Ratatouille

Ratatouille

Elŝuti Burmese Subtekston

Eldonaj informoj

Ratatouille 2007 Unicode
Komentaĵo de Arrowhead-1_1-
Changed from Zawgyi to Unicode. Subtitle is not synchronized. MX Player> Subtitle speed> 95.89%

Etikedoj

other
Publikigita je: 2023-06-19
Elŝutoj: 155
Aŭdhandikapuloj: No

Antaŭrigardo de Burmese subtekstoj

La unuaj 200 linioj.

Ratatouille

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ငြင်းခုန်နေကြပေမဲ့

ကျွန်တော်တို့ပြင်သစ်လူမျိုးတွေကတော့ အမှန်ကို သိကြပါတယ်

ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးအစားအစာတွေကို ပြင်သစ်နိုင်ငံကလုပ်ခဲ့တာပါ

ပြင်သစ်ကအကောင်းဆုံးအစားအစာတွေကိုလည်း ပါရီ ကလုပ်တာဖြစ်ပါတယ်

အဲဒီ ပါရီအစားအစာတွေကိုတော့ စားဖိုမှူး အော်ဂူဂူစတို ကလုပ်တာဖြစ်ပါတယ်

ဂူစတိုရဲ့စားသောက်ဆိုင်က ပါရီရဲ့ရေပန်းအစားဆုံး စားသောက်ဆိုင်ဖြစ်ပြီး

၅ လကြိုတင်ပြီး နေရာမှာယူရပါတယ်

သူရဲ့ထူးခြားတဲ့လက်ရာက အဆင့်မြင့် ပြင်သစ်ဟင်းလျာမှာ ထိပ်ဆုံးကရှိနေတာကြောင့်

သူရဲ့ပြိုင်ဘက်တွေကို မနာလိုဖြစ်စေတယ်

သူက အသက်အငယ်ဆုံး ကြယ်ငါးပွင့်အဆင့်ရှိ စားဖိုမှူးဖြစ်ပါတယ်

စားဖိုမှူး ဂူစတိုရဲ့ လူတိုင်းချက်နိုင်သည်ဆိုတဲ့ ဟင်းချက်နည်းစာအုပ်ဟာ

အရောင်းရဆုံးစာအုပ်စာရင်းထဲမှာ ထိပ်ဆုံးကရပ်တည်နေပါတယ်

ဒါပေမဲ့ သူရဲ့အောင်မြင်မှုကို လူတိုင်းက ဂုဏ်မပြုကြပါဘူး

ခေါင်းစဉ်ကရယ်စရာကြီးပါလား လူတိုင်းချက်ပြုတ်နိုင်သည် တဲ့

ပိုပြီးရယ်စရာကောင်းတာက အဲဒါကို ဂူစတိုကယုံကြည်နေပုံပဲ

တစ်နည်းပြောရရင်တော့ ချက်ပြုတ်တယ်ဆိုတာ ငါ့အတွက်တော့ခက်ခဲတယ်

ဒီတော့ လူတိုင်းလုပ်နိုင်မယ်လို့မထင်ဘူး

ဒါက ကျွန်တော်ပါ

ကျွန်တော့်ဘဝကို နည်းနည်းပြန်စဉ်းစားကြည့်ဖို့ လိုမယ်ထင်တယ်

ကျွန်တော့်ပြဿနာကဘာလဲ

ပထမအချက်ကတော့ ကျွန်တော်က ကြွက်တစ်ကောင်ဖြစ်ပါတယ်

ဆိုလိုတာက ဘဝကခက်ခဲတယ်ပေါ့

ဒုတိယအချက်က

ကျွန်တော့်ရဲ့အရသာနဲ့ အနံ့ခံအာရုံက သိပ်ကောင်းတယ်ဆိုတာပဲ

ဂျုံ ကြက်ဥ သကြား သစ်ခွနံ့ပဲဟ

သံပုရာနံ့လေးလည်းပါတာပဲ

မင်း အဲဒါတွေအားလုံး အနံ့ခံနိုင်တယ်ဆိုတော့ မင်းမှာ ပါရမီပါတာပဲ

သူက အေမီယယ် ပါ ကျွန်တော့်အစ်ကိုလေ သူကလွယ်လွယ်နဲ့အထင်ကြီးတတ်တယ်

မင်းက ပါဝင်ပစ္စည်းတွေကိုအနံ့ခံနိုင်တယ်ပေါ့ အဲဒီတော့ ဘာဖြစ်လဲ

သူကတော့ ကျွန်တော့်အဖေပါ သူက ဘယ်တော့မှအထင်မကြီးတတ်တဲ့သူပေါ့

သူက ကျွန်တော်တို့ကြွက်မျိုးနွယ်စုရဲ့ ခေါင်းဆောင်လေ

ဒီတော့ အနံ့ခံအာရုံကောင်းတာနဲ့ပတ်သက်ပြီး ဘာပြဿနာရှိလို့လဲ

မစားနဲ့

ဘာဖြစ်တာလဲကွ

အဲဒီထူးဆန်းတဲ့အနံ့နောက်ကိုလိုက်ကြည့်တော့ ကြွက်သတ်ဆေးဖြစ်နေတယ်လေ

အဲဒီတော့မှပဲ ကျွန်တော့်မှာရှိတဲ့ စွမ်းရည်ကောင်းကို အဖေကလက်ခံခဲ့တယ်

ကျွန်တော့်ရဲ့မွေးရာပါ ပါရမီကိုကျေနပ်နေခဲ့တာပေါ့

အဖေ ကျွန်တော့်ကို အလုပ်မပေးခင်အချိန်အထိပဲဆိုပါတော့

သန့်တယ်

သန့်တယ်

အမှန်ပဲ သန့်မသန့်ကြည့်ပေးရတဲ့

အဆိပ်စစ်ဆေးသူကြီးဖြစ်လာခဲ့တယ်

သန့်ပါတယ်

ဘုရားသခင်နဲ့နီးစပ်တယ်

သန့်ရှင်းလွန်းလို့ ဘုရားသခင်နဲ့ နီးစပ်တယ်လို့ပြောတာ

ဘာမှမဟုတ်တော့ဘူး ဆက်သွားတော့

ကောင်းပါတယ် ဒါက အဖေ့အတွက်ဂုဏ်ယူစရာပေါ့

မင်းရဲ့မြင့်မြတ်တဲ့အလုပ်အတွက် မကြည်နူးမိဘူးလား ရမ်မီ

မြင့်မြတ်တယ် ဟုတ်လား ကျွန်တော်တို့က သူခိုးတွေလေ အဖေရဲ့

ပြီးတော့ အမှိုက်ပုံတွေထဲကခိုးတယ်ဆိုတာ ရင်ဆိုင်လိုက်ပါ

မလိုချင်လို့ပစ်ထားတာကိုယူတာ ခိုးတာမှမဟုတ်တာ

မလိုချင်လို့ပစ်ထားတယ်ဆိုရင် ကျွန်တော်တို့က ဘာဖြစ်လို့ခိုးနေရတာလဲ

ကျွန်တော်တို့ အမြင်ချင်းမတူဘူးလို့ပဲ ထားလိုက်တော့

ကျွန်တော်သိခဲ့တာတော့ ဒါပါပဲ

တကယ်လို့စားရမယ်ဆိုရင်တောင် ကျွန်တော်ကတော့ အကောင်းပဲစားချင်တယ်

ဒါပေမဲ့ ကျွန်တော့်အဖေအတွက်ကတော့

အစားဆိုတာ လောင်စာပဲကွ

ဇီဇာကြောင်နေမယ်ဆိုရင်တော့ မင်း အင်ဂျင်ကပျက်စီးသွားမှာပဲ

ဒီတော့ ပါးစပ်ပိတ်ပြီး စားစရာရှိတာစား

ကျွန်တော်တို့သူခိုးဖြစ်မယ့်အတူတူ

ဘာဖြစ်လို့ မီးဖိုချောင်ထဲက ကောင်းတာတွေကိုမခိုးရတာလဲ

မီးဖိုချောင်ဆိုတော့ အဆိပ်လည်းခတ်ထားမှာမဟုတ်ဘူး

ပထမအချက် ငါတို့ကသူခိုးတွေမဟုတ်ဘူး

ဒုတိယအချက်က မီးဖိုချောင်နဲ့ဝေးဝေးမှာနေပြီး လူတွေနဲ့လည်းခပ်ဝေးဝေးမှာနေ

အဲဒါတွေက အန္တရာယ်ရှိတယ်ကွ

ကျွန်တော် လူတွေကိုမုန်းရမယ်ဆိုတာ သိပေမဲ့

သူတို့ကို ကျွန်တော်ကြိုက်တဲ့အချက်တစ်ခုရှိတယ်

သူတို့က အသက်ရှင်ဖို့အတွက်ပဲမကြိုးစားကြဘူး ရှာဖွေကြတယ် ဖန်တီးကြတယ်

ပြောချင်တာက အစားအစာနဲ့ပတ်သက်ပြီး သူတို့ဘာလုပ်တယ်ဆိုတာပဲ

ဘယ်လိုနားလည်အောင်ပြောရမလဲ

အစားကောင်းဆိုတာ သီချင်းတစ်ပုဒ်နဲ့တူတယ် ပန်းချီကားတစ်ချပ်နဲ့တူတယ်

ခင်ဗျားတို့ပတ်ပတ်လည်မှာ အကောင်းဆုံးတွေ ရှိနေပါတယ်

အဲဒါတွေကို သတိပြုမိဖို့နဲ့ အရသာခံတတ်ဖို့ပဲလိုတာပါ

ဂူစတိုပြောတာ မှန်လိုက်တာ

ကောင်းလိုက်တာ

အရသာတစ်ခုစီတိုင်း ထူးခြားမှုရှိနေတာပဲ

ဒါပေမဲ့ အရသာတစ်ခုကို နောက်တစ်ခုနဲ့ပေါင်းလိုက်ရင်တော့

အရသာအသစ်တစ်ခု ဖြစ်သွားပြန်ရော

အခုတော့ ကျွန်တော့်မှာ လျှို့ဝှက်ချက်ရှိသွားပြီ

အဲဒါကိုသိတာဆိုလို့ အေမီယယ် တစ်ယောက်ပဲရှိတယ်

အေမီယယ်..အေမီယယ်

ငါ မှိုတစ်ပွင့်ရလာတယ်

ဆင်းလာဦး မင်းကအစားအစာဝှက်တာတော်တော့ ဒီဟာဝှက်ချင်လို့ နေရာကောင်းတစ်ခုလောက်ရှာပေး

သူကတော့ နားလည်မှာမဟုတ်ပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့ နားလည်တယ်

မင်း ဘာဖြစ်လို့အဲဒီလိုလမ်းလျှောက်နေတာလဲ

ငါ့လက်ဖဝါးတွေကို အမြဲတမ်းရေမဆေးချင်လို့ပေါ့

အစားအစာတွေကိုင်တဲ့လက်နဲ့ပဲ ငါတို့လျှောက်နေတယ်လို့ မစဉ်းစားမိဘူးလား

နောက်ပြီး ငါတို့ပါးစပ်ထဲကို ဘာတွေရောက်သွားတယ်ဆိုတာကော စဉ်းစားမိလား

တစ်ချိန်လုံးလား

နေရာတကာသွားထားတဲ့လက်နဲ့ အစားမစားချင်ဘူး

ကောင်းပါ့ ဆက်လုပ်ပေါ့

ဒါပေမဲ့ မင်းဒီလိုလမ်းလျှောက်နေတာကို အဖေတွေ့ရင်တော့ ကြိုက်မှာမဟုတ်ဘူး

အဲဒီအထဲမှာ ဘာပါလို့လဲ

ဒိန်ခဲရှာတွေ့လာတာပေါ့

ရိုးရိုးဒိန်ခဲမဟုတ်ဘူးကွ ဆိတ်နို့နဲ့လုပ်ထားတဲ့ဒိန်ခဲ

ငါရလာတဲ့မှိုနဲ့တွဲလိုက်လို့ကတော့ အရမ်းကောင်းသွားမှာပဲ

ပြီးတော့

ဒီ ရို့စ်မေရီ

ဒီဟင်းခတ်ရွက်နဲ့ ကျူပင်ထဲက ရေစက်နည်းနည်းနဲ့သာဆိုရင်တော့

ရိက္ခာရုံထဲသာ ထည့်လိုက်ပါကွာ ပြီးရင် ငါတို့..

ဒါကို အမှိုက်ပုံထဲလွှင့်မပစ်ချင်ပါဘူး

ဒါကအကောင်းစားကြီးကို

ဒါပေမဲ့ နေမဝင်ခင်ငါတို့နေရာကိုပြန်ရမှာလေ မင်းလည်းသိသားနဲ့ အဖေက

အေမီယယ်

ဒီမှာ မလေ့လာရသေးတာတွေရှိတယ်

ငါတို့ ဒါကိုချက်ကြည့်ရမယ်

ဒါကိုဘယ်လိုချက်ရမလဲဆိုတော့

ဟုတ်ပြီ

အဓိကက လှန်ပေးနေဖို့ပဲ

မီးခိုးအနံ့အရသာ သင်းသင်းလေးနဲ့ အကျက်ညီရမယ်

မိုးရွာတော့မယ်ကွ

ရမ်မီရေ..ငါတို့ ဒီပေါ်မှာ ကြာကြာမနေသင့်ဘူးထင်တယ်..

ဘုရားရေ

မင်း ဒါကိုမြည်းကြည့်စမ်း

ဒါလေးက ကျက်ပြီး အိသွားပြီ

မီးခိုးနံ့တော့မရဘူးကွ သေချာတယ် ဒါက

ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် အရသာလို့ မထင်မိဘူးလား

အဲဒီအရသာကို ဘယ်လိုခေါ်တာလဲ

မိုးကြိုးအရသာ

ဟုတ်တယ် မိုးကြိုးအရသာပဲ ငါတို့ နောက်တစ်ခေါက်ထပ်လုပ်ရအောင်

အိုကေ နောက်တစ်ခါမုန်တိုင်းလာရင် ငါတို့ခေါင်မိုးပေါ်တက်ကြမယ်

ဘာလိုဦးမလဲဆိုတော့ ကုံကုမံ ကုံကုမံနည်းနည်းလိုမယ်

ကုံကုမံလား ငါ့စိတ်ထဲမှာထင်နေတယ်..

- မီးဖိုချောင်ထဲမှာပဲရှိလို့ပေါ့ - မီးဖိုချောင်ထဲကဟာ

- ကုံကုမံ - မဟုတ်သေးဘူး

ကုံကုမံ

ငါကြောက်တယ် သူနိုးလာလိမ့်မယ်ကွ

ငါ ဒီကိုအကြိမ်ပေါင်းများစွာရောက်ဖူးတယ်

ဟင်းချက်နည်းအစီအစဉ်ကိုဖွင့်ပြီး ဟောက်နေတာလေ ဘယ်တော့မှမနိုးဘူး

မင်းက ဒီကိုခဏခဏရောက်ဖူးတယ်ဟုတ်လား

ငါပြောမယ်..အဓိကလိုနေတာ ကုံကုမံပဲ

ဂူစတိုပြောတာလေ

အေးပါ..ဂူစတိုဆိုတာဘယ်သူလဲ

တစ်ကမ္ဘာလုံးမှာ အတော်ဆုံးစားဖိုမှူးလေ ဒီဟင်းချက်နည်းစာအုပ်ကို သူရေးခဲ့တာပေါ့

နေပါဦး..မင်းက စာဖတ်တယ်ဟုတ်လား

သိပ်ကြီးတော့လည်းမဟုတ်ပါဘူး

မင်းကတော့..အဖေသိလား

အဖေမသိတဲ့အကြောင်းတွေရေးထားတဲ့ စာအုပ်တွေအများကြီးပဲကွ

ငါမသိသေးတာတွေ သိရအောင် စာဖတ်တာ ဒါကတော့ ငါတို့ရဲ့လျှို့ဝှက်ချက်နော်

လျှို့ဝှက်ရတာ ငါမကြိုက်ဘူး

ဟင်းချက်တာ စာဖတ်တာ တီဗွီကြည့်တာ

တီဗွီကြည့်ရင်းနဲ့ စာအုတ်ဖတ်ရင်း ဟင်းချက်တာ

ငါ့ကိုပါအမှုတွဲထဲဆွဲထည့်တာပဲ ပြီးတော့ ငါကခွင့်ပြုပေးရဦးမယ်ပေါ့

ဘာလို့မင်းကိုခွင့်ပြုပေးရမှာလဲ

ဒီကလေးတွေ ဘာလို့ဒီလောက်ကြာနေတာလဲ

လာကွီးလားကုံကုမံ အီတလီကပေါ့

ဒါကအကောင်းဆုံးပဲလို့ ဂူစတိုပြောဖူးတယ် ဒီအဘွားကြီးက အကောင်းတော့ကြိုက်သားပဲ

ထူးခြားဆန်းပြားမှုကိုမေ့ထားလိုက်ပါ ဒါက အချက်အပြုတ်ပါ

အဲဒါ ဂူစတိုပဲ အေမီယယ် ကြည့်လိုက်

ဟင်းချက်ကောင်းတာက ဇွဲမရှိတဲ့သူတွေအတွက်မဟုတ်ဘူး

ဖန်တီးနိုင်စွမ်းရှိရမယ် ဇွဲကောင်းရမယ်

မဖြစ်နိုင်မယ့်အရာတွေနဲ့လည်း ကြိုးစားကြည့်ရမယ်

မင်းဘယ်ကပဲလာသည်ဖြစ်စေ

မင်းရဲ့လုပ်နိုင်စွမ်းကိုတခြားသူကိုမဆုံးဖြတ်စေရဘူး

မင်းရဲ့လုပ်နိုင်စွမ်းဟာမင်းရဲ့နှလုံးဝိဉာဉ်ပဲ

ငါပြောတာတွေကအမှန်ပဲ

လူတိုင်းချက်နိုင်တယ်

ဒါပေမဲ့ အကြောက်တရားမရှိသူသာ အကောင်းဆုံးဖြစ်နိုင်မှာ

ကဗျာဆန်လိုက်တာ

ဒါပေမဲ့ ဒါဟာ ကြာရှည်မခံပါဘူး

ပြင်သစ်ရဲ့ထိပ်တန်းအစားအသောက်ဝေဖန်သူဖြစ်တဲ့ အန်တန်အီဂိုရဲ့ပက်ပက်စက်စက်သုံးသပ်ချက်အပြီးမှာတော့

ဂူစတိုစားသောက်ဆိုင်ဟာကြယ်ငါးပွင့်အဆင့် စားသောက်ဆိုင်တွေထဲကနေအဆင့်လျော့ကျခဲ့ရတယ်

ဒါဟာ ဂူစတိုအတွက် ထိုးနှက်ချက်များစွာဖြစ်ခဲ့ရပြီး

စိတ်ထိခိုက်နာကျင်ခဲ့တဲ့စားဖိုမှူးဟာလည်း သိပ်မကြာခင်မှာပဲ သေဆုံးခဲ့ပါတယ်

ကြယ်တစ်ပွင့်ကြွေလွင့်ခဲ့ရပြန်ပြီပေါ့

ဂူစတိုကသေသွားတာလား

ပြေး

ငါတို့နေရာကို လမ်းပြသလိုဖြစ်နေမယ်

- ကယ်ပါဦး ရမ်မီ - အေမီယယ် အဲဒီမီးဆိုင်းကိုလွှဲလိုက်

ငါမင်းကိုလှမ်းဆွဲမယ်

အေမီယယ် ငါ့ဆီလွှဲခဲ့

ဘေးကင်းရာကိုပြေးကြဟေ့

အားလုံးလှေပေါ်ပြေးကြတော့

- နည်းနည်းလောက်ဖယ်ပေးကြပါ - စာအုပ်

တစ်ဆိတ်လောက် လမ်းဖယ်ပေးကြပါ

သွားကြ ပြေးကြဟေ့

- တံတားပေါ်ကသွားကြ - လုပ်ထား လုပ်ထား

မြန်မြန်ပြေးပါဟ

- တွန်းတော့ - လုပ်စမ်းပါ

- ကလေးကိုခေါ်ဦး - မင်းလက်ပေး

ငါ့ကိုစောင့်ကြပါဦး

အားလုံးစုံပြီလား အားလုံးရောက်ပြီလား

- ရမ်မီကော - ဒီမှာ လာနေပြီ

လာနေပြီ

ခဏလေး သားရေ သူဆွဲဖို့ တစ်ခုခုပေးလိုက်

လှော်ထားကွ

လုပ်ထား ဒါကိုမီအောင်ဆွဲလိုက်

မင်းလုပ်နိုင်ပါတယ်ကွ

- ရမ်မီ - အဖေ

လာစမ်းပါကွ မင်းလုပ်နိုင်တယ်

ခဏစောင့်ကြပါဦး

ရမ်မီ လှော်ခဲ့

ခဏစောင့်ကြပါဦး

အဖေ

အဖေ

ဘယ်ဘက်ကိုသွားရမှာလဲ

ကျွန်တော်စောင့်ခဲ့တယ်

အသံတစ်သံ

စကားတစ်ခွန်း

More Burmese subtitles for Ratatouille

Komentoj

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left