင်တော့ ပါတီပေးဖို့မမေ့နဲ့နော်

လက်ဖက်ရည်ရပြီလား အမ

လာနေပါပြီ ဒီမှာအသင့်ပဲ

ယူလာခဲ့တော့ဗျာ ဒီနေ့ကျွန်တော်အချိန်မရဘူး

ဘာဖြစ်လို့လဲ တနင်္ဂနွေနေ့မနက်ကို

ကျွန်တော်ဈေးဝယ်ထွက်လာတာ

- တကယ် - ဈေးဝယ်ဖို့ ဟုတ်လား

အိတ်ကော

ပါတာပေါ့

ဒီမှာ

ငါ့ပြစမ်းပါဦး

ကြည့်ရတာတော့ထိပ်တန်းပဲ

ဗာဆန်တီ..ဗာဆူအကြောင်းကို ဇာတ်လမ်းတစ်ပုဒ်လုပ်ရေးကြည့်ပါလား

မေ့တော့မလို့

အမဇာတ်လမ်းကိုဖတ်ပြီး အိမ်ကလူတွေ သိပ်ကြိုက်ကုန်ကြတာ

နင့်အိမ်ကဘယ်သူတွေလဲဟဲ့

အမေ မိန်းမ နဲ့ သားလေ

နင့်သားကောပဲ ဟုတ်လား

ကျွန်တော့်သားကတော့ အကြိုက်ဆုံးပေါ့

ဟုတ်တယ်

နောက်ထပ်တစ်အုပ်ဘယ်တော့ ထွက်မှာလဲ

နောက်လလား

အခုတော့ မရသေးဘူး

ဇာတ်လမ်းနောက်ခံမရှိဘူးလေ

ကမ္ဘာကြီးဒီလောက်ကျယ်တာ ဇာတ်လမ်းနောက်ခံမရှိစရာလား

မှန်တယ်

မင်းမလာခင်ကတည်းက ငါလည်းသူ့ကို အဲဒါပဲပြောနေတာ

- တကယ်လား - သူတို့အားလုံးကတော့ပြောတာပါပဲ

ဒါပေမဲ့ ဇာတ်လမ်းအစစ်အမှန်ကိုပြောပေးမယ့်သူ တစ်ယောက်မှ မမြင်မိသေးဘူး

ကျွန်တော့်ပြောစမ်းပါ ဘယ်လိုဇာတ်လမ်းမျိုး အမ ရေးချင်တာလဲ

အဖြစ်အပျက်တစ်ခုပေါ့

ကားထဲက လူတစ်ယောက်က အဓိပ္ပာယ်မရှိတာတွေ တွေးနေတယ်

ပြီးတော့ အဲဒီအဓိပ္ပာယ်မရှိတာတွေက ဇာတ်လမ်းဖြစ်သွားတာမျိုး

အဲဒါမျိုးကို မလိုချင်ဘူး

အဖြစ်အပျက်တစ်ခုရဖို့ လွယ်ပါတယ်

နေ့တိုင်းလိုလို ဖြစ်ပွားနေကြတာပဲ

ဘာမဆိုယူလို့ရတာပဲ

ဘာမဆိုယူလို့တော့ မရပါဘူး

အဖြစ်တစ်ခုခုသာပြောစမ်းပါ

လူတစ်ယောက်ရဲ့မိန်းမစိတ်ဆိုးသွားတယ်လို့ တွေးကြည့်လိုက်

အဲဒါကိုအဖြစ်အပျက်လားကွ

အဲဒါထက်ပိုကြီးတဲ့အဖြစ်တော့ မတွေးတတ်တော့ဘူး

ကျွန်တော်သွားတော့မယ်

ဖြစ်ရပ်ရဲ့အချိန်နဲ့နေရာကိုမပြောပြဘဲ သွားတော့မယ်ပေါ့

ရှရက်ပ် ပြောပြလိမ့်မယ်

ရော့ ဒီထဲမှာ အဖြစ်အပျက်တွေအများကြီးပဲ

ကျွန်တော်သွားပြီ ဟုတ်ပြီလား

အေးပါ

ဘာဖြစ်လို့လဲ

ရှင်မပြောနိုင်ဘူး မဟုတ်လား

ဘာလို့မပြောနိုင်ရမှာလဲ

ဗာဆူ ပြောသွားတဲ့ နမူနာတစ်ခုကိုယူသုံးလိုက်ရုံပဲဟာ

လူတစ်ယောက်ရဲ့မိန်းမစိတ်ဆိုးနေတယ်

အဲဒီလိုဖြစ်ရပ်မျိုးကိုအယ်ဒီတာတွေ ကြိုက်မှာမဟုတ်ဘူး

ကွဲပြားတဲ့အမြင်တစ်ခုကနေ ကြည့်တတ်ရင် ဖြစ်ရပ်တွေကသာမန်ပါပဲကွာ

ဒါပေမဲ့ သာမန်ဖြစ်ရပ်တွေရဲ့နောက်မှာ ဇာတ်လမ်းရှည်ကြီးတွေရှိတတ်တယ်

ဘာကြောင့်ဖြစ်ခဲ့ရတယ် အကြောင်းအရင်းကဘာလဲဆိုတာကို

ရှာဖွေကြည့်လိုက်ရင်

အဲဒါ ဖြစ်ရပ်ပေါင်းစုံရဲ့ရလဒ်ဆိုတာ မင်း သိလာလိမ့်မယ်

ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့ အဲဒါကိုအသုံးပြုလို့ရတယ်

ဟုတ်သားနော်

လူတစ်ယောက်ရဲ့မိန်းမစိတ်ဆိုးရတဲ့ ဖြစ်ရပ်တသီတတန်းကဘာဖြစ်နိုင်လဲ

ဒီခေါင်းစဉ်ကိုရွေးချယ်ဖို့ လိုအပ်လို့လားကွာ

တခြားဖြစ်ရပ်တွေမရှိနိုင်တော့ဘူးလား

ပိုကောင်းတဲ့ဖြစ်ရပ် ရှင်တွေးမိရင်လည်း ပြောပြလေ

ဒီသတင်းစာကိုကြည့်စမ်းပါ တစ်ခုခုတော့မင်းသိရမှာပေါ့

ယူအမ်အိုလုံခြုံရေးကောင်စီကွန်ဂို

ပါကစ္စတန်နယ်နိမိတ်နဲ့ပတ်သတ်ပြီး ပါလီမန်မှာဝန်ကြီးချုပ်ပြောခဲ့တာက

ဟင့်အင်း

ဘယ်ဝန်ကြီးရဲ့ဖြစ်ရပ်ကိုမှ မရေးချင်ဘူး

ဘာဖြစ်လို့မရေးချင်တာလဲ

نظرات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left