Prvních 200 řádků.
နယူးယောက်မြို့
မစ္စတာရမ်ဂါနာသမ်
ဖုန်းကိုင်ထားပါ..ခဏနော်
ဖုန်းကိုင်ထားပါ
- မစ္စတာပရာရှန့်လား..ကြားရလားခင်ဗျ - ဟုတ်ကဲ့
အိုကေ
- မစ္စပတေး..ကြားရလားခင်ဗျ - ဟုတ်ကဲ့ရှင့်
ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ ကျွန်တော် ပြန်ခေါ်ပေးပါ့မယ်
- မစ္စမန်စီမဲရာလား - ဟယ်လို
ကျွန်တော်တို့ကုမ္ပဏီကို ခင်ဗျားတို့ အွန်လိုင်းကတဆင့် လျှောက်ထားခဲ့ကြတယ်
- ဟုတ်ကဲ့ - မှန်ပါတယ်
- ဟုတ်ကဲ့ - ဟုတ်ပါတယ်
ကောင်းပြီ..အခု ခင်ဗျားတို့ကို အလုပ်အကြောင်း ရှင်းပြပါ့မယ်
ရှင့်ရဲ့ဟင်ဒီစကား မှားနေတယ် ရှင်က ဘယ်သူလဲ
ကောင်းပြီ..ကျွန်တော်က မန်းမဲရာပါ
ကျွန်တော့်သူဌေးက ဟင်ဒီစကားနဲ့ ပြောခိုင်းထားလို့ပါ
ပြီးတော့ ကျွန်တော်ကလည်း ဟင်ဒီစကား တော်တော်ညံ့တယ်
ဒါကြောင့် ကျေးဇူးပြုပြီးနားလည်ပေးပါ
- ရပါတယ် - ကျေးဇူးတင်ပါတယ်
အလုပ်အကြောင်း ပြောကြတာပေါ့
အုပ်ချုပ်မှုနဲ့သက်ဆိုင်တဲ့ နေရာတစ်ခု ပြီးတော့ တာဝန်တွေအရမ်းများပါတယ်
- ခင်ဗျားတို့မတ်တတ်ရပ်ပြီး လုပ်ရမယ် - ရှင်
မတ်တတ်ကြီး..ဟုတ်လား ဘယ်လောက်အကြာကြီး ရပ်ရမှာလဲ
ဟုတ်ပါတယ်..တစ်ရက်ကို ၂၄ နာရီ တစ်ပတ် ၇ ရက်ပါ
ကျွှန်မတို့ထိုင်ဖို့နဲ့ အနားယူဖို့ အချိန်မရဘူးလား
မရပါဘူး..အနားယူဖို့ အချိန်မပေးပါဘူး
တစ်ခါတလေမှာ ခင်ဗျားတို့ တစ်ညလုံး အာရုံစိုက်လုပ်ပေးရမယ်
တစ်ညလုံးလား
- တစ်ညလုံးလား - ငါတော့ကြိုက်သွားပြီ
ဆေးဝါးအကြောင်းနဲ့ ဘဏ္ဍာရေးအကြောင်းတွေ ကောင်းကောင်းနားလည်ရမယ်
ပြီးတော့ ချက်ပြုတ်တာလည်း တတ်ရမယ်နော်
ခွင့်ရက်ရမှာလား
မရဘူး..အားလပ်ရက်မရှိပါဘူး
ခင်ဗျားတို့ တစ်နှစ်လုံး အလုပ်လုပ်ရမှာပါ
ပွဲတော်ရာသီတွေကျရင် ခင်ဗျားတို့ လုပ်အားတောင် ပိုတိုးလုပ်ရမှာဖြစ်တယ်
တကယ့်ကို လူမဆန်တာပဲ
တရားရောဝင်ရဲ့လား
အခြေခံလစာကရော ဘယ်လောက်ရမှာလဲ
ဘာမှ ရမှာမဟုတ်ပါဘူး
ဗျာ..ဘာမှမရဘူးလား
ဘယ်သူက လစာမရဘဲ အလုပ်လုပ်မှာလဲ
ဘာကိုမှမမျှော်လင့်ဘဲ အလုပ်လုပ်နေကြတဲ့ လူသန်းပေါင်းများစွာရှိတယ်ဆိုတာ
ခင်ဗျားတို့ကို ပြောပြရင် ယုံမှာလား
မဖြစ်နိုင်ဘူး..ကျွန်တော်မယုံဘူး
သူတို့က ဘယ်လိုလူမျိုးတွေလဲ
အမေတွေ
ကျွန်တော့်တို့ရဲ့ အမေတွေပါပဲ
ဟုတ်ပါတယ်..မှန်ပါတယ်
ဟုတ်တယ်..ရှင် မှန်တယ်
ရှင် မှန်ပါတယ်
ဟုတ်တယ်..သူတို့က ဘာမှမမျှော်လင့်ဘဲ အလုပ်လုပ်ကြတယ်
ကျွန်မအမေက အကောင်းဆုံးပါဘဲ
အမေက တကယ့်အံ့သြဖွယ်ရာပါပဲ
ကျွန်တော်တို့ အားလပ်ရက်တိုင်း အနားယူတယ်
ဒါပေမဲ့သူက အိမ်အလုပ်တွေကို မညည်းညူဘဲ ဆက်လုပ်နေတယ်
တစ်အိမ်သားလုံး စားသောက်ပြီးမှ အိပ်ရာဝင်တယ်
အရမ်းချစ်တယ်..အမေ
သမီးအတွက် အရာအားလုံးလုပ်ပေးခဲ့တာတွေကို တကယ်ကို ကျေးဇူးတင်ပါတယ်
အမေက ကြီးမြတ်ပါတယ်
အမေ..သားရဲ့ဇာတ်လမ်းတိုလေး ကြည့်ပြီး ဘာဖြစ်လို့ မျက်ရည်ကျရတာလဲ
သူ့အလိုလိုကျလာတာပါ
သားရဲ့အမေဖြစ်ရတာ တကယ်ဂုဏ်ယူမိတယ်
အရမ်းကောင်းတဲ့ အသိတရားတစ်ခု သားပေးလိုက်တာပဲ
ဒီဇာတ်လမ်းတိုလေးက အမေတိုင်းရဲ့ အနစ်နာခံမှုတွေကို လူတိုင်းသိသွားစေမယ်
တကယ်ပါကွယ်
မင်းရဲ့အဘွားလည်း အမေတို့မိသားစုအတွက် စွန့်လွှတ်အနစ်နာခံခဲ့ပေးခဲ့တာပဲ
ဒီနေ့ဒီရက်တိုင်ထိ
သူ့မိသားစုအတွက် အသက်ရှင်နေထိုင်နေတယ်
မိသားစုအတွက် သူ့အချိန်တွေအားလုံးကို ပေးအပ်မြှုပ်နှံထားတယ်
မွမ်ဘိုင်းမြို့
ဒီပုံလေးကို ကြည့်ပါဦး
ပရီတို..ဒီစေ့စပ်ပွဲသာ ဖြစ်ခဲ့ရင် ငါ အရမ်းပျော်မိမှာ
မင်းရဲ့သားက ကံနိမ့်နေတယ်
ဒီပရိတ်ကြိုးလေးကို သူ့လက်မှာ ၀တ်ခိုင်းလိုက်
နောက်ပြီး ၂၁ ရက်တိတိ အင်္ဂါနေ့တိုင်း ဥပုသ်စောင့်ခိုင်းလိုက်ပါ
ဒီပရိတ်ကြိုးလေးကို ၀တ်ပေးလိုက်ပါ့မယ်
ဒါပေမဲ့သူ့အစား ကျွန်တော်မျိုးမ ဥပုသ်စောင့်ထိန်းရင်ရော အဆင်ပြေမလား
အစ်မ သရုပ်ဆောင်လုပ်ချင်လို့လား
မဟုတ်ဘူး..ကျွန်မချွေးမက သရုပ်ဆောင် လုပ်ချင်လို့ပါ
- အစ်မရဲ့ချွေးမလား - ဟုတ်ပါတယ်
အများအားဖြင့် အမေရင်းတွေက လာပြောကြတာ သူတို့သမီးတွေ ဇာတ်ဆောင်တစ်နေရာရဖို့
ယောက္ခမလာတာတော့ ပထမဦးဆုံးအကြိမ်ဘဲ
ချွေးမအတွက် သရုပ်ဆောင်နေရာ အလုပ်လာရှာတာ
အရှင်ခရစ်ရှနာ..တပည့်တော်မယောက်ျားက ဆုရဖို့ အဆိုပြုခံထားရပါတယ်
တကယ်လို့ သူဆုရရင်
အရှင့်အား ကျေးဇူးတင်တဲ့အနေနဲ့ ဆင်းရဲသားတွေကို အလှူပြုပါမယ်
- အစ်မရေ..အစ်မရေ - ဘာဖြစ်နေတာတုန်း..ရက်ဒ်နာ
- မစ္စတာဂူတာရဲ့မိန်းမလေ - သိတယ်
- သူ ဆုံးသွားတာလား - မဟုတ်ဘူး
သူနဲ့ သွားတွေ့ခဲ့တာ
အရှင်ခရစ်ရှနာက အစ်မရဲ့တောင်းဆုတွေကို အဖြေပြန်ပေးနေပြီ
- တကယ်လား - အစ်မအမျိုးသားဆုရမှာ သေချာသွားပြီ
မဂ္ဂဇင်းမျက်နှာဖုံးမှာ သူ့ဓာတ်ပုံပါလာတယ်
ပြစမ်းပါဦးဟယ်
အရှင်ခရစ်ရှနာ..တပည့်တော်မမိသားစုအပေါ် အမြဲတမ်း စောင့်ရှောက်နေတယ်နော်
တပည့်တော်မအမျိုးသား ဆုရတယ် အရှင့်ကို ကျေးဇူးတင်ပါတယ်
တပည့်တော်မ ဘုရားကျောင်းကိုသွားမယ် ဆင်းရဲသားတွေကို ကျွေးမွေးလှူဒါန်းပါမယ်
တပည့်တော်မအမျိုးသား ရောက်နေပြီထင်တယ် သွားတွေ့ခွင့်ပြုပါ
ဟုတ်တယ်..မစ္စတာမယ်လ်ဟိုတာရဲ့ မိန်းမက သူ့ယောက်ျားနဲ့ ကွာရှင်းချင်နေတာ
အခြေအနေတွေ တော်တော်ပြင်းထန်ခဲ့ကြတာ
ကျွန်တော်တောင် သူ့ကိုသတိပေးခဲ့သေးတယ် မိန်းမကို အဲလိုမဆက်ဆံသင့်ဘူးလို့
အစကတည်းက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားရမှာ
ယောက်ျားခိုင်းသမျှ မိန်းမကလုပ်ပေးရမှာ ကိုယ့်ကို စိုးမိုးခြယ်လှယ်တာ လက်မခံနဲ့
ဘာပဲဖြစ်ဖြစ်ဗျာ..ညနေတွေ့ကြတာပေါ့ ဟုတ်ပြီလား
ရေလေး သောက်လိုက်ပါဦး
လက်ဖက်ရည် ဒါမှမဟုတ် သောက်ရေကို လင်ပန်းနဲ့သယ်လာပါလို့ ဘယ်နှခါပြောရမလဲ
ခွက် ကိုင်ထားပေး လင်ဗန်းသွားယူလိုက်မယ်
ထားလိုက်တော့
- နောက်တစ်ခါမဖြစ်အောင် သေချာမှတ်ထား - ဟုတ်ကဲ့
ဒီမှာ..ရှင့်ပုံ မျက်နှာဖုံးမှာပါနေတယ်
ဘာထူးဆန်းလို့လဲ
ငါ့ပုံက မဂ္ဂဇင်းတွေမှာ နေ့တိုင်းနီးပါး ပါနေတာဘဲ
မင်းဘာဖြစ်လို့ ဒီလောက်တောင်ပျော်နေတာလဲ
ဆရာရယ်..သူက ပျော်မှာပေါ့
အစ်မက ဆရာ့အတွက်ဆိုပြီး အရှင်ခရစ်ရှနာဆီမှာ ဆုတောင်းပေးခဲ့တာ
သူ့ခေါင်းထဲကို အသိဉာဏ်ထည့်ပေးဖို့ ဘုရားမှာ ဆုတောင်းသင့်တာ
ငါဆုရခဲ့တာသူ့ဆုတောင်းကြောင့် မဟုတ်ဘူး
ငါ့ရဲ့ အလုပ်ကြိုးစားတာတွေကြောင့်
- ဟိုင်း..အာရ်ကေ - ဟယ်လို..ချန်ဒနီ
နေကောင်းလား..ချစ်သူငယ်ချင်း နေကောင်းလား
အမှတ်မထင်တွေ့ရတာ အံ့သြ၀မ်းသာလိုက်တာ
ရှင်ကကျွန်မကို ပိုအံ့သြအောင်လုပ်တာ
ဆုရသွားတာ ဂုဏ်ယူပါတယ်
ကျေးဇူးပါ..ချစ်သူငယ်ချင်းလေး
ရှင်ဆုရမယ်ဆိုတာ ကျွန်မသိနေခဲ့တာလေ
မင်းလေးရဲ့ အကောင်းဆုံး ဆုတောင်းမေတ္တာတွေကြောင့်ပါ
နောက်ထပ်တစ်ခါ ဂုဏ်ယူဝမ်းသာပါတယ်ရှင့်
တစ်ခုခုသောက်သွားပါဦး လက်ဖက်ရည်လား..ကော်ဖီလား
မသောက်တော့ပါဘူး..အခုပါတီသွားပြီး ရှန်ပိန်သောက်မလို့
ဒါပေါ့..ဒါပေါ့
- အိုကေ..တာ့တာ..နောက်မှတွေ့မယ် - လာ..ငါလိုက်ပို့မယ်
ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ
အစ်မယောက်ျား အဲဒီမိန်းမနဲ့ အီစီကလီဖြစ်တာ
ဒါပေမဲ့အစ်မက ယောက်ျားကို ဘယ်တုန်းကမှ သံသယမဖြစ်ဘူး
မဟုတ်ဘူး..သူတို့က အလုပ်အတူလုပ်နေကြတာ သူငယ်ချင်းတွေပါ
သူတို့နှစ်ယောက် ဆက်ဆံရေးကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး
သွားတော့..ကိုယ့်အလုပ်လုပ်တော့
- တော်တော်စကားများတယ် - ကောင်းပါ့
ဘယ်သူမှ ငါပြောတာကို လက်မခံကြဘူး
အဖေ..ဆုရတာဂုဏ်ယူပါတယ်ဗျာ
ကျေးဇူးပါကွာ..မင်းရဲ့ ရှယ်ယာဈေးကွက်ကော ဘယ်လိုနေလဲ
လူတိုင်းက ရှယ်ယာနဲ့ကြီးပွားနေကြတာ ကျွန်တော်တစ်ယောက်ပဲ
ဆူကက်တု..သား ဒီအဆောင်လေးဝတ်ထားလိုက် သားအတွက် အကျိုးရှိမှာပါ
- ဘာကြီးလဲ..အမေ - မကောင်းတဲ့ကံတွေကို ဖယ်ရှားပေးမှာ
- ဗျာ - ဟုတ်တယ်
ကြိုးကို ၀တ်ထားလိုက်ပါ အမေမင်းကိုယ်စား ဥပုသ်စောင့်ပေးမယ်
ဒီအဆောင်လေးက သားကို ကံကောင်းစေလိမ့်မယ်
- အမေ သားလက်မှာချည်ပေးမယ် - အမေ မှားနေတယ်နော်
- သားကိုယ်စား အမေကဥပုသ်စောင့်မယ် - ဟုတ်တယ်လေ
အဲဒါဆိုဒီအဆောင်ကို အမေ့လက်မှာဝတ်သင့်တာ အဓိပ္ပာယ်မရှိတာတွေနော်..အဖေ
ဟယ်လို..ကောင်းသောညနေခင်းပါ အားလုံးပဲ
- ကောင်းသောညနေခင်းပါ - ကောင်းသောညနေခင်းပါ
သမီးအကြိုက် မှိုအစပ်ဟင်းပဲ
သမီး အက်စ်သာ..ဒီနံပါတ်ယူထား
- ဘယ်သူ့နံပါတ်လဲ - ရုပ်ရှင်ထုတ်လုပ်ရေးက
ဘာရိုက်တာလဲ
ဇာတ်လမ်းတွဲ တွေထုတ်လုပ်နေတာ ကားနာမည်က ချွေးမလူသတ်သမားတဲ့
ဇာတ်လမ်းတွဲအသစ်တစ်ခု ထုတ်လိမ့်မယ် နာမည်က..
ယောက္ခမအတွက် ဂုဏ်ယူတယ်တဲ့
အဲဒီဇာတ်လမ်းမှာ သမီးကို ထည့်ရိုက်မှာ
ကျွန်မက ရုပ်ရှင်မှာပဲ သရုပ်ဆောင်ချင်တာ ဇာတ်လမ်းတွဲမှာ မဟုတ်ဘူး
ရှင် နားလည်တယ်မလား..ဆူကက်တု ပြောပေးစမ်းပါဦး
ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးရင် ရုပ်ရှင်ရိုက်ဖို့ လွယ်သွားတာပေါ့
ရုပ်ရှင်ကနေ ဇာတ်လမ်းတွဲကို ပြောင်းရိုက်ချင်ရင်ကော
မဟုတ်ဘူး..နားလည်စမ်းပါ အမေရယ်
- အမေရေ - ပြော..ဂါဂီ
အမေ..ဒါ ဘယ်သူ့ဓာတ်ပုံလဲ
သူက မစ္စတာဆာဘာဗယ်လ်ရဲ့သားလေ
သူနဲ့သမီးကို လက်ထပ်ပေးဖို့ အမေတို့မိဘတွေ စဉ်းစားထားတာ
အဖေ..အမေ့ကို သမီးပြောထားတာ အကြိမ်ကြိမ်ရှိနေပြီ
သမီး လက်မထပ်ချင်သေးဘူး..အဲဒါကို အမေက အမြဲကြိုးစားနေတယ်
သမီးအသက် ၂၇ နှစ်ရှိနေပြီ မငယ်တော့ဘူး
သမီးအရွယ်မှာ အမေဆို ကလေး ၃ ယောက်မွေးပြီးပြီ
အဲဒါ ဘာဖြစ်လဲ..အမေ သမီးအတွက် ယောက်ျားမရှာပါနဲ့တော့
သမီးလေး..ဂါဂီ ထမင်းလေးတော့ စားသွားပါဦး
ပြောပေးပါဦး..အဖေကြီးရယ် သမီး ထမင်းစားသွားဖို့ကို
မင်းဘာဖြစ်လို့ သူ့ကို လက်ထပ်ခိုင်းနေတာလဲ
သူ့ဘ၀ရှေ့ရေးကို ဘာဖြစ်လို့ ၀င်စွက်ဖက်နေတာလဲ
အဲဒါမျိုးလုပ်တာကို အမေကကြိုက်တယ်လေ
တခြားသူတွေကိစ္စကို ကြားဝင်ရတာ အကျင့်ပါနေတာလေ
ဟုတ်ပါ့..ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး
အဖေ..အမေ့ကို နားလည်အောင်လုပ်ပေးပါ
မိသားစုဝင်တိုင်း ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသင့်တယ်ဆိုတာ
သွားမယ်..ဆူကက်တု
စားလို့မပြီးသေးဘဲ မသွားပါနဲ့သမီးရယ် ကုန်အောင်စားသွားပါဦး
ညစာကို ကိုယ့်အခန်းမှာပဲ အေးဆေးစားတော့မယ်
သွားမယ်..ဆူတက်တု
- သား..ဆူကက်တု - အေးဆေးနေစမ်းပါ..အမေ
အမေ့ကို နားလည်ပေးပါ သမီးအက်စ်သာ
မင်းဘာဖြစ်လို့ ကလေးတွေဘ၀ကို နှောင့်ယှက်နေရတာလဲ
သူတို့တွေကို ကောင်းစေချင်လို့ပါ
သူတို့အားလုံးက ကျွန်မတို့ကလေးတွေပဲဟာ
ဒီတော့ ဘာလဲ..မင်းက သူတို့ဘ၀ရှေ့ရေးကို ကြားဝင်ချင်နေတာပေါ့
သူတို့အားလုံး ခေတ်ကာလသားသမီးတွေ
သူတို့ဘ၀ကို သူတို့စိတ်ကြိုက် ဖြတ်သန်းခွင့်ရှိတယ်..အဲဒါ မင်းသိလား
ငါတို့အားလုံးက အချိန်နဲ့အမျှ ပြောင်းလဲလာတယ်..မင်းတစ်ယောက်ပဲ
ဘာမှ အသုံးမကျဘူး
မင်းအလုပ်က အိမ်မှုကိစ္စတွေကို လုပ်ဖို့ပဲ
အဲဒါတွေပဲ လုပ်သင့်တယ်..နားလည်လား
- ဟုတ်ကဲ့ပါ - ကျေးဇူးပဲ
No comments yet. Be the first to leave one.