Stargate

Stargate

دانلود زیرنویس Burmese

هماهنگ با نسخه‌های زیر

Stargate
ناشر Kzinaung

برچسب‌ها

other
تاریخ انتشار: 2018-02-07
تعداد دانلود: 77
مخصوص ناشنوایان: No

پیش‌نمایش زیرنویس Burmese

نخستین 200 خط.

ပရော်ဖက်ဆာ

ကတ်သရင်း

ပရော်ဖက်ဆာ

ကျွန်တော်တို့ အရမ်းလှတာတစ်ခုတွေ့ထားတယ် ယုံတောင်မယုံနိုင်ဘူး

အရမ်းအံ့သြဖို့ကောင်းတယ်

ဒီဘက်မှာ

ဒေါက်တာလန်းဖို့ဒ်ပါ မင်္ဂလာပါ

ငါတို့ဘာတွေ့ထားတာလဲ

အကာအကွယ် ကျောက်တုံးတွေလေ

ဝမ်းသာစရာပေါ့

ကတ်သရင်း..လာခဲ့

သင်္ကေတခြယ်မှုန်းမှုတွေက နေရာတိုင်းမှာရှိနေပါတယ်

နာမည်တွေ ပိုင်ရှင်တွေရဲ့ဘွဲ့ထူးတွေ သားမြေးမြစ်စာရင်းတွေ

အဲဒီအချိန်က တခြားအဆောက်အအုံကြီးတွေမှာလည်း အသေးစိတ်ပုံဖော်ထားတဲ့အရုပ်စာတွေရှိနေခဲ့တယ်

ဘယ်အချိန်ကျမှ ပညာရှင်အသိုင်းအဝိုင်းအနေနဲ့

စတုတ္ထမြောက်မင်းဆက် ဖာရိုးဘုရင်တွေက

ဒီပိရမစ်ကြီးကိုတည်ဆောက်ခဲ့တာ မဟုတ်ကြောင်း လက်ခံမှာလဲ

ဒီလိုဗျာ အံ့ဖွယ်အကောင်းဆုံး တည်ဆောက်မှုဖြစ်တဲ့

ပိရမစ်ကြီးထဲကိုကြည့်လိုက်ရင်

အထဲမှာ ဘာရေးသားမှုမှမရှိနေခဲ့ဘူး

ဒေါက်တာဂျက်ဆင်..ခင်ဗျားက ဗိုလ်မှူးကြီးဗှိုက်စ်ရှာတွေ့ထားတဲ့

ပိရမစ်ထဲက ကျောက်ကျင်းသမားတွေရဲ့

ကူဖူးဘုရင် နာမည်ကျောက်ထွင်းစာကို မေ့နေတာလား

- သူ့ရှာတွေ့မှုက အတုအယောင်ပါ - ဒါဆိုသက်သေပြလေကွာ

မင်းက ပိရမစ်တွေကို ဘယ်သူဆောက်တယ်ထင်လို့လဲ

ဘယ်သူဆောက်လဲတော့ ကျွန်တော်မသိဘူး

အတ္တလန်းတစ်က လူတွေလား

ဒါမှမဟုတ်ရင် အင်္ဂါဂြိုဟ်သားတွေဖြစ်မှာပေါ့

ကျွန်တော်ပြောချင်တာက ဆောက်ခဲ့တဲ့သူမဟုတ်ဘူး ဆောက်ခဲ့တဲ့အချိန်ကိုပြောချင်တာ

ဘူမိဗေဒ အထောက်အထားအသစ်အရ စပိစ်ရုပ်ထုကြီး တည်ဆောက်ခဲ့တဲ့အချိန်ဟာ

ဒီထက်အများကြီးစောနေနိုင်ပါတယ်

အဲဒါကြောင့်

ကျွန်တော်တို့ လက်ခံထားတဲ့အရာတွေကို ပြန်ပြီးသုံးသပ်သင့်ပြီလို့ ထင်ပါတယ်

ပြောချင်တာက ပထမမင်းဆက် ၂ ခုရဲ့ စာပေအရေးအသား တိုးတက်လာပုံကို

ကျွန်တော်ပြသနိုင်တယ်လေ

အားလုံးနီးပါးက ဒီထက်ရှေးပိုကျတဲ့ နမူနာပုံစံအပေါ် အခြေခံထားတာ

သူတို့က နေ့လည်စာစားဖို့ ထွက်သွားကြတာလား

- ဒေါက်တာဂျက်ဆင် - ဗျာ ဟုတ်ကဲ့

ခင်ဗျားနဲ့စကားပြောချင်တဲ့သူရှိတယ်

- လေတပ်ကလား ဘာဖြစ်လို့လဲဟင် - ကျေးဇူးပြုပြီး ကားပေါ်တက်ပေးပါ

ဆရာ

- ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ - ခင်ဗျားဘာမှမဖြစ်ပါဘူး

ဒီအိတ်တွေကို ကြည့်ထားပေးမယ်

ဂျက်ဆင်..ဒါ မင်းမိဘတွေလား

မွေးစားမိဘတွေပါ

- ကျွန်တော့်ကို ဘာလို့ခေါ်တွေ့တာလဲ - အလုပ်တစ်ခုပေးမလို့

- ဘာအလုပ်လဲ - ဘာသာပြန်ပေးရမှာ

ရှေးခေတ်အီဂျစ်တွေရဲ့ အရုပ်စာတွေကို

စိတ်ဝင်စားလား

- ကျွန်တော်သွားတော့မယ်ဗျာ - ဘယ်သွားမှာလဲ

မင်းကို မင်းတိုက်ခန်းကနေ မောင်းထုတ်လိုက်တာ ငါသိပြီးပြီ

မင်းမှာထောက်ပံ့ကြေးတွေမရှိတော့ဘူး ဟိုအိတ် ၂ လုံးက မင်းပိုင်ဆိုင်သမျှအကုန်ပဲ

မင်းသီအိုရီမှန်ကြောင်း သက်သေပြချင်တယ်မဟုတ်လား

ဒါက မင်းအတွက်အခွင့်အရေးပဲ

- ဒါဘာလဲ - ခရီးသွားရမယ့်အစီအစဉ်

ဆရာ

မစ္စစ်အိုနေးလ်လား

ဝင်ခဲ့ပါ

- ခင်ဗျားယောက်ျား အိမ်မှာရှိလား - အင်း

ကျုပ်တို့ သူနဲ့စကားပြောလို့ရလောက်လား

သွားပြောကြည့်လေ

တစ်ဆိတ်လောက်.. ဗိုလ်မှူးကြီးအိုနေးလ်

ကျုပ်တို့က ဗိုလ်ချုပ်ကြီးဝပ်စ်ရုံးက လူတွေပါ

ဆရာ

ခင်ဗျားကို တာဝန်ကပြန်ဆင့်ခေါ်ကြောင်း လာအကြောင်းကြားတာပါ

သူတော်တော်အဖြစ်ဆိုးနေတာပဲ

ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်သွားတာလဲ

သူ့ကလေးက ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်မိပြီး ဆုံးသွားတယ်လေ

စိတ်မကောင်းစရာပဲ

ရှင်းတယ်

- အအေးမိနေတာလား - ဓာတ်မတည့်တာပါ

ခရီးသွားတိုင်း အမြဲတမ်းဖြစ်တယ်

ရောက်ပြီ

- ဟိုင်း - ဟိုင်း

- ဒေါက်တာဂျက်ဆင်လား..ဒေါက်တာဂယ်ရီမေယာပါ - ဟဲလို

- နေကောင်းလား - ဟဲလို ဒါကဘာနေရာကြီးလဲ

နျူကလီးယားဒုံးကျည်သိုလှောင်ရုံပါ စိတ်မပူပါနဲ့ အားလုံးပြုပြင်ထားပြီးပါပြီ

- ဘာဘရာရှိုးပါ မင်္ဂလာပါ - မင်္ဂလာပါ

- ဂျက်ဆင်..ကြိုဆိုပါတယ် - ဟဲလို

- ဒါကြီးကို ဘယ်ကရှာတွေ့လာတာလဲ - ၁၉၂၈ ခုနှစ် ဂီဇာကုန်းမြင့်

- ကျွန်တော် ဒီလိုဟာမျိုးကိုမမြင်ဖူးဘူး - ဒါပေါ့ ဘယ်မြင်ဖူးပါ့မလဲ

- ဘယ်သူမှမတွေ့ဖူးသေးဘူးလေ - အဲဒီမှာအရုပ်စာတန်း ၂ တန်းပါတယ်

အတွင်းစာတန်းက ပုံမှန်မြင်ဖူးနေကျ စာလုံးတွေပဲ

အပြင်စာတန်းကတော့ ဗဟိုနဲ့ချိတ်ဆက်ရတဲ့ စက်ဝိုင်းဝှက်စာသဘောမျိုးနဲ့ဆင်တယ်

ငါတို့တစ်ခါမှမမြင်ဖူးသေးတဲ့ စာလုံးပုံစံမျိုးတွေ

ဒါတွေကအရုပ်စာတွေမဟုတ်ဘူး ရှေးခတ်အီဂျစ်ဘုန်းတော်ကြီးစာ

ဒါမှမဟုတ်ရင် ကျူနဖောင်းစာတွေဖြစ်လိမ့်မယ်

အတွင်းစာတန်းကို ဘာသာပြန်ထားတာ မှားနေတယ်

ဘက်ခ်ျရဲ့နည်းလမ်းတွေကို သုံးထားတာပဲ ဘာလို့သူ့စာအုပ်တွေကို ပြန်ထုတ်နေတာလဲမသိဘူး

တစ်ဆိတ်လောက် မင်းဘာလုပ်နေတာလဲ ဒါ ငါတို့သိသမျှနည်းစနစ်တွေကိုသုံးထားတာနော်

ဒါက အကြမ်းထည်ဆိုတဲ့စကားကို သုံးချင်တာမဟုတ်လား

အင်း

ဒါဆို ဒီနာမဝိသေသနက ပိတ်လှောင်ထားသော မြှုပ်နှံထားသောဖြစ်ရမှာ

ဟေ့လူ..မင်းဘာလုပ်နေတာလဲ

- မင်းဘာလုပ်နေတာလဲ - ဒါကခေါင်းတလားမဟုတ်ဘူး

ထာဝရလို့ပြောတာ

ဒီဟာကို ဘယ်သူဘာသာပြန်ထားတာလဲ

ငါပြန်ထားတာ

မိုးပေါ်ကိုနှစ်ပေါင်းသန်းနဲ့ချီပြီးသွားရင် ထာဝရပိတ်လှောင်ခံထားရတဲ့

နေနတ်ဘုရားရာဆီရောက်မယ်လို့ ရေးထားတာ

ဒါက နတ်ပြည်တံခါးမဟုတ်ဘူး

ဒါက

ကြယ်တာရာမုခ်ဦး

ဒါနဲ့ စစ်ဘက်ဆိုင်ရာက ဘာလို့ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိတဲ့

အီဂျစ်ကျောက်စာတွေကို စိတ်ဝင်စားနေတာလဲ

ငါ့အစီရင်ခံစာထဲမှာတော့ နှစ်ပေါင်း ၁၀၀၀၀ လို့ရေးထားတယ်

မင်္ဂလာနေ့လည်ခင်းပါ..ဗိုလ်မှူးကြီး

- ကျွန်မ ရှင့်ကိုသိလား - ကျုပ်က ဗိုလ်ချုပ်ဝပ်စ်ရုံးက

ဗိုလ်မှူးကြီးဂျက်အိုနေးလ်ပါ အခုကစပြီး ဒီမှာတာဝန်ကျမှာပါ

နှစ်ပေါင်း ၁၀၀၀၀ က မဖြစ်နိုင်ဘူးနော် အဲဒီတုန်းက အီဂျစ်တွေမပေါ်သေးဘူး

ကျွန်မတို့သိပါတယ် ဒါပေမဲ့ အသံလှိုင်းနဲ့

ရေဒီယိုကာဘွန်စမ်းသပ်မှုတွေက အဲဒီအတိုင်း အတိအကျဖော်ပြနေတယ်

ဒါက အကာအကွယ်ကျောက်တုံးတွေလေ အောက်မှာ အုတ်ဂူရှိသေးလား

မရှိဘူး အုတ်ဂူထက် အများကြီး

ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အရာကို ရှာတွေ့ထားတယ်

တစ်ဆိတ်လောက် အဲဒီသတင်းအချက်အလက်က လျှို့ဝှက်ထားရမယ့်အရာနော်

အခုကစပြီး ငါ့ခွင့်ပြုချက်မရဘဲ ဘယ်အချက်အလက်ကိုမှ

စစ်ဘက်ဆိုင်ရာမဟုတ်တဲ့သူတွေကို ပေးမသိရဘူး

- ကတ်သရင်း..ဘာတွေဖြစ်ကုန်တာလဲ - ငါလည်းမသိဘူး

ဗိုလ်မှူးကြီးအိုနေးလ်.. ရှင် ကျွန်မကိုရှင်းပြဖို့တော့လိုမယ်နော်

ကျွန်မကို လုပ်ပိုင်ခွင့်အပြည့်အဝပေးမယ်လို့ ပြောထားပြီးသားလေ

အစီအစဉ်ပြောင်းသွားပြီ

ရှင်ဘာလို့ဒီရောက်လာတာလဲ ရှင့်ကို ဘာလို့ဒီစီမံကိန်းထဲပို့လိုက်တာလဲ

ခင်ဗျားအလုပ်အောင်မြင်အောင် ကျုပ်ကိုပို့လိုက်တာပါ

ကျူနဖောင်းစာတွေနဲ့ တခြားမင်းဆက်အကြို အရုပ်စာတွေကို ရှာဖွေပြီးသွားပြီ

တူညီတာ လုံးဝမရှိဘူး

ခေတ်ကာလအသီးသီးက ကိုးကားလို့ရမယ့်

စက်ဝိုင်းဝှက်စာသင်္ကေတ အကုန်လုံးကိုလည်း

ပင်ပင်ပန်းပန်းလေ့လာထားပြီးပြီ

အဲဒါလည်း တူညီတာမတွေ့ဘူး

ငါတော့ ပိုက်ဆံမရတော့ဘူးထင်တယ်

ဒီတစ်ရွက် ခဏငှားမယ်နော်

အိုရီယွန်

ဟဲလို ဒီမှာထိုင်ပါ

ဂျက်ဆင်..သူကဗိုလ်ချုပ်ကြီးဝပ်စ်ပါ

မင်္ဂလာပါ..ဗိုလ်ချုပ်ကြီး ဟုတ်ကဲ့

သူတို့ ၂ နှစ်ကြာတဲ့အထိ အဖြေမရှာနိုင်တာကို မင်းက ၁၄ ရက်တည်းနဲ့ ရှာနိုင်မယ်လို့ထင်လား

၂ နှစ်တောင်လား

ဟုတ်တယ် စရှင်းပြလို့ရပြီနော်

ကျွန်တော့်မှာ လေ့လာဖို့ စာရွက်စာတမ်းတွေပါလာတယ်

လက်ဆင့်ကမ်းပေးပါဦး

ဟိုလေ စာရွက်တွေကအလုံအလောက်ပါမလာတော့ မျှကြည့်ပေးကြပါနော် စိတ်မရှိပါနဲ့

ဒါဆိုရင် ကျွန်တော်စပြောမယ်နော်

အခု ကျွန်တော်တို့မြင်နေရတာက အကာအကွယ်ကျောက်တုံးရဲ့ ရုပ်ပုံပါ

အပြင်ဘက်စာတန်းကိုကြည့်မယ်ဆိုရင်

ဘာသာပြန်ရမယ်လို့ ခင်ဗျားတို့ ယူဆထားတဲ့သင်္ကေတတွေက

တကယ်တော့..

စိတ်တော့မရှိပါနဲ့ တကယ်တော့ ကြယ်တာရာအစုအဝေးပါ

ဒီကြယ်တာရာအစုအဝေးက မြေပုံတစ်ခုအဖြစ်

ပုံဖော်ထားခြင်းခံထားရတယ်

နေရာတစ်ခုသွားမယ့် လမ်းကြောင်းတစ်ခု ရေးဆွဲဖို့ဆိုရင် အမှတ် ၇ ခုလိုလိမ့်မယ်

နောက်ပြီး

ရှုထောင့် ၃ ခုအတွင်းက နေရာတစ်ခုကို ရှာမယ်ဆိုရင်

နေရာအတိအကျသိရဖို့အတွက်

ကျွန်တော်တို့အမှတ် ၆ ခုလိုလိမ့်မယ်

- မင်းပြောတော့ ၇ ခုလိုတာဆို - မဟုတ်ဘူး နေရာသိရဖို့က ၆ ခုပဲလိုတယ်

ဒါပေမဲ့ ဒီဇယားကွက်နဲ့ချိတ်ဆက်ဖို့အတွက် မူလဇစ်မြစ်အမှတ်တစ်ခု လိုလိမ့်မယ်

စက်ဝိုင်းဝှက်စာထဲမှာ သင်္ကေတ ၆ ခုပဲရှိတာနော်

တကယ်တော့ သတ္တမမြောက်သင်္ကေတက စက်ဝိုင်းဝှက်စာထဲမှာမဟုတ်ဘူး

အဲဒါက ဒီအောက်မှာ ပိရမစ်ပုံစံလေးတစ်ခုအဖြစ် ရှိနေတယ်

လူပျော် ၂ ယောက်..

သေသေသပ်သပ်ဝတ်ထားတယ် လူပျော်မဟုတ်ဘူး

ဒီမျဉ်းကြောင်းက အပေါ်ကိုတက်သွားတာ

ဘာပဲဖြစ်ဖြစ်လေ

- သူလုပ်နိုင်ပြီ - မဟုတ်သေးဘူး

အဲဒီသင်္ကေတက စက်ကြီးပေါ်မှာမရှိဘူး

ဘာစက်ကြီးလဲ

သူ့ကိုပြလိုက်

အဲဒါ ဘာကြီးလဲ

မင်းပြောတဲ့ ကြယ်တာရာမုခ်ဦးလေ

လာခဲ့..ဂျက်ဆင်

နည်းစနစ်ဌာနမှ ကွပ်ကဲရေးစင်တာကို သတင်းပို့ပါတယ်

- မော်နီတာတွေဖွင့် - မော်နီတာတွေဖွင့်မယ်

မစ်ခ်ျ..အသေးစိတ်အချက်အလက်တွေကို ဗဟိုမော်နီတာဆီပို့ပေးပါ

ဟုတ်ကဲ့

အသေးစိတ်အချက်အလက်တွေ ပို့လိုက်ပါပြီ

ခဏလေး ရပ်လိုက်

ခင်ဗျားတို့မှာရေးမှတ်စရာရှိလား စိတ်မရှိနဲ့နော်

ဟေ့ ဟေ့ မလုပ်နဲ့

ပိရမစ်ရဲ့တစ်ဖက်တစ်ချက်မှာ

လူ ၂ ယောက်က နေကိုတိုင်တည်ပြီး ဆုတောင်းနေတယ်

သူပြောတာဟုတ်တယ် အဲဒီသင်္ကေတက ငါတို့ဆီမှာရှိနေတာပဲ

ဗိုလ်ချုပ်ကြီးဝပ်စ်.. သတ္တမမြောက်သင်္ကေတကို

- ဂျက်ဆင်ရှာတွေ့သွားပြီ - လုပ်စရာရှိတာဆက်လုပ်ပါ

သတ္တမသင်္ကေတကို ကွန်ပျူတာထဲ ရေးသွင်းမယ်

ချက်ရွန် ၁ ထိန်းထားလိုက်ပြီ ချက်ရွန် ၁ နေရာယူပြီးပြီ

စွမ်းအားထုတ်လွှင့်မှုက ၂၃ ရာခိုင်နှုန်းရှိတယ်

ချက်ရွန် ၂ ထိန်းထားလိုက်ပြီ

ချိတ်ဆက်လိုက်ပြီ ချက်ရွန် ၂ နေရာယူပြီးပြီ

၃၅ ရာခိုင်နှုန်းရှိပြီ

မုခ်ဦးမှာ အနီရောင်အဆင့်ဖြစ်နေပြီ အားလုံးပြန်ထွက်လာခဲ့ပါ

ဧရိယာအတွင်းဘေးကင်းပြီ အပြင်ပြန်ထွက်လာပြီ

တံခါးပိတ်လိုက်တော့

ဒါကြီးက အကာအကွယ်ကျောက်တုံးတွေအောက်မှာ ရှိနေတာလား

ဟုတ်တယ် ငါ့အဖေ ၁၉၂၈ မှာရှာတွေ့ခဲ့တာ

ဒါကြီးကို ကမ္ဘာပေါ်မှာမတွေ့ဖူးတဲ့ သတ္တုအမျိုးအစားနဲ့တည်ဆောက်ထားတယ်

ချက်ရွန် ၅ နေရာယူပြီးပြီ

ချက်ရွန် ၆ ထိန်းထားလိုက်ပြီ

ချက်ရွန် ၆ နေရာယူပြီးပြီ

ငါတို့အရင်က ဒီအဆင့်အထိပဲ စွမ်းဆောင်နိုင်တယ်

نظرات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left