Prvních 200 řádků.
ရာတန်လယ်ဘာဂူလာ
လက်ထောက်စစ်ဆေးရေးမှူး
ဒီနေ့မင်းကိုစစ်ဖို့ တာဝန်ကျတယ်
မင်းပြန်ဖြေတဲ့အချိန်အထိ ငါတို့က ဆက်မေးနေမှာပါ
သူမက ဘယ်သူလဲ
မင်းသူနဲ့ဘယ်လိုသိခဲ့တာလဲ
မင်းက ရဲအရာရှိတစ်ယောက်ဆိုတာမမေ့ပါနဲ့
ပြောပြပါ
ဒါ ဘာကြောင့်ဖြစ်ခဲ့တာလဲ
ဒီလိုလုပ်ဖို့မင်းကိုဘယ်သူခိုင်းခဲ့တာလဲ
အဲဒီကောင်မလေးနဲ့မင်းဘယ်လိုပတ်သက်နေလဲ
အဲဒီကောင်မလေးနဲ့မင်းဘယ်လိုပတ်သက်နေလဲ
ဆရာ..သူကဆက်တာခမ်း
ရှမ်ကာကဒါ
ဂျေဘီပါ..ဆရာ
ဘယ်လိုပတ်သက်နေလဲ
ဆရာ
ဘာဂူလာ
ငါက ဒီစစ်ဆေးရေးကိုဦးဆောင်မယ့်သူပါ
အာရွန်ရိုင်းရ်
ငါ့အတွေ့အကြုံအရ
မင်း ထောင်ထဲမှာအကြာကြီးနေရလိမ့်မယ်
သေချာတယ်
ငါမင်းကို ကူညီနိုင်ပါတယ်
မင်းသာ ငါ့ကိုကူညီရင်ပေါ့
ကြည့်
ဘာဂူလာ..ငါသိတယ်
မိန်းကလေးတစ်ယောက်က အစိုးရနဲ့ ဥပဒေကိုစိန်ခေါ်ခဲ့တယ်
သူ့နာမည်က ဆစ်ဂဒီမဟုတ်ဘူး
နာမည်ရင်းက ကန်ချီ
မင်းအကြည့်တွေက ငါပြောတာမှန်တယ်လို့ ထောက်ခံနေတယ်
ဟုတ်တယ်မဟုတ်လား
သိပ်မကြာခင် ငါတို့သူ့ကိုဖမ်းမိမှာပါ
အဲဒါသေချာတယ်
သိပ်မကြာခင် သူထောင်ထဲမှာနေရတော့မယ်
ပြင်းပြင်းထန်ထန်လည်း အပြစ်ပေးခံရလောက်တယ်
အဲဒါဘာဖြစ်လို့လဲ..ဆရာ
သူ့ကို သေမိန့်ချရင်တောင် ဘာမှပြောင်းလဲမသွားပါဘူး
သူက ပြုံးပဲပြုံးနေလိမ့်မယ်
ဖြုံမှာမဟုတ်ဘူး
ထားလိုက်ပါတော့..ဆရာ
ဘာဂူလာ
အကုန်လုံးကို ငါသိချင်တယ်
ဖြစ်ရပ်မှန်ကို ငါသိချင်တယ်
သူ့လို မိန်းမငယ်လေးတစ်ယောက်က အကြောင်းမဲ့ ဒီလိုမလုပ်နိုင်ဘူး
မဖြစ်နိုင်ဘူး
ဒီကိစ္စနောက်ကွယ်က အမှန်တရားကဘာလဲ
မင်းနဲ့ကန်ချီက ဘယ်လိုပတ်သတ်တာလဲ
သူငယ်ချင်းတွေပါ
ကလေးဘဝကတည်းကပေါ့
တစ်ရွာတည်းနေပြီး တစ်ကျောင်းတည်းမှာ အတူတူတက်ခဲ့ကြတယ်
သူက ကျွန်တော့်ထက်ငယ်တယ်
လွန်ခဲ့တဲ့ ၇ နှစ်က မွန်ဘိုင်းကို ကျွန်တော်ရောက်လာခဲ့တယ်
သူကတော့ ဟိုမှာကြီးပြင်းလာခဲ့တယ်
အဲဒီရွာမှာပေါ့
ကိုရှမ်းပါး
အက်တရာခန်းမှာ ကျဆုံးသွားတဲ့ စစ်သားတွေအတွက်ပေးထားတာ
သူက အဲဒီမှာတော်တော်နာမည်ကြီးတယ်
ကန်ချီ
ကာကဒါနယ်မြေကို ခွင့်ပြုမိန့်မရဘဲ ဘယ်လိုဝင်လာကြတာလဲ
ကန်ချီ ကန်ချီ ကန်ချီ
ကန်ချီ ကန်ချီ ကန်ချီ
ကန်ချီ ကန်ချီ ကန်ချီ
ကန်ချီ ကန်ချီ ကန်ချီ
ကန်ချီ ကန်ချီ ကန်ချီ
နင်ငါ့ကို ရှုံးအောင်လုပ်ခဲ့တယ်
သွားစမ်းပါ
သေလိုက်လေ
ကန်ချီ
ကန်ချီ
ကိုရှမ်းပါး တောင်ကြားဒေသကို
ဂျေဘီကိုရှမ်းပါးမြို့တော်ဖြစ်အောင် တစ်နှစ်အတွင်း ပြောင်းလဲရမယ်
ကမ္ဘာ့အဆင့်မီ တောင်ကြားဒေသပေါ့
ဒါကို တစ်ယောက်ယောက်က နှောင့်ယှက်ဖို့ကြိုးစားလာရင်
ဖြစ်လာမယ့်အကျိုးဆက်ကတော့ မတွေးရဲစရာပဲ
နင်ရိုက်ခဲ့တာဘယ်သူလဲ သိရဲ့လား
သိတယ် သူက စစ်ဆေးရေးမှူးကြီး လူယုတ်မာဘက်ဂ်ဝက်ရဲ့ သားလေ
မန်အယ်လ်အေကပေးတဲ့ ဆုကို နင်လွှင့်ပစ်လိုက်တယ်
- နင်က မင်းသမီးမဟုတ်ဘူး - သမီးက တခြားဘာလုပ်နိုင်မှာလဲ
ဆုကိုင်ထားရတော့ သူ့ကိုပစ်ပေါက်လိုက်တာပေါ့
နင်က ငါ့ကိုပြန်ပြောနေတာပေါ့လေ
နင်အရှက်မရှိ စော်ကားလိုက်တာက မိန်းကလေးတစ်ယောက် မလုပ်သင့်တာပဲ
သမီးက ဘာလုပ်ပေးရမှာလဲ
- သူတို့ကို အားရဝမ်းသာနဲ့နှုတ်ဆက်ရမှာလား - ပါးစပ်ပိတ်ထား
နင်သူ့ကို ဘာလို့ရိုက်နေတာလဲ
- လက်ထပ်ပေးလိုက်လေ - ဒါယူသွားလိုက်ပါ
သူ့ယောက္ခမတွေ သူ့ကိုစောင့်ရှောက်လိမ့်မယ်
သွားတော့
မစ္စတာနာမန်ဆန်ဂျီ.. ကန်ချီက ပြောင်းလဲလာမှာလား
လုံးဝမပြောင်းလဲဘူး
ဘာ
ဒီးပူက အမေ့ဆီလာတိုင်တာလား
ဟုတ်တယ် သူလာတိုင်သွားတာ
အမေ့ရှေ့မှာတောင် ငိုပြသွားသေးတယ်
ကန်ချီ..နင်ဘယ်သွားမလို့လဲ
ထမင်းဖိုးလေးပေးကြပါ
ထမင်းဖိုးလေးပေးကြပါ
ကိုင်ထား
ရိုက်လိုက်ကြစို့
လူလိမ်..နင်ငါ့အမေဆီ လာတိုင်သေးလား
ဟုတ်တယ် အဲဒီတော့ဘာဖြစ်လဲ
သေလိုက်လေ
နောက်တစ်ခါထပ်တိုင်ကြည့် ငါနင့်ကို ထပ်ရိုက်မယ်
ဪ ပြီးတော့ ဒါကကြိုသတိပေးတာ
နောက်တစ်ခါ ထပ်တိုင်ရင်ပေါ့
- မနက်ဖြန် ထမင်းဖိုးထည့်မယ် - ကိစ္စမရှိပါဘူး
ပြောတာသေချာနားထောင်ပေးပါ..ဆရာ သူ ကျွန်တော့်သားကိုရိုက်လိုက်တယ်
အခု သူနဲ့ သူ့မိသားစုကိုသင်ခန်းစာပေးရမယ်
- စကားကို ဆင်ခြင်ပြောပါ..ဘက်ဂ်ဝက် - ဟုတ်ပါပြီ မပြောတော့ပါဘူး
ကာကဒါမိသားစုက ကိုရှမ်းပါးကိုလာပြီး ခင်ဗျားတို့အားလုံးကို ဖယ်ခိုင်းရင်လည်း
စကားပြောဆင်ခြင်ဖို့ မမေ့ကြနဲ့
ဘင်ဒါက ကန်ချီကိုနာမည်ပေးတတ်တယ်
ဆစ်ဂဒီတဲ့
ကန်ချီက သတ္တိရှိတဲ့ငါ့သားရဲ့ သတ္တိခဲသမီးလေးပါ
သူ့ကိုနှောင့်ယှက်လာရင် ပြန်ရန်လုပ်မှာပဲ
မင်းတို့မိန်းမတွေက ဆတ်ဆတ်ထိမခံပါလား
နင့်အဖေက ကတ်ရှ်မားပြည်နယ်ကစစ်ပွဲမှာ ဆုံးသွားခဲ့တယ်
မြေကွက်နည်းနည်းထားခဲ့ပေးတယ်
အခု ကာဂျရာနဲ့ဘက်ဂ်ဝက်တို့က ဒီမြေတွေကိုရောင်းဖို့ ပြောတော့မယ်
ငါတို့တွေက ကိုရှမ်းပါးမှာမွေးတယ် သေတော့လည်း ဒီမှာပဲသေမယ်
ဘင်ဒါကိုကြည့်လိုက်
သူကတော့ တရားရုံးတွေကိုသွားပြီး ဒီရွာကိုကာကွယ်ပေးနေတယ်
နင်ကတော့
အစိုးရအရာရှိတွေနဲ့ ရန်လုပ်နေတယ်
ဒီလိုဆို သူတို့က ငါတို့ဘဝကို ခက်ခဲအောင်လုပ်တော့မှာပဲ
ငါတို့အားလုံးပေါင်းရင်တောင် သူတို့ကို ဆန့်ကျင်နိုင်မှာမဟုတ်ဘူး
အမေ..ဘယ်သူ့ကိုပြောနေတာလဲ
နင့်ကို
အိပ်ပါတော့ အေးအေးချမ်းချမ်းအိပ်ပါ..ကလေးလေး
အိပ်ပါတော့..ကလေးရယ်
နတ်သမီးတွေက မင်းကိုစောင့်ရှောက်လိမ့်မယ်
အမေဆိုတဲ့ အသံနေအသံထားကမှားနေတယ်
စာသားတွေကလည်း မှားနေတယ်
အမေ
ဒီကလေးချော့တေးအမှားကြီးကို လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ကြားဖူးတာ
စာသားနည်းနည်းလောက် လွဲနေပေမယ့် အဓိပ္ပါယ်ကတော့ မှန်ပါတယ်အေ
တစ်ခုလောက်ပြောချင်တယ်
သမီးတောင်းပန်မယ်ဆိုရင် အမေ ခွင့်လွှတ်ပေးမှာလား
တောင်းပန်ပါတယ်..အမေ
မငိုနဲ့လေ ကျေးဇူးပြုပြီးမငိုပါနဲ့
ဟုတ်တယ် အမေငိုနေတယ်
ဟုတ်ပါပြီ အဲဒါဆိုလည်းငိုပါ
မိန်းမဆိုးလေး
နင့်ကိုထိန်းနိုင်တဲ့ယောက်ျားက တစ်ယောက်ပဲရှိတယ်
ဘင်ဒါပဲ
သူ့ကိုယ်သူပဲ အရင်ထိန်းပါစေဦး
သမီးကိုလာထိန်းလို့ ရမလား
သူ မြို့ကပြန်ရောက်ပြီလား
မသိဘူးလေ သမီးကိုမပြောထားဘူး
နှစ် သုံး လေး ငါး ခြောက် ခုနစ် ဆက်လုပ်
တစ် နှစ် သုံး
လုပ်ထား လုပ်ထား မြန်မြန်လေး
ပိုမြန်မယ်
- နှစ် သုံး လေး ငါး ခြောက် - ဟုတ်ကဲ့..ဆရာ
ပိုမြန်မယ် ပိုမြန်မယ်
လုပ်ထား ပြေးမယ်
လုပ်ထား
၃၀ ၂၉
- ကောင်းတယ် ဆက်လုပ် - ၂၈
၂၇
၂၆
- ဆက်လုပ် - ၂၅
လုပ်နေတာဆက်လုပ် သွား
၂၄
ဆရာ့လက်က ထိသားပဲ
ကမ်လာ..အခုတော့ သတိထားမိပြီပေါ့
သွားစမ်းပါ ငါ့လက်လည်းထိတယ်
- ဟေး - မပြောနဲ့
သူ တမင်ခုန်ချလိုက်တာ ငါမသိဘူးများ ထင်နေလား
အဲဒီတော့မှ ဘင်ဒါကထူပေးမယ်
ဆေးလိမ်းပေးပြီး မ တင်ပေးမှာလေ
နင် မနာလိုဖြစ်နေရင် ငါ့လေ့ကျင့်ကွင်းထဲကို မလာနဲ့
လာသင်တာမဟုတ်ရင် ထွက်သွား
အေးပါ မလာဘူး စကားသိပ်များမနေနဲ့..အရူးရဲ့
ဘယ်လိုခေါ်လိုက်တယ်
မင်းတို့အားလုံး သွားကြလေ
ဒေါသမထွက်ပါနဲ့ စိတ်ကိုထိန်းပါ
ဘင်ဒါက သင်တန်းသားတွေအားလုံးကို ဂရုစိုက်ရတယ်လေ
- အဲဒီမိန်းမယုတ်က.. - မရိုင်းရဘူး
မိန်းကလေးဆိုတာ အဲဒီလိုမပြောရဘူး
- ဦးလေးမသိပါဘူး အဲဒီမိန်းမယုတ်က.. - အဲဒီလို မပြောပါနဲ့ဆို
ဟုတ်ပါပြီ
သူ သမီးကိုချစ်ပါတယ်
ဟုတ်လား ချစ်တယ်လား သူက အဲဒီမိန်းမကိုဆေးလိမ်းပေးနေတာ
တိတ်
မပြောတော့ပါဘူး
မြို့ကနေ ပင်ပင်ပန်းပန်းနဲ့ပြန်လာပြီးတော့
လေ့ကျင့်ရေးစနေရုံ ရှိပါသေးတယ်
သမီးနဲ့ သမီးအမေအတွက် လက်ဆောင်တွေပါလာတယ်
ဘာလက်ဆောင်မှ မလိုချင်ဘူး
သူ သမီးကိုတောင်းပန်စကားတောင်မပြောဘူး
အရူးကောင်
ဖယ်စမ်းပါ
သူ့အတွက် ဘာလို့ အချိန်ကုန်ခံနေတာလဲ..အဖေရယ်
- သူ့ကို သဘောကျလို့ပေါ့ကွ - ဪ
အကြောင်းပြချက်တစ်ခုလောက်
သူက ရိုးသားတယ် အပြစ်ကင်းတယ်
ပြီးတော့သူက ငါ့သူငယ်ချင်းကောင်း စစ်သားကြီးစူရာဆန်ဂျီရဲ့ သမီး
အပြင်ထွက်ရင် သူ့အဖေရဲ့စစ်ခါးပတ်ကို အမြဲဝတ်ထားတတ်တယ်
- အကြောင်းပြချက်က ဒါပဲလား - ဟုတ်တယ်လေ
No comments yet. Be the first to leave one.