Transformers

Transformers

Laadige alla Burmese subtiiter

Väljalaske info

Transformers 2007 bluray Unicode
Kommenteerib Arrowhead-1_1-
Changed from Zawgyi to Unicode

Sildid

BluRay
Avaldatud: 2023-06-20
Allalaadimised: 96
Kuulmispuudega: No

Burmese subtiitrite eelvaade

Esimesed 200 rida.

Transformers (2007)

အရှေ့အလယ်ပိုင်းဒေသ - ကာတာနိုင်ငံ မျက်မှောက်ကာလ

သက်ရှိတွေမပေါ်ပေါက်ခင်က ကုဗတုံးကြီးတစ်ခု ရှိခဲ့တယ်

ဘယ်ကနေရောက်လာမှန်းမသိပေမယ့်

အဲဒီမှာ သက်ရှိတွေဖန်တီးနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတာပဲ သိလိုက်ရတယ်

အဲဒီလိုနဲ့ ကျွန်တော်တို့တွေ ပေါ်ပေါက်လာကြတယ်

အချိန်တစ်ခုထိ စည်းစည်းလုံးလုံး နေခဲ့ကြပေမယ့်

ထူးခြားတဲ့အစွမ်းတွေကြောင့် လူကောင်းတွေရော လူဆိုးတွေရော လိုချင်ခဲ့ကြတယ်

အဲဒီလိုကနေ စစ်ကြီးအစပြုခဲ့ပြီး

ကျွန်တော်တို့ဂြိုဟ်လည်း မရှုမလှနဲ့ နိဂုံးချုပ်ခဲ့ရတယ်

ကုဗတုံးကြီးကတော့ အာကာသထဲကို လွင့်မျောပျောက်ကွယ်သွားခဲ့တယ်

ကျွန်တော်တို့နယ်မြေ ပြန်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့

အာကာသထဲက ရှိသမျှဂြိုဟ်တွေ ကြယ်တာရာတွေမှာ ရှာဖွေခဲ့ကြတယ်

မျှော်လင့်ချက်တွေ ကုန်ဆုံးခါနီးမှာပဲ လူသားတွေနေထိုင်တဲ့ ကမ္ဘာဂြိုဟ်ဆီကနေ

သတင်းအစအန ရရှိခဲ့တယ်

ဒါပေမဲ့လည်း နောက်ကျနေခဲ့ပြီးပါပြီ

ငါးလတောင် ရှိသွားပြီနော်

မိသားစုနဲ့တွေ့ပြီး ပျော်ချင်လှပြီ

အမေချက်ပေးတဲ့ မိချောင်းသားဟင်းလေး သတိရလိုက်တာ

အရင်အပတ်တွေတုန်းကလည်း မင်း အသားကင်နဲ့ ခရစ်ကက်အကြောင်း

ပြောပြီးသွားပြီ... မင်းအမေအိမ်ကို ငါဘယ်တော့မှမလာဘူး ဖစ်ဂ်... ကြားလား

ဒါပေမဲ့ ဘော်ဘီ... မိကျောင်းသားက တကယ်အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့အသားကွ

ငါသိတယ်

အင်္ဂလိပ်လိုပြော... အင်္ဂလိပ်လို

ငါတို့ဘယ်တုန်းက စပိန်လို ပြောလို့လဲ... မင်းကိုပြောထားတယ်လေ

ငါ့ကို မဖျက်ဆီးချင်ပါနဲ့ အဲဒါ မိသားစုအမွေကွ

ကိုယ့်ဘာသာဆက်ပြောတော့

ပိတ်ရက်တုန်းက မှတ်မိကြသေးလား ရက်ဒ်ဆော့ ဘေ့စ်ဘောပွဲလေ

- ဟော့ဒေါ့နဲ့ ဘီယာလေးရယ် - အကောင်းဆုံးနေ့လေးတွေ

ဗိုလ်ကြီးရော နေ့ကောင်းလေးတွေ ရခဲ့ရဲ့လား

ငါ့သမီးလေးကို ပထမဆုံးအကြိမ် ချီရတော့မှာကွ

- မိုက်တယ်ကွာ... - မိုက်တယ်

ပါးစပ်ပိတ်ထား

ငါအဆင်သင့်ပဲကွ

မင်းတို့ကိုယ့်ကိုယ်ကို အရမ်းတော်တယ်ထင်နေရင် ငါနဲ့ကစားမယ် လာခဲ့

ဟေး

ဒီအကွက်လေး ကြည့်ထားလိုက်

မိုက်ကယ်ဂျော်ဒန်လို အကွက်နဲ့ ထိုးဖောက်ပြမယ်

- ကောင်မလေးတွေ ဘေးဖယ်နေ - ဘာလုပ်တာလဲကွ

- လဲနင့်စ် - ဟေး ဘာလာလုပ်တာလဲကွ

- ရေလိုသေးလား - ကျေးဇူးပဲကွ

ငါ့ကိုနည်းနည်း ကူပေးချင်လား

ကာနယ် ရှပ် အမည်မသိအရာတစ်ခု ချဉ်းကပ်လာပါတယ် အကွာအဝေး ၁၀ မိုင်ပါ

အမေရိကန်စစ်တပ်ရဲ့ တားမြစ်လေပိုင်နက်ထဲ ရောက်နေတဲ့ အမည်မသိလေယာဉ်

အမျိုးအမည်ပြောပါ ပြီးရင် အရှေ့ဘက်ကနေ ရှောင်ကွင်းပျံသန်းပါ

တိုက်လေယာဉ် တစ် နဲ့ နှစ် ရပ်ညွှန်း ၂-၅-၀ အတိုင်းကြားဖြတ်ပါ

အမည်မသိလေယာဉ်ဟာ ၁၀ မိုင် အကွာမှာရှိတယ် အကြောင်းမပြန်ဘူး

အမည်မသိလေယာဉ် အမေရိကန်စစ်တပ်ရဲ့ အခြေစိုက်စခန်းမှာ ဆင်းသက်ဖို့ ညွှန်ပြမယ်

မလိုက်နာရင် အတင်းအကြပ် လုပ်ဆောင်ရပါလိမ့်မယ်

ကြားတယ် အကြောင်းပြန်နေပြီ

၄၅၀၀ အိတ်စ်ရေး

ဆရာ... အဲဒီလေယာဉ်က လွန်ခဲ့တဲ့သုံးလက အာဖဂန်နစ္စတန်မှာ...

- ...ပျက်ကျခဲ့တဲ့ လေယာဉ်ပါ - တစ်ခုခုမှားနေတာ ဖြစ်မယ်

- ထပ်တလဲလဲ စစ်ကြည့်ပါ - စစ်ကြည့်တယ် ဆရာ

ကျွန်တော့်သူငယ်ချင်း အဲဒီမှာပါသွားတာ

အမေရိကန်စစ်အခြေစိုက်စခန်းဆီ လိုက်ခဲ့ပေးပါ

- ရေဒါ လေယာဉ်ဘယ်နားမှာလဲ - ငါးမိုင်ကျော်မှာပါ ဆရာ

- ငါ့မိန်းမလား - ဟုတ်ကဲ့ ဗိုလ်ကြီး

- ဟေး ကောင်မလေးတွေ - ကြည့်ပါဦး

သမီးလေးကို ကြည့်ပါဦး ထွားလာလိုက်တာ

ပါးလေးတွေကြည့်ပြီး ကိုက်တောင်စားချင်တယ်

ငါတို့ကလေးလေး ချစ်စရာလေးနော် မိန်းမ

တစ်ချိန်လုံး အပြစ်ပဲပြောနေတဲ့လူတွေကို

ငါတို့ကလေးလေး ပြချင်လိုက်တာ ကြည့်ပါဦး

သူရယ်ရင် ရှင်နဲ့တူတယ်

- ရယ်တတ်ပြီလား - အင်း ပထမဆုံးပဲ

ဟုတ်လား သူကောင်လေးတွေကို ဖမ်းစားမှာတော့မဟုတ်ပါဘူးနော်

အင်း... မိန်းမပျိုလေးဖြစ်နေပြီ

ရှင့်ကိုသေချာမသိသေးလို့ နောက်တော့ သိမှာပါ

၄၅၀၀ အိတ်စ် လေယာဉ် တစ်ခုခုတော့ လွဲနေပြီ

လေယာဉ် စခန်းကိုဆင်းပါပြီ

ဘာလဲဟ... ရေဒါလိုင်း ပျက်သွားပြီ

အဲဒါ ရဟတ်ယာဉ်ဆီကပဲ

- ဝီလ် - ဆယ်ရာ

ဆယ်ရာ ကြားလား မင်းကိုချစ်တယ် ငါ အိမ်ပြန်လာခဲ့မယ်နော်

- ညာဘက်ကိုသွား ညာဘက် - လက်နက်အသင့်

အမ်အိတ်ချ် ၅၃ ရဟတ်ယာဉ်မှူး ရဟတ်ယာဉ်စက်သတ်ပါ

ရဟတ်ယာဉ်မှူး ခင်ဗျားဆင်းမလာရင် ကျွန်တော်တို့ ပစ်ခတ်ရပါလိမ့်မယ်

လက်နက်ပြင်ပြီး ပစ်ခတ်ရန်အသင့်

ဘုရားရေ

ကောင်းကင်တိုင်ကို ဗုံးကြဲလိုက်ပြီ ငါတို့ တိုက်ခိုက်ခံရပြီ

အပြင်ထွက်... သွား ထွက်ကြတော့

သူကဖိုင်တွေ ကူးယူနေတာ

မိန်းခလုတ် ဖြုတ်လိုက်

သော့ခတ်ထားတာ... သော့မရှိဘူး

ဖယ်... ဘေးဖယ်

ဒီကိုလာ... ဒီဘက်ကိုလာ

ဒီမှာဝပ်နေ

ဘုရားရေ

ဘာကြီးလဲ...

အက်ပ်စ် သွားမယ်

မစ္စတာဝစ်ဝီကီ... မင်းအလှည့်

ပစ္စည်းတွေထည့်လာတာ များသွားတယ်

ကြည့်နေ

ရပြီ

ကျွန်တော့်မိသားစုအတွက်

ဘယ်သူလုပ်တာလဲ... အားလုံးပဲ လေးစားမှုရှိပါ

အိုကေ

မိသားစု ဗီဇစစ်တမ်းတွေအရ

ကျွန်တော့်ရဲ့ ဘိုးဘေးတော်စပ်သူ နာမည်ကြီး စူးစမ်းလေ့လာသူဖြစ်တဲ့

ဗိုလ်ကြီး အာချီဘောလ်ဝစ်ဝီကီအကြောင်း

ပြောပြပေးပါ့မယ်

အာတိတ်စက်ဝိုင်းကို ပထမဆုံး စူးစမ်းလေ့လာသူတွေထဲ သူပါဝင်ခဲ့ပါတယ်

၁၈၉၇ ခုနှစ်မှာ ရဲရင့်တဲ့သင်္ဘောသား ၄၁ ယောက်ကိုဦးဆောင်ပြီး အာတိတ်ကိုသွားတယ်

အားလုံးပဲ အားစိုက်ထုတ်ကြပါ မြန်မြန်လေး ပြင်းပြင်းလေး

ရေခဲတွေ အရည်ပျော်ကျနေပြီ မြန်မြန်လေးလုပ်ကြပါ ငါ့လူတို့

မစွန့်စားရင် အောင်မြင်မှာမဟုတ်

ငါတို့ အာတိတ်စက်ဝိုင်းကို ရောက်ရမယ် ရောင်းရင်းတို့

အဲဒီဇာတ်လမ်းလေးပါ

ဒီမှာ ၁၉ ရာစုတုန်းက သင်္ဘောသားတွေ အသုံးပြုခဲ့တဲ့

ပစ္စည်းတချို့ ပါလာတယ်

ဒါက မှန်ပြောင်းပါ ဒေါ်လာရှစ်ဆယ်လောက် တန်တယ်

ဒါနဲ့ ဒါတွေအကုန်လုံး ရောင်းမယ့်ပစ္စည်းတွေနော်

ဒီကြယ်တာရာတိုင်းကိရိယာလေးကတော့ ဒေါ်လာ၅၀ပါ ဈေးညှိပေးလို့ရပါတယ်

ဒါကတော့ တော်တော်မိုက်တယ် အဖိုးရဲ့ မျက်မှန်ပါ

ကျွန်တော်တော့ မသိပေမယ့် တွေ့ဖူးတဲ့သူတိုင်းကတော့ မိုက်တယ်တဲ့

မင်းအဖိုးအသည်းရော ရောင်းဦးမလား

မစ္စတာဝစ်ဝီကီ ဒါလေလံပွဲမဟုတ်ဘူးနော် စာသင်နေတာ

မင်းအဖိုးလည်း သူ့ပစ္စည်းတွေ ဒီလိုလုပ်တာ ကြိုက်မှာမဟုတ်ဘူး

ကျွန်တော် တောင်းပန်ပါတယ် ကားလေးလိုချင်လို့ ရောင်းရတာပါ

ဒါတွေအကုန် ကျွန်တော့်အကောင့်ကနေ ဝယ်လို့ရတယ်

အပြင်ကနေ ရှင်းလည်းရပါတယ်

သံလိုက်အိမ်မြှောင်လေးကတော့ ကိုလံဘတ်စ်နေ့မှာ ပေးလို့ကောင်းတဲ့လက်ဆောင်ပါ

- ဆမ် - ဆောရီးပါ

ကံဆိုးသွားတာက ဉာဏ်ကြီးရှင် ကျွန်တော့်အဖိုး

ခပ်ကြောင်ကြောင်ဖြစ်သွားပြီး အရူးထောင်မှာပဲ နေခဲ့ရတယ်

အဲဒီမှာ ထူးဆန်းတဲ့ပုံတွေဆွဲပြီး

ကျွန်တော့်အထင် သူရှာတွေ့ခဲ့တဲ့

ရေခဲဘီလူးအကြောင်းပဲ ထပ်တလဲလဲ ပြောနေတယ်

အိုကေ မနက်ဖြန်စာမေးပွဲရှိချင်ရှိမယ်

- ဒီညတော့ သတိထားပြီးအိပ်... ဆမ်... - ၅၀ နဲ့ယူလေ... ၄၀... ၃၀

ဟုတ်ကဲ့ ဆောရီး ဆောရီး

မိုက်တယ်မဟုတ်လား ဆရာ

ပြောရရင် ဘီမိုင်းနပ်စ်အဆင့်ပေါ့

ဘီမိုင်းနပ်စ်လား

မင်းက ငါ့အတန်းချိန်မှာ မင်းအဖိုးရဲ့ ပေါက်ကရအကြောင်းတွေ

- ပြောနေတော့ - သူတို့စိတ်ဝင်စားတယ်လေ

- ကျွန်တော်ကိုတစ်ခါလောက်လေး ကူညီပေးပါလား - ဘာကိုလဲ

ဆရာအပြင်မှာ ကြည့်လိုက် ကျွန်တော့်အဖေ တွေ့လား

- အစိမ်းရောင်ကားထဲမှာလေ - အင်း

ကျွန်တော်အိမ်မက်တစ်ခုအကြောင်းပြောပြမယ် ကောင်လေးတစ်ယောက်ရဲ့ အိမ်မက်အကြောင်း

အဲဒီကောင်လေးကိုပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ ကတိအကြောင်းပြောပြမယ်

မျက်လုံးတည့်တည့်ကိုကြည့်ပြီး သားကို အဖေကားဝယ်ပေးမယ်တဲ့

ဒေါ်လာနှစ်ထောင်နဲ့ အဆင့်အေ သုံးကြိမ်တော့ ရအောင်လုပ်ပေးတဲ့

ကျွန်တော့်မှာ နှစ်ထောင်ရော အဆင့်အေ နှစ်ခုတောင်ရှိပြီ

ဆရာက ဘီမိုင်းနပ်စ်ဆိုတော့ အဲဒီအိပ်မက် လုံးဝပျက်စီးသွားပြီ

ဆရာ့ဘာသာ ပြန်မေးကြည့်ပါ ဘုရားသခင်ဆို ဘာလုပ်ပေးမှာလဲ

ရပြီ... ရပြီကွ

အဲဒီတော့

အေပဲပေါ့ အဖေရယ်

နေဦး နေဦး... ငါမတွေ့ရသေးဘူး အင်း အဆင့်အေပဲ

- တော်တယ်မဟုတ်လား - တော်ပါတယ်

- သားအံ့ဩသွားအောင် အဖေလုပ်ထားတာရှိတယ် - ဟုတ်လား

အင်း ဟုတ်တယ်

မဟုတ်ဘူး... မဟုတ်သေးဘူးလေ အဖေ

- အဖေနောက်နေတာ မဟုတ်လား - သိတယ်လား

ဟုတ်တယ် ငါနောက်နေတာ မင်းကိုငါ ပေါရှေးမဝယ်ပေးပါဘူး

- အဖေက ဒါကိုရယ်စရာထင်နေတာလား - အင်း ရယ်ရတယ်လေ

- အဖေဘာဖြစ်နေတာလဲ - ငါ မင်းကိုတကယ်

ပေါရှေးဝယ်ပေးမယ် ထင်နေတယ်ပေါ့

ဘာမှကို ထပ်မပြောချင်တော့ဘူး အဖေရာ

- မလုပ်ပါနဲ့ အဖေကနောက်တာပါ - နောက်စရာမဟုတ်ပါဘူး

- မန်နီ - ဘာလဲ

ဟိုကောင့်ကို ဂျိုကာဝတ်စုံကြီး ချွတ်ခိုင်းလိုက်စမ်းပါ

အပူရှပ်ပြီး သေတော့မှာပဲ

မသိရင် ခြောက်နေသလိုပဲ

ပူလွန်းလို့ မိတ်ကပ်တွေတောင်အရည်ပျော်ပြီး မျက်လုံးထဲဝင်နေပြီ

ဒီမှာလား... မဟုတ်သေးဘူးလေ အဖေပြောတော့ ကားဆို

ဒီလိုပေါက်ကရ မဟုတ်ဘူးလေ

ငါမင်းအရွယ်ကဆို ဘီးလေးဘီးနဲ့ အင်ဂျင်ပါရင်ကို ပျော်နေတာ

ကျွန်တော်တစ်ခုလောက် ပြောချင်လို့

- အဖေပြောထားတာ ၄၀ သက်တမ်းလေ - အင်း

ဒါက ၅၀ သက်တမ်း ဖြစ်နေပြီ

- ဟုတ်ပြီ - ဒါပဲ ဝယ်ပေးချင်တာလား

- မစွန့်လွှတ်ရင် မအောင်မြင်... - မအောင်မြင်ဘူး သိတယ်အဖေ

- ဝစ်ဝီကီရဲ့ လက်စွဲဟောင်းကြီး - ဟုတ်တယ်လေ

လူကြီးမင်းတို့

ဘော်ဘီဘိုလီဗီယာဆိုင်က ကြိုဆိုပါတယ်

ဘာကူညီပေးရမလဲ

ငါ့သားအတွက် ပထမဆုံးကားလေး ဝယ်ပေးမလို့

- အဲဒါ ဒီကိုလာတယ်ပေါ့ - အဲဒီလိုဖြစ်သွားတယ်

အဲဒါ မိသားစုစိတ်ဓာတ်ပဲကွ ဦးလေးဘော်ဘီဘီလို့ ခေါ်နော်... ဘော်ဘီဘီ

- ဆမ် - ဆမ်... ငါပြောပြမယ်

ဆမ် မင်းရဲ့ပထမဆုံး မိတ်ဆွေလေးက ဟိုဘက်မှာ သူ့ဘော်ဒါတွေနဲ့စောင့်နေတယ်

မင်းကိုတစ်ခု ပြောဦးမယ် ကားမောင်းမယ့်သူက ကားကိုမရွေးဘူး

ကားကပဲ သူ့ကိုမောင်းမယ့်သူရွေးလိမ့်မယ်

လူနဲ့စက်ပစ္စည်းကြား စိတ်တန်ခိုးဆက်နွယ်မှုပဲ

ဒီမှာ ရွေးစရာတွေအများကြီးပဲ စိတ်ချရွေးလို့ရတယ်

အထူးသဖြင့်တော့ ဦးလေးအမေရှေ့မှာပေါ့ ဟိုမှာ အမေ... ဟေး အမေ

အဲဒီလိုတော့ မလုပ်နဲ့လေဗျာ ကျွန်တော်ခဲနဲ့ မပစ်ပေါက်မိတာတော်သေး

သူက နားမကြားဘူးလေ

ဒီဘက်မှာ မင်းလိုချင်လောက်တဲ့ ကားမျိုးစုံရှိတယ်

မဆိုးပါဘူး

- ကားပြိုင်ပွဲ ရုပ်ရှင်ထဲက ကားနဲ့တူတယ် - ဟုတ်တယ်

သူလည်း ပြေးသလားမမေးနဲ့

ဒါဘာလဲ... ဘာကြီးလဲ

အဲဒီကားတော့ သိပ်မသိဘူး

- မန်နီ - ဘာလဲ

ဒါဘာကြီးလဲ ဒီကားကို တစ်ချက်လာကြည့်ပေးဦး

အဆန်းပဲဗျ ကျွန်တော်.. တစ်ခါမှမတွေ့ဖူးဘူး

More Burmese subtitles for Transformers

Kommentaarid

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left