Prvních 200 řádků.
ထရီဗာ
မက်စ်
ဝက်ဂ်နာဟာ သိပ္ပံပညာရှင်အသိုင်းအဝိုင်းက လှောင်ပြောင်သရော်ခြင်းကို ခံခဲ့ရပေမယ့်
နောက်ဆုံးမှာ သူ့ရဲ့သီအိုရီဖြစ်တဲ့
ပန်ဂျီရာလို့ခေါ်တဲ့ မဟာတိုက်ကြီးအယူအဆဟာ မှန်ကန်ကြောင်း တွေ့ရှိခဲ့ရပါတယ်
လာထား
လဲနာ့ဒ်ရေ
ကိုယ့်လူ
- ခင်ဗျားတော့ ပျော်မယ်မထင်ဘူး - ဘာလို့လဲ
- ကစ်ဇင်စ်ရောက်နေတယ် - သိပြီ
- ဟဲလို - ထရီဗာ
ငါအချစ်ဆုံး လုပ်ဖော်ကိုင်ဖက်ကြီး
- နေကောင်းလား အယ်လန် - ကောင်းပါတယ်
တိုက်ကြီးများရွေ့လျားခြင်းအကြောင်း သင်ခန်းစာပို့ချတာ ဘယ်လိုနေလဲ
အဆင်ပြေပါတယ်
ကျောင်းသားတွေ ဒီလောက်နည်းတာ အခန်းက ပဲ့တင်သံထွက်မနေဘူးလား
လာရင်းကိစ္စက ဘာလဲ ငါ ဒီမှာ အလုပ်များနေတယ်
မဟုတ်တာ မင်းအလုပ်များနေတယ်လို့ ငါတော့မထင်ဘူး
တိုတိုနဲ့လိုရင်းပဲပြောမယ်ကွာ
မင်းအစ်ကိုရဲ့သုတေသနခန်းကို ကျောင်းက ဖြုတ်ပစ်တော့မယ်
ဖြုတ်ပစ်မယ်ဟုတ်လား
ဟုတ်တယ် နောက်ဆုံးတော့ တို့တွေလိုနေတဲ့ စတိုခန်းရတော့မယ်
တည့်တည့်ပဲပြောမယ်
ဒီအခန်းက မက်စ်ဝဲလ်အန်ဒါဆင်ရဲ့
ကမ္ဘာ့ကြားလွှာက မီးတောင်ပပ်ကြားအက်မှုများအကြောင်း
ခန့်မှန်းတဲ့ သီအိုရီတွေကို..
တစ်ခါမှ သက်သေမပြနိုင်တဲ့ဟာတွေလေ
ပြောရရင် သွားလေသူ မင်းအစ်ကိုရဲ့
အာရုံခံကိရိယာဘယ်နှခုက အလုပ်လုပ်နေသေးလို့လဲ
- တစ်ခုလား နှစ်ခုလား - သုံးခုကွ
အစက ၂၉ ခုလေ
သုတေသနခန်းကို ဒီအချိန်မှာ မပိတ်သင့်ဘူး
ငါ ဘိုလီးဗီးယားမှာ မြေငလျင်လှုပ်ရှားမှုကို တွေ့ထားတယ်
မွန်ဂိုးလီးယားမှာ ၁၃ မီလီမီတာ ရွေ့လျားသွားတာတွေ့ရတယ်
အယ်လန် သုတေသနခန်းကိုမဖြုတ်ပါနဲ့ ဆက်ထားပေးပါ
မက်စ်နဲ့ပတ်သက်တဲ့ အမှတ်တရဆိုလို့ ဒါပဲကျန်လို့ပါ
မက်စ်မရှိတော့တာ ၁၀ နှစ်ကြာခဲ့ပြီ ထရီဗာ
ငါ စိတ်မကောင်းပါဘူး တကယ်ပါ
ထရီဗာ အိမ်မှာရှိနေလား အယ်လီဇဘက်ပါ ဖုန်းကိုင်ပါ
အိုကေ ၉၅ အမြန်လမ်းပေါ်ရောက်နေပြီ နင့်အိမ်ကိုလာနေတာ
အန်ကယ်ထရီဗာကို နှုတ်ဆက်ချင်လား ရှောင်
ဟင့်အင်း
- ဟယ်လိုတစ်ခွန်းပဲပြောပါ - မဟုတ်ဘူး
မပြောချင်ပါဘူး
သွားပြီ
နင့်ရဲ့မရီးပါ
နင် ဘယ်အချိန်အိမ်ရောက်မလဲ သိချင်လို့
ငါတို့က ၆ နာရီလောက်ဆိုရောက်မှာ
- အိုကေ ကိစ္စရှိရင်ဟမ်းဖုန်းကိုဆက် - သွားပြီ
ရှောင်က နင့်ကိုတွေ့ချင်လှပြီတဲ့
- ဟုတ်တယ်နော် ရှောင် - မဟုတ်ပါဘူး
ငါတို့မက်ဆေ့ခ်ျတွေ မရောက်ဘူးလားလို့ စိတ်ပူလာပြီ
ငါ့ကိုဖုန်းပြန်ဆက်ပါဦး
အိမ်မှာမရှိပါဘူး အမှာစကားချန်ခဲ့ပါ
ထရီဗာ ငါတို့ နင့်အိမ်ရှေ့ရောက်နေပြီ
ထရီဗာ အထဲမှာလား
- နေကောင်းလား အယ်လီဇဘက် - ရှိနေသားပဲ
- တွေ့ရတာဝမ်းသာလိုက်တာ - ငါရောပဲ
နေကောင်းလား နင့်မက်ဆေ့ခ်ျကို အခုပဲရတယ်
- နင်မေ့သွားတာမဟုတ်လား - မမေ့ပါဘူး
- ဘယ်လိုလုပ်မေ့မှာလဲ - မမေ့ဘူးလား
ငါ..
ငါမေ့သွားတယ်
မေ့ပေမယ့် ငါ့တူလေးနဲ့တွေ့ရမှာကို မမျှော်နေဘူးဆိုတဲ့သဘောမှ မဟုတ်တာ
သူ့အသက် ၉ နှစ်ကတည်းကလား မတွေ့တော့တာလေ
၇ နှစ်ပါ
- ဆိုတော့ သူ ဘယ်နှရက်နေမှာလဲ - ၁၀ ရက်
၁၀ ရက်လို့ပြောခဲ့ကြတာလား
ရှောင် နေကောင်းလား
ချောလာလိုက်တာ
- အဲဒါ Game Boys လား - PSP ပါ
မိုက်တယ်
ရှောင် ထွက်လေ မင်းဦးလေးကို နှုတ်ဆက်လိုက်ဦး
နှုတ်ဆက်ပါတယ် ဦးလေး
မင်းနဲ့ နောက်ဆုံးတွေ့တုန်းက မင်းအရပ် ဒီလောက်ပဲရှိသေးတယ်
အင်း ဟုတ်ပါပြီ
နိုင်မလား
အိုကေ သားဆီမှာ အမေ့ဖုန်းနံပါတ်တွေလည်းရှိတယ်
လေယာဉ်လက်မှတ်နဲ့ ပတ်စ်ပို့က သားအိတ်ထဲမှာ
အော့တဝလေဆိပ်မှာ အမေလာကြိုမယ်
အဲဒီအချိန်လောက်ဆို အမေ အိမ်လည်းရှာတွေ့လောက်ပြီ
ပြီးရင် အမေတို့ ဘဝသစ် ပြန်ထူထောင်ကြတာပေါ့
- ရင်ခုန်စရာပဲနော် - ဟုတ်ကဲ့ ကောင်းပါတယ်
ကနေဒါနိုင်ငံသားတွေ ဖြစ်တော့မှာပေါ့ ဝမ်းသာစရာပဲ
ကိုယ့်ဘာသာကိုယ် နေရာချလိုက်တော့နော်
နင်နဲ့နေတာ သူ့အတွက်ကောင်းမှာပါ
ပြောလို့မရဘူး နင့်အတွက်လည်း ကောင်းမှာပဲ
ဒါကို နင်ယူထား
- ဘာလဲ ရှောင့်ပစ္စည်းတွေလား - မဟုတ်ဘူး မက်စ်ပစ္စည်း
- မက်စ်ရဲ့ပစ္စည်းတွေလား - ဟုတ်တယ်
ကဲ ငါ့တူ ဒီမှာနေရတာ ပျော်ဖို့ကောင်းမှာပါ
တူဝရီးနှစ်ယောက် ငါးရက်တစ်ပတ် ပျော်ပျော်ပါးပါးနေတာပေါ့
ယောက်ျားအများစု အချိန်ဖြုန်းသလိုပဲ အချိန်ဖြုန်းကြတာပေါ့
မင်း ဘေ့စ်ဘောကြိုက်လား
ငါတို့ဘာလုပ်သင့်လဲ သိလား ဘော့စ်ဘောသွားရိုက်သင့်တယ်
အိုကေ ဒီလိုဗျာ ကျွန်တော်လည်း ဦးလေးလိုပဲ သဘောမကျဘူး
ဒီတော့ ရေခဲသေတ္တာထဲမှာ အချိုရည်ပုလင်းအပြည့်နဲ့
တီဗီမှာ Family Guy ဖွင့်ထားပေးသမျှ ကျွန်တော်တို့ အဆင်ပြေမှာပါ
ရတာပေါ့
အကြွေစေ့တွေစုထားတာ အများကြီးပါလား
ငါ့အတွက်က အိမ်မွေးတိရစ္ဆာန် မွေးသလိုပဲလေ
အင်း မဆိုးပါဘူး
ကျေးဇူးပဲ
မင်းဗိုက်ဆာပြီလား မှာစားကြမယ်လေ
ပီဇာလား တရုတ်စာလား ထိုင်းစာလား
ဆင်းဒဝစ်ခ်ျဆိုရင်ကော
ဘာတွေလဲ
သိပ်တော်တဲ့ လူတစ်ယောက်ပိုင်တဲ့ ပစ္စည်းတွေထည့်ထားတဲ့ဘူးလေ
မင်းအဖေပေါ့
သူ့ရဲ့ဘေ့စ်ဘောလက်အိတ်ဟောင်း
အမေက အဖေ့အကြောင်းသိပ်မပြောဘူး
အဲဒါဆို ငါပြောတာပဲနားထောင်
သူက လုပ်သမျှကိစ္စတိုင်းမှာထူးချွန်တဲ့
လူအနည်းငယ်ထဲက တစ်ယောက်ပဲ
မြင်လား
ဒါ မင်းအဖေအတွက် ဂိမ်းစက်ပဲ
- ယိုယိုကလား - ယိုယိုကို အထင်မသေးနဲ့
ဒါလေးက ရူပဗေဒသဘောတွေပါတယ် ဗဟိုခွာအား မြေဆွဲအားသဘောတွေပါတယ်
ရှေးတုန်းကဆိုရင် ဒါကို
အမဲလိုက်ကိရိယာအဖြစ် သုံးခဲ့ကြတာ
ကြည့်လိုက်
- ပေး ကျွန်တော်လုပ်ကြည့်မယ် - အေး မင်းပဲယူထားလိုက်
ဒါဘာလဲတော့ ငါလည်းမသိဘူး
ဟယ်လို
သူ့အကြိုက်ဆုံး စာအုပ်ပဲ
ဂျူးစ်ဗန်းရဲ့
ကမ္ဘာ့အလယ်ဗဟိုသို့ ခရီးတစ်ခေါက်တဲ့
တစ်ခါတုန်းက အဲဒီစာအုပ်ကို နွေရာသီမှာဖတ်ဖို့လုပ်ခဲ့သေးတယ်
- မဖတ်ဖြစ်ပါဘူး - နှမြောစရာပဲ
ဖတ်လို့ကောင်းတဲ့ဟာကို
မင်းအဖေအတွက်တော့ ဒီစာအုပ်က စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတင်မကဘူး
လမ်းစပေးခဲ့တဲ့အရာပဲ
ငါငယ်ငယ်တုန်းက သူ ငါ့ကိုဖတ်ပြနေကျ
အောင်မယ်.. ဒီမှတ်စုတွေက ဘာလုပ်တာပါလိမ့်
မွန်ဂိုးလီးယားမှာ ကျောက်ရည်ပူတွေရဲ့အပူချိန်က
၁၁၅၀ အထိဖြစ်လာတယ်
ဘိုလီးဗီးယား
ဟာဝိုင်ယီ
သတိထား
ရှောင်
ငါ့သုတေသနခန်းကို သွားကြည့်ရအောင်
ဒီနေ့မှမဟုတ်ရင် မဖြစ်ဘူးလား
မင်းအဖေက ပြောလေ့ရှိတယ်
Tectonophysics ဆိုတာ
ဒီနေ့အတွက်သိပ္ပံ မနက်ဖြန်အတွက်မဟုတ်ဘူးတဲ့
လက်ငင်းဖြစ်ပေါ်လာတဲ့ မြေငလျင်လှုပ်ရှားမှုတွေကို လေ့လာရတာ
ဒီမှာကြည့်
ဟာဝိုင်ယီ
ဘိုလီးဗီးယား မွန်ဂိုးလီးယား
ဒီနေ့ဖြစ်ပေါ်တဲ့ အခြေအနေတွေက
၁၉၉၇ ခုနှစ် ဂျူလိုင်လတုန်းကနဲ့ ထပ်တူညီလုနီးပါးပဲ
၁၉၉၇ ခုနှစ် ဂျူလိုင်လက ဘာတွေများထူးခြားလို့လဲ
အဲဒါ မင်းအဖေပျောက်သွားတဲ့နှစ်လေ ရှောင်
ကြည့် ဒီနံပါတ်တွေပါတဲ့ ကော်လံကိုတွေ့လား
ဒီက ၇၅၃ ဆိုတဲ့နံပါတ်သာ ၇၅၂ ဖြစ်မယ်ဆိုရင်
အဲဒါက..
အတိအကျတူသွားမှာ
ဒီမှိတ်တုတ်မှိတ်တုတ် အစက်လေးတွေက ဘာအဓိပ္ပာယ်လဲ
ဘာမှသွားမလုပ်နဲ့နော် အဲဒါလေးတွေက ငါတစ်သက်လုံး စောင့်ကြည့်လာရတာ
ဒီ အစက်လေး ၄ စက်ကို တစ်သက်လုံး စောင့်ကြည့်တယ်လား
၃ စက်ပါ အစက်လေး ၃ စက်
တစ် နှစ် သုံး လေး
အိုက်စလန်
ဒါ အဓိပ္ပာယ်ရှိတယ်
မက်စ် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒါတွေကိုမြင်ပြီး စူးစမ်းဖို့ထွက်သွားခဲ့တာ
အခု ဒီနေ့ရတဲ့ အဖြေတွေက အဲဒီနေ့ကနဲ့ အတူတူပဲဆိုရင်
ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနိုင်ဖို့ ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ
- မင်းပတ်စ်ပို့စာအုပ်ပေး - ဘာလုပ်ဖို့လဲ
စိတ်မကောင်းပါဘူး ငါ မင်းကို ကနေဒါကို စောစောပြန်ပို့ရလိမ့်မယ်
ဘာတွေပြောနေတာလဲ
ဒီအကြောင်းပြောနေတာ ကမ္ဘာ့အလယ်ဗဟိုသို့ ခရီးတစ်ခေါက်
အိုက်စလန်မှာ ဇာတ်အိမ်တည်ပြီး ရေးထားတာ
အဲဒီတော့ သူ အဲဒီကိုသွားတာပဲဖြစ်ရမယ်
ဒါ ကျွန်တော့်အဖေရဲ့မှတ်စုတွေလား
ဒီမှာ
မက်စ်နဲ့ ငါက..
မင်းအဖေနဲ့ဦးတို့ ဟိုတုန်းက ကမ္ဘာ့အလယ်ဗဟိုတည့်တည့်ကိုဦးတည်နေတဲ့
ကမ္ဘာ့အလယ်လွှာထိပေါက်တဲ့
မီးတောင်ပြွန်တွေရှိနေနိုင်ကြောင်း ဆွေးနွေးဖူးတယ်
အဲဒါကို သူသွားရှာတာလို့ ငါထင်တယ်
တောင်းပန်တယ် ဒါပေမဲ့ မင်းကို မနက်လေယာဉ်နဲ့ပဲ
အော့တဝကို ထည့်ပေးလိုက်ရတော့မယ်
- ငါကတော့ အိုက်စလန်ကိုသွားမယ် - ဟင့်အင်း နေဦး
ကျွန်တော် အခုမှရောက်တာလေ ဦးလေး ကျွန်တော့်ကို ပြန်ပို့လို့ဘယ်ဖြစ်မလဲ
ပြီးတော့လည်း ဦးလေးတစ်သက်လုံး စောင့်ကြည့်လာတဲ့
ဟိုအစက်လေးတွေကို အရင်တွေ့တာ ကျွန်တော်ပါ
ဒါ ငါ့အစ်ကိုကိစ္စပါကွ
ကျွန်တော့်အဖေလေ
အော့တဝမှာ ၁၀ ရက်လုံး မနေနိုင်ဘူး ဦးလေးနဲ့လိုက်ခဲ့မယ်
ရေးကီဗဲ့ကို လေယာဉ်လက်မှတ်ခက ဘယ်လောက်ဈေးကြီးလဲ မင်းသိရဲ့လား
ဦးလေးပေးနိုင်မယ်လို့ ထင်ရတာပဲ
စကားတရစ်တောင်ရဲ့အရိပ် စနပ်ဖယ်လ်တောင်ပေါ် ကျရောက်တဲ့
ဂျူလိုင်လဆန်း တစ်ရက်နေ့မတိုင်မီမှာ
ရဲရင့်တဲ့ ခရီးသွားကို စနပ်ဖယ်လ်တောင်ရဲ့ မီးတောင်ဝထဲကို ဆင်းစေပါ
ကမ္ဘာ့အလယ်ဗဟိုကို ရောက်ပါလိမ့်မယ်
ဆောရီး
P-B.. P-B
ဘာလုပ်နေတာလဲ
မင်းအဖေလုပ်သွားတဲ့ အမှတ်အသားတွေကို ဝှက်စာဖော်နေတာ
စာလုံးတွဲတွေရဲ့နောက်ကွယ်မှာ ကုဒ်တစ်ခုခုရှိမယ်ထင်လို့
No comments yet. Be the first to leave one.