She's Out of My League

She's Out of My League

Download Burmese Untertitel

Release Info

She's Out of My League
Ein Kommentar von erasmo

Tags

other
Veröffentlicht am: 2017-11-14
Downloads: 29
Hörgeschädigt: No

Burmese Untertitel-Vorschau

Die ersten 200 Zeilen.

မာနီ

ငါတို့ ခဏခွဲနေကြည့်ဖို့ သဘောတူခဲ့တာကို ငါသိပါတယ်

အဲဒီလိုခွဲနေကြည့်တာလည်း ကောင်းတယ်လို့ ငါထင်ပါတယ်

စိတ်ဝင်စားစရာကောင်းပြီး ထူးခြားတဲ့လူတွေနဲ့ တွေ့ဖို့

လေ့လာကြည့်နိုင်ဖို့ ဘုရားသခင်က အခွင့်အရေးပေးလိုက်တာပဲ

ငါ့ထက်တောင်မှ နင်ကပိုပြီးတော့ လေ့လာပြီးလောက်ရောပေါ့

အများကြီး ပိုလေ့လာပြီးလောက်ရောပေါ့ နင်က သိပ္ပံပညာရှင်ကြီးလိုလေ

ဘီကာခွက်တွေ ကိုင်လို့.. ငါလည်း အဲဒါကိုကြိုက်ပါတယ်

ဘာလို့လဲဆိုတော့ ငါတို့လည်းပိုပြီး စိတ်ဓာတ်တွေ ကြံ့ခိုင်လာသလားလို့လေ

ဒါပေမဲ့ တကယ့်ပြဿနာက ငါတို့ဝေးနေတာ နှစ်နှစ်တောင်ရှိသွားပြီ မာနီ

အချိန်အများကြီးကြာသွားပြီ

ပြန်စမယ်ဆို ငါ့ဘက်က အသင့်ဖြစ်နေပြီ

နင့်ကိုလွမ်းတယ်

အရင်အချိန်တွေကို လွမ်းမိတယ်

နင့်အတွက်လက်ဆောင်ပါတယ်

ဘယ်လိုနေလဲ

မင်းကတော့လေ

စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ တကယ်ပါ

မင်းကိုဒီလိုပုံစံမျိုးနဲ့မြင်ရတာ တော်တော့်ဆိုးဆိုးပဲ

ငါကတော့ချစ်ဖို့ကောင်းတယ် ထင်တယ် ဒါဘယ်လိုလုပ်ရတာလဲ

အဲဒါ ဘာကြီးလဲဟ

သူငါ့ကို မဖြတ်ခင်လေးက ချစ်သူများနေ့အတွက် ငါဝယ်ထားတဲ့ဟာ

မင်း သူ့ကိုသိပ်သဘောမတွေ့တာ သိပါတယ် စတိန်နာ

ငါသူ့ကိုမုန်းနေတာ မင်းတို့နှစ်ယောက် လမ်းခွဲတဲ့နေ့တုန်းက

အဲဒီနေ့ကို ပျော်စရာနေ့ဆိုပြီး ငါ့ပြက္ခဒိန်ထဲမှာ မှတ်ထားသေးတယ်

သူ့မျက်နှာပုံပါတဲ့ ကိတ်မုန့်နဲ့ အဲဒီနေ့မှာအောင်ပွဲခံဦးမှာ

ဒါပေမဲ့ အဲဒီမုန့်ကိုမစားဘူး ဖျက်ဆီးပစ်မှာ မင်းအများကြီး တတ်နိုင်ပါတယ်ကွာ

- သူလိုလူနဲ့မတန်ပါဘူး ကာ့က်ရာ - ကျေးဇူးပဲ

အပြင်က အခြေအနေတွေငါတွေ့ပြီးပြီ ပိုကောင်းလာတယ်လို့တော့ မထင်မိဘူး

အပြင်ကို မင်းဘယ်တုန်းကထွက်လို့လဲ မင်းအခန်းကဘယ်တုန်းက ထွက်သွားတာလဲ

ငါ ရည်းစားလေးယောက်လောက် ထားခဲ့ပါသေးတယ်ကွ

ကောင်မလေးသုံးယောက်ရယ် ပြီးတော့ ဟိုလူကြီးရယ်

သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ ငါမသိဘူး ဒါပေမဲ့ ကောင်းပါတယ်

ငါတို့စကားကောင်းကောင်းပြောဖြစ်ခဲ့တယ် သူကလည်း သူငယ်ချင်းရှာနေတာပဲ

- မင်းရဲ့အားနည်းချက်က ဘာလဲသိလား - ဘာလဲ

- မင်းက ခွေးလေးလိုပဲ - ခွေးလေးလို ဟုတ်လား

မိန်းကလေးတွေက လမ်းလျှောက်ထွက်ဖို့ မင်းကို အပြင်ခေါ်သွားချင်မယ်

မင်းကို အစာကျွေးမယ် ဖက်ထားပေးမယ် ဒါပေမဲ့ သေချာတာက

ဘယ်မိန်းကလေးမှ မင်းနဲ့အတူမနေချင်ဘူး

- ဘယ်သူမှ အတူနေမှာမဟုတ်ဘူး - မဟုတ်တာ

- သူပြောတာ ဟုတ်တယ် - မင်းကိုငါပြောပြမယ်

မာနီကို မင်းပြန်လိုချင်ရင် မင်းတို့နှစ်ယောက် ပြတ်ပြီးကတည်းက

မင်းအတွက် မိန်းမမရှားဘူးလို့

သူ့ဘက်က ထင်မြင်လာအောင် မင်းလုပ်ရလိမ့်မယ်

မဟုတ်ရင်တော့ မင်းကဒုံရင်းပဲပြန်ဖြစ်နေမှာပဲ အဲဒါလည်း သိပ်မဆိုးပါဘူး

မင်းကဘာဖြစ်လို့များ နုံရတာလဲ ငါ့ကောင်ရ

မိန်းမမရှားဘူးဟုတ်လား တကယ်လား ကာ့က်

ဟုတ်တယ် အတော်လေးကို အဆင်ပြေတယ်

သူတို့နဲ့ နေတယ်ဆိုပေမယ့် တော်တော်ဂရုစိုက်ပြီး နေပါတယ်

အမြဲတမ်း အကာအကွယ်သုံးတယ်

စိမ့်ထွက်တာတွေ ဘာတွေမဖြစ်ချင်လို့

အကာအကွယ်ကို နှစ်ထပ်သုံးတယ်

ကာလသားရောဂါတို့ ရေယုန်တို့ ငါမဖြစ်ချင်ဘူးလေ

ကောင်မလေးတွေနဲ့ နင်အဆင်ပြေနေတယ်ဆိုတော့ ငါဝမ်းသာပါတယ်လေ

ဒါပေမဲ့ အမှန်အတိုင်းပြောရရင် မာနီ

အဲဒီကောင်မလေးတွေနဲ့ဖြတ်ပြီး နင်နဲ့ပြန်တွဲချင်တယ်ဟာ

ကာ့က် အခုငါရွန်နဲ့တွဲနေတာ နင်လည်းသိသားနဲ့

ကောင်မလေးတွေနဲ့အတူနေတယ် ဟုတ်လား

ကြားရတဲ့အတိုင်းဆို မင်းအဆင်ပြေနေတယ်ပေါ့လေ ကာ့က်

- ဟုတ်တယ် - ကျေးဇူးပဲ ရွန်

ငါတို့ပြောနေတာ မပြတ်သေးလို့ကွာ

မင်းတို့ဆွေးနွေးချင်လို့လား ရပါတယ်

- ငါတခြားအခန်းမှာ သွားနေလိုက်မယ် - ကျေးဇူးပဲ သူငယ်ချင်း

ဪ ဒါနဲ့အချဉ်ရည်လေး ဘာလေး ရှိသေးလား

ရပါတယ် ငါ့ဘာသာပဲရှာလိုက်မယ် ကံကောင်းကြပါစေ

နင်လာနောက်နေတာလား မာနီ အဲဒီကောင်နဲ့ တွဲနေတာလား

အဲဒီကောင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လေ

- ပီဇာဆိုင်လေးလောက် ပိုင်တာကိုများ - အဲဒါလည်း လုပ်ငန်းပဲလေ

တကယ့်ဆိုင်အကြီးတောင် မဟုတ်ပါဘူး အသေးအမွှားလောက်ကိုများ

အသုံးမကျတဲ့နင့်သူငယ်ချင်းတွေနဲ့ လေဆိပ်လုံခြုံရေးအလုပ်ကို ဆက်လုပ်နေရင်

နင်လေယာဉ်မှူးတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူး

နင့်အတွက်လက်ဆောင်ပါလာတယ်

ငါတို့ နှစ်ယောက်နဲ့တိုက်ဆိုင်လို့ နင့်အတွက် ကိတ်ဘွတ်ရှ်သီချင်းတွေကို

ငါစုစည်းပေးခဲ့တာ မှတ်မိလား ဒါကပိုကောင်းတယ်

လွန်ခဲ့တဲ့နှစ်နှစ်က ပျော်ရွှင်စရာ ချစ်သူများနေ့

အဆင်ပြေရဲ့လား သမီးလေး

- ဟုတ် - အဲဒါက ဘာကြီးလဲ

ဆေးလိပ်ပြာခွက်လို့ ထင်တာပဲ

- မဟုတ်ဘူး နင့်နားကပ်တွေထည့်ဖို့ပါ - နားကပ်ထည့်ဖို့တဲ့

ကာ့က် ဇာတ်လမ်းတွေဆင်မနေနဲ့ အားလုံးကပြီးသွားပြီပဲ

အမေ ခဏလောက်ရှောင်ပေးပါလားဗျာ

- ရပါတယ် မစ္စစ်ကတ်နာ - ကောင်းပြီလေ

ကာ့က် ငါ့ရဲ့မိဘအရင်းတွေနဲ့တောင် ငါမတည့်ဘူးဆိုတာ နင်သိပါတယ်

ငါတို့လမ်းခွဲပြီးကတည်းက နင့်မိဘတွေက ငါ့ကိုမွေးစားခဲ့တာကို

နင်ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာပဲ

- ငါနင့်ကိုချစ်ပါတယ် - ငါလည်းနင့်ကိုချစ်တယ် မာနီ

ငါ ပြီးအောင်ပြောပါရစေ

တီဗွီကြည့်ရတာ ကြိုက်သလို နင့်ကိုငါကြိုက်တယ်

ပီဇာကြိုက်သလို နင့်ကိုငါကြိုက်တယ်

စနူကာရဲ့မိုးပေါ်တိုက်ကွက်

- မလုပ်နဲ့ ဒေလန် - နင် နိုင်နေသေးတယ်

- သူ့ကိုပေးလိုက်စမ်းပါ - ဘာဖြစ်လို့လဲညီလေး

- သွားစမ်း - ဒေလန် ညီလေးကိုသွားလုပ်မနေနဲ့

- အရိုးကိုချိုးလိုက်စမ်းပါ - နာချင်လို့လား ငြိမ်ငြိမ်နေစမ်း

- နင်သူ့ကိုနိုင်မှာ မဟုတ်ဘူး - မင်းကိုမုန်းတယ်

အမေရေ ကာ့က်ကသားကို မုန်းတယ်တဲ့

ရုပ်ရှင်သွားကြည့်ကြမယ်ဟေ့ အစမ်းကားတွေ လွတ်သွားဦးမယ်

- ရော့ ငါလက်ဖက်ရည်နှပ်ခဲ့တယ် သွားရအောင် - ငါတို့နဲ့လိုက်ခဲ့ပါလား ဓားပြလေး

- တော်ပါပြီ ကျေးဇူးပဲ - မင်းသားက ခရစ်တက်ကာနော်

ဒီမှာပဲ အချိန်ဖြုန်းနေလိုက်မယ်

ငါဘာပြောမယ်ဆိုတာ မင်းသိလား

ခရစ်တက်ကာဟုတ်ပြီလား အမေရေ ခရစ်တက်ကာလို​ လုပ်ခဲ့တယ်

- ကောင်းသားပဲ - ဒီဟာလေးကိုထားခဲ့မယ်နော်

သူက Rush Hour ဇာတ်ကားက လူမည်းသရုပ်ဆောင်လေ

- သွားရအောင် သွား သွား - အိုကေ

- အမေ - ငါကတော့မေ့နိုင်မှာ မဟုတ်..

လေယာဉ်လက်မှတ်နဲ့မှတ်ပုံတင်တွေကို ကျွန်တော်မြင်ရအောင်ပြပါ

သွားလို့ရပါပြီ

လေယာဉ်လက်မှတ်နဲ့မှတ်ပုံတင်တွေ

ရောက်လာသေးတယ်နော် ကတ်နာ

နောက်ကျသွားတာ ဆောရီး ဖူလာ

- မင်းမှာ ဆင်ခြေကောင်းကောင်းတော့ရှိမှာပေါ့ - မရှိပါဘူး

လုပ်ကြံပြောစရာ ဆင်ခြေတွေဘာတွေ စဉ်းစားဦးမလား

- ဟင့်အင်း - စိတ်ဝင်စားစရာပဲ

ကြည့်စမ်းပါဦးကွာ

ဒါပေါ့ အရမ်းကောင်းတယ် ဘာမှကို ပြောစရာမရှိတာ

မစ္စတာဖရက်ဒ်မန်း သူတို့ရဲ့ဈေးကတော့ ကျွန်မတို့ထက်နည်းတယ်

ရှင့်ဖောက်သည်တွေကို ပန်းအတုတွေ ဈေးချိုတဲ့ရှန်ပိန်တွေနဲ့ ဆွယ်ချင်တယ်ဆိုရင်

ကျွန်မတို့ကိုလက်လျှော့လိုက်ပါ ပွဲကတော့ကောင်းမှာပါပဲ

ကျေးဇူးပဲ မစ္စတာဖရက်ဒ်မန်း မနက်ဖြန်နော်

ကောင်းသောခရီးစဉ်ဖြစ်ပါစေ

လေယာဉ်လက်မှတ်နဲ့မှတ်ပုံတင်တွေ..

နယူးယောက်လား မြို့ကြီးပဲ

ပန်းသီးကြီး

ပန်းသီးမြို့တော် ကျွန်တော်လည်းအဲဒီကို တော်တော်သွားဖြစ်တယ်

တီးဝိုင်းတစ်ခုမှာ ကျွန်တော်တီးတယ်လေ

- ကျွန်တော်ကတီးဝိုင်းခေါင်းဆောင်ပေါ့ - စတိန်နာ

လေယာဉ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်အသစ်အတွက် နံပါတ်စဉ်တွေ မင်းရပြီလား

ဒါကတော့ ရန်ဒီ

- သွားလို့ရပါပြီ - ကျေးဇူးတင်ပါတယ်

- ကူညီပေးရမလား - ရပါတယ်

အကွက်တွေလှတယ် ဒီစာရွက်ကိုအမှိုက်ပုံးထဲ သွားထည့်လိုက်

- အဲဒါကမှတ်စုအကြမ်းပါကွာ - အမှိုက်ပုံးထဲ ပြန်သွားထည့်လိုက်

- လေယာဉ်လက်မှတ်နဲ့မှတ်ပုံတင် ပြပါ - နောက်တစ်ယောက်

အစ်မ

- ခင်ဗျားဖိနပ် - ဆောရီးပဲနော်

ကျွန်တော်တို့ ဒါလေးကြည့်နေတုန်း ခါးပတ်ကိုလည်းချွတ်ပါ

ကျွန်တော်တို့ကို ပြရမယ့် အချွန်အတက်တွေရှိနေသေးလား

ဘာတစ်ခုမှ မရှိဘူးလား

ဟုတ်ကဲ့ ကျွန်မလေယာဉ်နောက်ကျနေလို့ပါ

ဒါဆို စက်ကိုဖြတ်သွားတော့လေ စက်က အသံမြည်မလားကြည့်လိုက်မယ်

ကျေးဇူးတင်ပါတယ်

မရဘူးလေ အဲဒီလောက်မြန်လို့ မရဘူး

စစ်ဆေးရေးဧရိယာကိုခင်ဗျားကို ဖြတ်ခိုင်းရမှာပဲ

- ဘာဖြစ်လို့လဲ ဖူလာ - မင်းသိမှာမဟုတ်ဘူး

ခင်ဗျားရဲ့စစ်ဆေးရေးကိရိယာနဲ့ ခြေဆုံးခေါင်းဆုံး စစ်ပြီးပြီလေ

- မစစ်ရသေးပါဘူး - ခင်ဗျား စစ်ပြီးပါပြီဗျာ

ကောင်းပြီလေ ခင်ဗျားကို ကျွန်တော်စောင့်ကြည့်နေမှာနော်

ဒီလိုလူကိုများ သူတို့အလုပ်ခန့်ထားကြသေးတယ်

ဟုတ်တယ်

ဟုတ်တယ် သူ့ကိုကျွန်တော့်ခေါင်းဆောင် ခန့်ထားတာလေ

ရှင့်ရဲ့ခေါင်းဆောင်ကို ပထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်

ရပါတယ် ကိစ္စမရှိပါဘူး

- မော်လီ ခင်ဗျားရဲ့လေယာဉ်လက်မှတ် - ကျေးဇူးပဲနော်

ကာ့က်

နယူးယောက်ကိုထွက်ခွာမယ့်လေယာဉ် ၆-၃ လေယာဉ်ပြေးလမ်း ၂-၉ ကိုရှင်းပြီးပါပြီ

လေယာဉ်ဝန်ထမ်းများ ဝင်ပေါက်နဲ့ တံခါးတွေကို ပိတ်ပါ

ထွက်ခါနီးမှရောက်လာတယ် ဘာဖြစ်လို့လဲ

ငါ့အိုင်ဖုန်းပျောက်နေတယ် စစ်ဆေးရေးဂိတ်မှာ ကျန်ခဲ့ပြီထင်တယ်

စိတ်အေးအေးထား ငါဖုန်းခေါ်ကြည့်လိုက်မယ်

- ဟဲလို - ရှင်ဘယ်သူလဲ

မသိဘူးလေ အိုင်ဖုန်းအသစ်နဲ့လူဖြစ်မှာပေါ့ ခင်ဗျားကရော ဘယ်သူလဲ

မသိဘူးလေ ရှင့်ရဲ့အိပ်မက်ဆိုးဖြစ်မှာပေါ့

- ပက်တီ တော်လိုက်တော့ - ဆောရီးပဲ

ကျွန်မဖုန်းကိုရှင်တွေ့လို့ တော်သေးတယ် ကျွန်မနာမည်က မော်လီမက်ကလေ့ရှ်ပါ

ခင်ဗျားကိုမှတ်မိပါတယ် အခုဘယ်ဂိတ်မှာလဲ ကျွန်တော်လာပေးမယ်

မဟုတ်ဘူးရှင့် လေယာဉ်ကအခုထွက်နေပြီ

မိန်းကလေး လေယာဉ်ပေါ်မှာ ဖုန်းပြောလို့မရဘူးလေ

- လေယာဉ်ကိုထိခိုက်နိုင်တယ် - ရှင်ကလေယာဉ်ဆရာဝန် မို့လို့လား

မဟုတ်ရင် ပါးစပ်ပိတ်ထား

ပစ္စည်းပျောက်ရှာတဲ့ဌာနမှာ ခင်ဗျားဖုန်းကို ကျွန်တော်ထားခဲ့ပေးမယ်လေ

ရှင်ပဲသိမ်းထားပေးလို့ရမလား မနက်ဖြန် ကျွန်မပြန်လာမှာပဲဟာ

ကျွန်မကပွဲစီစဉ်သူတစ်ယောက်ပါ ပါတီတစ်ခု ဝေါဟိုးပြတိုက်မှာ လုပ်ဖို့ရှိလို့

- အဲဒီမှာတွေ့ကြမယ်လေ - အင်း အဲဒါလည်းရပါတယ်

အဲဒီနေရာကိုလည်း ကျွန်တော်သိပါတယ်

- အလုပ်ကနေအိမ်ပြန်တဲ့လမ်းမှာပဲ - ဆရာ

- သူဖုန်းပြောနေလို့ပါ - ဒီမယ် ရှင်အရမ်းအားနေလား

ဖုန်းချမှဖြစ်တော့မယ်

ဒီညကတော့တကယ့်ညပဲ ကာ့ကီ

မဟုတ်ဘူး ဒယ်ဗင် ဒီညက သာမန်ညတစ်ညပါပဲ

လူတစ်ယောက်ကို သူပျောက်သွားတဲ့ပစ္စည်းကို ငါပြန်ပေးတာပဲဟာ

အကောင်းဘက်ကတွေးစမ်းပါကွာ

စိတ်လှုပ်ရှားစရာပဲကွ ဒီညမှာ အလားအလာအများကြီးရှိတယ်

- ငါလည်းအဲဒါကိုခံစားမိပါတယ် - မင်းကတော့

- ဒါမြင်တော့ ဘာသွားသတိရလဲ သိလား - ဘာကိုလဲ

အာလာဒင်က ဂျက်စမင်မင်းသမီးလေးကို သွားတွေ့တဲ့ ဇာတ်ဝင်ခန်းလေ

ဘာ

မင်းကလမ်းပေါ်ကလူငယ်လေး ဒီတိုက်ကတော့ နန်းတော်ကြီးပေါ့

အိုကေလေ ဒါဆိုရင်မင်းကကော ဘာလဲ

ငါကတော့ မီးခွက်စောင့်ဘီလူးပေါ့

ဘာလို့ ငါစိတ်လှုပ်ရှားနေပါလိမ့် ပေါက်ကရတွေ ခေါင်းထဲကထုတ်လိုက်တော့ သွားကြမယ်

အေး ကော်ဇောပျံကြီးစီးပြီး သွားကြမယ်

ငါကတော့ ကောင်းတယ်ထင်တယ် အကောင်းမြင်ရမှာပေါ့

- ဝင်ဒီ - ဂုဏ်ယူပါတယ် မိန်းမတွေ

- ဒီပါတီက အရမ်းမိုက်တာပဲ - ဟုတ်တယ်နော်

- ဆောရီးပဲဟာ ငါနောက်ကျသွားတယ် - ကောင်းတယ် ကေတီ တကယ်ကိုပဲအဆင့်မြင့်တယ်

အဝတ်လျှော်စက်က ဒုက္ခပေးလို့လေ ဒီဘရာတစ်ထည်ပဲ ဝတ်စရာကျန်တော့တယ်

- ငါ့ကိုချွတ်စေချင်လို့လား - မချွတ်ပါနဲ့

- ဗန်းတစ်ခုလက်ပေါ်တင်ပြီး လိုက်ပတ်ပေးရုံပဲ - လိုက်ပတ်ရုံပဲ အဲဒါဘာကိုပြောတာလဲ သိလား

ဒီမှာဗျ ကျွန်တော်က မော်လီမက်ကလေ့ရှ်ကို ရှာနေတာပါ

Kommentare

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left