Ishqedarriyaan   Judaa

Ishqedarriyaan Judaa

دانلود زیرنویس Burmese

هماهنگ با نسخه‌های زیر

Ishqedarriyaan - Judaa
ناشر Kzinaung

برچسب‌ها

other
تاریخ انتشار: 2018-01-12
تعداد دانلود: 41
مخصوص ناشنوایان: No

پیش‌نمایش زیرنویس Burmese

نخستین 200 خط.

နယူးယောက်

- ပြောပါ - ကျွန်တော် ဘန်တီဒီဆိုင်ပါ

အိပ်ရာကထပြီး ဘောပင်ကိုင်လိုက်ပါဦး

- ဘာဖြစ်လို့လဲ - အာဂမ်ဒီဝမ်အကြောင်းတွေပေါ်သွားပြီ

နေ့ချင်းညချင်းချမ်းသာမှု

ချမ်းသာဖို့ခိုးရခြင်း

ဂျော်ဂျီယာ လွန်ခဲ့သော ၁၅ ရက်

- ဒါနဲ့ ဒီနိုင်ငံကိုသဘောကျလား - ကျပါတယ် အရမ်းလှတဲ့နိုင်ငံပဲ

ဘုရားသခင်က မြေကိုဝေငှပေးနေတုန်းမှာ

ကျွန်တော်တို့ကဝိုင်သောက်ပြီး ပျော်ပွဲဆင်နေကြတယ်

နောက်ကျမှရောက်သွားတော့ ဘုရားသခင်က မင်းတို့အတွက်မြေမကျန်တော့ဘူးလို့ပြောတယ်

ဒါတော့မမျှတပါဘူးအရှင်လို့ပြောတော့ သူစိတ်ထိခိုက်သွားပြီး

သူပိုင်တဲ့မြေကို ကျုပ်တို့ဆီပေးခဲ့တယ်လေ

ဒါကြောင့် လူတွေကဒီမြေကို ဘုရားသခင်ရဲ့မြေလို့ပြောကြတယ်

၂၀၀၈ ခုနှစ်မှာ အိမ်နီးချင်းတွေနဲ့ဖြစ်တဲ့ စစ်ပွဲပြီးတော့

ဒုက္ခတွေရောက်ခဲ့ပြီး အခုထိကျုပ်တို့ခံစားနေကြရတာပေါ့

- စီးပွားရေးမကောင်းဘူး ငွေမရှိဘူး - စိတ်မပူပါနဲ့..မိတ်ဆွေ

ဒီနိုင်ငံရဲ့ကံကြမ္မာက မနက်ဖြန်ကစပြီး ပြောင်းလဲသွားမှာပါ

ပြန်အမ်းငွေယူသွားဦးလေ

ဟေ့..လူတွေလိုဝတ်ထားတဲ့ဘုရားသခင်

- ကျုပ်ကဘုရားသခင်မဟုတ်ပါဘူး - ဒါဆိုရင်ဘာလဲ

ယုံကြည်မှုပဲ ခင်ဗျားမှာယုံကြည်မှုရှိရင် အရာအားလုံးကို ခင်ဗျားပိုင်ပြီ

- ဟိုင်း - ဟယ်လို

- အင်တာဗျူးအတွက်လား - ဟုတ်ကဲ့

ကျုပ်တစ်ယောက်တည်း ဖြေရတော့မယ်ထင်ထားတာ

- ဘာဖြစ်လို့လဲ - ပြိုလဲခါနီးကုမ္ပဏီမှာ ဘယ်သူကလုပ်ချင်မှာလဲ

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒီကုမ္ပဏီက အရှုံးပေါ်ခဲ့တယ်လေ

ဒါနဲ့ ခင်ဗျားကဒီလိုကုမ္ပဏီမှာ ဘာဖြစ်လို့လျှောက်မှာလဲ

ဒီကုမ္ပဏီအတွက် ကျွန်တော့်မှာစိတ်ကူးလေးတွေ ရှိလို့ပါ

ပြိုလဲတော့မယ့်ကုမ္ပဏီကို ပြုပြင်ပြောင်းလဲမယ် ပြီးတော့

အောင်မြင်လာအောင်ဆွဲခေါ်သွားတာ ပျော်စရာမကောင်းဘူးလား

- မစ္စတာအာဂမ်ရှိလား - ကျွန်တော်ပါ

- လိုက်ခဲ့ပါ - ကံကောင်းပါစေဗျာ

ခင်ဗျားလည်းအတူတူပါပဲ

ဟာကွာ

ဝင်ခါနီးလေးကွာ ဟုတ်တယ်

ကန်တာကောင်းတယ် ကန်တာကောင်းတယ်

ရော်နယ်ဒိုကွ

ဘောလုံးယူထား ဘောလုံးယူထား

မင်္ဂလာပါခင်ဗျာ

- မင်္ဂလာပါ ထိုင်ပါဦး - ဟုတ်ကဲ့ ကျေးဇူးပါ

- ရော်နယ်ဒိုကွ - ကန်ချက်ကောင်းတယ်

အာဂမ်ဒီဝမ်နော် အိန္ဒိယသားပဲ

- မန်နေဂျာရာထူးအတွက်လျှောက်တာပေါ့ - ဟုတ်ပါတယ်

ကောင်းပြီ ဒါဆို ဒီကုမ္ပဏီအကြောင်းကို ဘာများသိချင်လဲ

ဟုတ်ကဲ့ လူသစ်တစ်ယောက်အနေနဲ့ပြောရရင်

ခင်ဗျားတို့ကြည့်တာရပ်ပြီး စကစားမယ်ဆိုရင်

- ဒီကုမ္ပဏီပြန်ထူထောင်လာနိုင်မှာပါ - ဘာရယ်

ရီမုတ်က လိုင်းတွေကိုပြောင်းနိုင်ပေမယ့် ကုမ္ပဏီရဲ့အနာဂတ်ကိုတော့ မပြောင်းနိုင်ဘူး

မြင့်မြင့်ကြံပါ

ကိုယ့်ရည်မှန်းချက်တွေကို အရင်ဆုံး အကောင်အထည်ဖော်ပါ ပြီးမှ

- သူများရဲ့အောင်မြင်မှုတွေကိုခံစားပါ - အဓိပ္ပါယ်မရှိတာ

- မင်းကငါတို့ကိုလာသင်ပေးနေတာပဲ - မသင်ပါဘူး သက်သေပြပေးမှာပါ

၅ နှစ်အတွင်း အမေရိကရဲ့ ဒီဝမ်လုပ်ငန်းစုပဲ့ကိုင်ရှင်

လူငယ်တစ်ယောက်က အောင်မြင်မှု အထွတ်အထိပ်ကိုရရှိခဲ့ပါတယ်

သူက အချမ်းသာဆုံး အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်ပြီး

ဂျော်ဂျီယာကျွန်းကို ဒေါ်လာ ၁.၅ ဘီလီယံနဲ့ လွှဲယူလိုက်ပါတယ်

- ဘာတွေဖြစ်နေတာလဲ - စကိုင်းဟိုင်းလန်ဒါစ်ကပါ

အားကစားသတင်းကိုကြေညာပါ့မယ်

ဒီတော့ ဘာဖြစ်လဲ

ပြောချင်တာက

ကျုပ်ဒီကိုလာတာ ကျုပ်အလုပ်အတွက် မဟုတ်ဘူး ခင်ဗျားတို့အလုပ်အတွက်ပဲ

မင်္ဂလာပါ..မိတ်ဆွေတို့

ဒီပုဂ္ဂိုလ်ကတော့ အာဂမ်ဒီဝမ်ပါ

အမေရိက ဒီဝမ်လုပ်ငန်းစုရဲ့ အမ်ဒီနဲ့စီအီးအိုပေါ့

ခင်ဗျားတို့ရဲ့ အလုပ်ရှင်အသစ်ပဲ

သူက ရာဟူးပါ ကျုပ်ရဲ့မိတ်ဆွေ ညီအစ်ကို အတွေးအခေါ်ပညာရှင်ပေါ့

တစ်ခါတလေကျရင်တော့ မှားယွင်းတဲ့လမ်းပြပေါ့

အဲဒါ ကျုပ်ပါပဲ

သူက ကုမ္ပဏီရဲ့မူဝါဒအသစ်တွေနဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးလိမ့်မယ်

စိတ်မရှိပါနဲ့ခင်ဗျာ

ထိုင်ကြပါ

ကျုပ်သိတယ်

ခင်ဗျားတို့ရဲ့အချိန်နဲ့လုပ်အားတွေကို ဒီကုမ္ပဏီအတွက်ပေးဆပ်ထားတယ်

ဒါပေမဲ့ လမ်းခုလတ်မှာ ခင်ဗျားတို့လမ်းပျောက်သွားတယ်

ဘာပဲဖြစ်ဖြစ်

ကျုပ် ခင်ဗျားတို့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးချင်တယ်

ကျုပ်ရဲ့အိပ်မက်တွေအပေါ်ကို ယုံကြည်တယ်ဆိုရင် ကျုပ်နဲ့ပူးပေါင်းပါ

ဟုတ်ပြီလား

ကံကောင်းပါစေ

သွားကြစို့

- အပြင်မှာကောင်လေးတစ်ယောက်ရှိတယ် - အင်း

ဒီနေ့ကစပြီးသူ့ကို ဒီကုမ္ပဏီရဲ့ ဒုဥက္ကဌရာထူးပေးလိုက်ပါ

အဲဒီကောင်လေးကိုလား သေချာရဲ့လား အင်တာဗျူးတောင်မဖြေခိုင်းတော့ဘူးလား

မင်းဗျူးတဲ့လူတွေက ယုံကြည်ချက်မှမရှိဘဲ

သူ့ကိုခန့်လိုက်ပါ

တော်တယ်

သွားကြစို့

နယူးယောက်

- ကာယာ - ဟုတ်ကဲ့

မစ္စတာအာဂမ်ရဲ့ဆောင်းပါးအခြေအနေ ဘယ်လိုရှိလဲ

အမှန်တရားနဲ့တော်တော်လေး နီးစပ်လာပါပြီ

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလည်း ကျွန်မရထားပါတယ်

အတည်ပြုဖို့အတွက်စောင့်နေတာပါ

အချိန်တော့မဖြုန်းနဲ့နော်

နည်းနည်းစိတ်ဝင်စားဖို့ကောင်းတာလေးဖြစ်အောင် ကြိုးစားပါ

- ဟုတ်ကဲ့ - သူများမဦးခင်ပေါ့

ထောပတ်စားလိုက်ပါဦး

- ကျေးဇူးအများကြီးတင်ပါတယ် - ရပါတယ်ရှင်

ကျွန်မနာမည်က ကာယာပါ မစ္စတာအာဂမ်ဒီဝမ်ကို တွေ့ဖို့လာတာပါ

- အာဂမ်ကိုလား တွေ့ဖို့ကြိုချိန်းထားသေးလား - မချိန်းထားပါဘူး

စိတ်မရှိပါနဲ့ ရာဟူးကိုတွေ့ပြီးမှ ရှင်သူ့ကိုတွေ့လို့ရမှာပါ

ရာဟူးဆိုတာ ဘယ်သူလဲ

မင်္ဂလာပါ ကျွန်မက နယူးယောက်ပလန်းနက်စ်က ကာယာပါ

ခင်ဗျားမှာ အချိန် ၂ မိနစ်ရတယ် ပြောပါ

ကျွန်မတို့မဂ္ဂဇင်းက ချမ်းသာပြီးကျော်ကြားတဲ့ အိန္ဒိယလူမျိုးတွေကိုဖော်ပြဖို့ရှိပါတယ်

အဲဒီအတွက် မစ္စတာအာဂမ်က အသင့်တော်ဆုံးပါပဲ

သူ့ကိုအသားပေးချင်လို့ပါ အင်တာဗျူးကမကြီးကျယ်ပါဘူး

တွေ့ဖို့စီစဉ်ပေးနိုင်ရင် အရမ်းကောင်းမှာပါ

အကျိုးမရှိတဲ့ကျော်ကြားမှုနဲ့ သူအချိန်ကုန်မခံဘူးဗျ

- အင်တာဗျူးလုပ်ဖို့မဖြစ်နိုင်ပါဘူး - လုပ်ပါရှင် ၅ မိနစ်တည်းပါ

မလွယ်ဘူးဗျ

တကယ်လား သူက မီဒီယာကို ရင်မဆိုင်ရဲဘူးလား

ရိုးသားတဲ့သူတွေက အဲဒီလို အရာမျိုးတွေကိုမကြောက်ပါဘူး

ပွင့်ပွင့်လင်းလင်းပြောရရင် သူ့မှာ ၅ မိနစ်စာဖြုန်းဖို့အချိန်တောင်မရှိဘူး

အဲဒီလိုပြောကြေးဆို

၂ မိနစ်စာပဲရမယ်လို့ပြောတဲ့ရှင်နဲ့ အခုပြောနေတာပဲ ၅ မိနစ်လောက်ရှိပြီလေ

ဘာဖြစ်လို့လဲ

ကောင်းပြီလေ ကျုပ် သူ့ရဲ့အချိန် ၂ မိနစ် ခင်ဗျားကိုပေးမယ်

ခင်ဗျားသူနဲ့ စက္ကန့်နည်းနည်းလောက် ပိုပြောနိုင်ရင်

ခင်ဗျားကြိုက်သလောက်ပြောနိုင်ပြီ ဟုတ်ပြီလား

သူနဲ့တွေ့ဖို့ပဲစီစဉ်ပေးပါ သူနဲ့ပြောဖို့က ကျွန်မတာဝန်ပါ

ကောင်းပြီ

ကျွန်တော်ပြောခဲ့သလိုပဲ

အောင်မြင်တဲ့စီးပွားရေးတစ်ခုတည်ထောင်ဖို့

ရဲရင့်တဲ့ဆုံးဖြတ်ချက်လိုအပ်ပါတယ်

ဆုံးဖြတ်ချက်နဲ့ထင်မြင်ချက်တိုင်းအတွက် ဘုတ်အဖွဲ့နဲ့ကော်မတီဝင်တွေကိုပဲ

အားကိုးမယ်ဆိုရင် ခင်ဗျားတို့ရဲ့ကိုယ်ပိုင် အင်ပါယာကိုတည်ဆောက်နိုင်မှာမဟုတ်ဘူး

ကျွန်တော့်အဖေပြောနေကျစကားရှိတယ်

အမှန်တရားက အမြဲတမ်း ဆုလာဘ်တစ်ခုပဲတဲ့

အမှန်တရားက အမြဲပဲအောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ

ဒီတော့ ကုမ္ပဏီကို အမှန်တရားပေါ်မှာသာ အခြေခံအုတ်မြစ်ချမယ်ဆိုရင်

မကြာခင်ဘဲ အောင်မြင်မှုကို မလွဲမသွေရလိမ့်မယ်

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခင်ဗျားပဲ ဒီလိုရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို

ချရမယ် အဲဒါက အင်ပါယာတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ

ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ

အားလုံးပဲကံကောင်းကြပါစေ ကျေးဇူးတင်ပါတယ်

သူက သတင်းထောက်ပဲ

မနက်ဖြန်တွေ့ဖို့လုပ်ထားတယ် သူငါ့နောက်လိုက်နေတာ ရက်အတော်ကြာပြီ

ကျွန်မနာမည် ကာယာပါ ရှင့်ကိုတွေ့ဖို့မလွယ်ဘူးနော်

ခင်ဗျားမေးဖို့အတွက် အချိန် ၂ မိနစ်ရမယ်

- ကျွန်မမှာ မေးခွန်း ၃ ခုရှိပါတယ် - ပြောပါ

အချမ်းသာဆုံး အိန္ဒိယလူမျိုးတစ်ယောက်မှာ

အခုချိန်ထိ မေတ္တာရေးနဲ့အတင်းအဖျင်း သတင်းတွေမရှိတာ ဘာကြောင့်လဲ

ဒါဆိုရင်တော့ ခင်ဗျားမှားသွားပြီ ကျွန်တော့်မှာချစ်စရာတွေများတယ်ဗျ

အဓိကကတော့ ကျွန်တော့်အလုပ်အပေါ်ကို နက်နက်နဲနဲကိုချစ်မိနေတာပဲ

ဒါကြောင့်လည်း ကျွန်တော် ဒီလိုရပ်တည်နေတာပါ

ရှင့်ဓာတ်ပုံတွေကို မီဒီယာမှာ မဖော်ပြဖို့ဥပဒေကတားမြစ်ထားတယ်

ဖော်ပြတဲ့သူတွေဆို ရှင်တရားစွဲတာ ဘာကြောင့်လဲ

ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာကို လေးစားတဲ့အတွက်ကြောင့်ပါ

ပရဟိတကိုဘာဖြစ်လို့ အယုံအကြည်မရှိတာလဲ မကောင်းလို့လား

လူတစ်ယောက်ကို ငါးတစ်ကောင်ကျွေးရင် သူတစ်ရက်ပဲစားရမယ်

ငါးဖမ်းနည်းသင်ပေးလိုက်ရင်တော့ သူတစ်သက်လုံးစားရမှာပေါ့

- ဟုတ်ပါတယ် ဒါပေမဲ့.. - အချိန်စေ့ပြီ ကျေးဇူးတင်ပါတယ်

- ရာဟူး - အိုကေ

ဟယ်လို..ဘန်တီ ငါသတင်းအပြည့်အစုံလိုချင်တယ် ဘာလဲ

ငွေအတွက်စိတ်မပူပါနဲ့ နင် အချိန်တန်ရင်ရမှာပါ

ဒီတော့ ငါ့ကိုပြည့်စုံတဲ့သတင်းကိုယူပေး ဟုတ်ပြီနော် ကောင်းပြီ ဒါပဲနော်

လက်ရှိကာလ

ကာယာ..ကာယာ.. ကျုပ်ပြောတာကိုနားထောင်ပါဦး

ခင်ဗျားလိုချင်တဲ့ ၂ မိနစ်ကိုလည်း ကျုပ်ပေးပြီးပြီလေ

အခု သူအရမ်းအလုပ်များနေလို့ မဖြစ်နိုင်ဘူးဗျ

အိုကေ ရှင့်သဘောပါပဲ

ကျွန်မ ရှင့်ဆီမေးလ်တစ်စောင်ပို့လိုက်တယ်

ရှင့်အချိန်ဇယားထဲက အချိန်နည်းနည်းဖယ်ပြီး ဖတ်ကြည့်လိုက်ပါ

မြန်မြန်ဖတ်လေ အာဂမ့်အတွက် ကောင်းလေပဲပေါ့

ရှင့်မှာအချိန်မရှိရင်တော့ ကျွန်မမဂ္ဂဇင်းထဲကျမှပဲ ဖတ်လိုက်ပါ

ဟုတ်ပြီနော် ဂရုစိုက်ပါ..ရာဟူး

ကံကောင်းပါစေ

ပြောပါ

- ဒါကဘယ်လိုအဓိပ္ပါယ်မရှိတဲ့သတင်းမျိုးလဲ - ရှင်တို့ ဆိုရိုးစကားတစ်ခုကြားဖူးမှာပေါ့

ကြီးပွားမှုနောက်မှာ ဒုစရိုက်မှုတစ်ခု အမြဲရှိနေတယ်တဲ့

- ပြန်ပြောပါဦး - ကြီးပွားမှုနောက်က ဒုစရိုက်မှု

ဒီမှာ ခင်ဗျားကိုဘောပင်ကိုင်ခွင့်ပေးထားတာ

ထင်ရာရေးဖို့ခွင့်ပြုထားတာမဟုတ်ဘူးနော်

ခင်ဗျားမှာ လူတစ်ယောက်ရဲ့နာမည်ဂုဏ်ကို သတ်ပစ်ပိုင်ခွင့်မရှိဘူး

မဟုတ်ဘူး..မစ္စတာရာဟူး ကျွန်မတို့က ဘောပင်ကိုဂေါ်ပြားလိုအရင်သုံးခဲ့ကြတာပါ

အမှန်တရားကိုတွေ့တဲ့အထိ ကျွန်မတို့ တူးဖော်ကြတယ်

အဲဒါကြောင့် ရှင့်အကြောင်းကို ကျွန်မသိခဲ့ရတာပေါ့

လွန်လေပြီးသောအခါက ပန်ဂျပ်မှာ တိတိကျကျပြောရရင် ဖာဂွါရာမှာပေါ့

ရှင့်အဖေ ဒရမ်ပါးဒီဝမ်က

ဗီဇာရဖို့သူ့မိတ်ဆွေဆီကနေ ငွေ ၂ သန်းချေးပြီး နောက်ပိုင်း ခြေရာဖျောက်သွားခဲ့တယ်

အာဂမ်ဒီဝမ်က ကမ္ဘာ့အချမ်းသာဆုံး အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ

ဆက်နမ်ရဲ့မိသားစုကတော့ ခက်ခက်ခဲခဲရှင်သန်နေထိုင်နေရတယ်

ဒီတော့ ထောက်ပြရရင် ရှင့်ရဲ့ဒီအင်ပါယာဆိုတာက

အလိမ်အညာဇာတ်လမ်းအပေါ်မှာ အခြေခံထားတဲ့အရာတစ်ခုပဲ

စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပဲ

ကျွန်မသိတယ် ပိုတောင်ကောင်းလာသေးတယ်ရှင့်

ဇာတ်လိုက်က ဒီဇာတ်ကြောင်းကို ဘာဆိုဘာမှမသိတဲ့သူဖြစ်နေတာပဲ

ဒါမှမဟုတ် သူကဟန်ဆောင်လိမ်ညာနေတာပဲ

ကျွန်မပြောတာမှန်ရဲ့လား..မစ္စတာအာဂမ်ဒီဝမ်

- ကျုပ်တို့က အဲဒါကိုဘာဖြစ်လို့ယုံကြည်ရမှာလဲ - ကျွန်မကတော့ ပြောစရာရှိတာပြောပြီးပြီ

ရှင်တို့ဆန္ဒရှိရင် ကိုယ်တိုင်စုံစမ်းကြည့်ပါ

အကယ်၍ ဒီကိစ္စကမှားယွင်းနေရင်

ခင်ဗျားနဲ့ခင်ဗျားရဲ့လူပြိန်းကြိုက်သတင်းတွေ ထုတ်ချင်တဲ့ကုမ္ပဏီ ဒုက္ခလှလှတွေ့လိမ့်မယ်

စကားမစပ် ရှင်တို့မှာ အချိန်သိပ်မရှိတော့ဘူးနော်

ကျွန်မတို့နောက်တစ်အုပ်မထုတ်ဝေခင်အထိပဲ ရှင်တို့မှာအချိန်ရှိမယ်

မစ္စတာအာဂမ်က အချိန်နဲ့ပတ်သက်လာရင် တင်းကျပ်တဲ့သူဆိုတော့

မကြာခင်ထပ်တွေ့ရမယ်လို့ထင်ပါတယ်

ဒီတော့ အချိန်မီအမှန်တရားကိုရှာကြည့်ပါ ဂရုစိုက်ပါ..သန်းကြွယ်သူဌေးရေ

Ishqedarriyaan Judaa subtitles in other languages

نظرات

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left