Mission: Impossible - Ghost Protocol

Mission: Impossible - Ghost Protocol

Λήψη Burmese Υπότιτλων

Πληροφορίες έκδοσης

Mission Impossible 4(Zawgyi)
Ένα Σχόλιο από horropheliac

Ετικέτες

other
Δημοσιεύτηκε στις: 2017-08-04
Λήψεις: 63
Για Άτομα με Προβλήματα Ακοής: No

Προεπισκόπηση υποτίτλων Burmese

Οι πρώτες 200 γραμμές.

တံခါးကို ဘယ်လိုဖွင့်ခဲ့တာလဲ

ဟေ့ကောင်

ဘာလုပ်နေတာလဲ

အဆောင် ၂ တံခါးဖွင့်လိုက်

ဘယ်လို ထွက်လာတာလဲ

အခန်းထဲ ပြန်ဝင်စမ်း

အခန်းထဲ ပြန်ဝင်လို့ပြောနေတယ်

ကစားဖို့ အပေါင်းအသင်းနည်းနည်းလောက် လွှတ်ပေးလိုက်မယ်

ဆောရီးပါ

- အဲဒီကို အစောင့်တွေလွှတ်လိုက် - ကြိုးစားနေပါတယ်

ပြင်ဆင်ပြီးသွားပြီ အောက်ကို ဘယ်လိုဆင်းသွားတာလဲ

ဘယ်လိုထင်လို့လဲ ရေဆိုးပိုက်ထဲကနေ ဆင်းတာ

တံခါးတွေ မပွင့်ဘူး လော့ခ်ကျနေတယ်

အချက်ပေးသံဖွင့်

ထိန်းချုပ်လို့ မရတော့ဘူး

ကပ္ပတိန်

- လုံခြုံရေးအင်အား လိုနေပြီ - အဆောင် ၂ မှာ ပြဿနာတက်နေတယ်

ရောက်ပြီ

အဆင့် ၂ ကို ဆက်လှုပ်ရှားမယ်

ဘာလုပ်နေတာလဲ ဘာလုပ်နေတာလဲ

ဘာဖြစ်လို့လဲ ဘန်ဂျီ

ဒုက္ခပဲ သူက တံခါးဖွင့်ထားတဲ့ဘက်ကို မသွားဘူး

ကိုယ့်အလုပ်သာ ကိုယ်လုပ်စမ်းပါ သူဘယ်သွားရမလဲဆိုတာ သူသိပါတယ်

မရဘူး မဖွင့်ဘူး အဲဒီတံခါးကို ဖွင့်မပေးဘူး

တံခါးဖွင့်ထားတဲ့ဘက်ကနေ ထွက်စမ်းပါ အီသန်

မင်းပြောတာကို နားလည်တယ် ဒါပေမဲ့ ဖွင့်မပေးနိုင်ဘူး

ထွက်ပေါက်ဘက်ကို သွားပါ

ထွက်ပေါက်ဘက်ကို သွားစမ်းပါ

မင်းကို ငါတို့ စောင့်နေကြတယ်

မင်းကို စောင့်နေကြတယ် ငါစောင့်နေလို့ရတယ်

အေးပါ အေးပါ အေးပါဟ

အဲဒီမှာ

ငါးပါးတော့ မှောက်တော့မှာပဲ

ဘယ်သူမှ မလုပ်ကြဘူးလို့ ပြောနေတာလား

ဂျိန်းရေ ငါတို့တွေ အချိန်နည်းနည်းလောက် ဆွဲထားရဦးမယ်

ဘာလို့ အဲဒီအခန်းထဲ ဝင်ချင်ရတာလဲ

သွားကြမယ်

အခုသွားမှာလား

အေး အခုသွားမှာ

သူဘာလုပ်နေတာလဲ မသိတော့ဘူး သူ့ကို ငါကူညီပေးနေလို့ ဖြစ်မယ်

သီချင်းဆုံးတာနဲ့ သတ်မှတ်ထားတဲ့ နေရာကို ရောက်သင့်တယ်

ဧည့်သည်တစ်ယောက်လည်း ပါလာတယ်

ဆာဂီ

တံခါးအကုန်လုံး ဖွင့်လိုက်

ဒုက္ခပဲ

ဒုက္ခတော့ ရောက်ပါပြီ

နောက်ထပ်အစီအစဉ်တွေ ရှိသေးရင် ပြောပြထားပါကွာ

သွားကြမယ်

အေးဂျင့် ဟန့်တ် လား

မင်းကကော

အေးဂျင့်ကာတာပါ

ကောင်းပါပြီ

ရှင့် မိတ်ဆွေက ဘယ်သူလဲ

လမ်းသွားရင်းနဲ့ ပြောပြမယ်

မီးညှိလိုက်တော့

ဆာဂီ ဘာဖြစ်လို့လဲ

ဘာမှ မဖြစ်ပါဘူး

အခန်းထဲက ဆင်ကို ခေါ်ထုတ်လာဖို့ မရည်ရွယ်ပါဘူး

ဒါပေမဲ့ အမွေးအမှင်ထူတဲ့ ရုရှားကောင်ကြီးကို ဘာလို့ ခေါ်လာရတာလဲ

ဘယ်သူ့ကို ပြောတာလဲ ဘော့ဂ်ဒန် ကို ပြောတာလား

သူနဲ့ငါနဲ့က ရင်းနှီးတယ် အဲဒီမှာ ထားခဲ့ရင် သူ့ကို သတ်ကြမှာပေါ့

အဲဒါကြောင့် သူ့ကို လွတ်လပ်ခွင့် ပေးမလို့

တံမြက်စည်း လှည်းတဲ့သူတွေကို ခေါ်ထားသေးလား

အေး လာနေကြပြီ

ကောင်းတယ်

ဘန်ဂျီ မင်းက ဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ

ငါက လုပ်ငန်းခွင်စာမေးပွဲ အောင်ထားပြီးပြီ

မိုက်တယ်မလား

ဟုတ်တာပေါ့

- ဒီအင်န်အေ စစ်ဆေးတာ - အဲဒါ ငါလေ

ဒါက လုပ်ရိုးလုပ်စဉ်ပါ ရှင့်ကို အတည်ပြုပေးတာ

မင်းက တော်တော်စေ့စပ်တာပဲ

မင်းက ရုရှားလူမျိုး မဟုတ်ဘူးလား

အနားယူလိုက်ဦး

တံမြက်စည်းလှည်းသူတွေနဲ့ နီးလာပြီ အမှိုက်ရှင်းထုတ်လိုက်တော့

- သိတယ် - ဆာဂီ

မင်းနာမည်က ဆာဂီမဟုတ်ဘူးလား

အဆင်ပြေသွားမှာပါ

ဘော့ဂ်ဒန်

ငါ့သူငယ်ချင်းတွေကို ပစ်မထားပါဘူး

ငါ့သူငယ်ချင်းတွေ

အရှုပ်ထုတ်တော့ ရှင်းသွားပြီ

အဆင်ပြေသွားမယ်လို့ ထင်ခဲ့တာ

ရုရှားအကျဉ်းထောင်ထဲမှာ ရှင်ဘာတွေ လုပ်ခဲ့တာလဲ ဆိုတာ ပြောပြပါလား

ဘာလို့ ငါ့အတွက်နဲ့ ထောင်ဖောက်ပေးတာလဲ

ဒါက ပြန်ပြီးကယ်တင်တဲ့ စစ်ဆင်ရေး မဟုတ်ဘူးလား

ဒီအတိုင်းပဲ ထားလိုက်ပါတော့

ငါ့ကို အပြင်ထွက်လာစေချင်တယ် ဆိုရင်တော့

ဒီအပြင်မှာ ဆိုးရွားတဲ့ ကိစ္စတွေ ရှိနေလို့ပဲ ဖြစ်ရမယ်

ကျွန်မတို့ ဖိုင်တွဲတစ်ခုနောက်ကို လိုက်တော့ လက်ထဲရောက်ပြီးမှ

လက်လွှတ်လိုက်ရတယ်

ဘယ်သူ့ကြောင့်လဲ မင်းကြောင့်လား

အေးဂျင့် ဟန်နဝေ ကြောင့်ပါ

ဟန်နဝေ က ဘယ်မှာလဲ

တကယ့်ကို ခက်ခဲပါတယ်

လျှို့ဝှက်တဲ့ ဖိုင်တွဲပါ

ဖိုင်တွဲကို သာမန်ကြားဖြတ်တိုက်ပြီး ယူလို့ရတယ်

ဖိုင်တွဲသယ်လာတဲ့သူ လိုက်ပါလာတဲ့ ရထားကို ကျွန်မတို့ သိခဲ့ရတယ်

ဖိုင်တွဲသယ်လာသူရောက်ဖို့ ၂ မိနစ် အလို

ဒါပေမဲ့ ကျွန်မတို့ မသိခဲ့တဲ့ အရာတစ်ခု ရှိခဲ့တယ်

ဘော့ဘ်ကတ်ရဲ့ ရထားက ၆မိနစ်မှာ ထွက်မှာ

ဖိုင်တွဲသယ်လာသူက ဘယ်သူလဲဆိုတာ မသိခဲ့ဘူး

အခုမှ မရရင် ဘယ်တော့မှ မရတော့ဘူး ဘော့ဘ်ကတ်

ဖိုင်တွဲသယ်လာသူရဲ့ နာမည်က ဘာလဲ

ဆက်လုပ်လေ ပစ်လိုက်စမ်းပါ

အချိန်ပြည့်ပြီ

နာမည်လိုနေတယ် တစ်ခါတည်းနဲ့ လူအများကြီးကို ခြေရာခံလို့ မရဘူး

မာရက်ခ်စတက်ဖန်စကင် ပါ

ရပြီလား

မာရက်ခ်စတက်ဖန်စကင်

ရှာနေပြီ

ဖိုင်တွဲ ယူလာခဲ့မယ်

အဆင်ပြေရဲ့လား

ဟန်နဝေက သူ့ကို မေ့အောင်လုပ်ပြီး အိတ်ကို ယူလာခဲ့တယ်

ထိုင်လိုက်ပါ အသက်ဝဝရှူလိုက်

ဖိုင်တွဲက သူ့ရဲ့လက်ထဲကို လွယ်လွယ်နဲ့ ရောက်လာခဲ့တယ်

ဖိုင်တွဲရပြီ

ဒါပေမဲ့ ဖိုင်တွေနောက်ကို လိုက်နေတာက ကျွန်မတို့တင် မကဘူး

ဘော့ဘ်ကတ်ရေ ဒီပွဲကို ဖျက်ဆီးမယ့် သူတွေ ရှိနေတယ်

ငါတစ်ယောက်တည်း မဟုတ်ဘူး

ရဲတွေလား

မဟုတ်ဘူး လက်နက်ကို အပိုင်စီးမယ့်သူတွေ

ထိန်းထားဦး ကျွန်မလာနေပြီ

လှေကား လက်တန်းကနေပြေးသွားပြီ

အနောက်တောင်ထောင့်မှာ တစ်မိနစ်အတွင်း ဆုံကြမယ်

ဟန်နဝေရဲ့ မျက်ကပ်မှန် ကင်မရာက အန္တရာယ်ကို သတိပေးခဲ့တယ်

ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့တယ်

အဆင်ပြေသွားမှာပါ

မင်းက အရမ်းလှတယ်

ဆောရီးပါကွာ ငါ မင်းကို ပြောခဲ့သင့်တယ်

အဲဒါက ကျွန်မရဲ့ စစ်ဆင်ရေးတာဝန်ပါ

သူ့ကို တာဝန်ထမ်းဆောင် ခိုင်းခဲ့တာ

ကျွန်မနဲ့ တွေ့ပြီး မကြာခင်မှာပဲ ဆုံးသွားခဲ့တယ်

စိတ်မကောင်းပါဘူး

သူ့ကို သိလား

သူ့နာမည်က ဆာဘင်းမော်ရိုးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပဲ

သူတို့ကို စိန်တွေနဲ့မှ ငှားလို့ရတာ

ဖိုင်တွဲထဲမှာ ဘာတွေပါလို့လဲ

ရုရှားတွေရဲ့ နျူးကလီးယား လွှတ်တင်ရေး ကုတ်နံပါတ်တွေ ပါတယ်

အိုင်အမ်အက်ဖ်က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အစွန်းရောက်ဝါဒီသမား ကိုဘော့တ် ကို ရှာနေတာ

သူက ဘယ်လိုပဲဖြစ်ဖြစ် နျူးကလီးယားလက်နက်ကို ဖောက်ခွဲပစ်ဖို့ ဆုံးဖြတ်ထားတယ်

အရင်တုန်းက သူ့အတွက် မော်ရိုးက အလုပ်လုပ်ပေးခဲ့တယ်

အိုင်အမ်အက်ဖ်က သူ့အကြောင်း နောက်ထပ် ဘာတွေသိထားသေးလဲ

အခု မင်းသိထားသလောက်ပဲ

ဒါပေမဲ့ မော်ရိုးဆီမှာ နျူးကလီးယား လွှတ်တင်တဲ့ ကုတ်နံပါတ်ရှိနေရင်တော့

ကိုဘော့တ် ဆိုတာ အာရုံစိုက်ခံနေရတဲ့သူ အဖြစ်ကနေ နံပါတ်တစ် ရန်သူအဖြစ်

ပြောင်းလဲသွားမှာ

ရောက်ပြီ

အေးဂျင့်အား အတည်ပြုလိုက်ပါပြီ

သူက ဘာလို့ ထောင်ကျနေတာလဲ

သူ့သတင်းကို အစအန ရှာမရခဲ့တာ

ငါက သူပြောင်းလဲသွားပြီလို့ ထင်ခဲ့တာ

ဥပဒေမဲ့ ပစ်သတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေတော့ ရှိခဲ့ပါတယ်

ပြန်လည်ကြိုဆိုပါတယ် မစ္စတာ ဟန့်တ်

မင်းမရှိတဲ့အချိန်အတွင်းမှာ အိုင်အမ်အက်ဖ်က ကိုဘော့တ်ရဲ့အကြောင်း ဒါမှမဟုတ်

ရုရှားထောက်လှမ်းရေးတွေရဲ့ နျူးကလီးယားဗျူဟာ အဆင့်၁ ကို လေ့လာနေခဲ့တာ

အဲဒါကြောင့် သူ့ရဲ့ကိုယ်ရေးအချက်အလက်အမှန်ကို ဖုံးကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက

ကရင်မလင် နန်းတော်ကို သူကိုယ်တိုင် ဖောက်ထွင်းဝင်ရောက်ဖို့ပဲ

သူတို့ရဲ့ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ဖို့အတွက်

ခင်ဗျားက ဗိုလ်ချုပ်ကြီး ဖက်ဒရော့ဗ် အဖြစ် ဟန်ဆောင်ပြီး သွားရမှာပါ

ကိုဘော့တ်က သူ့ရဲ့ မှတ်တမ်းမှတ်ရာတွေကို

ရသလောက်တော့ ဖျက်ဆီးပစ်မှာပဲ

ခင်ဗျားရဲ့ စစ်ဆင်ရေးကို လက်ခံဖို့ ရွေးချယ်သင့်တယ် စစ်ဆင်ရေးကတော့

ကရင်မလင် နန်းတော်ထဲက လုံခြုံရေး အဆင့်မြင့်တဲ့ မော်ကွန်းတိုက်ထဲကို

ဖောက်ထွင်းဝင်ပြီး ကိုဘော့တ်ရဲ့ဖိုင်တွဲကို သူ မဖျက်ဆီးပစ်နိုင်ခင် ယူလာခဲ့ပေးရမှာ

အကြံပေးချက် အသစ်မှာတော့ ကိုဘော့တ်က ခရီးရောက်နေပြီတဲ့

ဖောက်ထွင်းဝင်ရောက်ဖို့

၎ နာရီ ၅၂ မိနစ် ပဲ လိုတော့တယ်

အချိန်ကုန် သက်သာစေဖို့ ခင်ဗျားအတွက် အဖွဲ့ခွဲပေးထားပါတယ်

အေးဂျင့်ကာတာ နဲ့ အေးဂျင့် ဒန်း တို့ပါ

အရင်လို ခင်ဗျားပဲဖြစ်ဖြစ် ခင်ဗျားအဖွဲ့က လူတွေပဲဖြစ်ဖြစ် အဖမ်းခံရ အသတ်ခံရရင်

ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုတွေကို ဝန်ကြီးမှ ငြင်းဆိုပါလိမ့်မယ်

ဒီမက်ဆေ့စ်ကို ငါးစက္ကန့်အတွင်းမှာ အလိုအလျောက် ဖျက်ပစ်မှာပါ

ကံကောင်းပါစေ အီသန်

ဘာထူးခြားလဲ

ငါတို့ ကရင်မလင် နန်းတော်ကို သွားရမှာ

မင်း ကရင်မလင် နန်းတော်လို့ ပြောလိုက်တယ်နော်

မင်း ကရင်မလင် နန်းတော်လို့ ပြောလိုက်တယ်နော်

ဟုတ်ပါပြီ

တကယ့်ကို စိတ်လှုပ်ရှားစရာပဲ

ငါကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ဘူး

မင်းသိပါတယ်

ငါ့အတွက်တော့ တော်တော်လေးကို စိတ်ကူးယဉ်ဆန်တယ်

မင်းရုပ်ဖျက်ထားတာကို သဘောကျတယ် မင်းက သူနဲ့ တော်တော်တူတယ်

မျက်နှာဖုံး အပြည့်မတပ်ထားတော့ ရှက်စရာကြီးဖြစ်နေတယ်နော်

အကုန်လုံးက မျက်နှာဖုံးတွေတပ်ထားပြီး ဘန်ဂျီကျတော့ မတပ်ရဘူး

ဆောရီးပါ

မနေတတ်ဘူးဖြစ်နေတာ ငါကြောက်တဲ့အခါကျရင် စကားကို ပေါက်ကရတွေ ပြောတတ်တယ်

ဒါကို ပြန်စနေပြီ တော်တော့ ဘန်ဂျီ

လုံခြုံရေးအစောင့် ၇ ယောက်

အိတ်စ်ရေးစက်တွေ ကင်မရာတွေနဲ့ သတ္တုရှာဖွေရေးစက်တွေ ရှိတယ်

ငါတို့ တွက်ဆထားတဲ့အတိုင်းပဲ တို့တွေ လုပ်နိုင်ပါတယ်

လွှတ်ချလိုက်တော့မယ် ၃ ၂ ၁

ယုံကြည်မှု ရှိစမ်း ဒီအခက်အခဲကို ကျော်နိုင်ရမယ်

ဗိုလ်ချုပ်ကြီး ခင်ဗျား

ကျွန်တော်က မေဂျာ အီဂိုရော့ဗ်ပါ

ဆရာ့ရဲ့ အထောက်အထားကတ်ကို ကြည့်ပါရစေ

မင်းက ကိုယ့်ဆရာကိုတော့ သိထားသင့်တယ်

ဆရာ့ အချက်အလက်ကို မတွေ့ပါဘူး

ပြန်စစ်ဆေးကြည့်ပါဦး

More Burmese subtitles for Mission: Impossible - Ghost Protocol

Σχόλια

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left