The Lord of the Rings: The Fellowship of the Ring

The Lord of the Rings: The Fellowship of the Ring

Burmese সাবটাইটেল ডাউনলোড করুন

রিলিজ তথ্য

The Lord Of The Rings Fellowship of the Ring 2001 EXTENDED 1080p BluRay AVC DTS-HD MA 6 1-FGT
ভাষ্য লিখেছেন Thwin Ko Ko Zaw
Translated By Khant Min Ko

ট্যাগ

BluRay
1080
TS
HD
প্রকাশিত: 2021-01-19
ডাউনলোড: 209
শ্রবণপ্রতিবন্ধীদের জন্য: No

Burmese সাবটাইটেল প্রিভিউ

প্রথম 200টি লাইন।

ကမ္ဘာကြီးက ပြောင်းလဲသွားပြီ

ပြောင်းလဲခဲ့တာကို ရေထဲမှာ ခံစားမိနေတယ်

မြေပေါ်မှာလဲ ခံစားမိနေတယ်

လေထဲမှာလဲ ပြောင်းလဲခြင်းအငွေ့အသက်ကို ခံစားမိနေတယ်

ဒီလိုခံစားမှုမျိုး အဲ့ဒီ့အရာ ပျောက်ဆုံးသွားကတည်းက မရတာတော်တော်ကြာပြီ

အခုမှမွေးတဲ့သူတွေကတော့ ဒီအကြောင်းအရာတွေကို သိလောက်မှာမဟုတ်ဘူး

ဒီဇာတ်လမ်းတွေရဲ့ အစဟာ ကြီးမြတ်တဲ့ လက်စွပ်တွေသွန်းလောင်းခဲ့တာကနေ စခဲ့တာ

ဒီလက်စွပ်တွေထဲက ၃ ခုကို နတ်တွေကို ပေးခဲ့တယ်

နတ်တွေဆိုတာ တရားမျှတမှုအရှိဆုံးနဲ့ ညာဏ်အကောင်းဆုံး မသေမျိုးတွေပေါ့

ကျန်တဲ့ ရ ကွင်းကို လူပုလူပုဘုရင်တွေကို ပေးခဲ့တယ်

လူပုတွေဆိုတာ လက်မှုပညာနဲ့ ရတနာပစ္စည်းတူးဖော်ရာမှာ ကျွမ်းကျင်တဲ့သူတွေပေါ့

ပြီးတော့

ကျန်တဲ့ ၉ ကွင်းကို လူသားမျိုးနွယ်တွေကို ပေးခဲ့တယ်

လူတွေဆိုတာ အားလုံးထက် သြဇာအာဏာကို မက်မောတဲ့ မျိုးနွယ်စုတွေပေါ့

ဒီလက်စွပ်တွေဟာ မျိုးနွယ်စုတွေရဲ့ ခွန်အားတွေ စိတ်စွမ်းအားတွေကို ထိန်းညှိပေးခဲ့တယ်

ဒါပေမယ့် တကယ်က သူတို့ အကုန် အလိမ်ခံလိုက်ရတယ်

လက်စွပ်နောက်တစ်ကွင်း ပေါ်ထွက်လာခဲ့တယ်

မော်ဒေါ နယ်မြေ ဒွန်းတောင်ရဲ့ မီးတွေထဲမှာ

အမှောင်သခင်ကြီး ဆော်ရွန်က

လက်စွပ်တစ်ကွင်းကို လျှို့ဝှက်စွာ သွန်းလောင်းခဲ့တယ်

လက်စွပ်အားလုံးကို ထိန်းချုပ်ဖို့ ပြုလုပ်ခဲ့တာဖြစ်တယ်

သူရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ သက်ရှိအားလုံးတွေ ထိန်းချုပ်လိုတဲ့ လောဘစိတ်တွေကိုလဲ

လက်စွပ်ထဲမှာ ထည့်ပြီး သွန်းလောင်းခဲ့တယ်

လက်စွပ်တစ်ကွင်းထဲနဲ့ အားလုံးကိုအုပ်ချုပ်ခဲ့တယ်

နယ်မြေ တခုပြီးတခု

အလယ်ကမ္ဘာရဲ့လွတ်လပ်တဲ့နယ်မြေတွေဟာ လက်စွပ်ရဲ့သြဇာအာဏာ အောက်ကျဆင်းသွားခဲ့တယ်

ဒါပေမယ့် ခုခံခဲ့ကြတဲ့သူတွေလဲရှိခဲ့တယ်

နောက်ဆုံးကျန်ခဲ့တဲ့ လူသားတွေနဲ့ နတ်မျိုးနွယ်တွေပူးပေါင်းပြီး မော်ဒေါနယ်မြေက ရန်သူတွေကိုတွန်းလှန်ခဲ့ကြတယ်

ဒွန်းတောင်ရဲ့ တောင်ခြေမှာ

အလယ်ကမ္ဘာရဲ့လွတ်လပ်မှုအတွက် တိုက်ခိုက်ခဲ့ကြတယ်

အောင်မြင်မှုက နီးစပ်ခဲ့တယ်

ဒါပေမယ့် လက်စွပ်ရဲ့ စွမ်းအားကို

မထိန်းချုပ်နိုင်ခဲ့ဘူး

အဲ့ဒီအချိန်မှာ

မျော်လင့်ချက်တွေ အားလုံးပျက်သုန်းလုနီးပါး ဖြစ်သွားခဲ့တယ်

ဘုရင်ကြီးရဲ့သား အီစူဒါဟာ သူ့အဖေရဲ့ဓါးကိုဆွဲကိုင်ပြီးပြန်လည်ခုခံခဲ့တယ်

အလယ်ကမ္ဘာမှာ နေထိုင်တဲ့သူတွေရဲ့ ရန်သူတော်ကြီးဆော်ရွန်ကိုနှိမ်နှင်းနိုင်ခဲ့တယ်

လက်စွပ်က အီစူဒါရဲ့ လက်ထဲရောက်ရှိသွားပြီး

အဲ့ဒီလက်စွပ်ကို ဖျက်ဆီးဖို့ အခွင့်အရေးလဲရခဲ့တယ်

ဒါပေမယ့် လူတွေရဲ့စိတ်ဟာ

အတိမ်းအစောင်းလွယ်တယ်

လက်စွပ်ကိုပိုင်ဆိုင်လိုတဲ့ လိုအင်ဆန္ဒကိုမလွန်ဆန်နိုင်ခဲ့ဘူး

လက်စွပ်ဟာ အီစူဒါကို

သစ္စာဖောက်ခဲ့တယ်

အချိန်ကြာလာတော့ အမြဲအမှတ်ရနေရမယ့် ကိစ္စတွေဟာလဲ

မေ့ပျောက်ခြင်းခံခဲ့ရတယ်

ဖြစ်ရပ်မှန်သမိုင်းတွေက ဒဏ္ဏာရီ ဖြစ်လာတယ်

ဒဏ္ဍာရီ တွေကနေ ပုံပြင်တွေဖြစ်လာခဲ့တယ်

အဲ့ဒီလိုနဲ့ နှစ်ပေါင်း ၂၅၀၀ အကြာမှာတော့

လက်စွပ်အကြောင်းလဲ တဖြည်းဖြည်းမေ့ပျောက်သွားခဲ့ကြတယ်

လက်စွပ်ကတော့ သူ့ရဲ့ပိုင်ရှင်အသစ်..

ပေါ်လာမယ့် အခွင့်အရေးကိုစောင့်နေခဲ့တယ်

ငါ့ရဲ့ အဖိုးတန်လေး

လက်စွပ်ဟာ မြူတွေထူထပ်နေတဲ့ တောင်တန်းတွေကြားက ဂူထဲမှာနေတဲ့

ဂိုလမ် ဆိုတဲ့ သတ္တဝါလက်ထဲ ရောက်ရှိသွားခဲ့တယ်

အဲ့ဒီမှာလဲ ဂိုလမ်ဟာ လက်စွပ်ရဲ့ညို့ယူဖမ်းစားခြင်းကိုခံလိုက်ရတယ်

ငါ့ဆီရောက်လာတဲ့

ငါ့အပိုင်ငါ့အချစ်ငါ့အပိုင်

ငါ့ရဲ့ အဖိုးတန်လေး

လက်စွပ်က ဂိုလမ်ကို ပုံမှန်ထက်ပိုပြီးအသက်ရှည်အောင်လုပ်ပေးခဲ့တယ်

အနှစ် ၅၀၀ ကြာအောင်သူ့ရဲ့ အသိဉာဏ်တွေကို ဖမ်းစားခဲ့တယ်

ဂိုလမ်ရဲ့ မှောင်မဲနေတဲ့ဂူထဲမှာ လက်စွပ်ဟာစောင့်နေခဲ့တယ်

အမှောင်တွေက တောအုပ်တွေဆီမှာ ပြန်လည် ပျံ့နှံ့လို့လာပါတယ်

အရှေ့ပိုင်းမှာ မကောင်းတဲ့ အငွေ့အသက်တွေ

အမည်တပ်လို့မရတဲ့ ကြောက်ရွံ့မှုတွေကြီးထွားလာတယ်လို့လဲ ကောလဟာလတွေ ထွက်နေပါတယ်

ဒီအကြောင်းတွေကို လက်စွပ်သိရှိသွားတဲ့ အခါမှာတော့

ဂိုလမ်ကို စွန့်ခွာသွားပါတော့တယ်

ဒါပေမယ့်လက်စွပ်ကိုယ်တိုင် မထင်မှတ်ထားတာတစ်ခုဖြစ်ခဲ့တယ်

လက်စွပ်ကို မထင်မှတ်ထားတဲ့ သူက ကောက်ယူသွားခဲ့တယ်

ဒါဘာပါလိမ့်?

ဟော့ဘစ် တစ်ယောက်

ရှိုင်းယားဒေသမှာနေတဲ့ ဘီဘိုဘာကင် လို့ကလက်စွပ်ကိုရရှိသွားခဲ့တယ်

လက်စွပ်

ငါ့အဖိုးတန်ပျောက်သွားပြီ

ဟော့ဘစ်တွေဟာ အားလုံးရဲ့ ကံကြမ္မာကို

ပြောင်းလဲပေးဖို့ အကြောင်းဖန်လာပါတော့တယ်

ရှိုင်းယားနယ်မြေရဲ့ သက္ကရာဇ် ၁၄၀၀ ခုနှစ်

ဘက်အန့်နယ်မြေ, ဘတ်ရှော့ရိုးနယ်မြေ, ဟောဘစ်တန်နယ်မြေ, အနောက်ဖားသင်းနယ်မြေ ဒါတွေအားလုံးပေါင်းဆုံတဲ့

ရှိုင်းယားဒေသကြီးဟာ

အလယ်ကမ္ဘာ မှာတည်ရှိပါတယ်

ကမ္ဘာရဲ့တတိယခေတ်မှာတည်ရှိတဲ့ ဒေသကြီးလဲဖြစ်ပါတယ်

ခရီးအစမှ ခရီးအဆုံး

"ဟော့ဘစ် တစ်ယောက်ရဲ့ပုံပြင်"

"ဘီဘိုဘာကင် ရေးသားသည်"

ကဲ...

ဘယ်က ပြန်စရေးရင်ကောင်းမလဲ?

အင်း ဟုတ်ပြီ

"ဟောဘစ် တို့၏...

...အကြောင်း"

ဟော့ဘစ်တွေဟာ ရှိုင်းယားဒေသရဲ့ ဖားသင်းနယ်မြေမှာ စိုက်ပျိုးရေးလုပ်ကိုင်ပြီး နေထိုင်ကြတယ်

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်

ကျန်တဲ့မျိုးနွယ်စုများနဲ့ ပက်သက်ဆက်သွယ်မှုမရှိပဲ

နေထိုင်လာခဲ့ကြတယ်

အလယ်ကမ္ဘာမှာနေထိုင်ကြတဲ့ တခြားသူတွေနဲ့ယှဉ်ရင်

ဟော့ဘစ်တွေက အရေးတယူ အသိမှတ်ပြုခြင်းခံရလေ့မရှိပါဘူး

မြင့်မြတ်တဲ့ သူရဲကောင်းတွေ မဟုတ်သလို...

ထက်မြတ်တဲ့ မျိုးနွယ်စုတွေဆိုပြီးလဲ အသိအမှတ်ပြုမခံရပါဘူး

ဖရိုဒို အိမ်ရှေ့မှာ လူလာနေတယ်

တကယ်တော့ တော်တော်များများသိကြတာက..

ဟော့ဘစ်တွေက အစားအသောက်ပဲ စိတ်ဝင်စားတယ်ဆိုတာပါပဲ

ထပ်လေ့လာကြည့်ရင်တော့

ငါတို့တွေ ဘီယာသောက်တာနဲ့..

ဆေးတံသောက်ရတာလဲ ကြိုက်ပါသေးတယ်

ဒါပေမယ့် တကယ်တော့ ငါတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့

အေးအေးဆေးဆေး...

ချစ်ချစ်ခင်ခင်နေချင်ကြတာပါ

တစ်ခြားသူတွေကတော့ ငါတို့ကို ရှေးရိုးစွဲတွေလို့ မြင်ကြလိမ့်မယ်

ဒါပေမယ့် အဲ့လိုမျိုးနေခဲ့ကြလို့ပဲ

ဒီနေ့ထိ ရိုးရှင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နေရတာပေါ့

ဖရိုဒို တံခါးသွားဖွင့်လို့ပြောနေတယ်လေ

ဒီကောင်လေး ဘယ်ရောက်နေပါလိမ့်

ဖရိုဒို

ခင်ဗျား နောက်ကျတယ်

မှော်ဆရာဆိုတာ ဘယ်တော့မှနောက်မကျဘူး ဖရိုဒို ဘာကင်

အစောလဲမလာဘူး သူလာသင့်တဲ့ အချိန်မှ လာတယ်

ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ် ဂန်းဒေါ့(ဖ်)

မင်းဦးလေး ဘီဘိုရဲ့မွေးနေ့ကို ငါမေ့နေပြီ ထင်နေတာလား?

အဖိုးကြီး ဘီဘိုကော နေကောင်းရဲ့လား?

ဒီပါတီက ထူးခြားတယ်လို့လဲ ကြားထားတယ်

ဘီဘို့ အကြောင်းကို ခင်ဗျားသိပါတယ် ဒီနယ်မြေတစ်ခုလုံးကို ရုန်းရင်းဆန်ခက် ဖြစ်အောင်လုပ်နိုင်တယ်လေ

ဟုတ်တယ် အဲ့ကျမှ သူကျေနပ်တာ

ရှိုင်းယားရဲ့ တဝက်လောက်ကို ဖိတ်ထားတယ်

တခြားလူတွေလဲ လာကြလိမ့်မယ်

ရှိုင်းယားဒေသကြီးရဲ့ သက်ရှိတွေကတော့..

အရင်ကလိုပဲ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်

လူတွေအားလုံး ဝင်လိုက် ထွက်လိုက်နဲ့ပဲ တဖြည်းဖြည်းချင်း ပြောင်းလဲနေတယ်

အကုန်ပြောရရင်

ရှိုင်းယားဒေသကြီးက..

မျိုးဆက်တွေ တဆက်ပြီးတဆက် ဖြတ်သန်းလာတာတောင် ပြောင်းလဲမှုက မရှိသလောက်ပါပဲ

ဘာကင်မျိုးရိုးဟာလဲ ဘတ်အန့်နယ်မြေရဲ့တောင်ခြေမှာ

အမြဲတမ်းရှိနေမှာပါ

အမြဲရှိနေမှာပါ

ခင်ဗျားကို တစ်ခုပြောရဦးမယ် ဘီဘို အခုတလော နည်းနည်းထူးဆန်းနေတယ်

ပုံမှန်မဟုတ်သလိုပဲ

သူ့ရဲ့ စာကြည့်ခန်းထဲကနေ လုံးဝမထွက်ပဲနေနေတာ

မြေပုံအဟောင်းတွေကိုလဲ အကြာကြီးထိုင်ကြည့်နေတာ ကျွန်တော်မသိဘူး ထင်နေသေးတယ်

ဘယ်ရောက်သွားပါလိမ့်?

သူ့မှာ အကြံအစည်တခုရှိနေသလိုပဲ

- ကောင်းပါပြီ ခင်ဗျားတို့ လျှို့ဝှက်ချက်တွေမပြောပြပါနဲ့ - ဘာဖြစ်တယ်

သူအဲ့လိုဖြစ်နေတာခင်ဗျားနဲ့လဲ ဆိုင်တာကျွန်တော်သိတယ်

ခင်ဗျားရောက်မလာခင်တုန်းက ကျွန်တော်တို့ဘဝကြီးက သာသာယာယာပါပဲ

တစ်ခါမှ

စွန့်စားခန်းလဲ မထွက်ဖူးဘူး မမျှော်လင့်ထားတာတွေလဲ မလုပ်ဖူးဘူး

နဂါးကိစ္စကို ပြောတာဆိုရင် ငါနဲ့ မဆိုင်ဘူးနော်

ငါလုပ်တာဆိုလို့ မင်းဦးလေးကို အပြင်လေးပဲခေါ်ထုတ်သွားတာ

ခင်ဗျားဘာပြောပြော ပြသနာအားလုံးက ခင်းဗျားကြောင့်ဖြစ်တယ်ဆိုတာငြင်းလို့မရဘူး

တကယ်လား

ဂန်းဒေါ့(ဖ်) ဂန်းဒေါ့(ဖ်)

မီးပန်းဖောက်ပြပါ ဂန်းဒေါ့(ဖ်)

ဂန်းဒေါ့(ဖ်) မီးပန်းမီးပန်းဖောက်ပြပါ ဂန်းဒေါ့(ဖ်)

ဂန်းဒေါ့(ဖ်)

-ဘာပဲဖြစ်ဖြစ်ပါ ခင်ဗျားလာတာ ကျွန်တော်ဝမ်းသာတယ် - ငါလဲတူတူပဲ ကောင်လေး

ငါလဲအတူတူပဲ

ကျေးဇူးပါ

ဧည့်သည်လက်မခံပါဘူး မွေးနေ့ဆုတောင်းပေးမယ့်သူရော နယ်ဝေးက ဆွေမျိုးတွေဆိုရင်ကော လက်မခံပါဘူး

မင်းရဲ့ သူငယ်ချင်းဟောင်းကြီးဆိုရင်ကော?

ဂန်းဒေါ့(ဖ်) လား

- ဘီဘိုဘာကင် - မိတ်ဆွေကြီး ဂန်းဒေါ့(ဖ်)

တွေ့ရတာဝမ်းသာပါတယ် ၁၁၁ နှစ်ဆိုတာ ဘယ်သူယုံမှာလဲ

မင်းကိုကြည့်ရတာ အသက်ကြီးသွားတယ်လို့တောင်မထင်ရဘူး

လာပါ အထဲဝင်ခဲ့ပါ

ကြိုဆိုပါတယ် ကြိုဆိုပါတယ်

ကဲ..အဲ့တော့

လက်ဖက်ရည်သောက်မလား? ဒါမှမဟုတ် ခပ်ပြင်းပြင်းလေး သောက်မလား?

၁၂၉၆ခုနှစ်က ထုတ်တဲ့ အိုးဝင်းရက်ပုလင်းတွေရှိသေးတယ်

အရမ်းကောင်းတယ် ငါ့အသက်လောက်ရှိတော့မယ်

ငါ့အဖေထားခဲ့တာတွေလေဘယ်လိုလဲ ၁လုံးလောက်ဖွင့်မလား

လက်ဖက်ရည်ပဲပေးပါ ကျေးဇူးတင်တယ်

အရင်အပတ်က မင်းကို မျှော်နေသေးတာ

မင်းလာချင်တဲ့ အချိန်လာ ပြန်ချင်တဲ့ အချိန်ပြန် မင်းကို အမြဲတမ်း ကြိုဆိုပြီးသားပါ

အခုလောလောဆယ်တော့ မင်းကိုဧည့်ခံဖို့ဘာမှမပြင်ဆင်ရသေးဘူး

ဒီမှာ ချိစ်ရှိတယ် မကောင်းတော့ဘူးထင်တယ်

တွေ့ပြီ..

ကိတ်မုန့်တွေတွေ့ပြီ

မင်းစားချင်ရင် ကြက်ဥတွေ ပြုတ်ပေး..

- လက်ဖက်ရည်ပဲလုပ်ပါ ကျေးဇူး - ဟုတ်ပြီ

- ငါစားလို့ရတယ်မလား - ရတာပေါ့

ဘီဘို ဘီဘိုဘာကင်

ငါအိမ်မှာ ရှိတာ မသိစေနဲ့

ဆက်ဗီလီဘာကင်ပဲ

- အထဲမှာရှိတာ သိတယ်နော် - အိမ်ရှေ့တောင်ရောက်နေပြီ ဒုက္ခပဲ

ငါ ဒီလောက် အသက်ရှည်နေတာကို မနာလိုဖြစ်နေကြတာ

ငါ့အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက်လာနေကြတာ

အေးအေးဆေးဆေး မနေရဘူး

တောင်တွေဆီ သွားချင်သေးတယ် ဂန်းဒေါ့(ဖ်) ရေ

ပြီးရင်တိတ်ဆိတ်တဲ့ နေရာသွားပြီး ငါရေးနေတဲ့ စာအုပ်ကို အပြီးသတ်ချင်နေပြီ အိုး...လက်ဖက်ရည်ရပါပြီ

မင်းမှာအစီအစဉ်ရှိလို့လား? ရှိတာပေါ့

ခရီးထွက်ဖို့ အကုန်ပြင်ဆင်ပြီးသွားပြီ

ကျေးဇူးပါ

ဖရိုဒို သံသယဝင်နေတယ်

ဒါပေါ့ သူလဲ ဘာကင်တစ်ယောက်ပဲလေ

ဟာ့ဘောတယ်နယ်မြေက ဘရော့ဂါတယ်တွေလိုငတုံးမှမဟုတ်တာ

မင်းသူ့ကို ပြောပြမှာမလား

အင်း အင်း သူကမင်းကို အရမ်းလေးစားတာ

ငါသိပါတယ်

ငါခေါ်ရင် လိုက်မယ့် ကောင်လေး

ဒါပေမယ့် ဖရိုဒိုကရှိုင်းယားရဲ့သစ်တောတွေ လယ်ကွင်းတွေ

မြစ်ချောင်းတွေကို

မခွဲနိုင်လောက်ဘူးထင်တယ်

ငါအသက်ကြီးနေပြီ ဂန်းဒေါ့(ဖ်)ရေ

More Burmese subtitles for The Lord of the Rings: The Fellowship of the Ring

মন্তব্যসমূহ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left